ကျောက်စိမ်းအကြောင်းတိုတိုလေး

မောင် ပေSeptember 5, 20111min33019

အမှာစာ  ။    ။ ကျောက်စိမ်းနဲ ့တော့ မဆိုင်ပါဘူး ။ နဲနဲပြောချင်ပါတယ် ။

လူ ့လောက မှာ ၊ မိတ်ဆွေကောင်း ရဖို ့ဆိုရင် ၊ နဲနဲပြောပြီး ၊ များများ နားထောင်ရမယ် တဲ့ ။

ဒါဆိုရင်..ကျွန်တော် အခုပြောနေတာ တွေ က တော်တော်များနေပြီ ။

မိတ်ကောင်းဆွေကောင်း မရနိုင်တော့ဘူးပေါ့နော် ။

မဟုတ်သေးပါဘူး ။ ကျွန်တော်က စာရေးနေသူ တစ်ယောက် ဆိုတော့ များများပြောမှ ဖြစ်ပါမယ် ။

များများရေးမှ ၊ ကိုယ်ပြောချင်တဲ့ အကြောင်းအရာ ကို ကိုယ့်စာဖတ်တဲ့သူ သိပါမယ် ။

အပြင် လက်တွေ  ့ အသက်မွေးဝမ်းကြောင်း အလုပ် မှာတော့ နဲနဲပဲ ပြောပါတယ် ။ လိုတာလောက်ပဲ ပြောတတ်ပါတယ် ဗျာ ။

ပညာတစ်ခု ဆိုတာ စာတွေ  ့၊ လက်တွေ ့ ရှိတာ ကို စာဖတ်သူများ သိပြီးသားပါ ။

သို ့သော် စာထဲ က နဲ ့လက်တွေ  ့နဲ ့ မတူညီ တာတွေ လည်း အများကြီးဆိုတာ စာဖတ်သူများ သိပြီးသားပါ ။

ကျောက်စိမ်းပညာ စာတွေ  ့ကတော့  ၊ ကိုယ်ခံ ပညာ သင်ယူ တာနဲ ့တူပါတယ် လို ့ထင်ပါတယ် ။

တစ်ကယ် လက်တွေ ့လုပ်တဲ့ အချိန် က တော့ ၊ တိုက်ပွဲပေါ့ ဗျာ ။

တိုက်ပွဲထဲ မှာကြ ကိုယ်တတ်သမျှ ၊ သိသမျှ ၊ သင်ထားသမျှ ပညာစုံ ထုတ်သုံး မှ အောင်မြင်မှု ကို ရရှိမှာပေါ့ ။

စာတွေ ့သို ့မဟုတ် ၊ ဘာမှ မသိထားပဲ ၊ ကျောက်စိမ်း အရောင်းအဝယ် လုပ်လို ့မရဘူး လို ့ ကျွန်တော် မပြောဘူးနော် ။

မသိ မတတ်ပဲ လုပ်လို ့ရမှာပါ ။ လုပ်ရဲသူတွေ လဲ လုပ်နေမှာပါ ။ ရလဒ် ကိုတော့ ကျွန်တော် မသိပါဘူး  ။

ကျွန်တော် က တော့ မသိမတတ်ပဲ မလုပ်ရဲ လို  ့၊ လေ့လာသင်ယူ စမ်းလုပ်နေတုန်းပါ ဗျာ ။

ကဲဗျာ ပေလည်းတော်တော်ရှည်နေပြီ ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ပို ့စ် က စာဖတ်သူ ကို တစ်ခုခုပေးခဲ့မယ် ဆိုရင် ၊ ဝမ်းသာကျေနပ်ပါတယ် ။

ကျွန်တော် ရေးတင်တဲ့  ကျောက်စိမ်းအကြောင်းနဲနဲလေး ပို ့စ်အားလုံး နဲ ့ ကျွန်တော့် ကို ကျောက်စိမ်းပညာ ဆရာစား မချန်သင်ပေးခဲ့တဲ့  ဦးစန်းဌေး ကို ပူဇော်ပါတယ်)

ကျောက်စိမ်း အတု နဲ ့အစစ် ခွဲခြား ပုံ လေး ပြောပြချင်ပါတယ် ။

အပြင် လက်တွေ ့လောက မှာ ၊ တစ်ကယ် ကျောက်စိမ်းရောင်းဝယ်နေကြတဲ့ သူတွေ ကို သွားမေးကြည့်ရင် ၊ အဖြေ ရဖို ့မလွယ်ပါဘူး ။

သူတို ့အနှစ်နှစ် ကာလ လုပ်ကိုင်ရှာဖွေ ထားတဲ့ အတွေ  ့အကြုံ ကို လွယ်လွယ် ပြန်ပြောချင် ကြ မှာ မဟုတ်ပါဘူး ။

ပြန်ဝေမျှ တဲ့ သူ လည်း ရှိမှာပေါ့ ။

နောက်ပြီး…သူတို ့ကိုယ်တိုင် သိမယ် ၊ မသိဘူး ဆိုတာ မသေချာပါဘူး ။

တစ်ကယ်လို ့ကျောက်ဝိုင်း ထဲ ရောက်လို ့ ၊ ကိုယ်သဘောကျ မိတဲ့ ကျောက် ကို တွေ ့ပြီ ဆိုပါစို ့ဗျာ ။

ဈေးက လည်း ကိုယ်လိုချင်တဲ့ ဈေး တည့်ပြီ ပေါ့ ။ နောက်ဆုံး ငွေမချေခင် မှာ တစ်ချက်လောက် ပြန်စစ်သင့်ပါတယ် ။

ကိုယ် ဝယ်မဲ့ ကျောက် က တစ်ကယ် ကျောက်စိမ်း စစ်ရဲ  ့လား ဆိုတာ ကို ။

ဘယ်လို သိနိုင်မလဲ ဆိုတော့ ။

ရေ အနည်း ငယ် ယူလိုက်ပါ ။

ကျောက်စိမ်းတုံး အခွံ ဖြစ်ဖြစ် ၊ ဖြတ်ထားတဲ့ အသားပဲ ဖြစ်ဖြစ် ကို ၊ အပေါ် ကနေ  ရေစက်ကလေး တွေ တစ်စက်ချင်းစီ ချကြည့်လိုက်ပါ ။

ရေစက်ကျ နေတဲ့ အချိန်မှာ ၊ ကျတဲ့ နေရာ ကို သေချာကြည့်ပါ ။

ကျောက်စိမ်း အစစ်ဆိုရင် ၊ ကိုယ်လောင်းချလိုက်တဲ့ ရေစက် ကို စုပ်သွားပါလိမ့်မယ် ။

အတု ဆိုရင်တော့ ရေမစုပ် ဘဲ ၊ ရေ က လျှောကြ သွားပါလိမ့်မယ် ။

ဖြတ်ထားတဲ့ အသားကို လောင်းကြည့်ရင် လည်း ဒီနည်း အတိုင်းပါပဲ ။

ရေစုပ်သွားလို ့အကွက်လေး ဖြစ်လာတာ ကို ပါ မြင်ရပါတယ် ။

လွယ်လွယ်လေးပါနော် ။

အရင်ပို ့စ် မှာ ၊ ကိုဇော်မင်း က မေးထားတာ ရှိပါတယ် ။

သူ  ့မေးခွန်း က

“ ဖြတ်သားမဟုတ်တဲ့ အချော၊သွေးပြီးသားရောင်းတန်းလုပ်နေတဲ့ ကျောက်ဆိုရင်ရော ဘယ်လိုခွဲခြားသိနိုင်ပါသလဲ…ဥပမာဗျာ…ခင်ဗျားပြောတဲ့ ချယ်ဆီး ကာလာ ဖေးတာမရှိဘူးပေါ့ဗျာ..သာမာန်မျက်စိ(သို့) ရိုးရိုးမှန်ဘီလူးနဲ့ဆိုရင်ကော ဘယ်လိုခွဲခြားသိနိုင်ပါသလဲ… ”  တဲ့

အပွင့် ကို ပြောတာ ဖြစ်နိုင်ပါတယ် ။ များသော အားဖြင့် အပွင့် ကို ဆေးဆိုးရောင်းကြတာ များလို ့ပါ ။

ကျောက်ဝိုင်းတွေ မှာ မကြာခဏ ဖြစ်တဲ့ ပြဿနာပါ ။

ဆေးဆိုးထားတဲ့ အတုကို ချဲဆီးဖီလ်တာ မသုံးပဲ ခွဲပုံ ခွဲနည်းတွေ က တော့

ရေနွေးပူပူလေး နဲ ့လောင်းကြည့်ရင် သိနိုင်ပါတယ် ။ ဆေးကျွတ်နိုင်ပါတယ် ။ ရေကတော့ တော်တော်ပူရပါမယ် ။

နောက်ပြီး နဲနဲပြင်းတဲ့ အက်ဆစ်နဲ ့လောင်းကြည့်ရင် လဲ သိနိုင်ပါတယ် ။ ဆိုးထားသမျှ ဆေး အကုန် ကျွတ်သွားပါမယ် ။

နောက်ပြီး ဆေးဆိုးထားတဲ့ ကျောက်မှာ အနာ (သို ့မဟုတ်) အက်ကြောင်း ပါခဲ့မယ် ဆိုရင် ၊ အဲဒီ အနာ (သို ့မဟုတ်) အက်ကြောင်းထဲ ကို ကျောက်ကြည့် မှန်ဘီလူး( အဆ၃၀) နဲ  ့ သေချာကြည့်ရင် ဆေးဖတ်တွေ တွေ ့နိုင်ပါတယ် ။ သာမန် မျက်လုံး နဲ ့နေရောင်ပြင်းပြင်း အောက်မှာ သေချာ ကြည့်ရင် လဲ တွေ  ့နိုင်ပါတယ် ။

ကျောက်ပွင့် ၅ ပွင့် ဝယ်မယ် ဆိုပါစို ့။ ချဲဆီးဖီလ်တာ မပါဘူး ။ မှန်ဘီလူး မပါခဲ့ဘူး ဆိုရင် ။

တစ်ပွင့်ချင်းစီ ကို သေချာ လက်နဲ ့ကိုင်ကြည့်ပါ ။

အလေးချိန် ကို စိတ်မှန်းနဲ ့ချိန်ဆ ကြည့်ပါ ။

ကျောက်စိမ်းဟာ အလေးချိန် စီးပါတယ် ။ သာမန် ဆေးဆိုးထားတဲ့ အခြားကျောက်ထက် ပိုလေးပါတယ် ။

၅ ပွင့်ထဲ မှာ မှ ၁ ပွင့် က ကျန်လေးပွင့် ထက် ပေါ့နေတာ ကို ခံစားရမယ် ဆိုရင်တော့ ။

အဲဒီ တစ်ပွင့် ကို ရှောင်ရတော့မှာပေါ့ ဗျာ ။

အကောင်းဆုံး က တော့ ချဲဆီးဖီလ်တာ ပါပဲ ။

သူပါရင်တော့ အလွယ်တကူ ထုတ်သုံးပြီး ကြည့်လို ့ရတာပေါ့ ။

သူ နဲ ့ကြည့်လိုက်ရင်တော့ ၊ ချက်ချင်း အရောင်ပြောင်းသွားတာ ကို တန်းသိရမှာပါ ။

ကျောက်စိမ်း အစစ်ဆိုပေမယ့် ချဲဆီးဖီလ်တာ နဲ ့ကြည့်ရင် အရောင်ပြောင်းတဲ့ ခန္တီးကျောက် နဲ ့ပူတာအို ကျောက် တို ့အကြောင်း ကို တော့ ရှေ  ့ပို ့စ်မှာ ရေးခဲ့ပြီးပါပြီ ။

တစ်ကယ့်တစ်ကယ် အရောင်းအဝယ် လုပ်မယ့်နေရာ မှာ ၊ ကိုယ်ဝယ်မယ့် ကျောက်ကို ရေပူ လောင်းဖို ့၊ အက်ဆစ် နဲ ့လောင်းကြည့်ဖို ့ဆိုတာ ၊ မလွယ်ကူပါဘူး ။

ရောင်းမယ့် သူ က လည်း ဘယ်လက်ခံ ချင်မလဲ နော ။ သူ ့ကျောက် ကို အက်ဆစ်သွားလောင်း ရင် ပြဿနာ တက်နိုင်ပါတယ် ။

လောင်းကြည့်ချင်တယ် ဆိုရင်တောင် ။ သူ လစ်မှ စမ်းသင့်ပါတယ် ။

လဘက်ရည် ဆိုင် နဲ ့နီးရင်တော့ ၊ ရေနွေးပူပူ ရဖို ့အဆင်ပြေမယ် ဆိုရင်တော့ ..

ရောင်းမယ့်သူ ကို ခွင့်တောင်းပြီး ၊ လောင်းကြည့်ရင် သိနိုင်ပါတယ် ။

မှန်ဘီလူး(အဆ၃၀) ကိုလည်း ၊ ကျောက်စိမ်းရောင်းဝယ် လုပ်မယ့်သူတွေ ဆောင်ထားသင့်ပါတယ် လို ့အကြံလေး ပြုပါရစေ ။

——————————–အားလုံးကို ကျေးဇူးတင်ပါသည်——————————–

 

 

19 comments

  • manawphyulay

    September 5, 2011 at 3:16 pm

    လောင်းချင်လို့ ရေနွေး ပူပူပွက်ပွက်တွေ အမြဲတမ်းထားရှိဖို့လိုတာပေါ့နော်…. လောင်းတော့လောင်းချင်တယ် ကျောက်ကိုတော့မဟုတ်… 😛

    • windtalker

      September 5, 2011 at 3:26 pm

      ကျွန်တော်ရေးတင်တဲ့
      “ဒီလိုဆိုရင်” ပို ့စ်ထဲ က လူတွေ ကို
      လောင်းချင်နေတာ ထင်ပါရဲ ့
      🙂

      • ပေါက်ဖော်

        September 5, 2011 at 4:11 pm

        မေပေါင့်ကိုတော့ ချမ်းသာပေးလိုက်ပါ..
        လောင်းချင်ရင်..ကျောက်သထေး ဖြစ်မှ လောင်း…
        အဲတာမှ…ကျောက်လေးဘာလေး အမွေရမယ်..ကွဲ ့

    • etone

      September 6, 2011 at 3:37 pm

      ဟယ်တော့ .. မမ မနောတို့ ……. ချက်ချင်း သူငယ်ပြန်သွားပြီ .. သားရေတွေကျ ၊ သွားတွေ ကျိုးလို့ .. စကားတောင် မပီတော့ဘူး … ဟားဟား … 😀 😀 😀

  • ရွှေဘိုသား

    September 5, 2011 at 3:56 pm

    ဒါဆိုလည်း သက်မိန်.ပေးလိုက်ပြီ သက်စေ
    မသက်ရသေးခင် ရွာထဲက ရတဲံ.ငွေ ကျနော်.ကို လွဲခဲ.နော်

    ရေစက်ကလေးချပြီး စစ်ဆေးတဲ.နည်း လေးတော. ကောင်းတယ်ဗျ
    ကျနော်.လို လူပြိန်းတောင် နားလည်တယ် ကျေးဇူးကို ကိုပေ

  • zaw min

    September 5, 2011 at 3:58 pm

    ကျေးဇူးကမ္ဘာပါကိုတော်ကာ…အကျိုးရှိပါတယ်…ဒီပိုစ့်တွေကိုစုပေါင်းပြီးတော့ စာအုပ်ထုတ်လို့ရတယ်နော်…
    မောင်ပေရဲ့ ကျောက်စိမ်းအကြောင်းသိကောင်းစရာ…ဆက်ရေးပါဆက်လက်စောင့်မျှော်အားပေးနေပါတယ်…

    အမှန်တကယ် စီပွါးရေးလုပ်ငန်းဖြစ်စေ…မိမိတကယ်လုပ်စားတော့မယ်ဆိုရင် လုပ်ငန်းကိုကျွမ်းကျင်စွာနားလည်တတ်သိထားတာအကောင်းဆုံးပါပဲ……….

    အဖိုးတန်ရတနာတွေရှိရဲ့သားနဲ့ ပြည်သူတွေဆင်းရဲတွင်းနက်နေတာက ရင်နာစရာပါပဲ….

  • Shwe Ei

    September 5, 2011 at 5:14 pm

    လက်လှမ်းမမှီသေးတဲ့ ကိတ်စတွေမို့ မှတ်ရုံဘဲမှတ်ထားလိုက်ပါတယ်။ နောက် ကိုယ်ပိုင် ကျောက်စိမ်းဝယ်နိုင်ရင် ရေနွေးပူပူနဲ့ အားရပါးရ လောင်းချပါအုံးမယ်။( ရွှေဆိုင်တွေမှာ ရွှေကွပ်ပြီးသား ကျောက်စိမ်းတွေကိုတော့ ရေနွေးလောင်းလို့ မရဘူးပေါ့နော်။) 😀

    • windtalker

      September 5, 2011 at 7:37 pm

      ရပါတယ် ရွှေအိရေ
      အပြေးသွက်ဖို ့ပဲ လိုပါတယ်

  • cobra

    September 5, 2011 at 5:37 pm

    ဗဟုသုတရရှိလို့ကျေးဇူးပါ..။

  • myanpyithar

    September 6, 2011 at 10:43 am

    ပညာရပ်ဆိုင်ရာဖြစ်တဲ့အတွက်..ပြည့်ပြည့်စုံစုံရေးပြီးစာအုပ်ထုပ်စေချင်တယ်ဗျာ..
    အကြံပေးတာပါ..

  • kai

    September 6, 2011 at 10:53 am

    ကျောက်စိမ်းတုံး အခွံ ဖြစ်ဖြစ် ၊ ဖြတ်ထားတဲ့ အသားပဲ ဖြစ်ဖြစ် ကို ၊ အပေါ် ကနေ ရေစက်ကလေး တွေ တစ်စက်ချင်းစီ ချကြည့်လိုက်ပါ ။

    ရေစက်ကျ နေတဲ့ အချိန်မှာ ၊ ကျတဲ့ နေရာ ကို သေချာကြည့်ပါ ။

    ကျောက်စိမ်း အစစ်ဆိုရင် ၊ ကိုယ်လောင်းချလိုက်တဲ့ ရေစက် ကို စုပ်သွားပါလိမ့်မယ် ။

    အတု ဆိုရင်တော့ ရေမစုပ် ဘဲ ၊ ရေ က လျှောကြ သွားပါလိမ့်မယ် ။

    အဲဒါ..သေသေချာချာပြန်မေးပေးပါဦး..။
    ကျုပ်ကကျောက်အကြောင်းတော့.. သိပ်နားမလည်ဘူး.. ဒါပေမဲ့.. လောကဓါတ်ပညာတော့ နည်းနည်းလေ့လာတီးခေါက်မိတယ်..။
    ဆိုတော့..
    ရေစက်ချလို့ ရေကို စုပ်ယူလိုက်တဲ့အဓိပ္ပါယ်က.. အဲဒီအသားက ရေစုပ်ယူနိုင်လောက်အောင် ပွနေ(မကျစ်လစ်)နေလို့ပဲဖြစ်မယ်..။ ကျောက်အသားတွေကြားထဲ.. လေဟာနယ်ကွက်လပ်ရျိတဲ့ အဓိပ္ပါယ်ပေါက်နေတယ်..။
    ကျောက်စိမ်းဆိုတာမျိုးက..အင်မတန်ကျစ်လစ်တာဆိုတော့…
    အခုစမ်းသပ်ချက်က.. တမျိုုးကြိးဖြစ်နေသလားလို့..။ 🙂

    • ကြောင်ကြီး

      September 6, 2011 at 11:49 am

      ဟားဟားဟား…လက်တွေ့ဝါဒီ သိပ္ပံပညာရှင် သဂျီးကွ၊ မဖြေနိုင်ရင် ပေးထားတဲ့ ပွိုင့်အကုန်သိမ်းပြီး ရွာပြင်မှာ ထိပ်တုံးခတ်မယ်။ သဂျီးဆိုရင် ရေလည်းစုပ်၊ လေလည်းစုပ်၊ အရက်ဘီယာတင်မက စုပ်လို့ရတာအကုန်စုပ်တယ်။ အိမ်မှာဆို သူ့ခလေးငယ်ငယ်က စို့တဲ့ ချိုမိုင်မိုင်ဗူးတောင် ဖွက်ထားရတယ်။

    • windtalker

      September 8, 2011 at 12:05 am

      သူကြီး ရေ
      အရင်ရက်တွေ က အွန်လိုင်းတက်ချိန်နည်းတာရယ်
      တက်တဲ့အချိန် ကွန်နက်ရှင် မကောင်းတာရယ်နဲ ့
      ဒီကွန်မင့် ကို အခု မှ ရေးဖြစ်တယ်
      ရေစက်ချရင် ရေစုပ်တယ် ဆိုတာ
      ကျောက်စိမ်းအခွံ မှ ပါ
      တစ်ကယ်စုပ်ပါတယ်
      ကျောက်စိမ်းအစစ်ဆိုရင် ။
      ကျန်တာ တော့ မစုပ်ပါဘူး
      အခု ခေတ်ကြီးက အင်တွေ အရမ်းထုတယ်
      ထုရင်လည်း
      သောင်းချီ သိန်းချီ လောက်ကို မထုဘူး ဗျ
      သန်းချီ ကုဋ္ဌေချီ ကို မှ ထုတာပါ
      ကျွန်တော် တော့ ကျောက်စိမ်းလိုင်းထဲ မှာ
      ရွာကို လည်နေတာပဲ
      အောင်မြင်မှုကလည်း ရချင်
      အောင်မြင်မှု ရဖို ့ဆိုတာလည်း
      တော်တော်လေး ကို
      ကြိုးစားနေရတယ် ဗျို ့
      ကျွန်တော် က ဘူမိဗေဒ ကို နားမလည်တဲ့ အတွက်
      သိပ်သည်းဆ တွေ နဲ ့ရှင်းမပြနိုင်တာ ကို
      နားလည်ပေးပါဗျာ

  • kai

    September 8, 2011 at 12:54 am

    windtalker အပါအဝင် ..စိတ်ဝင်စားသူတွေအကူအညီရအောင် ရှာရတာလေး.. ပေါင်းထည့်လိုက်ပါတယ်..။
    ==
    http://www.wikihow.com/Tell-if-Jade-Is-Real

    How to Tell if Jade Is Real
    Jade is a beautiful stone that can be green, orange, or white. If you are about to go shopping for jade or have an old piece of jade, here is an article that will help you tell if you have found the real thing.

    1. Become familiar with real jade. Only jadeite jade and nephrite jade are authentic jade.
    The most expensive and desirable jadeite (Burmese Jadeite, Burma Jade, Imperial Jade, or Chinese Jade) usually comes from Myanmar (formerly Burma), but small quantities are mined in Guatemala, Mexico and Russia.
    75% of the world’s jade come from the mines of British Columbia in the form of nephrite, but that’s also mined in Taiwan, the United States and (in small amounts) Australia.[1]
    2. Become familiar with imitation jade. Materials passed off as jade include:
    In New Zealand Greenstone or Pounamu is highly regarded by Māori. Māori people recognize four main types of pounamu, identifying their color and translucence: kawakawa, kahurangi, īnanga. These are all nephrite. They also regard a fourth type of pounamu – tangiwai- from Milford Sound which, although prized, is actually bowenite and authentic jade in the eyes of the rest of the world.
    Serpentine (“New Jade” or “Olive Jade”)
    Prehnite
    Aventurine quartz
    Grossular garnet (“Transvaal jade”)
    Chrysoprase (“Australian jade” – most of it comes from Queensland, Australia)
    Malaysia Jade (permanently dyed translucent quartz that may be called by its color – Red Jade, Yellow Jade, Blue Jade)
    Opaque dolomite marble (“Mountain Jade” – from Asia, dyed in vibrant colors)
    3. Irregularities indicate that it is probably real
    Irregularities indicate that it is probably real
    Hold it up to a bright light. If possible, examine the internal structure with a 10X loupe. Can you see little fibrous or granular, felt-like, asbestos-like intertwinings? If so, it’s probably genuine nephrite or jadeite. Chrysoprase, on the other hand, is microcrystalline, so it’ll look homogenous.[2]
    If you see anything resembling layers with the 10X loupe, you’re probably looking at jadeite that’s been “doubled” or even “tripled” (thin layer of gem-quality jadeite sometimes glued over a different base).[2]
    4. Observe the density. Both jadeite and nephrite have a very high density (jadeite – 3.3; nephrite – 2.95). Density is measured by dividing the weight (in grams) by the volume (c.c.).
    A specific density gravity test can be performed as described below, or you can judge the density less accurately by tossing the stone in the air and catching it in your palm. If it feels heavier than most stone pieces of the same size, it is more likely to be authentic jade.[3]
    Another way to judge density is to observe the sound of plastic beads gently tapping each other. If you have a piece of real jade, clink it against the stone in question. If it sounds like plastic beads, then the stone in question is probably fake.
    5. Jade should be cold and stay cold for a bit.
    Jade should be cold and stay cold for a bit.
    Hold the piece of jade in your hand. It should feel “cold, smooth and soap like to the touch”.[4] It should take a while to get warm if it is real. However, this is very subjective, and most helpful when you can compare it to real jade of a similar shape and size.
    6. Perform a scratch test. Jadeite is very hard; it will scratch glass or even metal. Nephrite, however, can be much softer, so performing a scratch test improperly may damage a genuine piece.
    Use the blunt end of a pair of scissors and gently press down and draw a line on an area on the jade piece that is not visible (bottom or end of the piece).
    Avoid any weathering surfaces because these are much softer and can be easily damaged. If the scratch makes a white line, gently wipe it off (it might be metal residue from the scissors). Is there still a scratch? If so, it’s probably not authentic jade.[5]
    If it scratches glass or steel, it could still be many of the alternatives to jade as well, including the various forms of green quartz and prehnite.
    Perform this test at your own risk. The piece may be very valuable, even if it’s not made from jade, and can lose significant value if scratched.
    7. Look for other deceptive practices. Even if you have real jade in your hands, it can still be treated by dyeing, bleaching, use of stabilizing polymers, or creating jade doublets and triplets. Jade is divided into three categories based on these possibilities:

    Type A – Natural, untreated, undergoes a traditional process (plum juice washing and polishing with beeswax), no “artificial treatments” (e.g. high temperature or high-pressure treatments). This has a “true” color.[6]
    Type B – Chemically bleached to remove impurities; injected with polymer with the use of a centrifuge to enhance translucency; covered with hard and clear plastic like coating. Subject to instability and discoloration over time because polymer gets broken down by heat or household detergent; nevertheless, still 100% real jade with 100% natural color.[6]
    Type C – Chemically bleached; dyed to enhance color; subject to discoloration over time due to reaction with strong light, body heat or household detergent.[6]

    Density Test[7]

    1
    Gather the Things You’ll Need as outlined below.
    2
    Use crocodile clamps to grasp the jade item. If the scale doesn’t come with crocodile clamps, wrap the tested jade with a piece of string, a rubber band or a pony tail holder.
    3
    Lift the spring scale by its top handle and write down the weight of the jade item in air. (Note that this should be a scale based on grams and therefore measuring force in dynes – c.g.s system.)
    4
    Gently place the jade item completely into the water bucket and write down its weight in water. The clamp can touch the water; it shouldn’t significantly affect the weight.
    If you’re concerned, however, use one of the alternatives described above. Since the test is based on the difference in weight, as long as the string, band or pony tail holder remains on the jade both in the air and in the water, the difference will be the same.
    5
    Calculate the volume of jade item: weight in air then divide by 1000 (or 981 if you have a calculator handy) minus weight in water divided by 1000 (or 981 if you have a calculator handy). This gives the mass in grams in air and the apparent mass in water. Subtract the in water value from the air value, this gives you the volume in cc.
    6
    Calculate the density of the jade item: mass in air divided by volume. Jadeite has a density of 3.20-3.33 g/cc, while nephrite has a density of 2.98 – 3.33 g/cc.

    Tips

    If you really love jade and want high quality pieces, the piece you purchase should be accompanied by a lab certificate verifying that the piece is “A” quality. Most established, high end retail jewelers only sell A quality.
    If there are air bubbles in the jade, it is not real.

    Warnings

    Ancient jade pieces are usually unique. If you see a dealer selling many designs that look similar, this is a red flag. Ask plenty of questions, and request a certificate of authenticity.[3]
    With a scratch test, you can destroy a perfectly good piece of nephrite jade.
    Never do a scratch test on a piece you don’t own. If you damage the piece, you will be forced to pay damages. Be sure to clean it with alcohol before you start.

    Things You’ll Need

    For the density test:

    spring scale (100 gram, 500 gram, or 2500 gram, depending on the weight of the piece(s) you’re testing)
    bucket, big enough for you to dip your piece(s) of jade in
    strings
    pony tail holder
    rubber bands
    paper towel (to dry items)

    Sources and Citations

    http://www.dragonfly-jewelry.com/blog/2005/04/jade-real-deal-or-fake.html
    ↑ 2.0 2.1 http://www.colored-stone.com/stories/may01/jadegemid.cfm
    ↑ 3.0 3.1 http://reviews.ebay.com/Bidding-on-Ancient-Chinese-Jades_W0QQugidZ10000000000855969
    http://dreamartgallery.blogspot.com/2008/01/collecting-jade-dream-art-gallery.html
    http://reviews.ebay.com/Is-it-really-Jade_W0QQugidZ10000000000917865
    ↑ 6.0 6.1 6.2 http://www.jademart.com/type.htm
    ↑ eBay Guide – Jade density test

    • windtalker

      September 8, 2011 at 1:51 am

      ကျေးဇူးတင်ပါတယ်
      သူကြီး
      ကျောက်စိမ်းအတုအစစ် ကြောင်းကို
      ဖြည့်ဆည်းပေးတဲ့အတွက် ။
      သို ့သော် ဘိရုမာလေးလို ရေးပေးရင်
      အတိုင်းအထက် အလွန် အဆင်ပြေမယ် ဗျို ့
      အင်းဂလိ ကို ကောင်းစွာမကျွမ်းကျင်တဲ့ ကျွန်တော် နဲ ့
      ကျွန်တော့်လိုမျိုး စာဖတ်ပရိသတ် များအတွက် ပါ ။

    • MaMa

      September 8, 2011 at 9:33 am

      ငါတို့ သဂျီးကတော့ မိတ်အင်ဒီတင် ဖြစ်နေပြီ။ မောင်ပေကို ထောက်ခံပါတယ်။

  • aungmyat

    October 3, 2011 at 6:41 pm

    ဖားကန့်သားလေးမျက်စီလည်နေပြီ သဂျီးမင်းရေး…

  • ye htikeaung

    July 24, 2013 at 1:53 pm

    ကျွန်တော် တစ်ခုသိချင်တာလေး မေးချင်တယ်ဗျာ.. ကျွန်တော်လည်း အစိမ်း ကိုစိတ်ဝင်စားလို.ပါ..
    အပွင်. လိုင်းမှာပဲဆိုပါတော.ဗျာ.. ကြားဖူးတာက ကျောက်ကောင်းတစ်ပွင်.က အရည်၊ အသား ကောင်းရမယ်လို. ကြားဖူးတယ်ဗျ
    ဒီတော. ကျွန်တော်သိချင်တာက အရည်.. ဆိုတာဘာလဲ ? အသား ကောင်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ၊ ဘယ်လိုခွဲခြားတာလဲ သိချင်တာပါ. ကျေးဇူးပြုပြီး ဖြေပေးပါဗျာ.. ကျေးဇူးတင်ပါတယ်ဗျာ

Leave a Reply