ပျံသန်းခွင့်…..

naywoon niSeptember 4, 20111min766

တစ်ကယ်တော့ ကိုခင်နဲ့ ကျွန်တော် သိတာ လ္ဘက်ရည်ဆိုင်မှာ ထိုင်ရင်း မျက်မှန်းတန်းခင်မိကြတာပါ……..။ သူ့အကြောင်း သပ်ထဲထဲဝင်ဝင် သိလှတယ်ရယ်မဟုတ်ပါဘူး…။ သူ့သား ကိုမျိုးလေးနဲ့ ပါတ်သက်ပြီးမှ တော်တော်လေး သိလာရတာလေ……။ ဖြစ်ပုံကဒီလိုလေးပါ…။။ လ္ဘက်ရည်ဆိုင်မှာ စကားစပ်မိရင်းနဲ့ အင်တာနက်အကြောင်း ပြောမိတော့ ကိုခင်က သူ့သားတစ်ယောက် မလေးရောက်နေတယ်…။ သူနဲ့ ဆက်သွယ်လို့ရရင် ဆက်သွယ်ပေးပါဆိုပြီး သူ့သားရဲက အကောင့်လေး ထုတ်ပေးပါတယ်…။ ပြီးခဲ့တဲ့ နှစ်လလောက်ကပေါ့…။ သူ့သားနာမယ်က ကိုမျိုးပဲထားပါ…။။သူ့သားက သူဆီ ဖုန်းမဆက်လို့ ဖုန်းဆက်ဖို့ ပြောပေးပါလို့ မှာလိုက်ပါတယ်…။ ကျွန်တော်လည်း အင်တာနက်ခန်းထဲရောက်တော့ ကိုခင့်သားအကောင့်လေးကို ဂျီတော့ မှာ အက်ထားလိုက်ပါတယ်..။ အမှတ်တစ်မဲ့ပါပဲ…။
တစ်နာရီလောက်ကြာတော့ “ ဟိုင်း”လို့ ဂျီတော့က နေတက်လာတော့ ကိုခင့်သား ကိုမျိုးအကောင်းပါ…။ ကျွတ်တော်လည်း “ ကိုမျိုးလား” ပေါ့ …။ “ကိုခင်က မှာလိုက်လို့ …ခုဟာက ကိုခင် ကမင်း အကောင့်ပေးလိုက်လို့ပါပေါ့……” အဲဒိတော့ သူကလည်း ကောင်းကောင်းမွန်မွန်ပဲပြောဖြစ်ပါတယ်..။ နောက်နေ့တွေလည်း သူ့အကြောင်း ကိုယ့်အကြောင်းပြော ဖြစ်ကြတာပေါ့…။ တစ်မြို့ထဲသာနေတာ သူ့အကြောင်း ကိုယ်မသိ ကိုယ့်အကြောင်း သူမသိတာပါ..။ ဒီတော့ ပြန်မေးကြ ဟိုအကြောင်းမေး ဒီအကြောင်းမေးနဲ့ ပေါ့…။ ဘယ်ရပ်ကွက် က ဟိုကောင်မလေး လင်ရသွားပြိလား ဘာညာပေါ့…။ ဒိလိုနဲ့ ပြောရင်း တစ်ပတ်လောက်ကြာတော့ စကားမပြောဖြစ်ပြန်ဘူးဗျ…။ အွန်လိုင်းမှာ တော့ နေ့တိုင်းလိုနှစ်ယောက်လုံးတွေ့နေတာပဲ…။ ယောက်ျားလေးချင်းဆိုတော့ ဒီလိုပဲလေ…။ ပြောစရာကုန်သွားတာမြန်တယ်..။ သူကလည်း မက်ဆေ့မှာ ဂိမ်းဆော့နေပါသည်လို့ ထည့်ထားတော့ ကျွန်တော်လည်း သူ့ဟာသူနေပါစေလေ ဆိုပြီးထားလိုက်တာပေါ့…။ အဲ……. တစ်ပတ်လောက်နေတော့ ကိုခင့် အမျိုးသမီး မကြည်က သူ့သား ကိုမျိုး သူ့ဆီကို ဖုန်းမဆက်လို့ ဖုန်းဆက်ဖို့ ပြောပေးပါဦးလို့မှာပါတယ်..။ နက်ဆိုင်ရောက်တောက ပြောလိုက်ပေါ့…။ ကောင်လေးက အတော် ငယ်ပါတယ်…။ သူကတော့ စကားပြောရင် ပြောနေကျ မို့လားမသိဘူး အကိုလို့ ခေါ်ပါတယ်…။
အော်……မေ့လို့ ကိုခင်က ကျွန်တော် ထိုင်တဲ့လ္ဘက်ရည်ဆိုင် ရှေ့မှာ ဂျာနယ်ဆိုင်လေးဖွင့်ထားတယ်…။ သူ့မိသားစုက မများပါဘူး…။ အားလုံးမှ ကိုမျိုးအောက်မှာ ကောင်မလေးတစ်ယောက် ကောင်လေး နှစ်ယောက် ဒါပါပဲ…။ တစ်ကယ်တော့ မရှိမရှား လို့ ပြောလို့ရတဲ့ မိသားစုလေးပါ…။ ဒီတော့ သားတစ်ယောက်ကလည်း မလေးမှာဆိုတော့ မတောင့်မကြနေနိုင်တာပေါ့…….။ ဒါပေမဲ့ တစ်ရက် ကိုခင်နဲ့ စကားစမိတော့မှ သူ့အကြောင်းပိုသိလာရပါတယ်..။
“ဒီလို ကိုနေဝန်းရေ……။ ကျွန်တော့ သား မလေးလွှတ်ထားတာ ကျုပ်က ပိုက်ဆံ မရှိလို့ ပိုက်ဆံလိုချင်လို့ လွှတ်ထားတာမဟုတ်ဘူးဗျ…။ အသက်က နှစ်ဆယ်ကျော်နေပြီ…။ ဆယ်တန်းကလည်းမအောင်ဘူး…။ ဒီမှာ ဒီအတိုင်းထားရင် ကျုပ်လိုပဲ ပွဲစားယောင်ယောင်ဘာေယောင်ယောင် ဖြစ်မှာလည်း စိုးရိမ်တယ်…။ သူ့အမေ ကလည်း သူ့သားမှ သူ့သား …။ ဒီမြို့မှာလည်း ခင်ဗျား သိတဲ့ အတိုင်း …။ အရင်းအနှီး မှ မရှိရင် ဘယ်အလုပ်မှ ဝင်တိုးလို့ မရဘူး…။ ဒီတော့ စိတ်လေပြီး ဘောလုံးပြွ လောင်းတာတို့ နှစ်လုံးထိုးတာတို့ လုပ်နေမှာလည်းစိုးရသဗျ…။ ဒီတော့ ကျုပ်သားကို တစ်နေရာကိုပို့ ထား….သူ့တိုးတက်ရာလမ်းကြောင်း သူ့ဖာသာ သူရှာပေါ့ဗျာ….။ အဲဒိမှာ ရန်ကုန်မန္တလေးပို့ထားရအောင်လည်း ဆွေမျိုးသားချင်းက မရှိဘူးဗျ….။ ရှိလို့ ပို့ထားရင်လည်း သူ့အမေဆီက ပိုက်ဆံ မှာသုံးနေဦးမှာ…။ ဒီတော့ ဆက်သွယ်လို့ မလွယ်ကူမဲ့ နေရာတစ်နေရာ စဉ်းစားတော့ မလေးလောက်ပဲ စဉ်းစားလို့ရတယ်…။ ဟုတ်တယ်လေ…။ ဒီကနေသွားရင် ကျန်တဲ့ နိုင်ငံတွေနဲ့စာရင်တော့….ဈေးချိုတယ်လို့ ပြောရမှာပဲ…။ ဒါတောင် ဆယ်သိန်းလောက်ကုန်သွားတာ…။ ကြွေးလည်းနဲနဲ တင်သွားသေးတယ်…..။ ခုတော့ ကျေသွားပါပြီ…။”
ကိုခင်က ပြောရင် အာခြောက်သါားတယ်နဲ့ တူရဲ့…။ ရေနွေးကြမ်း တစ်ခွက်ငှဲ့ သောက်တယ်…။
“ ဒါဆို ကိုမျိုးက တစ်လဘယ်လောက်ပြန်ပို့ ပေးလို့လဲဗျ”
ကျွန်တော်နေဝန်းနီလည်း ဂျာနယ် မဂ္ဂဇင်းတွေ က အင်တာဗျူးတွေ သာမဖတ်တာ…။ ဒီလောက်တော့ စပ်စုတတ်ပါရဲ့…။
“ ကျုပ်က ကျုပ်သားကို မလေးလွှတ်တာ ငွေရှာခိုင်းလိုက်တာမဟုတ်ဘူးဗျ…။ ကိုနေဝန်း ရ…။ ဒီမှာထားရင်ယောင်ပေပေ ဖြစ်နေမှာစိုးလို့…။ ဆယ်တန်းအောင်တာလည်းမဟုတ်…။ဘာမဟုတ်နဲ့..။ သူ့ဘဝ တက်လမ်းရှာခိုင်းလိုက်တာ…။ ပညာတစ်ခုခု ရအောင် ယူခဲ့ …။ ဒီမှာ အခြေ ချနိုင်ပြီ ဆိုရင် ပြန်လာခဲ့…။ ဒီမှာ လုပ်စား…။ အဲဒိတော့ သူ့အတွက် ကုန်ကျစရိတ်က နေ ပိုပြီး ငွေမပို့နဲ့…။ ဟိုမှာ လိုအပ်သလိုသုံး …။ ပညာတစ်ခုခု ရအောင်သင်…။ ဒီမှာ သူ့ကို လမ်းညွှန်ပေးနိုင်တဲ့သူမရှိဘူး..။ ဘာသင်တန်း ညာသင်တန်းဆိုတာကလည်း တစ်ကယ် တတ်အောင်မသင်ဘူး..။ သင်ပေးနိုင်တဲ့သူကလည်း ဒီလိုနေရာမျိုးလာမသင်ဘူး…။ ကိုကလည်း သွားမသင်နိုင်ဘူး…။ အဲဒိတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်…။ ကိုယ့်တက်လမ်းကိုယ်ရှာ…။ ကျုပ်က ဒီမိစားစု လေးငါးယောက် ကိုရှာမကျွေးနိုင်လို့ ငွေရှာခိုင်းတာမဟုတ်ဘူး…။ အတွေ့အကြုံနဲ့ သူ့ဘဝတက်လမ်းရှာဖို့ လွှတ်လိုက်တာ..။ ရှာတာမရှာတာ သူ့အပိုင်း …။ တစ်သက်လုံးကျုပ် သူ့ကို အနားမှာထားလို့ရမှာမဟုတ်ဘူး..။ အချိန်တန်ရင် သူ့လမ်းသူသွားမှာ…။ အဲဒိအခါကျတော့မှ ကျုပ်ကို ဘယ်ကိုမှမလွှတ်လို့ ဘာအတွေ့အကြုံမှမရှိဘူးလို့ အပြောမခံနိုင်ဘူး..။ ကျုပ်မတတ်ပေမဲ့… သင့်ရာအပ်ပို့ လုပ်ပေးထားတာပဲ..။”
အော်………ကောင်းလေစွ…။ ကောင်းလေစွ …။ ပျံသာပျံသာ ရွှေဟဿင်္ာရေ…။ပေါ့…။ ကိုထီးသီချင်းလေးနဲ့ ပျံသန်းခွင့်ရှိနေတုန်း ပျံသန်းခွင့် ရနေတုန်း ပျံသာပျံ ကိုမျိုးဆိုတဲ့ ကောင်လေးရေ………..။ သူ့အမေ ဒေါ်ကြည်ကတော့ တစ်လကုန်တုန်း သူ့သားကို ဖုန်းဆက်ဖို့ လကုန်တိုင်းနေဝန်းနီကို တစ်တွတ်တွတ် မှာနေရှာပေါ့…………။

နေဝန်းနီ

6 comments

  • windtalker

    September 4, 2011 at 10:14 pm

    အဘ ရေ
    ကျွန်တော် ့မှာ လဲ
    အဘရေးသလို
    ညီတစ်ကောင် ရှိတယ် ဗျာ
    စိတ်ကို ညစ်လိုက်ရတာမှ
    ပြန်မပြော နားမထောင်

  • မီးမီး သော်

    September 4, 2011 at 11:54 pm

    အော်ခုလိုဆိုတော့လဲ ကိုနေဝန်းနီရေ. ပျံသန်းခြင်းမိုးတိမ် ဒါမှမဟုတ်ရင် အမြင့်ပျံငှက်ကလေးလို ့နာမည်ပေးရမယ်နော့

  • “ဘီလူးကြီး”ogre

    September 5, 2011 at 8:07 am

    အင်း…“မလေး” သွားတဲ့လူတွေအတွက် ရင်လေးမိပါတယ် ဗျာ
    စာတွေမဟုတ် “ငါ”တွေ့ တွေကြုံဖူးလို့ပါ..။။

  • manawphyulay

    September 5, 2011 at 10:16 am

    အင်း ပြောရရင် ဒါတွေ ပြောရင် ဒေါတွေပါမှာစိုးလို့… ကျွန်မကတော့ တစ်ခါတလေ သမီးကြီးဖြစ်ရတဲ့ဘဝကို မလိုချင်သလို တာဝန်ဆိုတာကြီးလည်း မလုပ်ချင်တော့လောက်အောင် သူများလိုတစ်ယောက်ထဲပြောရတာထက် ကျောင်းတက်နေတဲ့ မောင်လေး ၃ ယောက်ရဲ့စရိတ်ကို တွက်သာကြည့်တော့….. မောတယ်ရှင်… မပြောတာပဲကောင်းပါလိမ့်မယ်။

  • etone

    September 5, 2011 at 11:35 am

    ကြုံဖူးတယ် အဘနီရေ … ။
    ကျွန်မသူငယ်ချင်းရဲ့ မောင်လေးလည်း … အိမ်မှာနေလျှင် … ခွေပဲခွေနေတယ် ..ည ဘက်ဆို သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ … လျှောက်သွားနေလေရဲ့ … နောက်ပိုင်း လူပုံက ဘောင်းဘီရှည် ဆံပင်ရှည်နဲ့ လမ်းသရဲပုံကိုပေါက်လို့ … ။ ကိုးတန်းနဲ့တင် ကျောင်းဆက်မတတ်တော့ဘူး … အိမ်ကလည်း ဆရာတွေ ခေါ်သင်တာတောင် ပုန်းနေတာနဲ့ … မျက်နှာပျက်အောင်လုပ်တာနဲ့ဆိုတော့ … အတော်လေး စိတ်ညစ်ပြီး ကျောင်းထွက်ခိုင်းလိုက်ရော … ။ နောက်ကျတော့ … ပွဲစားနဲ့ အပ်ပြီး မလေးကို ပို့လိုက်တာ .. ဂဟေဆက်တဲ့ဆီမှာ ဝင်လုပ်နေပါသတဲ့ … အလုပ်ထဲရောက်မှ အပိုးကျိုးပြီး ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရတဲ့ ဘဝကိုသိသွားပြီး … မှန်မှန် အလုပ်လုပ် ငွေစုဖြစ်ပါတယ်တဲ့… အခုတောင် အိမ်က မတောင်းရပဲ နှစ်လ ၊ သုံးလတစ်ခါ ငွေပြန်ပို့ တတ်နေပါပြီတဲ့လေ … ။ 😛

  • MaMa

    September 5, 2011 at 3:39 pm

    သဂျီးစကားနဲ့ ပြောရရင် ပျံသန်းခြင်းအနုပညာ ပေါ့။ 🙂
    ဒီနေရာမှာ အတွေ့အကြုံရဖို့ လွှတ်လိုက်ပေမယ့် ကလေးကို စီးပွားရှာရမယ်ဆိုတဲ့ အသိနှောင်ကြိုးတော့ ပေးသင့်တယ်။ ဒါမှမဟုတ်ရင် ပေ့ါပေါ့နေ ပေ့ါပေ့ါစားပြီး မြန်မာပြည်နဲ့ လူကြီးမိဘနဲ့ ဝေးရာမှာ ကလေးက ရေလိုက်လွဲပြီး ပျက်စီးရင် မခက်ပါရောလား။ အဲဒီတော့မှ ဖွတ်မရ၊ ဓားမဆုံး ဖြစ်နေဦးမယ်။

Leave a Reply