မီးအိမ်ရှင်နှင့် ပတ်သတ်၍ (၂)

koyinSeptember 4, 20111min14112
မီးအိမ်ရှင်နှင့် ပတ်သတ်၍ (၂)


ချစ်ရပါသော မီးအိမ်ရှင်………..

မီးအိမ်ရှင်…ငါ့ရင်ကို လင်းစေချင်သတဲ့လား
ညဘက်မှာ နေထွက်ခိုင်းလို့မှ မရတာ
လရိပ်တစ်ခုနဲ့ ငါ့ကို လာပြီး နှုတ်မပိတ်ပါနဲ့
ငါ့ဘာသာ ငါ့ဆန္ဒနဲ့ နှုတ်ဆိတ်နေခဲ့တာပါ…။

ငါ့ဘေးမှာ မင်းအမြဲရှိနေခဲ့တယ် ဆိုပေမယ့်
မင်းရဲ့အနီးမှာ ငါဘယ်တုန်းကမှ နေခွင့်မရခဲ့ပါဘူး
ကောက်ရိုးကိုမှ မီးရှို့ပစ်ခဲ့တဲ့ မင်း
ငါ့ရင်မှာ ထင်းလာကောက်ပါအုံးလား မီးအိမ်ရှင်…။

အပြုံးတုတစ်ခုရဲ့နောက်ကွယ်မှာ
လူတွေအားလုံးရဲ့ အမုန်းကို အန်တုပစ်ရဲ့ခဲ့တဲ့ငါ့ကို
မင်း……ငြိုငြင်သွားတာလားဟင်…မီးအိမ်ရှင်…။

ငါ့နေ့သစ်ရဲ့ မနက်ခင်းတွေက ရီဝေဝေ
နေရီရီက ညနေစောင်းသွားခဲ့တာတောင်
အလင်းက မွန်းတည့်လို့ ကောင်းနေတုန်း
ကြယ်တွေ လတွေ ဆိတ်သုဉ်းသွားတာလား… မီးအိမ်ရှင်။

ဆူးပင်တွေကို စိုက်ပျိုးပြီး ဆူးမိုးတွေ ရွာချ
ဆူးခက်တွေ ဝေတော့မှ ငါ့ရင်မှာ ဇကာလာချပါ
အရာအားလုံးဟာ အမှတ်ထင်ထင်နဲ့
အမှတ်တမဲ့ ဖြစ်သွားခဲ့ရတယ်လို့ မင်းပြောရဲသလား မီးအိမ်ရှင်…။

နေခြည်ရဲ့ အလင်းစက်ကို သောက်ရုံနဲ့
ငါ့ရင်ဟာ မီးတောက်ခဲ့ရဆိုရင်
မင်း… ရင်ခုန်သွားအုံးမယ် မီးအိမ်ရှင်…။

နှင်းသက်လို့ ရွက်ကြွေမယ်ဆိုရင်တောင်
မိုးစက်တွေကို လက်ခုံနဲ့ သုတ်ပြီး
ငါ့အာရုံတွေကို မျက်လုံးမှိတ်ခိုင်းထားလို့ ရပါတယ်…။

တိမ်တိုက်တွေ ကောင်းကင်ယောင်ဆောင်ကြသတဲ့
အိပ်မက်တွေ တိုက်ခတ်ပစ်လိုက်တာ
ငါ့နှလုံးသားက လေနှင်ရာပါသွား
မင်းက မုန်တိုင်းတွေ ဆင်အုံးမှာလား မီးအိမ်ရှင်…။

ဆောင်းဦးမှာ နွေလာသက်ကြေးဆိုရင်လည်း
အဲဒီ အလင်းစက် တစ်မှုန်နှစ်မှုန်ကြောင့်
မင်းဆံနွယ်မှာ ခ ခဲ့တဲ့ နှင်းစက်တွေ ခိုက်ခိုက်တုန်နေတာ
ငါ့မျက်ဝန်းမှာ ဘာလို့များ ဒဏ္ဍာရီဖွဲ့သွားရတာလဲ…။

လေဟာပြင်မှာ တံခါးလာမခေါက်ပါနဲ့ မီးအိမ်ရှင်
နံရံမရှိတဲ့ တံခါးကို ဖွင့်ရမှာ ကြောက်နေခဲ့တဲ့ငါ
ဘူတာပျောက်နေတဲ့ ရထားတစ်စင်းမှာ လိုက်ပါရင်း
မဆုံးတဲ့ ဥမင်ခရီးတွေကို ခုတ်မောင်းနေဆဲဆိုတာ…။

သူတို့တွေလည်း ချမ်းနေရှာရော့မယ် မီးအိမ်ရှင်
ရေခဲပြင်ပေါ်မှာ ဆီးနှင်းတွေနဲ့အတူ မီးလှုံဖို့
ငါ့နှလုံးသားကို ငါ့အသွေးအသားတွေနဲ့ ဖျန်းပြီး
မင်းအတ္တတွေ လန်းသွားအောင် အနွေးဓါတ်ပေးခဲ့တာပါ…။

သိုးငယ်က ဝံပုလွေရေ ခြုံလို့
ကျားကို မိတ်တွေဖွဲ့ဖို့ ကြိုးစားခဲ့တာ ဆိုရင်
မင်းရော အစွယ်ထွက်နေပြီတဲ့လား မီးအိမ်ရှင်…။

ကျားသေရင် သားရေကျန်တယ်ဆိုပေမယ့်
ငါ့နှလုံးသားကို ရက်ရက်စက်စက် သတ်ပစ်လိုက်တာ
မင်း… ဘာတွေများ ရလိုက်လို့လဲ
သေတမ်းစာရေးဖို့ ငါမေ့သွားတယ် မီးအိမ်ရှင်…။

ငါလေ….
…………………………….။ ။

မီးအိမ်ရှင်နှင့် ပတ်သတ်သမျှ

တောက ကိုရင်

12 comments

  • ရွှေဘိုသား

    September 5, 2011 at 9:52 am

    ဒီမှာငါ.တစ်ယောက်ထဲ
    နင်.အကြောင်းအမြဲတမ်းတွေးကာ အိပ်မရခဲ.
    နတ်သမီးလေးကမင်းပါ ခွဲမသွားနဲ.
    ပြန်လာမယ်ဆို ငါမျှော်နေမှာ
    ငါ.ဘဝရဲ. မီးအိမ်ရှင်ပါ
    ငါ.ဘဝရဲ. ပဲ.ကိုင်ရှင်လေးပါ
    ငါ.ဘဝရဲ့. တန်ခိုးရှင်ပါ
    ငါ.ဘဝရဲ့ အားအင်ပေါ.
    နင်ဟာ လမင်းလေးပါ

    ဒီလိုလားကိုရင် ဆက်သွယ်ထားတယ် narziparty2009@gmail.com နဲ.လက်ခံလိုက

    • koyin

      September 5, 2011 at 10:28 pm

      အော…
      စာဥက ဒါဆို ရှုင်ကြိးပေ့ါ ဦးမပါ…
      ဘာတဲ့
      ရှုှင်ကြီး..
      အင်ကြီး..
      မင်းကြီးးး
      မင်းလေး
      အဲ…
      ဟဲ…ဟဲ…

  • ရွှေအိမ်စည်

    September 5, 2011 at 4:39 pm

    အပေါ်ယံအကာတွေကို ပြောင်းလဲပစ်လိုက်ရုံနဲ့
    အတွင်းက အနှစ်သာရတွေ သစ်သွားမယ်လို့များ
    မင်းစိတ်ထဲမှာ တွေးထင်နေခဲ့တာလား မီးအိမ်ရှင်…

    ဟိဟိ…မီးအိမ်ရှင်..၃ နဲ ့ပြန်မန ့်ခဲ ့တယ်…..

    မာတီကိုသွားကြည့်….နှင်းသည်းနွေကိုမန် ့ထားကြတယ်

    • koyin

      September 5, 2011 at 10:50 pm

      အဲ…
      များလိုက်တဲ့မိုင်းနပ်စ်တွေပါလား
      ထိပ်ထားလေးရယ်
      ဒါက အမြည်းပေးထားတာပေ့ါ..
      ပျော်ရွှင်ပါစေ ထိပ်ထားလေး

  • ရွှေအိမ်စည်

    September 5, 2011 at 4:43 pm

    ငါ့ကနင့်လိုသရော်စာနဲ ့မမန်ဘူး….နင့်ကဗျာတွေ နဲ ့မန် ့တော့မယ်..စဉ်းစားထားတယ်..။
    ရွာပြင်မှာနေနေကြမလို ့..သွားထဲ သွားစရာမရှိဘူး…..

    သူငယ်ချင်း…

    ပျော်ရွှင်ပါစေ..

    (..နင်ပြောတော့ရောင်းလိုက်ပြီဆို)…

    • koyin

      September 5, 2011 at 10:55 pm

      အဲ…
      ထိပ်ထားရယ်
      အဲလိုတော့ လုပ်နဲ့လေ..
      တပုဒ်လုံးတော့မမန့်နဲ့ပေါ့
      တော်ကြာ ကိုရင့်ကဗျာတွေ ဖတ်သူမရှိဘဲနေအုံးမယ်
      ဟီး
      ပျော်ရွင်ပါစေ ထိပ်ထား
      (ဒါက နိပ်စ်)

  • မီးမီး သော်

    September 5, 2011 at 10:52 pm

    ကိုရင့်ကဗျာ မှာဝင်မန် ့တဲ့ရွှေအိမ်စည်လေးမှာ အနှုတ်တွေများနေတယ်နော်။ကိုရင့် ကဗျာလေးတွေအမြဲဘဲ တမူထူးတယ်နော်

    • koyin

      September 7, 2011 at 7:38 pm

      မော်မော်သီးရေ…
      ထိပ်ထားလေးလည်း အမ်….
      ဟုတ်
      ကျေးဇူးပါဗျား…
      ခုလို တောက်လျှောက်အားပေးလာတာ
      ကိုရင့်စိတ်ထဲမှာ မှတ်သားထားပါတယ်
      ထပ်ပြီးလည်း ကြိုးစားပေးပါ့မယ်
      မီးမီးပျော်ရွှင်ပါစေ…

  • ရွှေအိမ်စည်

    September 5, 2011 at 11:22 pm

    ကိုရင်..ချစ်တယ်ဟဲ ့ငါ့ကို……
    အေးပေါ့..နင့်ကငါ့ကို…
    ငါ့ကိုသူတို ့က….

    ဟဟ….မီးအိမ်ရှင်…

    • koyin

      September 7, 2011 at 7:40 pm

      အယ်ကွယ် ထိပ်ထား…
      အမ်း….
      နင်က ငါ့ကို…
      ငါ့ကို သူတို့က…
      သူတို့က ကိုရင့်ကို…
      ကိုရင်က မီးအိမ်ရှင်ကို…
      မီးအိမ်ရှင်က…အင်း
      အမှတ် ၄ ပေ့ါ…
      ထိပ်ထားလေး ပျော်ရွှင်ပါစေ…

  • ရွှေအိမ်စည်

    September 5, 2011 at 11:26 pm

    ကြည့်အဲ ့ဒါဘဲ….တို ့ကိုဘယ်လောက်တောင်….ချစ်လည်း…
    ထိပ်ထားလို ့ကိုရင်ရပါ့မလား….နင့်ကဗျာတွေ..ငါရေးပိုင်ခွင့်မရှိဘူးထင်တယ်…

    ဟဟ….ရီရတယ်…ကလေးဆန်လိုက်တာ..

    ဒါကလည်း…နိစ့်ပေါ့ကိုရင်

    • koyin

      September 7, 2011 at 7:43 pm

      အဲ..ထိပ်ထား
      စိတ်တွေမများပါနဲ့
      ကိုရင့်ထဲက နှုတ်လိုက်
      မရေးလို့တော့ ဘယ်ရမတုန်း
      ပိစ်…
      ထိပ်ထားလေး ပျော်ရွှင်ပါစေ…

Leave a Reply