ကျောက်စိမ်းအကြောင်းနဲနဲလေး

မောင် ပေSeptember 4, 20112min36610
chelsea filter
chelsea filter

(အမှာစာ   ။       ။    ကျောက်စိမ်းအကြောင်းနဲနဲလေး ဆိုပြီး ရေးခဲ့တာ ၊ အခု ပို ့စ် ဟာ နံပါတ် ၅ ပါ ။ သို ့သော် ပို ့စ်ခေါင်းစဉ် မှာ နံပါတ် မတပ်တော့ပါဘူး ။

“ မင်း က ကျောက်စိမ်းအကြောင်း ရေးရအောင် ၊ မင်း က ဘယ်လောက် ကျွမ်းလို ့လဲ  ”လို ့ မေးလာခဲ့ရင် …

ကျွန်တော် က ပရော်ဖက်ရှင် နယ် ကြီး မဟုတ်ပါ ခင်ဗျား ။

“ ဒါဆို မင်း ဘာလို ့ရေးလဲ  ” လို ့မေးရင်….

ကျွန်တော် က အခု မှ ကျောက်စိမ်း အရောင်းအဝယ် စလုပ်ဖို ့ကြိုးစားနေသူ တစ်ဦး ပါ ။ ပညာ သင်နေသူ တစ်ဦးပါ ။

ကျွန်တော် သိခဲ့ ၊ တက်ခဲ့ တဲ့ ပညာလေး တွေ ကို ဒီဂေဇက် မှာ ပြန်လာ ဝေမျှ ပေးနေတာပါ ။

ကျွန်တော့် ကို သင်ပေးတဲ့ ကျွန်တော့် ဆရာ ကို ဒီကျောက်စိမ်း ပို ့စ် တွေ နဲ ့ပူဇော်ပါတယ် ။

ထပ်လောင်း ပြောချင် တာ တစ်ခု ရှိပါတယ် ။

ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်နေသူတွေ ၊ ကျွန်တော့် ပို ့စ် ကို ဖတ်မိမယ် ဆိုရင် ၊ တက္ကသိုလ်ကျောင်းသား ကို မူကြို စာ ပြ နေသလို ဖြစ်နေမှာပါ ။

ဒီအတွက် ၊ ဒီနေရာ က နေ ၊ အားနာပါကြောင်း ပြောပါရစေ ။

ကျွန်တော့် ကျောက်စိမ်း ပို ့စ်တွေ ကို ဖတ်ပြီး ရင် ၊စာဖတ်သူတွေ အနေနဲ ့ အနည်းဆုံး ၊ အယုတ်စွ ဆုံး ၊ ကျောက်စိမ်းအကြောင်း နဲနဲ လောက်တော့ ပြောနိုင်မယ် လို ့မျှော်လင့်ပါတယ် ။

ကဲဗျာ…အမှာစာ က လည်း ပေရှည်နေပါပြီ ၊ ဖတ်ကြည့်ကြပါဦး ခင်ဗျာ ။ )

ကျွန်တော် တို ့မြန်မာနိုင်ငံ အင်ပိုရီယမ် ပွဲ မှာ နိုင်ငံခြားသား တွေ ကျောက်လာဝယ် ရင် ၊  ချဲဆီး ဖီလ်တာ ( chelsea filter ) လို ့ခေါ်တဲ့ ကျောက်တုကျောက်စစ် ၊ ဆေးဆိုးထားခြင်း ရှိမရှိကို ကြည့်တဲ့ ကိရိယာ လေး ရယ် ၊ ကျောက်ကြည့် မှန်ဘီလူး ( အဆ ၃ဝ ) ရယ် ၊ ကျောက်ကြည့် ဓါတ်မီး ရယ် ယူလာကြပါတယ် ၊ လာသမျှ နိုင်ငံခြား ကုန်သည် တိုင်း မှာ ပါရှိကြပါတယ် ။

ချဲဆီး ဖီလ်တာ
ချဲဆီး ဖီလ်တာ

အပေါ်က ပုံ ၂ ပုံ က တော့ chelsea filter လို ့ခေါ်ပါတယ် ။ အမဲစက်ဝိုင်း လေး ကို တွေ  ့ကြ မှာပါ ။ အဲဒီ အမဲရောင် စက်ဝိုင်းလေး ကို မျက်လုံး နား ၁ လက်မ လောက် ခွါ ပြီး ကျောက်ကို ကြည့်တာပါ ။ အပွင့် ၊ လက်ကောက် ၊ လွှာချပ် စသည်ဖြင့်ပေါ့ ။ နေ ့ချိန်မှာ အပြင်ဘက် ဆိုရင်တော့ မီးထိုးစရာ မလိုဘူးပေါ့ ၊ နေရောင် အောက် မှာ ကျောက်ကို ထားပြီး ၊ ဒီ ကိရိယာ နဲ ့ကြည့်လိုက်ရင် ဆေးဆိုးထား လား ၊ အစစ်လား တန်းသိ နိုင်ပါတယ် ။ ဆေးဆိုးထားတဲ့ ကျောက်စိမ်း ကို ဒီကိရိယာ နဲ ့ကြည့်လိုက်မယ် ဆိုရင် ၊ ဆေးဆိုးထားတဲ့ ကျောက် ဟာ ပန်းရောင် သို ့မဟုတ် အနီရောင် အဖြစ် ပြောင်းလဲ သွားတာကို တန်းမြင် ရပါတယ် ။  ချဲဆီး ဖီလ်တာ လို ့ခေါ်ရခြင်း အကြောင်းဟာ အင်္ဂလန်နိုင်ငံ ချဲဆီးမြို  ့က ထုတ်လုပ် လို ့ပါတဲ့ ။

တန်ဘိုး ရှိပါတယ် ။ ကျောက်စိမ်း ကို ဆေးဆိုးထားသလား ဆိုတာ ကို ဒီ ကိရိယာ လေး အသုံးပြုခြင်း အားဖြင့် တန်းသိနိုင်တာမို ့ပါ ။

သူ ့တန်ဘိုး က တော့ ၂၅၀၀ဝ ကျပ် ပါ ။ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေသူ များ ဆောင်ထားသင့်တယ် လို ့ အကြံ ပြု ပါရစေ နော် ။

နိုင်ငံခြားသားတွေ ကျောက်လာဝယ် ရင် ၊ မရှိမဖြစ် ဆောင်လာတတ်တဲ့ ပစ္စည်း ပေါ့ ။

ကျွန်တော် တို ့မန်းတလေး က ကျောက်ဝိုင်း ထဲ က လူတွေ က တော့ မဆောင် ကြပါဘူး ၊ ကျွန်တော် ဒီကိရိယာ ကို ပြပြီး

“ ဒါဘာလဲ ၊ သိသလား ” လို ့သွားမေးကြည့်တယ် ။  ၁ဝ ယောက် မှာ ၉ ယောက် က မသိပါဘူး တဲ့ ၊ ကျန်တစ်ယောက် က တော့ မြင်ဖူးသလိုလို ပဲ တဲ့ ။ အင်ပိုရီယမ် မှာ မြင်ဖူးတယ် တဲ့ ။

ကျောက်ဝိုင်း မှာ မကြာခဏ ၊ ဆေးဆိုးကျောက် လိမ်ရောင်းတယ် ဘာညာ ၊ ပြဿနာ တွေ ဖြစ်လေ့ ရှိပါတယ် ။

ကျွန်တော် အခု ပြောတဲ့ ကိရိယာလေး ကို ဆောင်ထားကြမယ် ဆိုရင်တော့ ၊ ဆေးဆိုးကျောက် ၊ ကျောက်တု ပြဿနာ မရှိနိုင်တော့ပါဘူး ။

ဆေးဆိုးကျောက် ဆိုတာ သာမန် မျက်လုံး နဲ ့ကြည့်လို ့၊ မကွဲခြားနိုင်ပါဘူး ။

 

ချွင်းချက် အနေ နဲ ့….ပူတာအို ကျောက် နဲ ့ခန္တီးကျောက် တို ့ကို ၊ ဒီချဲဆီ ဖီလ်တာ နဲ ့ကြည့်ရင် လည်း ပန်းရောင် ၊အနီရောင် ပြောင်းပါတယ် ။

ဒါပေမယ့် ပူတာအိုကျောက် နဲ ့ခန္တီးကျောက် တို ့က လည်း ကျောက်စိမ်းတွေ ပါပဲ ။  အဖိုးမတန်ဘူးပေါ့ ဗျာ ။

အဲဒီ ပူတာအို နဲ ့ခန္တီးကျောက် တို ့က တော့ အပွင့်သေးပါတယ် ။ အနာများ ပါမယ် ။ အရည်လှတယ် ၊ အမဲစက်လေး တွေ ပါတယ် ။

ဒါဆိုရင် တော့ ပူတာအို နဲ ့ခန္တီးကျောက် တစ်ခုခု ပေါ့ ။ ချဲဆီးဖီလ်တာ နဲ ့ကြည့်ရင် အနီရောင် ပြောင်းမယ် ၊ ပန်းရောင် ပြောင်းပါမယ် ။

ဆေးဆိုးထားတဲ့ကျောက်  ကတော့ အနာမပါ ပါဘူး ။ အသားကောင်းပါတယ် ။

ဒါဆို ရင် ချဲဆီး ဖီလ်တာ အကြောင်း သိကြပြီ လို ့ထင်ပါတယ် ။

ကျောက်ကြည့်ဓါတ်မီး
ကျောက်ကြည့်ဓါတ်မီး

ဒါကတော့ ကျောက်ကြည်ဓါတ်မီး ပုံ ပါ ။

အလင်းရောင် ကောင်းကောင်း မရတဲ့ နေရာ မျိုး ၊ ညမှာ ကျောက်ကြည့်မယ် ဆိုရင် လိုအပ်ပါတယ် ။ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူတိုင်း ဆောင်ထားသင့်တဲ့ ပစ္စည်းတစ်ခု ပါ ။

ပုံထဲက ဓါတ်မီး က ၄၈၀၀ဝ ကျပ် ပေးရပါတယ် ။ ဒီထက် တန်ဘိုး ပိုကြီး တဲ့ ဓါတ်မီးတွေ လည်း ရှိပါသေးတယ် ။

အခု မှ စလုပ်မယ့် လူတွေ အဖို ့တော့ ၊ ဒီလောက် ဆိုရင် ကောင်းကောင်းကြီး သုံးလို ့ရပါပြီ ။

ကဲဗျာ ဒီဓါတ်မီး ကို အသုံးပြု ပြီး ကြည့်ရင် မြင်တွေ ့နိုင်တဲ့ ၊ အပြစ်အနာတွေ အကြောင်း ကို ပြောပြ ချင်ပါတယ် ။

ရှင်းမဲ ၊ ရှင်းနက် = ကျောက်စိမ်း ရဲ  ့အခွံ ပေါ် မှာ ပါတဲ့ အမဲစက်လေး တွေ ကို ခေါ်တာပါ ။ ကျောက်ခွံ ပေါ် မှာပါတဲ့ အမဲစက်များ အတိုင်း ၊ အထဲက ကျောက်သားအတွင်းမှာလဲ ရှိတတ်ပါတယ် ။ ဒီအမဲစက်လေး တွေ ဟာ ဖျက်အားကောင်းပါတယ် ။ ဒီအမဲစက်တွေ ပါနေတဲ့ ကျောက်ဆိုရင် ဈေးလျှော့ပေး ၊ ဈေးနှိမ်ဝယ် ၊ ဈေးပေးမများသင့်ပါ ။

ရှင်းစိမ်း = သူကလဲ အမဲစက်တွေ ပါပဲ ၊ အောက်မှာ ချပြီး ကြည့်ရင် မဲနေ ပါတယ် ၊ နေရောင်နဲ ့ကြည့်လိုက်ရင် စိမ်းနေပါတယ် ။ သိပ်မဆိုးတဲ့ အနာမျိုး ပါ ။

စိုက်ရှင်း = အခွံပေါ်မှ ရှင်းမဲ ဟာ ကျောင်သားအတွင်း ကို စိုက်ဝင်နေတာမျိုးပါ ၊ ဖျက်အား ကောင်းပါတယ် ။

ကပ်ရှင်း = ကျောက်စိမ်းတုံး ရဲ  ့အခွံ ပေါ်မှာ ပဲ ရှိပါတယ် ။ အတွင်းထဲ သို ့မဝင်ပါ ။ သိပ် မစိုးရိမ်ရပါဘူး ။

အက်ကြောင်း = အခွံပေါ် မှာ ရှိတဲ့အတိုင်း ကျောက်သား အတွင်းထဲ သို ့ပါ ဝင်ပါတယ် ။ ကျောက်ရဲ  ့အရည် အသား ကို ဖျက်ပါတယ် ။

မြင်းမြီးရိုက် =မြေပုံ ပေါ်မှာ မြစ်ပုံ ချောင်းပုံ တွေ ဆွဲထားသလို ၊ ကျောက်ခွံ ပေါ်မှာ အစင်းရာ တွေ ရှုပ်ယှက် ခတ် နေတာပါ ။ ရှောင်သင့်ပါတယ် ။ ဝယ်မယ် ဆိုရင်တော့ ဈေးနှိမ်ရမှာပေါ့ ဗျာ ။

ရှိုနာ = သဘာဝ အတိုင်း အက်ကွဲနေတဲ့ အနာကြီး ( ကြီးပါတယ် ) ပါ ၊ မစိုးရိမ်ရပါဘူး ။

ဖားမျက်ဆံ = ဖားမျက်ဆံ ကဲ့သို ့၊ အလယ်မှာ အမဲစက် ဖြစ်နေပါတယ် ။ အရည် အသား ကို ဖျက်တတ်ပါတယ် ။

ရို  ့နာ = ဖြတ်သား ပေါ်မှာ အပ်ချည်မျှင် အပိုင်းအစ လေး တွေ လို ဒဏ်ရာအနာ အသေးလေး တွေ ပါ ။ အရည်အသား ကောင်းပါတယ် ။ သွေးလျှင်တော့ အရောင် မတက်ပါဘူး ။ (ကာလာတင်ပေမယ့် ကာလာ မတက်တာပါ )

ဆန်ပြုတ် ၊ ဆန်နှစ် = ကျောက်စိမ်းဖြတ်သား ထဲ မှာ ဆန်ပြုတ်ဖတ် ၊ ဆန်နှစ်ဖတ် တွေ လို ဖြူဖြူ အပွင့်လေး တွေ ပါ ၊ အရည် နဲ ့အသား ကို ဖျက်ပါတယ် ။

ဖြုတ်ချေး = အခွံ နဲ ့အသား မှာ အမဲစက် သေးသေးလေးတွေ ၊ ထင်ထင်ရှားရှား ကို မြင်နေရတာပါ ။ အဖျက်ပါ ပဲ ။

မှည့် = အသားထဲ မှာ မှည့် လို အမဲစက်ကြီးတွေပါ ။ အရည်ရှိတဲ့ နေရာ မှာ မှည့်ပါရင် ၊ အရည် မပွင့်ပါဘူး ။

အသွေးအရောင် မညီခြင်း = ဖြတ်သား တွေ နဲ ့သွေးပြီး ကျောက်ပွင့် တွေ ကို အမှတ်မထင် ကြည့်လိုက်ရင် ၊ တစ်ပြင်လုံး စိမ်းနေတယ် လို ့ထင်ရပါတယ် ။ သေချာ ကြည့် ရင် အရောင်အသွေး ဟာ မညီဘဲ ၊ တစ်နေရာ မှာ အရောင်ဖျော့ မယ် ၊ ရင့်မယ် ၊ ကွက်မယ် ။ ဈေးပေးမများသင့်ပါဘူး ။

အသားကြောင်းထိုးခြင်း ဆိုတာ က တော့ ကျောက်သားထဲ မှာ အသားကြောင်းကြီး ထိုးနေရင်  ကျောက် အရည် ကို ပျက်စီး စေပါတယ် ။ ကျောက်တန်ဘိုး ကျတတ်ပါတယ် ။

ကျောက်သား မညီတာ က တော့ ကမ္ဘာမြေကြီး ရဲ   ့မတူညီ တဲ့ ဖိအားတွေ ကြောင့် ၊ ကျောက် ရဲ  ့တစ်နေရာ နဲ ့တစ်နေရာ အသားမတူပါ ။ အရောင်တင် ရင် ၊ တစ်ဘက် မှာ အရောင်ကြည်နေပြီး တစ်ဘက် မှာ အရောင် ထိုင်းတတ်ပါတယ် ။

ကျောက်သွေးတဲ့ ပုံ ညံ့ရင် ၊ ပုံစံ မကျရင် ၊ အချိုးမကျ ရင်  ကျောက်စိမ်းဟာ အရည်မလှ ဖြစ်ပြီး တန်ဘိုး ကျ ပါတယ် ။  အချိုးကျကျ ပုံစံ ကျကျ သွေးမှသာ ၊ ကျောက်စိမ်းဟာ အရည်ရွှမ်း စို ပြီး တန်ဘိုး တက်လာမှာပါ ။

အချောထည် ပြု လုပ်တဲ့ အခါ အရောင်တင် တဲ့ နေရာမှာ အဆင့်ဆင့် ရှိပါတယ် ။

ဥပမာ မှတ်ဝိုင်း နံပါတ်တွေ ၁၀၀၊၃၀၀၊၅၀၀၊၁၀၀၀၊၂၀၀၀၊၅၀၀ဝ စသည်ဖြင့် အဆင့်ဆင့် အရောင် တင်ရပါတယ် ။

နောက်ဆုံး အဆင့်မှာ ဝါးဖတ်ဖြင့် အရောင်တင်ရပါတယ် ။

စနစ်တကျ အရောင်မတင် ခဲ့ ရင်တော့ အကောင်းဆုံး အရောင် ကို မရပါ ။

လိပ်ကျောက် အကြောင်း ကို ပြောပြ ချင်ပါတယ် ။

လိပ်ကျောက်
လိပ်ကျောက်
လိပ်ကျောက် ကို ကျောက်ကြည့်ဓါတ်မီး ဖြင့် ထိုးထားပုံ
လိပ်ကျောက် ကို ကျောက်ကြည့်ဓါတ်မီး ဖြင့် ထိုးထားပုံလိပ်ကျောက် ကို ဖြတ်ထားပုံ

 

အထက်ပါ ပုံ၃ ပုံ က တော့ လိပ်ကျောက် (acate) ပုံတွေ ပဲ ဖြစ်ပါတယ် ။

လိပ်ကျောက် ဟာ ခုမ့်နီ ၊ ခုမ့်ဝါ နဲ ့တော်တော်လေး ဆင်ပါတယ် ။

လိပ်ကျောက် နဲ ့ကျောက်စိမ်း နဲ ့ကွာခြားချက် က ၊ လိပ်ကျောက် မှာ ယမ်းလုံးဝ မပါပါ ။ ကျောက်စိမ်းမှာ ယမ်းပါပါတယ် ။

လိပ်ကျောက် ကို သလင်း နဲ ့ခြစ်ကြည့်ရင် အစင်းတွေ ထင်ပါတယ် ။ ကျောက်စိမ်း မှာ သလင်းနဲ ့ခြစ်ရင် အစင်းမထင်ပါဘူး ။

လိပ်ကျောက် က လည်းတန်ဘိုး တစ်ခု ရှိပါတယ် ။ ကြိုက်ရောင်း ကြိုက်ဝယ်ပါ ။

လိပ်ကျောက် ကို သွေးပြီး လက်စွပ် လုပ်ဝတ် တာ များပါတယ် ။

တရုတ်လူမျိုးတွေ က ဒီလိပ်ကျောက် ကို ကံကောင်းစေတယ် ဆိုပြီး သဘောကျ နှစ်သက်စွာ ဝယ်ယူ ကြပါတယ် ။

ပုပ္ပားဘက် က ထွက် ရှိတယ် လို ့သိရပါတယ် ။

( မှတ်ချက် ။ ။ ယခု အချိန်မှာတော့ လိပ်ကျောက် ကို လုပ်စားသူ များနေပြီ ဖြစ်လို ့ဈေးကွက် မရှိတော့ပါဘူး ။ ကြိုက်ရောင်း ကြိုက်ဝယ် ပါ ။

 

black jade ကို မီးမထိုး ပဲ ရိုးရိုး မြင်ရပုံ
black jade ကို မီးမထိုး ပဲ ရိုးရိုး မြင်ရပုံ
black jade ကို မီးထိုးကြည့်သောအခါ မြင်ရပုံ
black jade ကို မီးထိုးကြည့်သောအခါ မြင်ရပုံ

အရင် ပို ့စ်တွေထဲ မှာ ဘလက်ဂျိတ် အကြောင်း ရေးခဲ့ပြီး ဖြစ်ပေမယ့် နဲနဲ ပြန်ရေးပြပါမယ် ။

ဘလက်ဂျိတ် ဆိုတာ ကျောက်စိမ်းပါပဲ ။

သူ ့ရဲ  ့ခုမ့် က အမဲရောင် ရှိပြီး အရည်ကျွမ်းနေပါတယ် ။

ဘလက်ဂျိတ် ဟာ ရိုးရိုး ကြည့်ရင် အမဲရောင် ပဲ မြင်ရပြီး ၊ နေရောင် သို ့မဟုတ် မီးနဲ ့ထိုးကြည့် လိုက်ရင်တော့ အစိမ်းရောင် ပါ ။

ဘလက်ဂျိတ်ဟာ အသားကောင်းပါတယ်  ။ တန်ဘိုး လည်း ရှိပါတယ် ။

ကျွန်တော် တို ့ကျောက်ဝိုင်း သွားလို ့၊ ခုမ့်မည်း တွေ ့ပြီ ဆိုရင် ၊ ဈေးသင့်အောင် ညှိပြီး ရအောင် ဝယ်ပါ လို ့ဆုံးမစကားရှိပါတယ် ။

သွေးပြီး အရောင်တင်ပြီး ပြီ ဆိုရင် ၊ တန်ဘိုးအရမ်းရှိလို ့ပါ ။

ဘလက်ဂျိတ် ကို ဆွဲသီး ၊ လက်ကောက် ၊ နားကပ်ပွင့်  စသည်ဖြင့် မျိုးစုံ သုံးပါတယ် ။

ကဲဗျာ ဒီပို ့စ် ကို Black Jade ပုံလေး တွေ နဲ ့နိဂုံး ချုပ်လိုက်ပါတယ်နော် ။ နောက်ထပ် အချိန်ကောင်းကောင်း ရမှ ထပ်တင်ပေးပါဦးမယ် ။

——————————–အားလုံးကို ကျေးဇူးတင်ပါတယ်——————————–

 

10 comments

  • manawphyulay

    September 4, 2011 at 2:27 pm

    မောင်ပေပါဆိုမှတော့ ပေရှည်တာ မစမ်းပါဘူးနော်။ ဆက်သာရှည်။ ဒါမှ အစုံအလင်သိမှတ်ရမှာ ရန်ကုန်မှ ကျောက်လုပ်ငန်းလုပ်တဲ့သူနဲ့ချိတ်ပြီး လုပ်ကြည့်မလားလို့လေ အဟိ

  • ပေါက်ဖော်

    September 4, 2011 at 2:40 pm

    တိုတိုပေ…လေကိုရှည်….အို.ကဝေ..အပိုတွေ..မဆိုပေ..ဒူဝေဝေ.. 😛

    ခိုက်တယ်ဗျာ..ဆက်ကြိတ်ထား..
    ကျနော်ကူးထားလိုက်ဘီ..ချီးယား 😀

    • windtalker

      September 4, 2011 at 2:43 pm

      ကိုပေါက်ဖော် ကို ဆုကတော့ ချီးမြှင့် ဖို ့အသင့်ဖြစ်နေပြီ
      ကိုပေါက်ဖော် ရဲ ့လိပ်ခေါင်း ဝေဒနာ အမြစ်ပြတ်ဖို ့ပဲ လိုတော့တယ်
      ပျောက်တာနဲ ့ဆရာဝန်ရဲ ့ထောက်ခံချက် နဲ ့တစ်ကွ
      ကျွန်တော့် ဘီယာဝိုင်း လေး ကို လာ ချီးယား ပါနော်
      ဟီဟိ

      • မီးမီး သော်

        September 4, 2011 at 3:52 pm

        ဦးလေပွကြီး(ခ)ကိုကိုပေ့ရေ များများလိုက်တာနော်. ကျောက်စိမ်းအကြောင်းနည်းနည်းလို ့ ဆိုပီးတော့။ဟိ ဟိ

        ဘယ်လိုဖြစ်ဖြစ်ပါနော်. ကျေးဇူးပါနော်။

  • yetazar

    September 4, 2011 at 2:52 pm

    ဟဲဟဲ ကျွန်တော်ကတော့ ကျောက်စိမ်းဆိုရင် အစိမ်းရောင်ကျောက်လေးလို့ပဲသိတယ် ။ ခုတော့နည်းနည်းလေး သိလာပြီထင်တာပဲ ။ ကျေးဇူးပါ ။

  • saiias.027

    September 4, 2011 at 6:52 pm

    နောက်ထပ်ရှိရင် တင်ပြပေးပါခင်ဗျ………

    • windtalker

      September 4, 2011 at 7:35 pm

      ဒီပို ့စ် ရဲ ့ရှေ ့မှာ
      ကျောက်စိမ်းအကြောင်းနဲနဲလေး ဆိုပြီး ပို ့စ်၄ခု ရှိပါသေးတယ်
      စိုင်း027 ရေ
      ဖတ်ကြည့်ပါဦးနော် ။
      နောက်ထပ် လည်း တင်ပေးပါဦးမယ်

  • ရွှေဘိုသား

    September 5, 2011 at 9:10 am

    မရဘူး အခုတင် တိုးလိုး တန်းလန်းမလုပ်နဲ. ကိုပေ ကိုးရီးယား သားလား

  • Phyo MS

    December 27, 2013 at 12:01 pm

    ကျောက်စိမ်း လက်ကောက်တို့လည်ဆွဲအရုပ်တို့ကိုမှန်မျက်နှာပြင်လိုပြောင်နေအောင်ဘယ်လို Polish တင်ရလဲဗျာ။ တရုတ်လက်ရာကိုမှီချင်လို့ပါ။

  • alinsett

    December 27, 2013 at 1:51 pm

    အင်းးး
    ဦးပေတစ်ယောာက်လည်း
    ဘယ် ပျောက်နေပါလိမ့်

    😆

Leave a Reply