ပါလေရာ …ငပိချက်

naywoon niSeptember 5, 20111min8712

နေရာတစ်ကာမှာ
ငါမပါ
ဘယ်အရာမှမပြီး…။
နေရာတစ်နေရာ
ငါ့ဖာသာ
တစ်ယောက်ထဲလည်း
ဘယ်ဟာမှမပြီး…။
ဒါပေမဲ့လည်း နေရာတစ်ကာ
ငါပါတတ်၏ ..။ ရွာအသိ………။

နေဝန်းနီ

12 comments

  • windtalker

    September 5, 2011 at 8:00 pm

    အဘနီ က တော့
    ဘယ်သူ ့ကိုလည်း မသိ
    အတိုနဲ ့ထိုးလိုက်ပြီ
    မအီးတုံး နဲ ့
    နွယ်ပင် တို ့ကတော့
    တန်းသိမှာပဲ
    ကျွန်တော် လည်း သိချင်ပါ၏

  • naywoonni

    September 5, 2011 at 8:17 pm

    ဒီနေ့ ကဗျာနှစ်ပုဒ်တင်တာ တော်ကာရေ……… ပထမတင်တဲ့ တစ်ပုဒ်က ခုထိမတက်သေးဘူး…။ အယ်ဒီတာ အက်ဒစ်လုပ်တုန်းလားမသိဘူး ကိုယ့်မှာ ထလို့ မရသေးဘဲဆက်ထိုင်စောင့်နေရသကွဲ့…။ အော်……. စုက္ခ….စုက္ခ…။ ဘယ်သူ့မှ အတိုနဲ့ မထိုးပါဘူးကွယ်…။ ရွာထဲက ရှိတဲ့ ကိုပါလေရာကိုလည်းပြောတာမဟုတ်ပါဘူး…။ ဟိုတစ်ခေတ်က ဝတ္ထု စာအုပ်တွေမှာ ရှေ့ဆုံးကနေရေးကြသလို ” ဘယ်သူ့ကိုမှ မရည်ရွယ်ပါ…။ တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါ” လို့ ရေးပေးရဦးမှာလား…။ အဲဒါကြောင့် ဘယ်သူ့ ဘယ်ဝါ့ကို မှ မပြောရဲပါဘူးကွာ…။ အားလုံးကိုပြောတာပါ…။ အဲဒိအထဲမှာ ဟော့ဒိက နေဝန်းနီလည်းပါပါတယ်…။ ဒို့လူမျိုးတွေမှာ ပညာလေးနဲနဲ တတ်လာရင် အဲဒိလိုလူမျိုးတွေ ကများတယ် …။ ရေးထားတာကကြာပါပြီ..။ ခုမှ စာအုပ်ဟောင်းထဲကတွေ့လို့ တင်ပေးလိုက်တာပါ…။

  • ရဲအောင်

    September 5, 2011 at 8:33 pm

    ငပိချက် မြင်လို့ ဗိုက်ဆာဆာနဲ့ဝင်လာခဲ့တာ ကဗျာ ငပိချက်ပေကိုး…..။

    • မီးမီး သော်

      September 6, 2011 at 12:22 pm

      ကဗျာ ငပိချက်လဲ ငရုတ်သီးထောင်းလေးနဲ ့ဝင်ချက်စားလိုက်ပေါ့ ကိုရဲအောင်ရယ်။

  • minthar

    September 5, 2011 at 8:39 pm

    လောကမှာ အားလုံးတွေက တိုက်ဆိုင်နေတာချည်းပါပဲ..၊ ဒွတ်ခ ဒွတ်ခ ဒွတ်ခ ။

  • ကြောင်ကြီး

    September 6, 2011 at 11:30 am

    ပါလေရာငါးပိ
    ပိလေရာငါပါ
    ရှိစေကွာမနာ
    ငြိနေတာတဏှာ….။

  • etone

    September 6, 2011 at 11:43 am

    လူငပိချက်ကတော့ … သူများ မျက်မုန်းကျိုးပေမဲ့ … စားစရာ ငပိချက်ကတော ့.. အရမ်းစားလို့ကောင်းတယ် ဟီးဟီး 😀 😀

  • မောင်ဘလိူင်

    September 6, 2011 at 11:47 am

    ဦးနီက မဂ္ဂဇင်းတွေမှာ ရေးနေတဲ့ စာရေးဆရာ နေဝန်းနီ လား ခင်ဗျ..။

    • etone

      September 6, 2011 at 11:57 am

      အိမ်း … ဟုတ်သကွဲ့ …. 🙄 နာမည်ကျော် ဆရာကြီး နေဝန်းနီဆိုတာ ဦးလေးပဲ … 😀 😀

  • yetazar

    September 6, 2011 at 12:01 pm

    နေရာတစ်ကာမှာ
    ငါမပါ
    ဘယ်အရာမှမပြီး…။
    နေရာတစ်နေရာ
    ငါ့ဖာသာ
    တစ်ယောက်ထဲလည်း
    ဘယ်ဟာမှမပြီး…။
    ဒါပေမဲ့လည်း နေရာတစ်ကာ
    ငါပါတတ်၏ ..။ ရွာအသိ………။ ။
    အဲဒီလိုလူမျိုး ကျွန်တော်တို့မြို့မှာလည်းရှိတယ်ဗျို့ ။ အားလုံးမှာသူပါတယ် ။ အောက်ခြေကပါတာမဟုတ်ဘူးနော် ။ ဥက္ကဌမဟုတ်ရင် အတွင်းရေးမှူးတဲ့ဗျို့ ။ ဘယ်အဖွဲ့မှာမဆို ပါလေရာငပိချက်ဗျ ။ ကဗျာလေးကိုအရမ်းကြိုက်တယ်ဗျာ ။ ။

  • naywoonni

    September 7, 2011 at 6:29 pm

    ဟုတ်လား ကိုဘလှိုင်ရေ…….. ဘယ်မဂ္ဂဇင်းမှားလဲဗျ…။ ကျွန်တော့်စာတွေက ဘယ်ကမှ မရွေးလို့ အပယ်ခံ စာလေးတွေ အင်တာနက်ပေါ်မှာ တင်နေရတာပါ…။ ကျွန်တော် နာမယ်ပြောင်းသုံးလိုက်မယ်လေ… ကျေးဇူးပဲ..။ အဲဒိမဂ္ဂဇင်းလေးတော့ ပြောပြပေးပါ………။ ကျွန်တော်တို့ဆီက စာအုပ်စုံအောင်မရောက်ဖူးဗျ……

Leave a Reply