စကားထာ ဖြေကြည်စို့

Mobile HouseSeptember 5, 20111min31713

စကားထာ

(၁) သွားတော့ခွေခွေ နေတော့စင်းစင်း

(၂) ဆယ့်ခြောက်ပြည်ပိုင်စိုး၊ မင်းမျိုးတဲ့ရာဇာ၊ ရှေးကုသိုလ်ကံမကောင်းသောကြောင့် ခါးခြေလက်မပါ၊

(၃) မြစ်လယ်ခေါင်သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း ၊

(၄) ခြေရှစ်ချောင်း၊ ခေါင်းဘယ်ညာ၊ အမြီးခါးလယ်မှာ

(၅) ချောင်းငယ်ကောက်ကောက်၊ ရေလယ်နောက်နောက်၊

(၆)မဖွပ်ပဲဖြူသည့် နတ်ပုဆိုး၊

မခပ်ပဲပြည့်သည့် နတ်ရေအိုး၊

(၇) နတ်သမီးတံတွေးပေါက်၊ ကြက်မကောက်နိုင်၊

(၈) သဒါလည်းမတတ်၊ပရမတ်လည်းမကျေ

လူရှေ့မှာလည်းနေ၊မှန်လျှင်မှန်စေ

မမှန်လျှင် လျှာထုတ်ပြသည်။

(၉) ငုတ်ချည်ပေါ်ချည်၊ သူ့ဖင်ကိုကြိုးနဲ့ချည်

(၁၀) နတ်သမီးအိမ်တိုင်၊ပိုးမဖေါက်နိုင်

ဖောက်ပြန်သော်လည်း တစ်ပေါက်တည်း၊

ဖြေကြည့်ကြနော် ။အားလုံးသိကြမယ်ထင်ပါတယ်။အပျင်းပြေပေါ့ ဗျာ။အဖြေမှန်ကို ၂ရက်ပြည့်တဲ့ နေ့ ပေါ်ပြပေးပါမယ်။

 

 

13 comments

  • naywoonni

    September 5, 2011 at 6:45 pm

    အင်းးး စကားထာ ဝှက်တဲ့ ကလေးတွေကလည်း ရှိသေးသကိုးးးးးး

  • z-Z

    September 5, 2011 at 6:52 pm

    ၁. မသိ
    ၂. မသိ
    ၃. ကျောက်ပျဉ်
    ၄. မသိ
    ၅. မသိ
    ၆. အုန်းသီး
    ၇. မိုး
    ၈. မသိ
    ၉. မသိ
    ၁၀. အပ် ……. 🙂 😛

    • mr.lone

      September 6, 2011 at 10:51 am

      သူသိတာတွေက မူလတန်းဖတ်စာအုပ်ကဟာတွေချည်းပဲ. ….

  • z-Z

    September 5, 2011 at 6:54 pm

    ၁. မသိ
    ၂. မသိ
    ၃. ကျောက်ပျဉ်
    ၄. မသိ
    ၅. မသိ
    ၆. အုန်းသီး
    ၇. မိုး
    ၈. မသိ
    ၉. မသိ
    ၁၀. အပ် ……. 🙂

  • nature

    September 5, 2011 at 7:46 pm

    ၁။ခေါင်းဖူး(မျက်နှာသုတ်ပုဝါ)
    ၂။ပြည်တောင်း(၁၆ပြည် =၁တင်း)
    ၃။ ရေလည်ခေါင်သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း = ကျောက်ပြင်
    ၄။
    ၅။
    ၆။အုန်းသီး
    ရ။
    ၈။
    ၉။အပ်နဲ့ အပ်ချည်
    ၁၀။ အပ် ၊ အပ်နဖားပေါက်

  • thit min

    September 5, 2011 at 8:01 pm

    (၁) သွားတော့ခွေခွေ နေတော့စင်းစင်း= ခေါင်းခု
    (၂) ဆယ့်ခြောက်ပြည်ပိုင်စိုး၊ မင်းမျိုးတဲ့ရာဇာ၊ ရှေးကုသိုလ်ကံမကောင်းသောကြောင့် ခါးခြေလက်မပါ၊=တင်းတောင်း
    (၃) မြစ်လယ်ခေါင်သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း ၊=ကျောက်ပျဉ်
    (၄) ခြေရှစ်ချောင်း၊ ခေါင်းဘယ်ညာ၊ အမြီးခါးလယ်မှာ=ချိန်ခွင်
    (၅) ချောင်းငယ်ကောက်ကောက်၊ ရေလယ်နောက်နောက်၊=ကျောက်ပျဉ်နဲ့သနပ်ခါး
    (၆)မဖွပ်ပဲဖြူသည့် နတ်ပုဆိုး၊မခပ်ပဲပြည့်သည့် နတ်ရေအိုး၊=အုန်းသီးအဆန်နှင့် အုန်းရေ
    (၇) နတ်သမီးတံတွေးပေါက်၊ ကြက်မကောက်နိုင်၊= ထရံပေါက် ကနေ ရောင် ခြည်
    (၈) သဒါလည်းမတတ်၊ပရမတ်လည်းမကျေလူရှေ့မှာလည်းနေ၊မှန်လျှင်မှန်စေ
    မမှန်လျှင် လျှာထုတ်ပြသည်။ =ချိန်ခွင်
    (၉) ငုတ်ချည်ပေါ်ချည်၊ သူ့ဖင်ကိုကြိုးနဲ့ချည်=အပ် နဲ့ အပ် ချည်
    (၁၀) နတ်သမီးအိမ်တိုင်၊ပိုးမဖေါက်နိုင်ဖောက်ပြန်သော်လည်း တစ်ပေါက်တည်း၊=အပ်

  • thit min

    September 5, 2011 at 8:07 pm

    သစ်မင်းလဲမေးကြည့်မယ်နော်။
    ယူလို့ရရင်ထားခဲ့မယ်…..ယူလို့မရရင်အိမ်သယ်သွားမယ်…
    အဲဒါဘာလဲကွယ်။

    • thit min

      September 6, 2011 at 12:06 am

      “Hint”(သဲလွန်စ) ….နော်။။အဖြေမဟုတ်သေးဘူး။.
      အဖြေကိုစဉ်းစားရင်ဒီရွာနဲ့မကင်းတဲ့စကားလုံးတခုကိုစဉ်းစားပါနော်။

      • mr.lone

        September 6, 2011 at 10:54 am

        တော်တော်တော်တဲ့ thin min ပဲ ။ လေးစားပါတယ် ။ ဘာစာအုပ်တွေဖတ်ပါသလဲ။ အူးတာဗျင် ကြည့်တာ… ဟိဟိ… 🙂

    • thit min

      September 7, 2011 at 7:09 am

      (လမ်းသွားရင်းချေဖဝါးကို စူး တဲ့)
      “ဆူး” ပါ။
      နှုက်လို့ယူလို့ရခဲ့ ရင် လမ်းမှာထားလို့ နှုက်လိုု့ယူလို့မရတော့
      လဲအိမ်ကြမှထွင်ရမှာပေါ့နော်

      • thit min

        September 7, 2011 at 11:22 am

        ယူလို့ရရင်ထားခဲ့မယ်…..ယူလို့မရရင်အိမ်သယ်သွားမယ်…အဖြေကိုဖြေတာလေ..
        (လမ်းသွားရင်းချေဖဝါးကို စူး တဲ့)
        “ဆူး” ပါ။
        နှုက်လို့ယူလို့ရခဲ့ ရင် လမ်းမှာထားလို့ နှုက်လိုု့ယူလို့မရတော့
        လဲအိမ်ကြမှထွင်ရမှာပေါ့နော်

  • yetazar

    September 6, 2011 at 12:54 pm

    ၁။ ခေါင်းခု
    ၂ ။ တစ်ဆယ့်ခြောက်ပြည်ဝင်တင်းတောင်း
    ၃ ။ကျောက်ပျဉ်
    ၄ ။ ချိန်ခွင်
    ၅ ။ ကျောက်ပျဉ်ဘေးမှ ရေထည့်သောနေရာနှင့် အလယ်မှသွေားထားသောသနပ်ခါး
    ၆ ။အုန်းသီး
    ရ ။ အမိုး/ထရံ ပေါက်တို့မှ ဖြာကျနေသော နေရောင်ခြည်
    ၈ ။ ချိန်ခွင်
    ၉ ။ အပ် နှင့် အပ်နဖားပေါက်ထဲသို့ထိုးသွင်းထားသော အပ်ချည်
    ၁ဝ ။ အပ်

  • blackchaw

    September 7, 2011 at 4:17 pm

    အိုင်ဆေး blackprince72
    သိတ်ကောင်းတဲ့မေးခွန်းလေးတွေပဲဗျို့
    ဒီအမှုက တရားခံဖေါ်ဘို့ နည်းနည်းခက်လိမ့်မယ်
    ကျုပ်တို့လူကြီး ဆားပုလင်း yetazar ဖြေထားတာသာ ကြည့်လိုက်ပါဗျာ။
    yetazar ရေ နောက်တာနော် စိတ်မဆိုးနဲ့….။

Leave a Reply