တိတ်တခိုး ဝန်ခံချက်

manawphyulaySeptember 5, 20111min13816

မင်းနဲ့တွေ့တိုင်း
ဒိန်းခနဲမြည်တတ်တဲ့
ရင်ခုန်သံ
ဖျတ်ခနဲ ပွင့်သွားတတ်တဲ့
ငါ့ရဲ့အသည်းတံခါး
မင်းမသိအောင်
တိတ်တိတ်ပြန်ပိတ်
ငါ့နှလုံးသားကို
အတင်းပြန်အိပ်ခိုင်းလို်တယ်
ချစ်ခြင်းကို ဝန်ခံဖို့
ငါ့ရဲ့သတိ္တတွေက
ဘာကြောင့်မှန်းမသိအောင်
ထိတ်လန့်မှုနှင့်အတူ
ပျောက်ဆုံးနေပါရဲ့ကွယ်….
မနောဖြူလေး ခံစားသီဖွဲ့သည်။

16 comments

  • redbull

    September 5, 2011 at 7:37 pm

    မ မနော ရဲ့ ရင်တွင်းဖြစ်ခံစားချက်လို့ထင်မိပါတယ်။ 🙄

  • zaw min

    September 5, 2011 at 7:50 pm

    မနောရေ…ပျောက်ဆုံးနေတဲ့နှလုံးသားလေးပြန်တွေအောင် လက်နှိပ်ဓါတ်မီးဘာလေး ဆောင်ထားပေါ့ကွယ်…

  • redbull

    September 5, 2011 at 8:03 pm

    ပျောက်ဆုံးနေတဲ့ …ကွယ်ပျောက်နေတဲ့ သတ္တိလေးတွေ အမြန်ဆုံး ပြန်ရနိုုင်ပါစေ….. 😀

  • KoNyeinChan

    September 6, 2011 at 8:46 am

    ကြီးမှ ဝက်သက်ပေါက်တယ်လို ့ဆိုရမလားဘဲ 😀 😀 😀

  • ရွှေဘိုသား

    September 6, 2011 at 9:12 am

    ရင်းတွင်းဖြစ်တွေက မိုက်လှချည်လား
    ပြန်မပိတ်ပါနဲ. ဝင်လာပါလိမ်.မယ်
    အကြွေးမပေးချင်လို. တခါးပိတ် ပိတ်မယ်ပေါ.ဗျာ
    ကဗျာနဲ.မပြောပါနဲ. မမ မနောဖြူရယ် ဟဲဟဲ

  • ကြောင်ကြီး

    September 6, 2011 at 11:44 am

    ကြောက်တတ်ရင်
    အရက်သောက်
    ဓာတ်တောက်လို့
    အရှက်ပျောက်သတဲ့
    အဘနီကိုယ်တွေ့..။

  • etone

    September 7, 2011 at 10:41 am

    ချစ်လျှင် ချစ်တယ်ပေါ့… ။ ကြောက်သလိုလို သတိ္တမရှိသလိုလို ဆိုလို့ကတော့ … အချစ်တွေ ပြတိုက်ထဲ ထည့်ထားပြီး … ငှက်ပျောတုံး ဘိုကင်လုပ်ထားပါလို့ … ပြောချင်ပါတယ် အစ်မ မနောရေ 😛

  • manawphyulay

    September 7, 2011 at 11:12 am

    etone ရေ… အမှန်တွေ သိပ်မပြောနဲ့လေ… ဟီး 🙂

  • Moe Z

    September 7, 2011 at 11:20 am

    အခုလောက်ဆိုရင် မမမနောရဲ့ခံစားချက်ကို သက်ဆိုင်တဲ့သူကဖတ်ပြီးပြီလားမသိဘူးနော် 😛

  • နီလေး

    September 7, 2011 at 11:27 am

    တံခါးလာခေါက်တဲ့လူ ဘူလေးပါလိမ့် အပျိုကြီးကို အရည်ပျော်အောင်လုပ်နိုင်တဲ့သူ တွေ့ဖူးချင်စမ်းပါဘိတော်

  • nayminn

    September 7, 2011 at 2:58 pm

    ဝန်ခံလိုက်ပေါ့~~~~~မင်းချစ်တယ်ဆိုလည်း~~~~~

    ပူစူး ရဲ့ သီချင်းပါ။

  • etone

    September 7, 2011 at 4:18 pm

    ဟိတ်သူငယ်ချင်းတို့ရေ .. ဟိုးတလောက .. ကောင်လေးတစ်ယောက် ကောင်မလေးတစ်ယောက်ကို ဆိုက်ထဲ ပြန်ရှာတွေ့တယ်ပြောတယ်… သူတို့ ဇာတ်လမ်းများဖြစ်နေကြမလား မသိဘူးနော် .. ဟိဟိ .. (နာမည်ထည့်မရေးရဲပါဘူး.. သဂျီးကကော့မန့်လာဖျက်နေလို ့ 7ပွိုင့်လျှော့နေဦးမယ် ဟားဟား 😛 )

  • နွယ်ပင်

    September 7, 2011 at 4:38 pm

    ကဲ ပြောတဲ့ သူကပြောနေပြီ တိတ်တခိုးအချစ်တွေကို
    သက်ဆိုင်တဲ့သူကလည်း မသိချင်ယောင်ဆောင်မနေပါနဲ့တော့ဗျို့
    မဟုတ်ရင် တို့မမ မနောကြီး အပျိုကြီးလုပ်ပြီး ငှက်ပျောတုံးပဲဖတ်အိပ် နေရပါတော့မယ် 😀

  • mgmglusoe

    September 7, 2011 at 4:44 pm

    တိတ်တစ်ခိုး လုပ်နေနဲ့တော့လေ.. ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းလိုက်ဖို့ တိုက်တွန်းပါရစေ…။

Leave a Reply