မနှိုင်းစကောင်း နှိုင်းစကောင်း

ကိုအောင်မောင်းတို.ကိုလာကြိုတဲ.သူက နန်းတော်အလယ်ပေါက်က လမ်းမကြီးအတိုင်းအနောက်တည်.တည်.ခေါ်သွားပါတယ်။
ညနေဆိုပေမဲ.မီးတွေကတော.ထိန်ထိန်လင်းလို.ပါ။
စက်ဝိုင်းလိုအလုံးကြီးကအပေါ်ဆုံးမှာရှိနေတဲ.အဆောက်အဦးအမြင်.ကြီးကို အဝေးကမြင်ကတည်းက စိတ်ဝင်စားနေတာ
အဆောက်အဦးကြီးတစ်ခုလုံးကတော.မီးရောင်စုံထိန်လို.ပါဘဲ။
မေးကြည်.တော.အဲဒီစက်ဝိုင်းကြီးက ငါးမိနစ်ကိုတစ်ကြိမ်နည်းနည်းစီရွေ့လို.တစ်နာရီကြာရင်တပါတ်ပြည်.လို.မူလနေရာကိုရောက်တယ်ပြောတာဘဲ။
တက်မကြည်.ရတော.ဟုတ်မဟုတ်မသိဘူး သူများပြောတာကိုပြန်ပြောတာပါနော.။
အဲသည်ကနေ လမ်းမကျယ်ကြီးအတိုင်းဆက်လာလိုက်တာ မနောတိုင်ပုံစံထောင်ထားပြီး နန်းတော်ပုံအဆောက်အဦးသေးသေးလေးလဲရှိတဲ.ကွင်းအကျယ်ကြီးထဲက
မီးထိန်ထိန်အောက်မှာဘတ်စကက်ဘောကစားနေတဲ.လူငယ်လေးတွေရယ်၊
အော်ဟစ်ပြေးလွှားလို.ဆော.နေကြတဲ. ကလေးတွေရယ် ၊
ယောက်ျားမိန်းမ အသက်အရွယ်အစုံသီချင်းကို ဖွင်.လို
အုပ်စုလိုက်လေ.ကျင်.ခန်းယူပြီးကနေကြတဲ.မြင်ကွင်းကိုတွေ.လိုက်ရပါတယ်။
မနောကွင်းလို.ခေါ်ပါသတဲ.။

အဲဒီကနေဆက်သွားလိုက်တာ တဖြည်းဖြည်းလူနေကျဲသွားသလို
လူမနေဘူးလို.ယူဆနိုင်တဲ.မီးမှောင်မှောင်တိုက်ခန်းတွေလဲဆုံးရော
မီးတွေထိန်ထိန်လင်းနေတဲ.တံတားတစ်ခုကိုလှမ်းမြင်လိုက်ရပါတော.တယ်။
တံတာ.ထိပ်မှာတော.ကျောက်တုံးကြီးပေါ်မှာထုထားတဲ.ပန်းပုရုပ်မမှောင်တစ်မှောင်မို.မသဲကွဲ
စိုက်တားတဲ.ပန်းပင်လေးတွေပေါ်မှာ ထွန်းထားတဲ.မီးကလေးတွေကလှတပတ ရှေ.မှာလှမ်းလို.မြင်နေရတာကတော.
မီးတွေက ထိန်ထိန်လင်းနေတဲ.တံတားစင်းကအခန်.သားပါ။
ရွှေလီမြစ်ကူးတံတားလို.ထင်ပါတယ်။
တံတားပေါ်ကကြည်.ရင် ဟိုဝေးဝေး က ခပ်မြင်.မြင်.တောင်ပေါ်မှာမီးတန်းကလေးကိုမြင်ရပါတယ်။ဘုရားတစ်ဆူဖြစ်နိုင်ပါတယ်။
မီးတွေထိန်ထိန်လင်းနေတဲ.အဲသည်တံတားကိုဖြတ်လဲဖြတ်လိုက်ရော
နာမည်ကျော်ရွေလီထဲကို အမှန်တကယ် အရှင်လတ်လတ်ကို ရောက်သွားပါတော.တယ်။
တံတားရဲ.မြောက်ဘက်ခြမ်းသည် ကျယ်ဂေါင် တံတားကျော်လိုက်ရင် ရွှေလီဘက်ရောက်သွားတာပေါ.။
ရွှေလီတံတားကိုဖြတ်ပြီးတဲ.အခါ နန်းတော်လိုမုဒ်ဦးနှစ်ခုကိုဖြတ်ရပါတယ်။
အဝင်ဂိတ်ပေါ.လာသမျှကားတိုင်းကို မီးတဖြတ်ဖြတ်လင်းလို. cctv ကင်မရာနဲ.မှတ်တမ်းတင်ထားပါတယ်။
လမ်းကလဲတော်တော်လေးကျယ်ပါတယ်။
သည်ဂိတ်လေးနဲကပ်ရက်ဝင်းအကျယ်ကြိးက တော. အိပ်စပို.ကုန်သွယ်ရေးဇုန်ရုံးပါ။
အဲသည်ကလွန်တော. မီးရောင်မလင်းတလင်းနဲ.အိမ်ပေါက်စနလေးတွေတို.ဆောက်လက်စ အဆောက်အဦ
တွေကိုလဲလွန်ရော လမ်းအလယ်ကောင်ကျွန်းမှာသစ်တောအုပ်ကလေးလို လုပ်ထားပြီးလမ်းသုံးခွခွဲထားတဲ.လမ်းကလေးကနေ တည်.တည်.ဆက်သွားလိုက်တော.
လမ်းမကြီးရဲ.အလည်ကောင်မှာ သစ်ပင်ပေါင်းစုံကို စိုက်ထားပြီးဟိုဘက်နဲ.ဒီဘက်ထက်ခြမ်း
ခွဲထားတဲ.လမ်းလေးအပေါ်မှာမန္တလေးအခေါ်သုံးပြလောက်လဲသွားပြီးရော
လင်းတယ်လဲပြောမရ မှောင်တယ်လဲပြောလို.မဖြစ်တဲ.လမ်းကလေးကိုချိုးကွေ.တဲ.ပြီး ဆောက်လက်စတိုက်အမြင်.ကြီးရဲ.ဘေးကဝင်းကြီးတစ်ခုထဲလဲဝင်လိုက်ရော တည်းရမယ်.အိမ်ပေါက်ကိုရောက်သွားပါတော.တယ်။

အိမ်ကိုရောက်ရေမိုးချိုးပြီး ဆိတ်သားဆိုင်သွားမယ်ဆိုပြီးထွက်လာကြပါတယ်။
လမ်းမီးတွေကတော.ရှိပါတယ် ကျနော်တို.တည်းတဲ.ဘက်က လူနေအိမ်ခြေကျဲပါတယ်။
ခြံဝင်းအကျယ်ထဲမှာဆောက်ထားတဲ.လေးဘက်ပွင်.ဆိုင်ထဲမှာ စားတဲ.လူတွေအများကြီးစားပွဲဝိုင်းကလည်းအများကြီးပါ။
စားပွဲခုံရဲ.အလယ်ကောင်မှာ ဂက်စ်မီးဖိုတစ်လုံးလည်းတည်ထားပါတယ်။
နောက်တော.တွန်းလှည်းလေးနဲ. အရွက်ပေါင်းစုံကို တင်လာပါတယ်။
နောက်အချဉ်ရေတွေရော အသားထည်.ထားတဲ.အလိပ်ကလေးတွေရော ပုဂံလေးတွေနဲ.ထည်.လာပါတယ်။
ကျနော်က ပစ္စည်းစုံအောင်လာမချသေးခင် စပ်စုဘို.ထမယ်လဲလုပ်ရော ကျနော်.ကလေးတစ်ယောက်က လေးအောင်ဟိုဘက်ထဲကိုမသွားနဲ.လို.ပြောပါတယ်။
ဒါနဲ.ခဏနေတော.ဆိုင်က ကောင်လေးတစ်ယောက်က ဒယ်အိုးလိုအိုးတစ်လုံးကိုခုံပေါ်က
ဂက်စ်မီးဖိုပေါ်ကိုတင်လိုက်ပြီးမီးဖိုကိုဖွင်.လဲဖွင်.လဲပေးရော ကလေးတွေက အိုးထဲကို အသီးအရွက်တွေကိုထည်.တဲ.သူကထည်.အသားလိပ်တွေကိုဇကာပါတဲ.ဇွန်းထဲမှာထည်.တဲ.သူကထည်.နဲ.အလုပ်တွေရှုပ်နေကြပါတယ်။
သေချာကြည်.မှ တင်ထားတဲ.အိုးကနှစ်ခြမ်း တစ်ခြမ်းက ဆီပါတဲ.ညိုညိုအရည် နောက်တစ်ခြမ်းက ဟင်းရည်အဖြူ
လာချပေးတဲ.ပန်းကန်နဲ.တူတွေက ပလပ်စတစ်လေးနဲ.ပက်ကင်ပိတ်လို.အသစ်စက်စက်ပေါ.လေ။
ကလေးတွေကတော.လာစားဘူးတယ်ဆိုတော.လေးအောင်စားစားဆိုပြီးတစ်ခုပြီးတစ်ခုထည်.ပေးလို.သာဘိုက်ပြည်.အောင်ဆာဆာနဲ.စားလိုက်ရတယ် အောင်မောင်းတို.လိုတောသားပါးစပ်နဲ.တော. အဟပ်မတည်.အစပ်မတည်.တဲ.အစားအစာတွေပါဗျာ။
စားသောက်ပြီးလို.ငွေရှင်းတော. တရုပ်ငွေ 200တဲ. မြန်မာလိုတွက်ရင်တော. 28000ကျပ်ပေါ.။
စိတ်ထဲကတော.မတန်မတန်လို.သာအော်နေတာ စားပွဲမလွတ်သေးလို.စောင်.နေသူတွေလဲဆိုင်အပြင်မှာအပြည်.ပါဗျာ။
မနက်လဲရောက်ရော အရင်ဆုံးသတိရမိတာကတော.မနေ.ညက လေးအောင်ဟိုဘက်မသွားနဲ.လို.ပြောတာကိုပါ။
ပြောတဲ.ကောင်လေးကိုးမေးကြည်.တော. သူတို.ကဆိတ်တွေကိုသည်ခြံထဲတင်သတ်ပြီးရောင်းတာ မြင်ရင်စားချင်စိတ်ပျောက်သွားမှာစိုးလို.ပါဆိုတော. ကလေးစကားနားထောင်မိတာ မှန်ပြန်ပေါ.လို.တွေးမိလိုက်ပါတယ်။
ခဏနေတော. ကလေးတွေက ကျနော်ကိုဆောင်ရန်ထက်ရှောင်ရန်တွေကို
တစ်နှစ်သုံးလေးတပ်လို.ပြောပါတော.တယ်။
(1)ပထမဆုံးစ ဝင်လာတဲ.ဂိတ်ပေါက်ရဲ.အပြင်ကိုလုံးဝမထွက်ပါနဲ. ထွက်ရင်ပိုက်ဆံထပ်ကုန်မယ်။
(2) ဆိုင်ကယ်နဲ.သွားချင်ရင်ကျယ်ဂေါင်ထဲမှာကြိုက်တဲ.ဆိုင်ကယ်စီးဘယ်သူမှမစစ်ဘူး ဒါပေမဲ.
သည်ဆိုင်ကယ်တွေကို တံတားကျော်လို.ရွှေလီထဲကိုလုံးဝဝင်မလာပါနဲ. နံပါတ်အဝါနဲ.မော်တော်ဆိုင်ကယ်ကိုလည်းတက်မခွပါနဲံ.ရွှေလီထဲမှာဆိုရင် ဘက်ထရီဆိုင်ကယ်ကိုသာစီးပါတဲ.
လိုင်စင်မရှိလို.ကတော.သိန်းချီကုန်မယ်ပါတဲ. တရုပ်လိုင်စင်ကလဲမြန်မာငွေသိန်းချီကုန်မှရတယ်ဆိုဘဲ။
(3)ယာဉ်စီးရင်လဲသတိနဲ.စီးပါ ကိုယ်ကစလို.ရှောင်ပေးပါ တိုက်မိရင်မချောင်ပါ ညှိနိုင်းလို.ခက်ပါသတဲ. ဖြစ်လိုက်ရင်ရုံးတက်မယ်ဆိုတဲ.သူချည်းဘဲ အာမခံထား ထားကြလို.ပါတဲ.။
(4) ပစ္စည်းဝယ်မယ်ဆိုရင်လဲ စတွေ.တွေ.ချင်းကြိုက်လှချည့်ရဲ.တန်လှချည်ရဲ.ဆိုမဝယ်ပါနဲ.ခံရမယ်တဲ.။
(5)ကိုယ်.ကိုတရုပ်လိုတွေချည်းဘဲပြောနေလို.ခပ်တည်တည်နဲ.အချင်းချင်းမြန်မာလိုအတင်းမအုပ်ပါနဲ.၊သူတို.ရှေ.မှာသွားပြီးမြန်မာလိုမတိုင်ပင်ပါနဲ.ရူးချင်ဆောင်နေတဲ.သူတွေ.များပါသတဲ.။
(6)မတော်လို.များတစ်စုံတစ်ယောက်နဲ.များ ရန်ဖြစ်ခဲ.ပြဿနာဖြစ်ခဲ.ရင် ပါးစပ်နဲ.ကြိုက်သလောက်အားရပါးရအော်
အားရပါးရဆဲနိုင်ပါတယ် မြန်မာပြည်လိုများ လက်ဦးအောင်ဆော်ထည်.လိုက်မယ်ဆိုပြီးဆော်လိုက်လို.ကတော.လျော်ဘို.သာပြင်ပေတော.တဲ.။
(7)ကျယ်ဂေါင်မှာရေ ရွှေလီမှာရောအခုကတော. အရင်ကထက်စာရင် ဒုစရိုက်သမားကို နှိမ်နင်းထားတာမှန်ပေမဲ.
ညအပြင်ထွက်ရင်တောသူဌေးဂိုက်နဲ.အိပ်မလွယ်ပါနဲ. ပိတ်အတွယ်ခံရပါမယ်
(8)ဘက်ထရီဆိုင်ကယ်ကိုလဲစီးမယ်ဆိုရင်သော.အရင်ဖွင်.လို.အားရှိမရှိစစ်ပြီးအားပြည်.မှယူစီးပါ
အားကုန်လို.ကတော. ဆိုင်ကယ်က လူကိုပြန်စီးပါမယ်တဲ.။
မနက်စာစားဘို.ကျယ်ဂေါင်ထဲကိုထွက်လာပါတယ်။
မြန်မာပြည်ကနေလာဖွင်.ထားတဲ.လက်ဘက်ရည်ဆိုင်တွေအများကြီးပါ ထက်အောင်တို.ဖြိူးမောက်သာ တို.အာရုံဦးတို.
ကောင်းကင်ပြာတို.ကျနော်မသိသေးတဲ.ဆိုင်တွေအများကြီးပါ။
ဈေးလဲမန်းလေးထက်စာရင်သိပ်မကွာပါ လက်ဖက်ရည်တစ်ခွက် မြန်မာလို သုံးရာ တရုပ်လို 2ကျပ်။
မုန်.ဟင်းငါးမုန်.တီ ဆိတ်စွတ်ပြုတ် ပူရီ ရှမ်းခေါက်ဆွဲ ထမင်းဆီဆမ်း အကုန်ရပါတယ် မန်းလေးဈေးနဲ.သိပ်မကွာပါဘူး။
မနက်က ကျနော်တို.ကို တရုပ်ငွေ 500စီလဲပေးထားပါတယ်။
ကျယ်ဂေါင်မှာမြန်မာငွေလဲသုံးလို.ရတယ ်တရုပ်ငွေလဲသုံးလို.ရပါတယ်။
သည်ဘက်မှာက အများဆုံးအလုပ်အဖြစ်ဆုံးကတော. မော်တော်ဆိုင်ကယ်တွေကို မြန်မာပြည်ဘက်နဲ.မြစ်ကြီးနားဘက်ကို တရားမဝင်ပို.တဲ.လုပ်ငန်းပါဘဲ။
မန်းလေးမှာ နာမယ်ကြီးနေတဲ.တံဆိပ်ပေါင်းစုံရဲ.ဆိုင်ကယ်ပင်ရင်းအားလုံးလောက်က ကျယ်ဂေါင်မှာအခြေစိုက်ပါတယ်။
ဆိုင်ကယ်တွေကို ဆင်နေတဲ.သူတွေ တစ်စီးစာပက်ကင်ထုပ်နေတဲ.သူတွေ ဆိုင်ကယ်ပေါ်ကိုတစ်စီးစာသို.မဟုတ်နှစ်စီးစာကိုတင်ပေးနေသူတွေ
သစ်ပင်အရိပ်အောက်မှာ ဆိုင်ကယ် ကယ်ရီလုပ်ဘို.အလှည်.စောင်.နေတဲ.သူတွေနဲ.နေရာတိုင်းမှာပရွက်အုံတုတ်ထိုးမိသလို ရွစိရွစိနဲ.ပါ။
သွားနေရင်လမ်းကြားတစ်ခုရောက်တော. ဝုန်းကနဲလူတွေထပြေးတာမြင်တော.ဘာများဖြစ်သလဲလို. လန်.သွားလိုက်တာ လော်ဂျားကုမ္မဏီက ကယ်ရီပေးဘို.သူဆီမှာ အသင်းဝင်ခေါ်ခေါ်နာမယ်ပေါက်ပြီးသားတွေကို ဆိုင်ကယ်အပ်မလို.ပါတဲ.ဗျာ။
ကယ်ရီသွားတဲ.လူတွေက ဆိုင်ကယ်ကို ကျယ်ဂေါင်ထဲကဖြတ် တံတားပေါ်ကိုတက် တံတားဘေးနားမှာသံတံခါးအပေါက်
ကျဉ်းကျဉ်းလေးရှိပါတယ် အဲဒီထဲကနေ ဝင်ပြီးအောက်လမ်းကနေမူဆယ်ဘက်ကတစ်ဆင်. အပြင်ထွက်တာကတစ်လမ်း
ညပိုင်းကျရင်ခပ်တည်တည်နဲ.ရွှေလီကိုဖြစ်လို.မြစ်ကြီးနားဘက်ကိုလိုက်ဇာကသွားတာကတစ်လမ်းနှစ်လမ်းရှိပါသတဲ.။
နန်းတော်ပေါက်နဲ.တဲ.တဲ.လမ်းမကြီးရဲ.တစ်ဖက်တစ်ချက်မှာအများအားဖြင်.ကတော. တယ်လီဖုန်းဟန်းဆက်တွေကဒ်တွေရောင်းတဲ.ဆိုင်တွေများပါတယ် တရုပ်လိုရော မြန်မာလိုရော ဆိုင်းဘုတ်ကြီးတွေတပ်ထားတာများပါတယ်။
မြန်မာလိုကတော. စာလုံးပေါင်းမှန်တာရောမှားတာရောဘောက်သောက်ပါ ဒါပေမဲ.သူဟာနဲ.သူတော.အလုပ်တွေဖြစ်လို.ပါဘဲ။
လမ်းရဲ.အရှေ.မြောက်လောက်မှာ နမ်းခမ်းဘက်ကိုထွက်တဲ.ဂိတ်လေးရှိပါသေးတယ်။
သူက ကုန်ကားကြီးတွေအထွက်များပါတယ်။
လမ်းမကြီးကနေ အနောက်ကိုတည်.တည်.ဆင်.မယ်ဆိုရင် လမ်းရဲ.ညာဖက်ခြမ်းလောက်မှာ ဆင်ဖြူဂိတ်ဆိုတာရှိပါသေးတယ်။
သည်ဂိတ်က မူဆယ်မြို.ထဲကို သွားမယ်. ထော်လာဂျီတွေ ပစ္စည်းတင်တဲ.ကားအသေးလေးတွေ လူတွေအများစု
ထွက်တဲ.ဂိတ်ပါ။
သည်ဂိတ်ရဲ.ဘေးပါတ်ပါတ်လည်မှာတော.အများစုက ဆိုင်ကြီးကနားကြီးတွေနဲ.ကျောက်စိမ်းလက်ကောက်လိုရတနာပစ္စည်းဆိုင်တွေအင်ကြင်းကျောက်ရောင်းတဲ.ဆိုင်တွေများပါတယ်။
အဲဒီနေရာကနေ နည်းနည်းကွေ.လို.ကျောက်စီလမ်းလေးအတိုင်းဆက်သွားမယ်ဆိုရင် သံတိုင်အစိမ်းကြီးတွေကာထားတဲ.နေရာကိုရောက်သွားပါတယ်။
နယ်ခြားသတ်မှတ်ထားတဲ.သံတိုင်တွေပါ သူကဟိုဘက် တံတားထိပ်အထိဆက်တိုက်အရှည်လိုက်ကြီးခတ်ထားတာပါ။
အဲသည်ဘက်မှာတော. ပစ္စည်းထားတဲ.ဂိုဒေါင်တွေဘဲရှိသလို လူလဲပြတ်ပါတယ်။
ညနေပိုင်းဆိုရင်တော.သည်နားလေးမှာကျန်းမာရေးလေ.ကျင်.ခန်းဆင်းလို.လမ်းလျှောက်သူတစ်ချို.ကိုတွေ.ရပါတယ်။
သည်နားလေးက ဟိုးအတွင်းပိုင်းမှာလူပြတ်တဲ.နေရာမှာ သံတိုင်ကို လူတစ်ကိူယ်ဝင်စာလေးတွေဖောက်ထားပါတယ်။
မူဆယ်ဘက်မှာနေပြီးသည်ကျယ်ဂေါင်ဘက်ကို အလုပ်လာလုပ်သူတွေက မနက်ဝင်ညထွက်တစ်ရက်တွက်က လက်လီဈေးက သုံးရာပါ ။
ကျနော်တို.လိုဝင်ပြီးရင်ပြန်မထွက်နဲ.တစ်ပါတ်နေလို.ရတဲ.လက်မကားတကားဈေးက 1000ကျပ်ပါ။
ကျယ်ဂေါင်ထဲမှာအမြဲနေလို.အလုပ်လုပ်နေကြတဲ.မြန်မာတွေကတော.တစ်လစာစာအုပ်လုပ်ထားတာများပါတယ်။
နေ.စဉ်နဲ.အမျှဝင်ချင်ဝင်ထွက်ချင်ထွက် တစ်လအတွက်စာအုပ်လေးတွေအတွက်လက်ကားဈေးကတော.တရားဝင်ဈေးကိုကသိခဲ.ရပေမဲ.ပေါက်ဈေးနှစ်သောင်းပါ လမ်းကောင်းကိုလိုင်ဇာဘက်ထွက်လုပ်ရင်တော.သက်သာပါသတဲ.
ကြားတာကိုပြောပြတာနော်။
ကဒ်ဘဲကိုင်ထားထား စာအုပ်ဘဲလုပ်ထားထား သတ်မှတ်တဲ.ရက်ထက်တစ်ရက်လွန်ရင်တော.ဒဏ်ကြေးကတော.လက်လီဈေး တရက် 300ကျပ်ပါ။
ဒါပေမဲ.သည်ဘက်ကိုအလုပ်ကြမ်းလာလုပ်တဲ.သူတွေ ဂိတ်ပေါက်ပိတ်မှကားဆိုက်လို.အဝင်နောက်ကျသူတွေ
တစ်ခါတစ်ရံဟိုဘက်ကို မိသားစုလိုက်အလည်ထွက်မဲ.သူတွေရဲ.အားထားရာကတော. သည်သံတိုင်အစိမ်းကိုဖြဲထားတဲ.အပေါက်တွေပါဘဲ။
တရုပ်ရဲကားကလည်းပါတ်ပါတယ်။တကယ်လို.များတိုက်ဆိုင်လို.ဖြစ်ဖြစ် ကံဆိုးလို.ဖြစ်ဖြစ်မိခဲ.လို.
အဖမ်းခံရရင်တော.တရုပ်ငွေတစ်ထောင်ဆိုတော.မြန်မာငွေသိန်းဂဏန်းပါ။
သည်အပေါက်က မြန်မာတွေတင်ဖြတ်တယ်မထင်ပါနဲ.သန်.သန်.ပြန်.ပြန်.တရုပ်တွေလဲဖြတ်တာကိုတွေ.ရပါတယ်။
မနက်မိုးလင်းစဆိုရင်တော. နန်းတော်ပေါက်ကနေအနောက်ဘက်ကို ဆင်းလာတဲ.လမ်းမကနေ တံတားမရောက်ခင်
3-4ပြလောက်အလိုမှာမြန်မာရောတရုပ်ခပ်နွမ်းနွမ်းလေးတွေရော ဂဒူးရုပ်တွေရောတိုက်အောက်မှာတန်းစီလို.ထိုင်နေတာကိုတွေ.ပါတယ်။
မေးကြည်.တော.ပုံမှန်အလုပ်မရှိတဲ.ဘောက်အလုပ်ကြမ်းသမားတွေပါ အလုပ်လာအခေါ်ကိုစောင်.နေရှာတာပါတဲ.။

လမ်းမကြီးရဲ.ဘယ်ဘယ်ခြမ်းကပ်ရက်ဘေးမှာခမ်းခမ်းနားနားဟိုတယ်ကြီးတွေရှိမယ် သည်ဟိုတယ်ရဲ.အောက်မှာ
တရုပ်ငွေ 200တန်ပစ္စည်းက ဈေးအပေါဆုံးလို.သတ်မှတ်ထားတယ်ဆိုတဲ.ရှော.ပင်းမောလ်တွေရှိမယ်
မြန်မာစာတရုပ်စာရောပြီးဆိုင်ဘုတ်တပ်ထားတဲ.ဖုန်းဆိုင် လျှပ်စစ်ပစ္စည်းဆိုင်တွေရှိမယ် ။
သည်အတန်းတွေရဲ.နောက်မှာကတော. အမြဲတမ်းဆူညံလို.အသက်ဝင်လှုပ်ယှားနေတဲ.ဈေးတန်းတွေနဲ.ပြည်.နေတဲ.
ကျယ်ဂေါင်မြို့ရဲ.အသဲနှလုံးပါ။
သည်လမ်းကွက်ကွက်လေးမှာဆိုင်ပေါင်းစုံရှိတယ်။
ညပိုင်းဆိုရင်တော.ညဈေးတန်းရှိတယ် နေ.မှာလည်းတစ်ချို.ပစ္စည်းတိုလီမုတ်စလေးတွေ ချရောင်းနေတာရှိတယ်။
သည်နေရာလေးမှာတော.တရုပ်လဲရှိတယ်ကုလားလဲရှိတယ် မန်းလေးမှာတုံးက လူချင်းမသိပေမဲ.နေ.စဉ်မြင်ဘူးနေတဲ.မျက်နှုာလေးတွေကိုလည်းတွေ.ရတယ်။
နေ.ဆိုရင်တော.ဆိုင်လေးတွေမတွေ.ရပေမဲ.ညနေဆိုရင်တော.အလွန်စည်းကားတဲညဈေးတန်းလေးအဖြစ်ပြောင်းလဲသွားပါတယ်။
ဘဲသားဝက်သားအကင်ဆိုင် သစ်သီးဆိုင် မာလာဟင်းဆိုင် ငါးချဉ်စပ်ဆိုင် စားစရာအစုံ။
ငါးချဉ်စပ်က သက်သာပါတယ် အမှန်ကတော.ငါးနဲ.သစ်ရွက်ပေါင်းထားတဲ. တရုပ်ငါးစွတ်ပြုတ်အသေးတစ်ရုပ်ငွေတစ်ဆယ် အကြီးဆယ်ငါ.ကျပ်။
ကျနော်ကတော.ခုရက်တရုပ်ငွေသုံးတာများတယ် မြန်မာငွေနဲဆိုရင် နည်းနည်းဈေးပိုတင်ထားသလိုထင်လို.ပါ.။
ညပိုင်းဆိုရင် စားကြသောက်ကြအုံးအုံးထလို.ပါ။
လမ်းဘေးကဆိုင်လေးမှာတော.မြန်မာလိုလို ရှမ်းလိုလိုကလေးတွေနဲ.ဘေးချင်းကပ်ထု်ိင်လို.မာလာဟင်းစားနေရင်းနားစွင်.လိုက်တော.သည်ကလေးတွေကို သူတို.ကယ်ရီအဖွဲ.ကို ဆိုင်ကယ်များပိုင်ရှင် မမက လိုက်ပြုစုတာပါ ပုလင်းပြားလေးတွေကို်ယ်စီနဲ.သောက်ရင်းစားရင်း လမ်းအတွေ.အကြုံအခက်အခဲလေးတွေကိုဟာသတွေနှောလို.ပြောနေကြပါတယ် နားထောင်နေရတဲ.ကျနော်မှာတော.ကြားရတာနဲ. သူတို.လေးတွေအတွက်ရင်တွေမောလို.ပါ။
ညဆိုရင် အထည်ဆိုင်အကြီးကြီးတွေမှာ 19-28 ရေးထားတာတွေ.လိုမေးကြည်.တော. တထည်ကို 19ကျပ် တို.28 ကျပ်တို.နဲ.ဝယ်လို.ရတယ်လို.ဆိုတာပါ။
ဝင်ကြည်.လိုက်တော. ဘောင်းဘီဒူးထိတထည်ဆိုရင်တစ်ရုပ်ငွေ 19ကျပ်မြန်မာငွေဆိုရင် 2700 တန်တာပေါ.ဆိုပြီးသုံးထည် အကျီ် လက်ရှည်တရုပ်လို 28ကျပ် မြန်မာလို.လေးထောင်ဘူးလေးနဲ.တန်တာဘဲဝယ်လိုက် 1ထည်
ဝယ်လိုက်တယ် စပို.ရှပ်တထည် 15ကျပ် ပေါင်းလိုက်တော.တရုပ်ငွေတစ်ရာ မြန်မာလို 14000ကျော်ကျော်လေးရလိုက်တာ 5ထည် ဝယ်အုံးမှာပေါ.နောက်နေ.လို. စိတ်ထဲက ကြုံးဝါးလိုက်ပါတယ်။
သည်အတန်းတွေကလွန်လို.အနောက်ဘက်ဆက်ဆင်းရာ သစ်ပင်လေးတွေတန်းစီလို.နေတဲ.လမ်းကြားလေးတွေမှာတစ်တန်းကြီးရှိတာတွေကတော.အင်ကြင်းကျောက်တွေရောင်းတဲ.ဆိုင်ပါများမှများ
ထောင်လို.ပြထားတဲ။လူ.တစ်ရပ်ကျော် အချောကိုင်ထားတာလေးတွေကလဲ ပြောင်လို.ဝင်းလို.လက်လက်ထနေတာပါဘဲ။
သည်ပစ္စည်းတွေရဲ.လာရာလမ်းကတော.ကျနော်တို.မြန်မာပြည်ကပါတဲ.။
မြေကြီးနက်နက်ထဲမှာမြုတ်နေတာတွေ တောနက်နက်ထဲမှာရှိနေတာတွေကိုရှာဖွေလို.ရလာတဲ.အကြမ်းထည်တွေကို
မြန်မာလုပ်သားတစ်ရုပ်လုပ်သားတွေက အချောကိုင်လို.ဈေးကြီးကြီးနဲ.ရောင်းပါတယ်။
ဘယ်သူတွေဝယ်လဲပြောတော.ငွေကြေးချမ်းသာတဲ.တရုပ်သူဌေးတွေက ဂုဏ်ဒြပ်တစ်ခုအနေနဲ.အိမ်မှာဝယ်လို.အလှဆင်ပါသတဲ.။
အရင်ကလောက်တော.အလုပ်မဖြစ်ဘူးလို.သိရပါတယ်။
အင်ကြင်းကျောက်ဆိုတာ အလွယ်ခေါ် သည်အရပ်အခေါ်ပါ သစ်ပင်ကနေနှစ်ကြာလို.ကျောက်ဖြစ်သွားတဲ.အကြမ်းထည်ကို နည်းမျိုးစုံသုံးလို. ချောပြောင်နေအောင် အလှဆင်ပြုပြင်ထားတဲ.ပစ္စည်းတွေပါ။
သည်ထက်ပိုသိချင်ပေမဲ.လည်းမေးစရာလူမရှိသလိုပြောပြချင်သူနဲ.လည်းမတွေ.။

ဆိုင်ကယ် ဆိုင်နဲ.အင်ကြင်းကျောက်ဆိုင်ကတော.ကျယ်ဂေါင်မှာ အများဆုံးဆိုင်တွေပါ။
သည်ဆိုင်တွေကတန်းစီနေတာပါ တွေ.လိုက်ရတဲ.အင်ကြင်းကျောက်တွေကလဲ
အရောင်အသွေးပြောင်ပြောင်လက်လက်ထလို.အရွယ်ကလဲ လက်တစ်ဝါးလောက်ပုပုသေးသေးလေးတွေကနော
လူတစ်ရပ်မက အရမ်းအရမ်းကိုလှတာပါပဲရှင်လို.ခင်သန်းနုလေသံနဲ.တောင်ပြောလိုက်ချင်ပါရဲ.။
သည်ဆိုင်လေးတွေကနေဆက်သွားရင်ဟိုတောင်ဘက်မှာ ဂိုဒေါင်တွေ ဆောက်လက်စလူမနေသေးတဲ.တိုက်ခန်းတွေ
ဆောက်ပြီးပေမဲ.လူမနေသေးတဲ.တိုက်ခန်းတွေ ဘဲရှိပါတော.တယ်။
အဲဒီကနေ နည်းနည်းသွားလိုက်ရင် လီတာနဲ.ချင်ရောင်းတဲ.တရုပ်ဓါတ်ဆီဆိုင် တစ်လီတာကို တစ်ရုပ်ငွေ5.9ကျပ်ဆိုမြန်မာပြည်နဲ.ဈေးသိပ်မကွာပါ ကွာတာကတော.ကြိုက်တဲ.အချိန်လိုသလိုဝယ်လို.ရတာပါ။
ဒီဘက်ကနေ.ကွေ.သွားတဲ.လမ်းလေးရောက်ရင်ကျောက်စိမ်းတန်းကိုရောက်ပါတယ်။
မနက်ဆိုရင် စားပွဲလေးတွေခင်းလို. ရောင်းကြဝယ်ကြနဲ.စည်ကားသော ပျားပန်းခပ်လှူပ်ယှားနေတဲ.နေရာလေးပါ။
ဒီနားမှာ တရုပ်လိုချက်တဲ.မြန်မာထမင်းဆိုင်လေးတွေလဲရှိပါတယ်။
ထမင်းတစ်ကျပ် အသားဟင်းတစ်ပွဲ 5ကျပ် အသီးအရွက်သုံးကျပ် နှစ်ယောက်စားလို.ရပါတယ်။
ကိုအောင်မောင်းတစ်ယောက်လဲ သည်ရောက်မှတစ်ကျပ်နှစ်ကျပ် သုံးကျပ်အသံတွေပြန်ကြားရတော.
ကျောင်းသားဘဝ လက်ဖက်ရည်တစ်ကျပ်ကို ပြန်အမှတ်ရမိပါတယ်။
အခုတော. တစ်ခွက်နှစ်ရာ တိုးတက်မူ. အဆနှစ်ရာလို.ပြောရင် မမှားပါဘူးနော်။

အဲသည်ကနေ နည်းနည်းလေးကွေ.လိုက်ရင်တံတားကိုပြန်ရောက်လို.ကျယ်ဂေါင်မြို.တစ်ပါတ် ပါတ်ပြီးသွားတယ်လို.ပြောလို.ရပါတယ်။
တကယ်ပြောရင်တော.ကျယ်ဂေါင်ဆိုတာ မန်းလေးမြို.က ရပ်ကွက်ကြီးတစ်ခုသာသာလောက်ဘဲရှိတာပါ။
လေးဒေါင်.ဆန်ဆန်လမ်းဖွဲ.တည်ပုံပါ လမ်းသွယ်လေးတွေနဲ.ပေါ.။
သည်မြို.မှာထူးခြားတာ ချစ်စရာနှစ်သက်စရာကောင်းတာကတော.လမ်းမတန်းမှာရော လမ်းသွယ်တိုင်းမှာရောသစ်ပင်အုပ်အုပ်ကလေးတွေနဲ.စိမ်းစိုနေတာကိုပါ။
သစ်ပင်တွေကတော.အုန်းထန်းလိုအပင်တွေရော ဘွန်ဇိုင်းဆန်ဆန်သက်ကြီးပင်ပုတွေရော အမည်မသိပေမဲ.
အေးမြတဲ.အရိပ်ကိုပေးစွမ်းနိုင်သော စိမ်းစိမ်းစိုစိုသစ်ပင်တန်းတွေပါ။
တစ်ချို.လမ်းသွယ်လေးတွေဆို နေရောင်မထိုးအောင်ပင်ချင်းယှက်လို.မြင်ရတာနဲ.တောင်အရိပ်အောက်မဝင်ဘဲအေးလို.နေပါတယ်။
နေကတော.မန်းလေးလိုပူတာပါဘဲ ဒါပေမဲ.တောင်တွေဝိုင်းထားတဲ.မြို.လေးဆိုတော.လေကလေးကအေးလို.နေရတာ သက်သာပါတယ်။
ကဲအခုကစလို.အောင်မောင်းမြင်တာလေးထူးဆန်းတယ်ထင်တာလေးတွေပြောပါတော.မယ်။
ပေါင်တံလှလှ ဖွေးဖွေးတရုပ်မလေး အတော်များများကတော. ဘောင်းဘီပေါင်အထက်အနက်ရောင်လေးတွေ
မီနီစကပ်အတိုလေးတွေဝတ်ထားတာများ လှမှလှဆိုရင် ဘူးကျတယ်မထင်ပါနဲ.တကယ်လှတာပါ။
မလှတဲ.ခေတ်ပေါ်ဖက်ရှင်ကတော.နေအပူဒဏ်ခံနိုင်အောင်လို. အကျီလက်ရှည်ကို အောင်မောင်းတို.မြန်မာပြည်က လူသေကိုစွတ်သလို ပြောင်းပြန်ဝတ်ထားတာတော. ခေတ်မှီသူတရုပ်မလေးအားလုံးပါဗျာ
နောက်နေရာမရွေး အသက်အရွယ်မရွေးလူမျိုးမရွေး အိမ်တဲမှာလမ်းပေါ်မှာခုံလေးတွေချလို.
လမ်းဘေးမြေကြီးပေါ်မှာလွတ်လွတ်လပ်လပ်ဖဲရိုက်နေကြတာတော.အောင်မောင်းတို.မျက်စေ.ထဲမှာအဆန်းပါ။
မြန်မာပြည်မှာတော.လူသေမှ ရက်မလည်မချင်းရိုက်ခွင်.ရတာကိုးဗျ။
ကဲအောင်မောင်းမသိတာကို ပြောပါတော.မယ်။
ခပ်တည်တည်သာတောင်ဘက်မြောက်ဘက် ပြောနေတာ တကယ်တော. အရပ်လေးမျက်နှာသေချာပြောပါဆိုရင်
မျက်စေ.ခပ်လည်လည်မပြောတတ်တာသေချာပါတယ်။
နောက် ကျယ်ဂေါင်မှာနေ.စဉ်နဲ.အမျှအလုပ်လုပ်နေတာမြင်ရတော. တနင်္ဂနွေမသိ ဥပုဒ်မသိပါခင်ဗျာ။
နောက်တရုပ်ပြည်စံတော်ချိန်နဲ.မြန်မာစံတော်ချိန် တစ်နာရီခွဲကွာပါတယ်။
ကျယ်ဂေါင်က နယ်စပ်မြို.ဖြစ်လို. မြန်မာစံတော်ချိန်နဲ.မကွာပေမဲ.သူတို.ကတော.တရုတ်နာရီက အတည်ပါတဲ.ခင်ဗျာ
သည်တော.အောင်မောင်းအချိန်နာရီကိုလဲမသိတော.ပါ။
အောင်မောင်းခံရတာလေးလဲပြောလိုက်ပါမယ်။
ကလေးတွေကို တရုပ်ငွေတစ်ရာဘိုးဝယ်လာတာလဲပြောရော ဆစ်ရင်ရတယ် ဘောင်းဘီတထည် 17ကျပ်
အားလုံးနှစ်ကျပ်စီများတယ်လို.ပြောပါတယ်စုစုပေါင်း 5ထည်ဆိုတော.တစ်ဆယ်များသွားပါတယ်။
ကလေးတွေစကားနားမထောင်မိတာခံပေါ.။
နောက်သည်မြု.ိမှာ ခြင်ထောင်မထောင်ဘဲအိပ်လို.ရအောင်ခြင်လဲနည်း ဖုန်လဲနည်း လေအေးလေးကလာ
လာနေတယ် သာလဲသာယာတယ် ။ ရေကလဲ ပေါ အချိန်ပြည.်လာ မီးကလဲမပျက်တော.အချိန်တိုင်းလင်း
မန္တလေးမှာက အပူလိုင်းဖြတ်တယ် လို.အသံတွေကြားနေရတဲ.ဆိုတော.
အောင်မောင်းတစ်ယောက်နတ်ပြည်ကိုများ ခေတ္တရောက်နေတယ်လို.များပြောမိရင်
။……………………………………………………………………………… ပြောတယ်လိုသာ အပြစ်တင်ကြပါတော.ခင်မျုာ။

3 comments

  • susunosuki

    May 15, 2010 at 1:07 pm

    ကျွန်တော်တို့ ကိုအားကျအောင်ပြောနေတယ်ထင်ရတယ်
    သူများနိုင်ငံက တိုးတက်တာကို အတုယူပြီး ကြိုးစားရမှာပေါ့ဗျာ
    နောက်နှစ်မတိုင်ခင် တော့ မီးမှန်မယ်လို့ထင်ရပါတယ်

  • kopauk mandalay

    May 15, 2010 at 4:19 pm

    အခုမှကျယ်ဂေါင်ဘဲရှိသေးတယ် 16-5-2010နက်ဖြန်မှာ မန်းလေးကိုပြန်မယ်လေ။
    ပြန်ရောက်လို.အားရင် ရွှေလီမြို.အကြောင်းသိသလောက်ဖောက်သည်ချမယ်
    ရင်နာစရာတွေပါလာမယ် ။
    ဒါက ရုပ်ရှင်တွေလို ထွေလာထိုးပေးလိုက်တာပါ။
    မျှော် မျှော် မျှော် မျှော် မျှော် မျှော်

  • kai

    May 16, 2010 at 7:02 am

    ဓါတ်ပုံလေးတွေတင်ပါဦးဗျာ။
    အနည်းဆုံးတော့ ပြောထားတဲ့ ပေါင်တံလှလှ ဖွေးဖွေးတရုပ်မလေးတွေပုံပေါ့။ ဘူးကျတယ်မထင်ပါနဲ့။
    မျှော်နေမယ်နော။

Leave a Reply