investigators-rule-death-of-rebecca-zahau-a-suicide-family-unconvinced=8331မနေ့ကကယ်လီဖိုးနီးယားတောင်ပိုင်ကထုတ်ဝေတဲ့သတင်းစာအားလုံးလိုလိုနဲ့၊ အင်တာနက်တွေမှာ မြန်မာပြည်ဖွား (၃၂) အရွယ် Rebecca Zahau ရဲ့ ကြေကွဲပွဲရာဖြစ်ရပ်ဇာတ်သိမ်းလို့ဆိုရမလား အကြောင်းအကျယ်တ၀င့်ပါလာပါတယ်။ San Diego မြို့ Coronado မှာ အိပ်ခန်း (၂၇) ခန်းရှိတဲ့ သန်းပေါင်းမြောက်များစွာတန်ဘိုးရှိတဲ့ mansion ကြီးမှာမှာနေထိုင်တဲ့ Rebecca တယောက် ပြီးခဲ့တဲ့ ဇူလိုင်(၁၃) ရက်က ဇွဲကြိုးချသေဆုံးတဲ့ ဖြစ်ရပ်ကစတာပါ။ ရဲနှင့် သေမှုသေခင်းစစ်အားလုံးက မိမိကိုယ်ကိုသေကြောင်းကြံမှုအဖြစ်ကောက်ချက်ချလိုက်ပါပြီ။ Rebecca ရဲ့ ခင်ပွန်းဖြစ်သူ Jonah Shacknai ဘက်ကပါလာတဲ့ Max ဆိုတဲ့ (၆)နှစ်အရွယ်ကလေးငယ်အိမ်ကြီးကလှေကားပေါ်ကပြုတ်ကျပြီး၊ ဆေးရုံပေါ်မှာ အသည်းအသန်ကုသခဲ့ရပါတယ်။ အဲ့ဒီကလေးငယ်မကြာခင်အတွင်း သေဆုံးမှုဖြစ်ပြီး၊ နာရီပိုင်းအကြာမှာ အဲ့ဒီ MANSION ကြီးရဲ့ ရှေ့မျက်နှာစာမှာ အကျည်တန်စွာနဲ့ ဇွဲကြိုးချခဲ့တာကိုတွေ့ကြရပါတယ်။ မသေမှီနာရီပိုင်းအလိုက သူ့မရဲ့ ဖုံးမှာ Max တယောက်သေဆုံးမှုနဲ့ ပါတ်သက်ပြီး အတော်စိတ်ထိခိုက်ရကြောင်းဆွေမျိုးနီးစပ်များကပြောကြပါတယ်။ သူမနဲ့ ကလေးငယ်တို့ရဲ့သေဆုံးမှုနဲ့ ပါတ်သက်ပြီး၊ အဲ့ဒီဒေသတ၀ိုက်မှာ ထုံးစံအတိုင်းကောဠာဟလမျိုးစုံ ထွက်ခဲ့ပါတယ်။ သန်းကြွယ်သူဌေး ဆေးဝါးကုမ္ပဏီပိုင်ရှင် ရဲ့မိသားစု ရဲ့ဖြစ်ရပ်မို့ အများကလည်းစိတ်ဝင်ကြပါတယ်။ အင်တာနက်နဲ့သတင်းရပ်ကွက်တွေမှာ ခံစားမှုအမျိုးမျိုး၊  အမြင်အမျိုးမျိုးထင်ဟပ်ဖေါ်ပြကြပေမဲ့ ကျွန်တော်တို့မြန်မာများထဲက media မှာ ဘာမှအကြောင်းဆွေးနွေးခြင်းအလျင်းမတွေ့ရသေးပါဘူး။ ဒီသတင်းနဲ့ပါတ်သက်ပြီးထူးထူးခြားခြား အောက်ပါမှတ်ချက်တခုကိုတွေ့ရပါတယ်…

Rebecca Zahau Nalepa had borderline personality disorder. She had problems holding down jobs. She was arrested for shoplifting in Arizona in 2009. (www.etidbits.com)

http://www.etidbits.com/investigators-rule-death-of-rebecca-zahau-a-suicide-family-unconvinced=8331

ဒါတွေကိုကြည့်ရင် ကျွန်တော်တို့မြန်မာများ ကကိုယ့်အချင်းချင်း ယိုင်းပင်းကူညီ ဖေးမမှုမှာ အလွန်အားနည်းနေသေးကြောင်း တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး MG အဖွဲ့သားများရဲ့ လက်တွေ့ကျတဲ့ ထင်မြင်ယူဆချက်တွေ၊ နောက်ဆက်တွဲသတင်းများကို ဖိတ်ခေါ်ပါတယ်။ မိမိအမြင်ဆိုရာမှာ အဓိက ကတော့ လူမှုရေး။ လူမျိုးရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေး စသည်ဖြင့်ရှုဒေါင့်စုံပါကြမှာပါ။

ဒီလိုအဖြစ်အပါအ၀င် ပြည်ပရောက် မြန်မာနှယ်ဖွားတွေကြားထဲမှာ ဖြစ်လေ့များတဲ့ မကောင်းသတင်း (ကောင်းသတင်းကားပြန့်နှံ့ရန်ခက်ခဲလေစွ) ကိုဘယ်လို ဖြေရှင်းကူညီကြမလဲ၊ ဘယ်လိုဝိုင်းဝန်းကြမလဲ၊ အင်အားကြီးမားတဲ့ media မှာဘယ်လိုပါဝင်ကြမလဲ ဆိုတဲ့အခန်းကဏ္ဍကို ခုကတည်းကပြင်ဆင်ကြဘို့လိုပါတယ်။ စည်းလုံးကြဘို့ပါဘဲ။

 

 

About maungmoenyo

မောင်မိုးညို has written 57 post in this Website..