မင်းခိုက်စိုးစံနှင့် ဉာဏ်စမ်း

ဂ်ဲသုSeptember 4, 20111min21116

မင်းခိုက်စိုးစံအကြောင်းမပြောခင် ကိုယ့်အကြောင်းကိုယ် အရင်ပြောရမှာပါ။ ကျွန်တော်တို.အဖိုးက ဉာဏ်းစမ်းပဟေဠိတွေကို စိတ်ဝင်စားပါတယ်။သူက စိတ်ဝင်စားတော့ သူ.သား ကျွန်တော်တို.အဖေကလည်း စိတ်ဝင်စားပါတယ်။ ဒီတော့ ကျွန်တော့်တို.အဖေကလည်း ကျွန်တော်တို.ကို ဉာဏ်စမ်းပဟေဠိတွေကို စိတ်ဝင်စားတတ်အောင် လေ့ကျင့်ပေးပါတယ်။ ကျွန်တော်တို.မှာ ညီအစ်ကို ၄ယောက်နဲ့ ညီမလေးတစ်ယောက်ရှိပါတယ်။ ငယ်ငယ်လေးကတည်းက ကျွန်တော်တို.အဖေက ဉာဏ်စမ်းပုစ္ဆာလေးတွေကို ကျွန်တော်တို.ညီအစ်ကိုတွေကို မေး။ ဖြေနိုင်တဲ့သူတွေကို မုန့်ဝယ်ကျွေးတာတို. ၊ မဖြေနိုင်ရင်လည်း စဉ်းစားနည်းလေးတွေပြောပြပေးတာတို.နဲ့ စိတ်ဝင်စားအောင်လေ့ကျင့်ပေးခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို. ညီအစ်ကို အကုန်လုံးနီးပါး ဉာဏ်စမ်းနဲ. ပတ်သတ်လာရင်ရူးသွပ်ကြပါတယ်။ ပုစ္ဆာ အသစ်တစ်ပုဒ်ရလာရင် အပြိုင်အဆိုင် စဉ်းစားတတ်ကြပါတယ်။ အဖြေရတဲ့ပုစ္ဆာတွေရှိသလို မဖြေနိုင်သေးတဲ့ပုစ္ဆာတွေလည်းအများကြီးပါ။ ဒီလိုနဲ့ လွန်ခဲ့တစ်၂ နှစ်လောက်ကလို.ထင်ပါတယ်။ သူငယ်ချင်းတစ်ယောက်က မင်းခိုက်စိုးစံဝတ္ထုတစ်အုပ်ထဲမှာ ဉာဏ်စမ်းပုစ္ဆာ တစ်ပုဒ်ပါတယ်ပြောလို. အမြန်ရှာဖတ်ကြပါတယ်။ ဝတ္ထုကတော့ သူ.ထုံးစံအတိုင်း အဓိက ဇာတ်ဆောင်ကို သိဒ္ဒိတင်တဲ့စကားလုံးတွေ ဖောဖောသီသီသုံးထားတာပေါ့။ ထားပါတော့လေ ကျွန်တော်ခုပြောမှာက စာပေဝေဖန်ရေးမဟုတ်တော့ သူ.ဝတ္ထုအကြောင်းခဏထားလိုက်ပါဦး။ အဲဒီဝတ္ထုဇာတ်လမ်းအဆုံးမှာ သူက ဉာဏ်စမ်းပုစ္ဆာ တစ်ပုဒ်ထည့်ပေးထားပါတယ်။ ဇယားကွက်တစ်ခုထဲမှာ မြန်မာအက္ခရာဗျည်း ၃၃လုံးကို စစ်တုရင်ကစားနည်းထဲက မြင်းခုန်သလိုခုန်ပြီး အဆင်ပြေအောင်ထည့်ခိုင်းထားတာပါ။ အဲဒီဉာဏ်စမ်းပုစ္ဆာကို ထည့်ပြီး သူပြောထားတာက သူပေးထားတဲ့ဉာဏ်စမ်းကို ဖြေနိုင်ရင် မြန်မာငွေဆယ်သိန်းပေးမယ်တဲ့ဗျ။ အဲဒီမှာတင် ကျွန်တော်တို. တော်တော်ပျော်သွားတာပေါ့။ဒါပရိတ်သတ်ကို စိန်ခေါ်တာပဲပေါ့။ ငါတို.ရအောင်စဖြေေဉ်းစားမယ်ဆိုပြီး ၃ ရက်လောက်စဉ်းစားလိုက်တော့ အဖြေရတယ်ဗျ. ကျွန်တော်အရင်ရတာမဟုတ်ပါဘူး။ ကျွန်တော့်ညီက အဖြေကို အရင်ရတာပါ။ အဖြေရတော့ သူပြောထားတဲ့လိပ်စာအတိုင်း ကျွန်တော်တို. ပို.လိုက်ပါတယ်။ ပြောရဦးမယ် လောဘလေးက ပါတော့ အဖြေလွှာ နှစ်ခုပို. လိုက်တာဗျ ဟီးဟီး။ ဒါနဲ့ သူဆုပေးမယ်လို. ကြေငြာထားတဲ့ ရက်ကိုရောက်တော့ အဲဒီအဖြေနဲ့ပတ်သတ်လို. စာအုပ်ထုတ်တဲ့ စာပေတိုက်ကို ဖုန်းနဲ့မေးကြည့်တယ်ဗျ။ စာအုပ်တိုက်က ပြန်ပြောတာက အဲဒီစာရေးဆရာက အလုပ်တွေများနေလို.တဲ့ အဲဒီကိစ္စကို မကိုင်တွယ်နိုင်သေးဘူးတဲ့ဗျ။နောက် တစ်ပတ်လောက်နေတော့ ထပ်ဆက်ကြည့်တယ်ဗျာ။ ဒါပဲပြောတယ်။ ကဲ စဉ်းစားကြည့်ဗျာ။ သူဒီလိုရေးလိုက်တာက သူ.စာအုပ်ရောင်းကောင်းစေချင်လို.လားတော့မသိဘူးဗျာ။ အဲလိုသဘောထားမျိုးနဲ့ထည့်တယ်ဆိုရင်တော့တော်တော်အောက်တန်းကျတဲ့နည်းမျိုးသုံးတယ်လို.ပြောရမှာပဲ။ ဒါမှမဟုတ်ခုချိန်ထိ အဲဒီကစ္စကို မဖြေရှင်သေးရင်တော့ မပြောတတ်ဘူးဗျာ။ သူ.ဉာဏ်စမ်းက အလွယ်ကြီးတော့မဟုတ်ပါဘူး။ ဒါပေမယ့် မဖြေနိုင်လောက်အောင်ခက်တာလည်းမဟုတ်ဘူးဗျ။ အဖြေမှန် မမှန်ဆိုတာကိုလည်း ကိုယ်တိုင်အကွက်ချကြည့်လိုက်ရင် သိတာပဲဗျ။ မှားနေရင်ဘယ်လိုမှ အကွက်ချလို.မရဘူး။ အကွက်ချလို. ရပြီဆိုကတည်းက မှန်နေတာမှန်းသိသာတယ်ဗျ။ အဲဒီတော့ ကျွန်တော်တို. ပို.လိုက်တဲ့ အဖြေက မှားနေစရာလည်းအကြောင်းမရှိဘူးဗျ။ အဲဒီတော့ ခုချိန်ထိ အဖြေမှန်မရသေးလို. ဆုမပေးသေးတာတော့ မဖြစ်နိုင်ဘူးထင်တာပဲ။ ဒါမှမဟုတ် ကျွန်တော်တို.ကပဲ ဆုပေးတဲ့အစီအစဉ်ကို မသိလိုက်တာလား။ မသိရအောင်က လည်း ကျွန်တော်တို.ပို.လိုက်တဲ့ အဖြေလွှာမှာ နေရပ်လိပ်စာ အပြည့်အစုံထည့်ပေးလိုက်တာပဲဗျာ။ခုချိန်ထိဘာမှ အကြောင်းပြန်ကြားမှုလည်းမရှိ။ ဒါမှမဟုတ် အဲဒီကိစ္စအတွက် ဘယ်တုန်းက ဘယ်လိုဆောင်ရွက်ပေးခဲ့တယ်ဆိုတာ သိတဲ့သူများရှိရင်ပြောပေးကြပါဦး။ ဘာမှလုပ်မပေးတော့ဘူးဆိုရင်တော့ သူ.အနေနဲ့ ပရိတ်သတ်ကိုတောင်းပန်သင့်တယ်ထင်တာပဲ။ မင်းခိုက်စိုးစံနဲ့ ပတ်သတ်တဲ့ အသိုင်းအဝို်င်းလူများ ဒီစာကိုဖတ်ဖြစ်ရင် တစ်ခုခုပြန်လည်ဖြေရှင်းတာကို ကြားချင်ပါတယ်။

16 comments

  • မင်းခိုက်စိုးစံက စာပေလောကမှာ သိက္ခာသိပ်မရှိဘူးဗျ။ စာအုပ်တိုက်နာမည်လေးများ သိရမလား။ အဲဒါက စာရေးဆရာထက် ထုတ်ဝေတိုက်နဲ့ဆိုင်ဖို့များတယ်။

  • thit min

    September 5, 2011 at 12:08 am

    သိချင်တာလေးတခုမေးပါရစေခင်ဗျာ။ရိုးရိုးသားသားသိချင်လိုပါ။
    ဘာသဘောမှမဆောင်ပါဘူး။ ကိုဂျဲသူတို့မျိုးရိုးတခုလုံးကဉာဏ်ဆန်းဖြေတာဝါသနာပါတာသိရယ်လို့စိတ်ဝင်စားလို့ပါ။
    (Brain Storming) ဦးဏှောက်မုန်တိုင်းဆင်ခြင်း ဆိုတာလူတိုင်းလုပ်သင့်တဲ့အလုပ်ပါ။
    မေးပီနော်……..
    ကိုဂျဲသူတို့မိသားစုဝင်ထဲမှာတယောက်ယောက်ပဲဖြစ်ဖြစ်ပေါ့နော်.. .ဘယ်လိုနေရာမျိုးမှာဥပမာစီးပွါးရေး ပညာရေးပေါ့ဗျာထူးထူးချွန်ချွန်ဘယ်လိုမျိုးရှိကြပါသလဲ။
    ကျနော်မေးတာမဖြေဘဲလဲနေနိုင်ပါတယ်။။
    တကယ်ကိုစိတ်ဝင်စားမိလိုပါခင်ဗျာ။

    • ဂျဲသု

      September 5, 2011 at 12:12 am

      ကျွန်တော်တို.မှာ ညီအစ်ကို လေးယောက် ညီမတစ်ယောက်ရှိပါတယ် သုံးယောက်က ဆေးတက္ကသိုလ် မန္တလေးမှာ ပညာသင်ကြားနေပါတယ် အငယ်ဆုံးညီက အခု နည်းပညာကကောလိပ်မှာ ပါ ညီမလေးကတော့ ခုမှ ရှစ်တန်းပါ
      အဲလောက်ပဲပြောရင် ရလားဗျ။

      • thit min

        September 5, 2011 at 12:47 am

        ဟုတ်ကဲ့ခင်ဗျ။လွန်စွာကျေးဇူးတင်ပါတယ်။ကျနော်မျှော်လင့်ထားသလိုပါပဲ။
        အထပ်ထပ်အခါခါလုပ်တာကအထုံလိုခေါ်ပီးအထုံကကြာလာရင်ပါရမီဖြစ်တယ်လို့မှတ်သားဘူးပါတယ်။
        တကယ်ပါရမီ်ဉာဏ်ပြည့်ဝတဲ့လေးလေးနက်နက်စဉ်းစားတတ်သူတွေမိသားစုမှာရော
        တိုင်းပြည်မှာပါအများကြီးရှိမယ်ဆိုရင်လမှူူပြဿနာတွေကင်းဝေးပီးသာယာမှာပေါ့ဗျာ။
        တကယ်တော့လူဘဝဆိုတာဖြေလိုမဆုံးနိုင်တဲ့ဉာဏ်ဆန်းစာအုပ်ကြီးပဲနော်။
        ကိုဂျဲသူတို့မိသားစုရဲ့ပါရမီကိုလေးစားပါတယ်။

        • pan pan

          September 5, 2011 at 3:57 pm

          ဆရာလုပ်တယ်မထင်ကြပါနဲ့
          ကြားဖူးတာလေး ဝင်မန့်လိုက်ဦးမယ်
          ကိုသစ်မင်းပြောတာနဲ့ တူမယ်ထင်ရဲ့
          Action to Habit.
          Habit to Character.
          ဉာဏ်စမ်းလေးတွေ ဝါသနာပါပါရဲ့
          ခုတော့ ကလေးတုန်းကလို ဉာဏ်မကောင်းတော့ဘူး
          အပျင်းကြီးပြီး ဉာဏ်မစမ်းတော့လို့လေ
          puzzle game တွေဖြေရမှာ ပျင်းလာပြီး တခြားဂိမ်းတွေဆော့နေလို့
          အရင်ဖြေဖူးတဲ့ puzzle game တွေမြင်ရင် အရင်လိုတောင် မဖြေနိုင်တော့ဘူး

  • windtalker

    September 5, 2011 at 12:17 am

    ဂျဲသု ရေ
    အရင်ပို ့စ်တွေ တုန်း က
    မန်းစရာ အကြောင်းမရှိလို ့
    ဝင်မမန်း ဖြစ်ခဲ့ပေမယ့်
    အခု ပို ့စ် မှာ တော့ မန်းစရာ
    အကြောင်းတွေ ့လာလို ့
    မန်းလိုက်ဦးမယ်
    အမှန်တော့
    မင်းခိုက်စိုးစန် ဆိုတာ
    စာသူခိုးတစ်ယောက်ပါကွယ်
    ဒီနေရာ မှာ ဒီလို ရေးလိုက်လို ့
    မင်းခိုက်စိုးစန် ပရိသတ်တွေ က ငြိုငြင်လာရင်လဲ ငြိုငြင်ခံပါ့မယ်
    ပြောစရာ ရှိတာတော့ ပြောပါရစေ
    ပဟေဋ္ဌိ စိတ်ဝင်စားတဲ့
    ဂျဲသု အတွက်
    ပဟေဋ္ဌိလေး ပြန်ပေးခဲ့မယ်
    မောင်ထွန်းသူ ဘာသာပြန်ထားတဲ့ စာအုပ် ကို
    အထဲ မှာ ပြန်ထားတဲ့
    စကားပြောတွေ က အစ ပေါ့
    ဒဲ့ကူး ထားတယ်
    ဖြေကြည့်ပါနော်
    အဲဒီကိစ္စ ကို
    သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း မှာ
    ဝေဖန်ရေး ဆရာ တစ်ယောက် က
    ထထောက် လို ့
    ( အရှက် ကြီးရှာတယ် ထင်ပါရဲ ့ )
    ၃ နှစ်လောက်
    လုံးချင်း စာအုပ် မထုတ် ရှာဘူး
    ဟားဟား

  • ဂျဲသု

    September 5, 2011 at 12:23 am

    အော်သူက အဲလိုလူမျိုးလား။ ဒါဆိုရင်တော့ ဒီရွာမှာသူ.အကြောင်းပြောမိတာတောင် ကျွန်တော်မှားသလိုဖြစ်သွားမယ်ထင်တယ်နော်။

  • မီးမီး သော်

    September 5, 2011 at 12:26 am

    ဟယ်ကိုပေ့ ပြောလိုက်မှ မင်းခိုက်စိုးစန် ငိုနေတော့မယ်။ဟုတ်တယ် ကိုဂျဲသုမလဲ နော် နေ ့တိုင်းလိုလို ဉာဏ်စမ်းတွေချည်းပါဘဲ။

  • mr.lone

    September 5, 2011 at 8:57 am

    မင်းခိုက်စိုးစန် စာအုပ်တွေကို ဖတ်လို့ကောင်းပါတယ် ။သူ့အကြောင်းတော့သိပ်မသိဘူး။ “ ကော်ဖီည”ဆိုတဲ့
    စာအုပ်တော့ တော်တော်ကြိုက်တယ်။…

  • nozomi

    September 5, 2011 at 10:26 am

    မဟုတ်တာ လုပ်တယ်လို့ ထင်တဲ့ ကိစ္စတွေကို အခုလို မီဒီယာကတွေက များများပြောပေးတာကောင်းပါတယ် အပြောခံရတဲ့သူဘက်က မှန်တယ်ဆိုပြန်ရှင်းပါ မှားတယ်ဆို တောင်းပန် ပေး ပြေလည်အောင် ဖြေရှင်းပေးပါ

    အခုလို အလေ့အထတွေများလာရင် မဟုတ်တာလုပ်တဲ့ကိစ္စတွေ တော်တော်လျော့နည်းလာပါမယ်

  • လင်းဝေကျော်

    September 5, 2011 at 3:00 pm

    ရသ စာပေ အဆင့်အရဆိုရင်တော့ ဘာရယ်မှတော့ မဟုတ်ပါဘူး။
    လူငယ်တွေကြားနည်းနည်းရေပန်းစားတဲ့ အလုံးလေးတွေနဲ့ အထူးအဆန်းလေတွေ လုပ်ပြီး စားနေတာပေါ့။
    အခုလိုမျိုး ညာစားတာတော့ နိမ့်လွန်းပါတယ်။
    လူငယ်တွေ ကို လူလည်ကျတာကတော့ တိုင်းပြည်ကို ဖျက်ဆီးခြင်းတစ်မျိုးပါပဲ။

  • maung hninkharr

    September 5, 2011 at 8:41 pm

    ကိုဂျဲသူ ပြောတာက မင်းခိုက်စိုးစန် ရေးတဲ့ “သူရဲဘောကြောင်တဲ့ လူညံ့“ ထဲကမလား။
    မင်းခိုုက်စိုးစန်က ကျွန်တော်ကြိုက်တဲ့ စာရေးဆရာထဲမှာ ပါ ပါတယ်။ ဒါပေမယ့် ဒီလိုမလုပ်သင့်ဘးလို့ထင်တယ်။

  • zawmaung

    September 5, 2011 at 8:50 pm

    Thanks to the internet , face book and all the advance communication. The true will easy to come out . In the other hand , how true also become a problem.

  • ရင်နင့်

    September 5, 2011 at 9:54 pm

    @thit min>brain storming ဆိုတာကိုကျွန်တော်ဖတ်ဖူးတယ် ဘယ်မှာလဲမသိဘူး အဲ့ဒါဘယ်ထဲကလဲဆိုတာလေး ပြောပြပေးပါလား

    • thit min

      September 5, 2011 at 10:44 pm

      Alex Faickney Osbornဆိုတဲ့ အမေရိကန်နိုင်ငံသာစာရေးဆရာတစ်ယောက်က ၁၉၅၃ခုနှစ်မှာAppiled Imagination ဆိုတဲ့သူ စာအုပ်မှာရေးခဲ့တာပါ။။ခတ်စားလာတာတော့ Peter Drucker နဲ့Fransic Fukuyama တို့ကျေးဇူးပါပဲ။
      (ဆရာ)ကျော်ဝင်းက (The Art of Brainstorming စာရေးသူ ROBERT BAKER)ကို……
      ဦးဏှောက် မုန်တိုင်းဆင်ခြင်းဘာသာပြန်ပီးလို့၂၀၀၄ခုနှစ်ဇန်နဝါရီလမှာပင်နီစာအုပ်တိုက်ကထုက်ဝေပါတယ်ခင်ဗျ။
      အိုင်ဒီယာတစ်ခုကိုစွဲကိုင်မထား ပဲ အများရဲ့ အိုင်ဒီယာအများကိုလက်ခံပီးအိုင်ဒီယာအဟောင်းကို စွန့်အသစ်အသစ်သောအိုင်ဒီယာများကိုဖော်ထုက်ခြင်းလို့ဆိုပါသတဲ့။

Leave a Reply