မင်းနဲ့တွေ့တိုင်း
ဒိန်းခနဲမြည်တတ်တဲ့
ရင်ခုန်သံ
ဖျတ်ခနဲ ပွင့်သွားတတ်တဲ့
ငါ့ရဲ့အသည်းတံခါး
မင်းမသိအောင်
တိတ်တိတ်ပြန်ပိတ်
ငါ့နှလုံးသားကို
အတင်းပြန်အိပ်ခိုင်းလိုတယ်
ချစ်ခြင်းကို ၀န်ခံဖို့
ငါ့ရဲ့သတ္တိတွေက
ဘာကြောင့်မှန်းမသိအောင်
ထိတ်လန့်မှုနှင့်အတူ
ပျောက်ဆုံးနေပါရဲ့ကွယ်….
မနောဖြူလေး ခံစားသီဖွဲ့သည်။

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။