ဒီလိုဆိုရင်

မောင် ပေSeptember 4, 20111min17015

မဖြစ်လာသေးတဲ့ အရာတွေ ၊ ဖြစ်နိုင်ချေ ရှိတဲ့ အရာ တွေ ကို ကြိုစဉ်းစား ထားရင် ကောင်းမယ် လို ့ထင်ပြီး ဒီစာကို ရေးတင်ပါတယ် ။

တစ်ကယ်လို ့ သင် ကိုယ်တိုင် ခံစားရိုက်ကူး ပြီး ၊ အင်တာနက် မှာ ( ဖေ့ဘုတ် ၊ တွစ်တာ ၊ ဂူးဂဲပလပ်စ် ၊ ဘလော့များ အစရှိသဖြင့် ) တင်ထားတဲ့ ဓါတ်ပုံ တွေ ကို ၊ တစ်ယောက်ယောက် က သူ ကိုယ်တိုင် ရိုက်ကူးထားသလိုလို နဲ ့ ကူးယူသွားပြီး တင်ထားတယ် ဆိုပါစို ့။ သင့်ဆီကနေ ခွင့်ပြုချက် လုံးဝ မယူပဲ ၊ လုံးဝ ခွင့်မတောင်းပဲ ..ခပ်တည်တည် နဲ ့သူ ့ဟာလုပ်ပြီ ဆိုပါစို ့။

သင်ဘယ်လို လုပ်မည်နည်း ။

သင် ဘယ်လို တုံ ့ပြန်မည်နည်း ။

သင် ဘယ်လို ခံစားရမည်နည်း ။

ကဲအခု…သင့်မှာ ဒီလို ဖြစ်လာနိုင်ခြေ ရှိနေပြီ ဆိုတာ သိရပြီ ။

သင် ဘယ်လို ကာကွယ်မည် နည်း ။

တစ်ကယ်လို ့သင်ကိုယ်တိုင် ခံစား ၊ သီကုံး ထားသော ၊ ကဗျာ (သို ့မဟုတ်) ဝတ္ထု ( သို ့မဟုတ် ) ဆောင်းပါး ( သို ့မဟုတ် ) ပညာပေး ( သို ့မဟုတ် ) သင်ကိုယ်တိုင် အပင်ပန်းခံပြီး ယူထားသော သတင်းထူး၊သတင်းဦး တွေ ( ဖေ့ဘုတ် ၊ တွစ်တာ ၊ ဘလော့များ ၊ ရသစုံ ဆိုက်များ တွင် ) ကို ၊ သင့်ဆီမှာ ခွင့်ပြုချက် ၊ ခွင့်တောင်းခြင်း လုံးဝ လုံးဝ မရှိပဲ ၊ ကိုယ်တိုင်ရေးထားတာလိုလို မျိုး ကူးခံ ရလျှင် ၊ ခိုးခံ ရလျှင် …………

သင်ဘယ်လို လုပ်မည်နည်း ။

သင် ဘယ်လို တုံ ့ပြန်မည်နည်း ။

သင် ဘယ်လို ခံစားရမည်နည်း ။

ကဲအခု…သင့်မှာ ဒီလို ဖြစ်လာနိုင်ခြေ ရှိနေပြီ ဆိုတာ သိရပြီ ။

သင် ဘယ်လို ကာကွယ်မည် နည်း ။

ဒီလိုအဖြစ်မျိုးတွေ နေ ့တိုင်း မှာ ဖြစ်နေတယ်နော် ။ အင်တာနက် ထဲ မှာ ၊ ဖေ့ဘုတ် မှာ ၊ ဝက်ဆိုက်တွေ မှာ တွေ  ့ကြရမှာပါ ။

ကျွန်တော် ကတော့ ကံကောင်းစွာနဲ ့အခုချိန်ထိ အခိုးမခံ ရသေးဘူး ။  အခိုးမခံ ရသေးဘူး လို ့ထင်တာပေါ့နော် ။

စာဖတ်သူ လည်း အခိုးမခံ ရသေးဖူးဘူး ဆိုပေမယ့် ၊ ကျွန်တော် အခု ရေးခဲ့သလို ဖြစ်လာခဲ့ရင် ၊ ဘယ်လို လုပ်ကြမလဲ ပေါ့နော် ။

တစ်ကယ်လို ့၊ သင့် စာ ၊ သင့် ကဗျာ ၊ သင့် ဓါတ်ပုံ ကို ခိုးကူးထားပြီး ၊ သူ ့ပို ့စ် ၊ သူ ့ဆိုက် တွင် တင်ထားသူ တစ်ဦး ကို သင် လက်ပူးလက်ကြပ် မိပြီ ဆိုပါစို ့။

သင် ဘယ်လို စပြောမည် နည်း ။

ကျွန်တော် တွေးမိသလောက်

ဥပမာ စာဖတ်သူ က ၊ အမျိုးသား ယဉ်ကျေးမှု ပြတိုက်ထဲ မှ ၊ လူကြည့်နည်းသော ၊ လူသိနည်းသော ယဉ်ကျေးမှု တစ်ခု ကို ဓါတ်ပုံ ရိုက်တင် ထားသည် ဆိုပါစို ့။  အဲဒီ ပုံ က လည်း ၊ တစ်ကယ်ကို ရှားပါး ၊ ဘယ်သူ မှ သိပ် သတိမထားမိလို ့ ၊ ဓါတ်ပုံ လုံးဝ မရိုက်ကြတဲ့  ယဉ်ကျေးမှု တစ်ခု ရဲ  ့ပုံပေါ့ဗျာ ။ အဲဒီပုံ ကို စာဖတ်သူ က သေချာ အနုပညာရှုထောင့် ၊ ကင်မရာ သဘော တွေ နဲ ့ချိန်ယူ ပြီး မှတ်တမ်းတင် ရိုက်ကူး ထားတဲ့ ဓါတ်ပုံ ကို  ၊ တစ်ယောက်ယောက် က စာဖတ်သူ ကို ခွင့်မတောင်းပဲ ၊ ခွင့်ပြုခြင်း မယူဘဲ ၊ သူ ့ဝက်ဆိုက်ဒ် ( သို ့မဟုတ် ) သူ ့ဖေ့ဘုတ် အကောင့် မှာ တင်ထားတယ် ဆိုပါတော့ ။

အဲဒီမှာ…ဖြစ်ချင်တော့ ။ စာဖတ်သူ က အဲဒီ သူခိုး နဲ  ့တွေ  ့ကြပြီ ၊ စကားပြောကြပြီ ဆိုပါစို ့။

ဘာစပြောမည်နည်း ။

စာဖတ်သူ က

` ဟေ့..ဘာလို ့၊ ငါ့ ဓါတ်ပုံ ကို (သို ့မဟုတ်) ငါ့ ကဗျာ ကို (သို ့မဟုတ်) ငါ့ ဝတ္ထု ကို ၊ မင်း ဆိုက်မှာ ၊ မင်းပို ့စ်မှာ ၊ မင်း ဖေ့ဘုတ် မှာ…ခပ်တည်တည် နဲ ့၊ မင်းကိုယ်တိုင် ရိုက်ခဲ့တာလိုလို (သို ့မဟုတ်) မင်း ကိုယ်တိုင်ရေးထားတာလိုလို ၊ ခိုးထားရတာလဲ ´

ခိုးတယ် ဆိုတာ မကောင်းမှု ကျူးလွန်ခြင်း မဟုတ်ပါလား ။ ဗုဒ္ဓဘာသာ အရ ဆိုလျှင် ကံတစ်ပါး ကျူးလွန်ခြင်း ။ သူခိုးကတော့ သောက်ခွက်ပြောင်မှာပဲ ။ သူခိုး က သည်လို ပြန်ပြောနိုင်ပါသည် ။

` ဒီပုံ က မင်းပုံ လို ့ပြောရအောင် ၊ ပုံထဲ ပါတဲ့ ယဉ်ကျေးမှု ပစ္စည်း က မင်း ပိုင်တာမို ့လား ( သို ့မဟုတ် ) ၊ ငါလည်း ဒီလိုတွေးမိသွားလို ့ ဒီလို ရေးဖြစ်ခဲ့တာ ၊ ဘာလဲ…မင်းတွေးတာ နဲ ့ငါတွေးတာနဲ ့မတူရဘူး လို ့ဥပဒေ ရှိလား ´

ကဲ…စဉ်းစားကြည့်ကြပါဦး ။  ပြင်ပလောက တွင်မူ ၊ သည်လို အနုပညာ သူခိုးများ သည် ၊ ပြောင်ပေါ်တင် မခိုးရဲသော်လည်း ၊ အင်တာနက် ပေါ်တွင် ၊ အွန်လိုင်း တွင် ၊ ဝက်ဆိုက်ဒ် များတွင် မူ ၊ ခိုးချင်သလို ခိုးနေကြပါသည် ။  စာဖတ်သူ များလည်း အနဲ နဲ ့အများ ဆိုသလို တွေ  ့ဖူး ၊ ကြုံဖူး ကြမည် ဖြစ်ပါသည် ။ တစ်ကယ်လို ့…ကိုယ့်ဟာ ကို ခိုးရင် ဘယ်လို လုပ်မလဲ လို ့ စဉ်းစားမိပြီး ၊ သည်စာ ကို ရေးတင်ပါသည် ။

စဉ်းစားကြည့်ကြပါဦးနော် …………..။

——————————-အားလုံးကို ကျေးဇူးတင်ပါသည်——————————-

 

 

 

15 comments

  • naywoonni

    September 4, 2011 at 10:12 pm

    တော်တော်ကာရေ……….. အဲဒါတွေ တွေးပူမနေနဲ့..။ တို့ကိုကိုပေါက်ဆိုရင် ခဏခဏ အခိုးခံနေရတာ…။ သူပြောဖို့ ချန်ထားဦး

    • windtalker

      September 4, 2011 at 10:15 pm

      အဘ ရေ
      စာရေးဆရာ ဆိုတာ အငှားခံစား သူ တွေ တဲ့ ။
      ကျွန်တော့် စာ ဟာ
      တစ်ကယ်ဖြစ်နေတဲ့သူတွေ
      ခံထားရတဲ့သူတွေ နေရာ ကို
      ဝင်ခံစား ရေးထားတာပါ
      အခမဲ့ ရှေ ့နေလိုက်နေတာပါ ခင်ဗျာ

  • ရဲအောင်

    September 4, 2011 at 10:13 pm

    ကျနော်သိနေတာကတော့ facebook မှာ ပို့စ်တွေ ဓါတ်ပုံ တွေ ကို တစ်ယောက်ယောက်က ပြန်လည်ကူး
    ယူ တာတွေကို ကြုံရနိုင်တယ် လို့ သတိပေးထားသလားလို့ပါ… ဒါတွေကို ပို့စ်တွေ ဓါတ်ပုံတွေ တင်တော့
    မဲ့သူ က သဘောတူမှ တင်ပါလို့ သတိပေးထားတယ်ထင်ပါတယ်…။

  • ပေါက်ဖော်

    September 4, 2011 at 10:22 pm

    အမောင်ပေပြောသလို..အခိုးခံလိုက်ရပြီဆိုလျင်တော့
    ကိုယ့်ကိုယ်ကို ဂုဏ်ယူလို ့ရပါဘီ..
    ကော်ပီကူးသွားတယ်ဆိုကတဲက ကိုယ့်ပို ့စ်ဟာ တော်တော် ဘောင်ဝင်သွားပြီလို ့မှတ်လိုက်ပေရော့
    အမောင်ပေရေ့..
    ကိုယ့်စာတစ်ခုလုံး အခိုးခံရဖူးတယ်..
    Idea တစ်ချို ့ခိုးခံရဖူးတယ်
    မှတ်ချက်..ထင်မြင်ချက်တစ်ချို ့ခိုးခံရဖူးတယ်
    စသဖြင့်ပေါ့ဗျာ
    ကျနော်လဲ သွားခိုးဖူးတယ်
    ကျနော့် စာတစ်ချို ့လဲ အခိုုးခံရဖူးတယ်ဗျ…
    တစ်ခါတလေ…ကိုယ်ရေးတဲ့ပို ့စ်….ကိုယ့်ဆီတောင် Fwd:mail ပြန်ပို ့လိုက်ကြသေး..တယ်ဗျ
    အစကတော့..ရွာသားတစ်ချို ့သူများဆီကသွားကူးပြီး ကိုယ်တိုင်ရေးလိုလို..ဘာလိုလို..ရွာမှာပြန်တင်လို ့..
    ရွာသိက္ခာလဲ ကျခဲ့သေးရဲ့ဗျာ..
    အဲတော့ သဂျီးလဲ သိက္ခာကျ.ရွာသူရွာသားတွေလဲ သိက္ခကျပေါ့ဗျာ..
    ဒါပေမဲ့ ရွာသူ၊ရွာသားတွေရဲ့စာတွေလဲ သူများတွေ ကူးသွားတာလဲ ရှိသဗျ..
    အဲသလို…

    ပြောရရင်တော့..
    ကိုယ့်စာကို သူများခိုးသွားမှန်းသိစေချင်ရင်..ကိုယ့်နာမည်လေး..ကို စာထဲမှာ ညှပ်ထည့်ထား..
    ပုံတွေဆိုရင်လဲ ပုံထဲမှာ ကိုယ့်နာမည်လေးကို ညှပ်ထည့်ထားပေရော့..

    နောက်မှကြောတော့မယ်ဂျာ..
    နဲနဲ ဂလုနေလိုက်ဦးမယ်..

    • windtalker

      September 4, 2011 at 10:24 pm

      ဂွတ်ဗျာ
      ကျွန်တော် လဲ
      အခု သွားဂလုတော့မလို ့
      ချီးယားစ် နော်
      ကိုပေါက်ဖော်
      ဆုတောင်း မယ် ဗျို ့
      ` မိန်းမ ချစ်
      စီးပွားဖြစ်
      ဘာမှ မလုပ်ဘဲ သူဌေးဖြစ် ´

  • TTCG

    September 4, 2011 at 11:09 pm

    ကို windtalker ရေ… ကိုယ်တော်လို့ ကိုယ်လုပ်ထားတာကို ကြိုက်လို့ ကော်ပီကူးသွားတယ်လို့ပဲ ဂုဏ်ယူလိုက်ပါ… စိတ်လည်းဆိုးမနေပါနဲ့ စိတ်မကောင်းလည်း ဖြစ်မနေပါနဲ့… IT ခေတ်ကြီးထဲမှာ အရာအားလုံး ဒီလိုပဲ နားလည်မှုနဲ့ ဖြတ်သန်းနေကြလို့ပါ…

    copyright law ကဘယ်လို ဘာညာ ဆိုပြီးတော့ ပြောနေတဲ့လူတွေ အကုန်လုံးဟာလည်း တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ ချိုးဖောက်နေကြတာပဲ… အဲ့ဒီတော့ နားလည်မှုပေးလိုက်ပါဗျာ

  • “ဘီလူးကြီး”ogre

    September 5, 2011 at 8:15 am

    ခိုးလဲ ခိုးပေါ့ ..ဒါပေမယ်မကျေနပ်တာတော့ မကျေနပ်ဘူး
    ကိုယ့်မှာ “ဖြုတ်”သာသာရှိတဲ့ ဦးနှောက်ထဲက လူတိုင်းအသုံးမဝင်တဲ့ ပီစိကွေးသေးသေးလေး
    အိုင်ဒီယာကိုမနည်ခြစ်ကုတ် ကျိုးစားပြီးလုပ်ထားရတာ…ခိုးခြင်ရင်လဲခိုးပေါ့
    ယူတော်မူကြပါကုန်…။။။။။။။

  • ရွှေဘိုသား

    September 5, 2011 at 9:19 am

    ကြိုက်ရင်လည်း ပြောကူးတာတော. ကောင်းတာပေါ.ဗျာ
    ကိုပေကြီး အခိုးခံလိုက်ရပြီထင်တယ်
    ကျနော်ကတော. သူများကြိုက်ပြီးခိုးလောက်အောင် တစ်ခါမှ မရေးဖူးဘူး
    ရေးလည်းမရေးတတ်ဘူး

  • manawphyulay

    September 5, 2011 at 10:25 am

    ဒီကိစ္စတွေက အင်တာနက်ပေါ်မှ ဖြစ်လာတာတွေတော့မဟုတ်ပါဘူး။ ဟိုးအရင်ထဲက စာပေလောကမှာ Copyright ကိစ္စတွေ အမြဲဖြစ်ပေါ်နေကြတာပါ။ ဒီလောကမှမဟုတ်ပါဘူး။ တကယ်ဆိုရင်တော့ မြန်မာနိုင်ငံက အဆိုတော်တွေ သူများသံစဉ်တွေကို အမြဲ ယူသုံးနေကြတာကျတော့ နိုင်ငံတကာ Copyright ကိစ္စတွေလို့ ပြောလို့ရတာပေါ့ မဟုတ်ဘူးလား။ ဒီလိုကျတော့ ဘယ်လိုလုပ်ကြမလဲ။ စာပေလောကမှာတော့ ဒီလိုအမြဲဖြစ်ပေါ်နေမှာပါပဲ။ မဖြစ်စေချင်တော့ ကိုယ်ရေးထားပြီး ဘယ်သူမှမပြပဲ အိမ်ထဲမှာ ဖုန်တက်ခံပြီး ထုပ်ပိုးထားရင်တော့ ရနိုင်ကောင်းပါရဲ့ရှင်….

  • etone

    September 5, 2011 at 11:17 am

    မေပေါင်ရေ … တချို့ ဆို … သူများ အကြံယူပြီး … နည်းနည်း ပြောင်းရေးကာ … ကူးလျှင် သူ့နာမည်အထိ ကူးပါတွေ ဘာတွေ အော်တော့ … မူရင်း ပိုင်ရှင်က ဒီပို့စ်နဲ့ တူတယ်လို့ ထောက်ပြတာတောင် မုန်လာဥလုပ်နေသေးတယ် ဟိဟိ .. ။ 😛

    • windtalker

      September 5, 2011 at 1:18 pm

      ဘယ်သူများပါလိမ့် မအီးတုံးရေ
      သိချင်စမ်းပါဘိ
      သူ ့မျက်နှာ ၊ ဘာဆီလူးလဲ
      အင်တာဗျူးချင်လို ့ပါ
      ဟီဟိ

      • etone

        September 5, 2011 at 2:59 pm

        မပြောတော့ပါဘူး ကိုပေရေ… မှန်တာပြောလျှင် ရွာပြင် ထုတ်ခံရမှာစိုးလို့ … မပြောတော့ ဘူး 😛

  • နွယ်ပင်

    September 5, 2011 at 3:11 pm

    etone ရေ မှန်တာပြောလွန်းရင် လူ့အလိုက်မသိဘူးတဲ့ အပေါက်ဆိုးတယ်ဆိုပဲ
    မှန်တာတွေ သိပ်မပြောနဲ့လေကွယ်
    ဒါနဲ့စကားမစပ် etone ပြောတဲ့ တစ်ယောက်ကို သိနေသလိုပဲ 😀

    • windtalker

      September 5, 2011 at 3:17 pm

      မနွယ်ပင် က ပါ
      ပဟေဋ္ဌိ ဖွက်ချင်နေပြန်ပြီ
      အမ တို ့လို စီနီယာ တွေ မပြောပဲ
      မောင်လေး တို ့ဂျူနီယာ တွေ က
      ဘယ်လို သိမှာလဲ လို ့။ ဟွန် ့

  • MaMa

    September 5, 2011 at 4:35 pm

    “နည်းပညာ သေရွာယူမသွားကြေး” ဆိုပြီး အင်တာနက်ခေတ်ကြီးမှာ ကိုယ်သိတာ တတ်တာကို ဖြန့်ဝေနေကြတာတွေ ရှိတယ်။ တော်တော် သဘောကျစရာကောင်းတဲ့ စိတ်ဓာတ်လေးပါ။ ကိုယ်ကိုယ်တိုင်တော့ ကူးရေးရလောက်အောင် လက်ရာမမြောက်တော့ ကူးမယ့်လူလည်း မရှိ။ ဒါ့ကြောင်မို့ ကူးခံရရင် ဘယ်လို နေမလဲ မတွေးတတ်သေးပါ။ တော်ကြာ သူများကို တရားချတဲ့ ဘုန်းကြီးလို “ဒါတော့ ကျုပ်တူမအရင်းကြီးကိုးဗျ” လိုများ မခံမရပ်နိုင်အောင် ဖြစ်နေမလားတော့ မသိသေးဘူး။

Leave a Reply