စကားထာ

(၁) သွားတော့ခွေခွေ နေတော့စင်းစင်း

(၂) ဆယ့်ခြောက်ပြည်ပိုင်စိုး၊ မင်းမျိုးတဲ့ရာဇာ၊ ရှေးကုသိုလ်ကံမကောင်းသောကြောင့် ခါးခြေလက်မပါ၊

(၃) မြစ်လယ်ခေါင်သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း ၊

(၄) ခြေရှစ်ချောင်း၊ ခေါင်းဘယ်ညာ၊ အမြီးခါးလယ်မှာ

(၅) ချောင်းငယ်ကောက်ကောက်၊ ရေလယ်နောက်နောက်၊

(၆)မဖွပ်ပဲဖြူသည့် နတ်ပုဆိုး၊

မခပ်ပဲပြည့်သည့် နတ်ရေအိုး၊

(၇) နတ်သမီးတံတွေးပေါက်၊ ကြက်မကောက်နိုင်၊

(၈) သဒါလည်းမတတ်၊ပရမတ်လည်းမကျေ

လူရှေ့မှာလည်းနေ၊မှန်လျှင်မှန်စေ

မမှန်လျှင် လျှာထုတ်ပြသည်။

(၉) ငုတ်ချည်ပေါ်ချည်၊ သူ့ဖင်ကိုကြိုးနဲ့ချည်

(၁၀) နတ်သမီးအိမ်တိုင်၊ပိုးမဖေါက်နိုင်

ဖောက်ပြန်သော်လည်း တစ်ပေါက်တည်း၊

ဖြေကြည့်ကြနော် ။အားလုံးသိကြမယ်ထင်ပါတယ်။အပျင်းပြေပေါ့ ဗျာ။အဖြေမှန်ကို ၂ရက်ပြည့်တဲ့ နေ့ ပေါ်ပြပေးပါမယ်။

 

 

About Mobile House

Mobile House has written 82 post in this Website..

Mobile House ဖုန်း ပြုပြင်ရေး နှင့် အရောင်း ဆိုင် လမ်း ၃၀ ။ ၇၃ -၇၄ ကြား ။ဆေးကျောင်း ရှေ့ ။မန်းလေး မြို့