“နဂါးမောက်ပင်…………..သိချင်ရင် မြင်အောင်ဒီပုံကြည့်”

နဂါးမောက်သီးကတော့ ဒီဘက်နှစ်ပိုင်းမှာ လူသိများလာတဲ့အသီးအနှံထဲမှာပါ ပါတယ်။
မြန်မာလူမျိုုးထုံးစံအတိုင်း ဒီအသီးစားရင် ဘာပျောက်တယ်ညာပျောက်တယ်ဆိုတော့
လဲ ဟုတ်တာမဟုတ်တာ အပထား အများနည်းတူ ခေတ်မီအောင်ဝယ်စားလိုက်ကြတာပေါ့။
စားဆို ဈေးကလဲ သိပ်မကြီး ကျပ်တစ်ထောင်သုံးလုံး တစ်လုံးခြင်းယူငါးရာ ကိုးဗျ။

ကျနော်လဲအစက နဂါးမောက်ပင်မမြင်ဘူးတော့ နာနတ်ပင်လို၊ရေငန်းပင်လို အရွက်တွေကြားကနေ
အသီးထွက်တဲ့အပင်လိုထင်မိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က မြောက်ပိုင်းရှမ်းပြည်ဘက်ကိုအရောက် ကျောက်မဲနဲ့သီပေါကြားလမ်းဘေးကခြံတွေမှာ
ကောင်းဘွိုင်ကားတွေထဲမှာမြင်ဘူးတဲ့ ကန္တာရဆူးပင်လိုလို အပင်လေးတွေကို စင်လေးတွေထိုးပြီးစိုက်ထားတာကိုတွေတော့ ဘာပင်တုန်းလို့ စပ်စုလိုက်မှ
အော် နဂါးမောက်ပင်ဆိုတာဒါမျိုးကိုးလို့ အဝေးကနေလှမ်းငေးရင်း မှတ်သားလိုက်ရပါတယ်။

ဟိုတစ်လောကက မြို့သစ်က မိတ်ဆွေတစ်ယောက်ခြံကို ရောက်တော့ သူ့အိမ်မှာနဂါးမောက်ပင်စိုက်ထားတယ်။စိုက်ရတာလဲလွယ်တယ်ဆိုတာကို သိပေမယ့်အမှတ်တမဲ့ပါဘဲ။
ဒါပေမယ့် ပြီးခဲ့တဲ့ရက်ကထပ်ရောက်တော့အပင်က အပွင့်တွေပွင့်နေတာမြင်ရတော့ ဓါတ်ပုံရိုက်ပြီးရွာ
ထဲကို တင်လိုက်ပါတယ်။
ဟော မနေ့ကထပ်ရောက်တော့ နက်ဖြန်မနက်လာခဲ့ နဂါးမောက်ပင်က အပွင့်အသစ်ပွင့်နေပြီလိုဆိုတော့မှ ကျနော်ပထမရိုက်ပြီးပြခဲ့တဲ့ပုံတွေက ပွင့်ပြီးလို့ ပွင့်ဖတ်တွေက ညိုှးကျနေတဲ့ပုံဆိုတာကို သိလိုက်ရပါတယ်။
အခုတင်ပေးတဲ့ပုံလေးတွေကတော့ လောလောလတ်လတ်ပွင့်နေတဲ့ပုံလေးတွေဖြစ်ပါတယ်။
ဒါနဲ့တစ်လက်စထဲ သူပျုးိထားတဲ့အပင်လေးတွေရော၊
ရှင်သန်စ အပင်ရော ၊
ရှင်သန်ပြီးလို့ အပွင့်တွေပွင့်နေတဲ့ အပင်တွေပါ ဓါတ်ပုံရိုက်ပြီးတင်ပေးလိုက်ပါတယ်။

(မြေကြီးထဲကိုစိုက်ထိုး ပျုးိထားတဲ့ အပင်ပေါက်။)

ကိုင်းချိုးပြီး ဒီလိုပျုးိရပါတယ်။
အပင်လေးတွေဘေးမှာတိုင်ထောင်ထားရင် နွယ်ပြီးတက်သွားမှာပါ။

(ရှင်သန်စ အပင်လေးတွေပေါ့)
ဒါကတော့ ရှင်သန်နေတဲ့အပင် သူ့ဘာသူ စင်ပေါ်တက်သွားတာ၊

အပင်ပေါ်နွယ်တက်နေတဲ့အပင်ပေါက်တွေပါ

( အသီးတောင်သီးနေတဲ့အပင်က နွယ်တက်နေတဲ့အပင်တွေ)
ဒါကတော့ ပွင့်ပြီးလို့ ပွင့်ဖတ်တွေက ညိုးကျသွားတယ်လေ။

ဒီနဂါးမောက်က ပွင့်တုန်းလေးခဏဘဲလန်းနေပြီးနောက်တော့ညို့ကျသွားတတ်တာ ပုံထဲက အတိုင်းပါဘဲ။
ဒါကတော့ ပွင့်တာမကြာသေးပေမယ့် အပွင့်တွေကညိုးကျသွားပြီလေ

အဖြူပွင့်ဖတ်တွေက ကြွေကျပြီးရင် သူ့နောက်က အစိမ်းရောင်ရှိနေတဲ့ အဖတ်ကလေးတွေရဲ့
ဒီနေရာလေးက အသီးထွက်လာမှာလေ
အရင်းကနေ အသီးဖြစ်လာမှာ။
ဒါကတော့ လောလောဆယ် ပွင့်နေတဲ့ပန်းပွင့်လေးရဲ့ဘေးတိုက်ပုံ။

ပွင့်ခါစ နဂါးမောက်ပန်းလေး
အပွင့်ဖြူလွလွ တကယ်လှပါတယ်

(အပွင့်ဖားဖား နဲ့တကယ်လှ အရောင်ကလဲ ဖြူလွလွ)
ငွားငွားစွင့်စွင့် ပွင့်ဖူးစ နဂါးမောက်

သူများခြံထဲမှာသွားပွင့်နေတော့ သံဆူးကြိုးထဲကိုလက်သွင်းပြီးရိုက်ထားရတာလေ။
ပုံလေးတွေက သိပ်မကွာပေမယ့် အားရပါးရကြည့်ရအောင်လို့အများကြီးတင်ပေးတာပါ

ဒါကတော့ ရှေ့တည့်တည့်ကပုံ။
ခြံတံခါးက ပိတ်ထားတော့ သံဇကာကြားကနေရိုက်ထားတာပါ။
အပွင့်ဖြူဖြူ ဝတ်ဆံက ဝါဝါ ငွားငွားစွင့်စွင့် လှပလို့တင့်တယ်ပါတယ်

(ရှေ့တည့်တည့်က ကြည့်တော့ပိုတောင်လှပါသေးတယ်)
နဂါးမောက်ပန်းပွင့်ရှေ့တည့်တည့်က ပုံ

ပုံလေးတွေက သိပ်မကွာပေမယ့် လှလို့ တင်ပေးတာပါ

သူများခြံထဲရောက်နေတော့ သံဇကာကွက်ကနေရိုက်ထားရတယ်။
အနီးကပ်ဆိုပိုလှမယ်ထင်ပါတယ်။
သိပ်မကြာခင်ညိုးမှာဆိုတော့ အပြေးအလွားရိုက်ထားလိုက်ပါတယ်

ပုံလေးတွေက တူသလိုလိုပေမယ့်နည်းနည်းတော့ကွာပါတယ်။
(ရှေ့တည့်တည့်က ကြည့်တော့ပိုတောင်လှပါသေးတယ်)

စင်ပေါ်မှာ ရှိနေတဲ့နဂါးမောက်ပင်

ဒါကတော့ နဂါးမောက်ပင်လေးတွေစင်ပေါ်မှာစိုက်ထားတာ
စင်ကလေးပေါ်မှာ ဒီလိုတင်စိုက်ရင် ရတယ်။

ဒါကတော့ သစ်သီးဆိုင်တွေမှာ တင်ရောင်းတဲ့နဂါးမောက်သီး
စားချင်စရာကြီးနော်
နဂါးမောက်သီး အပင်မှာမတွေ့တော့ ရောင်းနေတဲ့ဈေးဗန်းထဲသွားရိုက်လာတာ။

ဒါကတော့ ပုံအသေးလေး
နောက်မှာကအသီးသေးသေးလေး မဝယ်ဘဲဓါတ်ပုံရိုက်တော့ ဆိုင်ရှင်က သိပ်မကြည်ဘူးရယ်

ကဲနဂါးမောက်ပင်ပုံကတော့ တင်ပြီးပြီ။
စိုက်ချင်တယ်ဆိုရင်တော့ စိုက်ဘူးတဲ့သူကိုမေး၊
မစားဘူးရင်တော့ ဝယ်စား……………..

25 comments

  • padonmar

    September 7, 2011 at 7:15 pm

    ကုမုဒြာနဲ့ ဆင်တယ်နော်၊လှလိုက်တဲ့ အပွင့်လေး။
    စိုက်ချင်တယ်၊ဘယ်သူ့ကိုမေးရမလဲ။

  • MaMa

    September 7, 2011 at 7:34 pm

    ကြွားချင်နေတဲ့ မဝေကို မေးပါ။
    🙂

    • weiwei

      September 8, 2011 at 8:18 am

      မမကတော့ လုပ်ပြီ ….
      စိုက်ချင်ရင် သန်လျင်မှာ အပင်ပေါက်ဝယ်လို့ရပါတယ် ….
      အပင်က ဘေးကိုကားထွက်တတ်လို့ မြေနေရာတော့ ကောင်းကောင်းလိုလိမ့်မယ် …
      သေချာစနစ်တကျစိုက်ရင် ၉ လ အကြာမှာ သီးတယ်လို့ ပြောပါတယ် …
      အိမ်မှာ ၃ ပင် စိုက်ထားတာ တစ်လ လောက်ပဲ ရှိပါသေးတယ် …
      ကျွန်မက အပင်စိုက်တာ မကျွမ်းကျင်ပါဘူး … ညီမလေးစိုက်ထားတာ …

  • phantom

    September 7, 2011 at 7:40 pm

    နဂါးမောက်သီးက တော်တော်တော့ လှသား ဒါပေမယ့် တစ်ခါမှ မစားဖူးဘူး စားရကောင်းမှန်းမသိဘူးလေ ဟိုဖရုံသီးလို ဘုရားတင်တဲ့အသီးမှတ်နေတာ နောက်မှ ဆေးဖက်ဝင်တဲ့အသီးဆိုတာသိရတယ်

    • etone

      September 8, 2011 at 10:39 am

      ဟီးဟီး … ကျွန်မလည်း အတူတူပဲ .. ခွာပြီးသားပဲ စားတတ်တာ .. ဘယ်လိုခွာစားရမလဲ မသိတော့… အမေက ပြောတယ် … နင်တော်တော် တုံးတာပဲတဲ့ … အခွံနွှာစားရလည်း လွယ်တယ်… ငှက်ပျောသီး အခွံနွှာရသလိုကို လွယ်တာတဲ့လေ … ။
      တကယ်တမ်းလုပ်ကြည့်တော့လည်း ဟုတ်သားပဲ .. ။

      လေးပေါက်ရေ … အပင်ကို တခါမှ မမြင်ဖူးလို့ တင်ပေးတာ ကျေးဇူးတင်ပါတယ်နော် … ။
      စိုက်တော့စိုက်ချင်တယ် .. မြေနေရာမရှိဘူး .. စိုက်စရာခေါင်းပေါ်ပဲ ရှိတယ် 😛

  • windtalker

    September 7, 2011 at 9:18 pm

    ကိုပေါက်ကောင်းမှုနဲ ့နဂါးမောင်ပင် ကို တော့ သိသွားပြီ

  • hmee

    September 7, 2011 at 9:26 pm

    အသီးက စားလို့ကောင်းတယ်။ တချို့ကတော့ မကြိုက်ကြဘူး။ အထဲက အစေ့မည်းမည်းလေးတွေကို မကြိုက်တာတဲ့ မှီကတော့ နှမ်းဖြူးထားလို့ နှမ်းစေ့လေးတွေ စားရတာနဲ့ တူတယ်လို့ ထင်တယ်။ ပြောကြတာပဲ ဟုတ်မဟုတ်တော့ မသိဘူး အခွံကို နေလှန်းပြီး လက်ဘက်ရည်ကြမ်းလို သောက်ရင် မီးယပ်ရောဂါအတွက် ကောင်းတယ်တဲ့။

  • မမှီရေ
    ကျနော်က ပုံသာတင်တာ မစားဘူး သေးဘူးဗျာ။
    အသီးကိုဓါတ်ပုံရိုက်ချင်တော့ သစ်သီးရောင်းတဲ့ဆီသွားရော။
    ဟိုက ဈေးဝယ်မှတ်တော့ ဘာယူမလဲ မေးတာ။
    ကျနော်က နဂါးမောက်သီးကိုလက်ညိုးထိုးပြပြီး ဓါတ်ပုံရိုက်ချင်လို့ဆိုတော့
    စိတ်ပျက်သွားတဲ့ ပုံစံနဲ့
    ရိုက်ရိုက်လို့ပြောပါတယ်။
    အဲဒါနဲ့မြန်မြန်ရိုက်ပြီး လစ်လာခဲ့တော့ အသီးပုံက စိတ်တိုင်းကျမရလိုက်ဘူးဗျ။

  • မီးမီး သော်

    September 7, 2011 at 11:42 pm

    ဟယ် ကိုပေါက်ကတော့လေ ။ကိုပေါက်ရေ ပုံလေးတွေကြည့်ချင်ပေမယ့် လိုင်းမကောင်းတော့ နှစ်ပုံဘဲမြင်ရတယ်လေ။ဘာဘဲဖြစ်ဖြစ် ကိုပေါက်ကျေးဇူးကြောင့်မြင်ဖူးရတာပါ

  • လိုင်းကတော့ ပြောမနေနဲ့ မီးမီးရေ။
    ကျနော်ဒီပုံတင်တာ သုံးရက်ကြာပါတယ်။
    လိုင်းမကောင်းတော့ နားလိုက်။
    ကောင်းတဲ့နေ့ရသလောက်တင်လိုက်နဲ့ပေါ့ ။
    ကြည့်တဲ့သူတွေလဲအားတော့နာတယ်။
    ဒါပေမယ် ပုံစုံအောင်တင်ပေးမှ အားရပါးရ ကြည့်ရမှာပေါ့။

  • ရွှေဘိုသား

    September 8, 2011 at 9:02 am

    လေးပေါက်တင်မှပဲ မြင်ဖူးတော.တယ် ရွာက ကြာနီသီးနဲ.တော တူသားဗျ
    လေးပေါက်ကတော. စွန်.စားတယ်နော် မမတုံးထက်သာသွားပြီ ဘေးမှာ ဓားချထားတာတောင် မဝယ်ပဲ
    ဓာတ်ပုံရိုက်ရဲတယ်

  • chitlay

    September 8, 2011 at 9:30 am

    လိုင်းမကောင်းတဲ့ကြားကနေ ရွာသူ/သားတွေ ကြည့်ရအောင် ပုံတွေကို ကျိုးစားပမ်းစား တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လေးပေါက်ရေ …. နဂါးမောက်သီးကို စားသာစားဖူးတာ အပင်ကို တစ်ခါမှ မြင်ဖူးတာမဟုတ်ဘူး အခုမှ လေးပေါက်ရိုက်ချက်ကြောင့် မြင်ဖူးသွားပြီ။

  • Shwe Tike Soe

    September 8, 2011 at 9:57 am

    အော နဂါးမောက်ပင်ဆိုတာ ဒါလား.. မြင်လဲ မမြင်ဘူးဘူး စားလဲမစားဘူးဘူးဗျ ကျေးဇူးပါကိုပေါက်..
    နော်နေ. ဈေးထဲရောက်ရှင် ရှာဝယ်စားကြည့်အုံးမယ်..
    အပွင့်ကတော့ တော်တော်လှတယ်နော်.. နဂါးမောက် အပင်ကို ဘွန်ဇိုင်း လုပ်လို.ရရင်ကောင်းမယ်..
    ဒါဆို အိမ်ထဲမှာစိုက်လို.ရတယ်လေ…

  • manawphyulay

    September 8, 2011 at 11:57 am

    အဲအပင်တော့ အိမ်မှာရှိတယ်… ဒါပေမယ့် တစ်ခါမှ မပွင့်သေးတော့ ဒီလိုလှမှန်းမသိဘူး ခုမှပဲမြင်ဖူးတော့တယ်။ အသီးကတော့ အမြဲမြင်ဖူးနေတာဆိုင်တွေမှာ ရောင်းနေတာလေ…

  • pooch

    September 8, 2011 at 1:53 pm

    လေးပေါက်ရဲ့ ဇွဲကိုတော့ တကယ်ချီးကျူးတယ် ဒီကော်နက်ရှင်နဲ့ ဒီလောက်အများကြီး တင်နိုင်တယ်။ လေးပေါက် ကျေးဇူးနဲ့ အပင်တော့ မြင်ဖူးသွားပြီ ။ အသီးကတော့ ပြောသလောက်ကြီး မကြိုက်လှဘူး သူ့အရသာကို။ တမျိုးပဲ။

  • နွယ်ပင်

    September 8, 2011 at 2:06 pm

    အပင်ပေါက်လေးက ထူးခြားတယ်နော် စိုက်တော့စိုက်ချင်သား
    စိုက်စရာမြေနေရာကတော့ တိုက်ခန်းက ဝရန်တာပဲရှိတော့ ခက်တယ် 😛

  • စိုက်ချင်ရယ် ရွာထဲကမဝေဆီမှာ အပင်ပေါက်တွေတောင်းပါ။
    အခမဲ့ဝေတဲ့အပြင်အပင်စိုက်နည်းပါပြပေးမယ်တဲ့နော်………………….
    ဒူ……………ဟူဟူ မောင်းခတ်လိုက်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 9, 2011 at 8:56 am

    နောက်ဆုံးစာရင်းချုပ်လိုက်တော့
    အဲ့သည်အသီးထည်းထားတဲ့ ဘာလို့ခေါ်သလည်းမသိ
    ဖုန်းလားဖော့လား အဲ့သည်ခွက်ရယ်
    အသီးရယ်က
    မိတ်အင်ဘားမားတော့ဖြစ်ပုံမရပါဘူး ( အထင် )
    မိတ်အင် တရုပ် သို့မဟုတ် မိတ်အင် ထိုင်းလန်း ဖြစ်မည်ထင်သော
    အနိစ္စ အမြဲမရှိ
    ဒုက္ခ ဆင်းရဲ၏
    အနတ္တ ဘာလည်းမသိ

  • pan pan

    September 9, 2011 at 10:32 am

    စားဖူးတယ် စားလို့တော်တော်ကောင်းတယ်
    အပင်တော့ ခုမှမြင်ဖူးတယ်
    ပန်းလေးတွေလည်း တော်တော်လှတာပဲ
    လေးပေါက်ရယ်…ဆိုင်ရှင်စိတ်ကျေနပ်အောင် အသီးလေးတစ်လုံးလောက်ဝယ်ပြီး
    အားရအောင် ဓါတ်ပုံရိုက်ခဲ့ရောပေ့ါ
    ပုံကြည့်ပြီး သွားရည်ကျရအောင်လို့ :mrgreen:
    မetone ခေါင်းပေါ်မှာပဲစိုက်မယ်ဆို ကတုံးတော့ တုံးရမှာပဲ 😀

  • char too lan

    September 9, 2011 at 5:31 pm

    မစားဖူးရင်နေ ကြားဖူးရင်တော်ပီပေါ့ ခုမြင်တောင်မြင်နေရပီဆိုတော့ ပိုတောင်ကောင်းသွားသေးတယ် 🙂 ကျနော်အဲ့အသီးတွေကို လွန်ခဲ့တဲ့ငါးနှစ်လောက်က ယိုးဒယားဘက်မှာစတွေ ့တာ ဟင်းချက်စားရတဲ့ အသီးတွေလို့ထင်နေခဲ့တာလေ .. ကျေးဇူးတင်တယ်လေးပေါက်ရေ……. ကျနော်ကူးသွားပီ ပုံတွေကဆိုက်အကြီးကြီးတွေဆိုတော့ အရမ်းမိုက်တယ်

  • ပန်ပန်ရေ
    ဝယ်တော့ဝယ်ချင်သား
    ဒီအသယ်တွေက တစ်လုံးနှစ်လုံးလောက်ရောင်းဘို့စိတ်မဝင်စားဘူးရယ်။
    အခုအသစ်ဖွင့်တဲ့ ဒိုင်းမွန်းစူပါမက်ကက်နားက အသယ်တွေလေ။

    ကိုကိုပု
    ရှေးကတော့ ပြည်မသိဗာရာ
    မင်းမသိဗြဟ္မဒါတ်။
    အခုတော့ ပြည်မသိ တရုတ်လုပ်
    အမည်မသိ ထိုင်ဝမ်
    ဒန် ဒန် ဒန်

  • ဆူး

    September 9, 2011 at 9:07 pm

    အသီး အရသာတော့ မကြိုက်ဘူး.. ဆေးဖက်ဝင်တယ်လို့တော့ ပြောကြတယ်။
    အပင်ကတော့ ရှမ်းပြည်ဘက်မှာတော်တော် စိုက်တာ မြင်မိတယ်။

  • ဟုတ်တယ် မဆူးရေ
    ကျောက်မဲနဲ့သီပေါ မြို့နှစ်မြို့ကြားမှာ တွေ့သမျှ ခြံတိုင်းလိုလိုမှာ စင်နဲ့တင်စိုက်ထားကြတဲ့ ဒီနဂါးမောက်ပင်တွေချည်းပါဘဲ။

  • ရွှေအိမ်စည်

    September 9, 2011 at 10:01 pm

    ဒီလိုကောနက်ရှင်ကြားကတင်ပေးတဲ ့ကိုပေါက်ရေကျေူးဇူးတင်ပါတယ်..
    စိတ်တော်တော်ရှည်တတ်တာဘဲ…ပေးသူရဲ ့စေတနာကိုတန်ဘိုးထားလေးစားလျှက်ပါ..
    ကန်တော်ကြီးငါဥယျာဉ်ဘေးမှာရှိတယ်…။
    သူ ့ခဗျာလည်းကောင်းကောင်းမသီးရပါဘူး……
    ..တကယ်ပါ..အလုံးစဖြစ်ပြီး..သိပ်မကြာခင်ပျောက်ပါလေရော…
    အခုမှဘဲ..အကုန်စုံကြည့်ရပါတယ်…ကျေးဇူးပါ

  • maythakhin

    September 10, 2011 at 12:44 am

    နဂါးမောက်သီးကို စားဖူးတယ်။ အသီးကိုလည်မြင်ဖူးတယ်။ဒါပေမဲ့ အခုမှ အပွင့်နဲ့ အပင်ကိုမြင်ဖူးတာ။အပွင့်ကတော့ တော်တော်လှတယ်။ အရွက်ကတော့ ရှားစောင်းရွက်နဲ့တော့ဆင်သား။ပုံလေးတွေကြည့်ပြီးသိရတဲ့အတွက် ကျေးဇူးပါးပါးလေးပဲတင်တော့မယ်နော်

Leave a Reply