မြန်မာတို့ရဲ့ ဓလေ့စရိုက်ဖြစ်တဲ့ သားသမီးတွေကို သာသနာ့ဘောင်ထဲ လုပ်ဆောင်ပေးခြင်းဟာ မြန်မာတွေရဲ့ ချစ်စရာ အမူအကျင့်လေးတွေဖြစ်ပါတယ်။ ဒါပုံလေးတွေကတော့ ကျွန်မတို့အညာဒေသတစ်ခုရဲ့ အလှူမင်္ဂလာ ရှင်ပြု၊ နားသပွဲပဲဖြစ်ပါတယ်။ လောကီမင်္ဂလာ ၁၂ ရက်မှာ နာမည်ပေးခြင်း၊ နေပြခြင်း၊ ကွမ်းစတဲ့ ၁၂ ရပ်ပါပါတယ်။ ရှေ့မင်းတွေလက်ထက်ထဲက လုပ်ခဲ့တဲ မင်္ဂလာထဲက
အမျိုးသမီးဆို နားထွင်းတဲ့ မင်္ဂလာပါပါတယ်။ ခုချိန်တိုင် ရှေးအစဉ်အလာအတိုင်း မပျက်မကွက် ကျင်းပလာကြတာဆိုရင်ဖြင့် အတော်ကို သာသနာတော်အတွက်လည်း တည်တံ့ခိုင်မြဲပြီး မြန်မာတို့ရဲ့ ချစ်စရာ့ အသွင်အပြင် အစဉ်အလာကတော့ ဘယ်သူမှ မြန်မာကို မယှဉ်နိုင်တဲ့ အကြောင်းတရားပဲ ဖြစ်ပါတော့တယ်ရှင်။

မြန်မာတို့ရဲ့ ချစ်စရာ ရိုးရာ ဓလေ့ ရှင်ပြုပွဲပဲဖြစ်ပါတယ်။

ရွာဓလေ့ရဲ့မြင်ကွင်းကို အလှူမဏ္ဍပ်အတွင်း မြင်ရတာ ဖြစ်ပါတယ်။

ရှင်ပြုပွဲရဲ့ တစ်ယောက်တစ်မျိုး အမြင်ဆန်းတဲ့ဝတ်စုံတွေနဲ့အတူ လှည့်လှယ်ပုံမြင်ကွင်းတွေ မြင်တွေ့ရတာ ဖြစ်ပါတယ်။


အလှူ့ဒကာနဲ့ အလှူအမက ရှေ့ဆုံးက တန်းစီးပြီ ရွာတစ်လျှောက် လှည့်လည်ကြပါတယ်။ မြန်မာ့ရိုးရာ အစဉ်အလာလို့လည်း ခေါ်လို့ရသလို တကယ့် မြန်မာတွေရဲ့ ချစ်စရာဓလေ့စရိုက်တစ်ခုလည်း ကာလကြာရှည်စွာ တည်ရှိနေစေမိပါတယ်။

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။