ဖြေကြစို့ စကားလိမ်

Mobile HouseSeptember 5, 20111min2958

အောက်ပါစကားလိမ်တို့ကို ဖြေပါ။

သိတဲ့သူတွေသိမှာပါ။မသိတဲသူတွေဖို့ ဥပမာ တစ်ခုရေးပေးလိုက်ပါတယ် ။

ဥပမာ-ဆက်ရက်သုံးကောင် အိုးမှာလှောင်၊ အတောင်ဘယ်က ခပ်သလဲ။

ညဉ့်နက်သန်းခေါင် ခွေးကဟောင် အမောင်ဘယ်ကတက်မလဲ။

 

(၁) ဇာခြင်တောင် မီးလောင်ပေါက်ရယ်။

(၂)သေတ္တာထဲမှာကြိုးခွေ။

(၃)သေတ္တာထဲမှာကြိုးရှင်း။

(၄))သေတ္တာထဲမှာကြိုးရှုပ်။

(၅)မန်ကျည်းပင်စာဆွဲ။

(၆)လှေကားရင်းမှာ

(၇)ထန်းလျက်နှစ်လုံးပြူး ။

(၈)ပိတ်ပင်မှာဖော့၊ စာမစား ၊ အဖျားစိမ်းလဲ့လဲ့ ။

(၉)မရောင်းရ အိုးနဲ့ဖျာ။

8 comments

  • thit min

    September 5, 2011 at 9:11 pm

    • မး ။ ။ ကုလားကလယ်
    • ဖြေ ။ ။ ငါး ငါးဖယ်
    • မေး ။ ။ အုတ်ကန်သုံးဆယ် အရွယ်လှတယ်
    • ဖြေ ။ ။ ကျုပ်ပြန်အုံးမယ် သူငယ်မရယ်
    • မေး ။ ။ အုပ်ဖို အုပ်ဖိုဘူတာ
    • ဖြေ ။ ။ ကျုပ်ကို ကျုပ်ကိုယူပါ
    • မေး ။ ။ မရောင်းရ အိုးနဲ့ဖျာ
    • ဖြေ ။ ။ တပေါင်းလ ခိုးလှည့်ပါ
    • မေး ။ ။ ကံရှိတော့ ဥစ္စာတင်
    • ဖြေ ။ ။ ဉာဏ်ရှိတော့ ဟုတ်ရာမြင်
    • မေး ။ ။ ကြယ်ယာရှိမှ ပေါ်လွင်
    • ဖြေ ။ ။ ပညာရှိမှ ခေါ်ချင်
    • မေး ။ ။ ကြည့်တတ်တော့ ဘာဝနာ
    • ဖြေ ။ ။ မကြည့်တတ်တော့ တဏှာ
    • မေး ။ ။ ကျွဲလဲ ချိုကျိုး
    • ဖြေ ။ ။ သမီးလည်း လူခိုး
    • မေး ။ ။ ချည်ကသေးလို့ နားမလည်
    • ဖြေ ။ ။ ငယ်ပါသေးလို့ နားမလည်
    • မေး ။ ။ ခွေးမရောက် အိမ်မိုးခေါင်
    • ဖြေ ။ ။ လူမရောက် မြင့်မိုရ်တောင်
    • မေး ။ ။ စံပယ်ဖြူပန်
    • ဖြေ ။ ။ အရွယ်သူကြံ
    • မေး ။ ။ ထန်းလျက်နှစ်လုံးပြူး
    • ဖြေ ။ ။ တစ်သက်မမုန်းဘူး
    • မေး ။ ။ သေတ္တာထဲကြောင်အော့
    • ဖြေ ။ ။ မင်းနှစ်မငါချော
    • မေး ။ ။ ဆီးမီးခွက်ရယ် ဂျောင်ဂျင်
    • ဖြေ ။ ။ ဆေးတံပေးပါ မောင်ရယ်
    • မေး ။ ။ ပိန်းပင်မှာ ဖော့ အင်းမှာမျှော့
    • ဖြေ ။ ။ အိမ်ချင်ပါပေါ့ ဆင်းပါတော့
    • မေး ။ ။ ခြင်းကျားကွမ်းချ
    • ဖြေ ။ ။ စဉ်းစားလည်း လွမ်းရ
    • မေး ။ ။ သပြေပန်း တစ်ခက်နှစ်ခက်
    • ဖြေ ။ ။ မသွေတမ်း တစ်သက်နှစ်သက်
    • မေး ။ ။ မဆင်းဘူးလဲ
    • ဖြေ ။ ။ ပဲလွန်သီး
    • မေး ။ ။ လင့်စင်စပါး စာမစား အဖျားစိမ့်လဲ့လဲ့
    • ဖြေ ။ ။ နင့်ပြင်ရည်စား ငါမထား ဘုရားစူးပါကွယ့်
    • မေး ။ ။ ကတိကိုလည်း တစ်လုံးမပျက်နှင့်
    • ဖြေ ။ ။ တပည့်ကိုလည်း အမုန်းမဖက်နှင့်
    • မေး ။ ။ မန်းကျည်းပင် စာဆွဲ
    • ဖြေ ။ ။ ညည်းလင် ငါဘဲ
    • မေး ။ ။ ကာမကျူး မွဲ
    • ဖြေ ။ ။ သေရည်ကျူး လဲ
    • မေး ။ ။ ကွမ်းရွက်နဲ့ ဆား
    • ဖြေ ။ ။ လွမ်းလျက်(ရက်)နဲ့ သွား
    • မေး ။ ။ ဘုရားလေးဆူပိတ်ဖြူနဲ့ထား
    • ဖြေ ။ ။ မင်းနှမငါယူ စိတ်တူရဲ့လား
    • မေး ။ ။ သေတ္တာထဲမှာ ကြိုးရှင်း
    • ဖြေ ။ ။ မောင်လာရင် မိုးလင်း
    • မေး ။ ။ သေတ္တာထဲမှာ ကြိုးရှုတ်
    • ဖြေ ။ ။ မောင်ရင်လာ မိုးချုပ်
    • မေး ။ ။ ကြက်ဆူပင်ဓားမောက်စိုက်
    • ဖြေ ။ ။ လင်လို ချင်လို့ ဆံတောက်ကိုက်
    • မေး ။ ။ လှေကားမှာ ဇယားနဲ့သော့
    • ဖြေ ။ ။ နှမချင်းစာ မလာနဲ့တော့
    • မေး ။ ။ သေတ္တာထဲကြိုးခွေခွေ
    • ဖြေ ။ ။ မောင်ရင်လာ မိုးစွေစွေ
    • မေး ။ ။ သေတ္တာထဲ ကြိုးရှုပ်ရှုပ်
    • ဖြေ ။ ။ မောင်ရင်လာ မိုးချုပ်ချုပ်
    • မေး ။ ။ ကွမ်းရွက်နဲ့ဆန် ကွမ်းရွက်နဲ့ဆန်ကွဲ
    • ဖြေ ။ ။ လွမ်းလျက်နဲ့ပြန် လွမ်းလျက်နဲ့မောင်ခွဲ
    • မေး ။ ။ ထားဝယ်ချောင်းမှာ ဒေါင်းတွေ့တယ်
    • ဖြေ ။ ။ ငယ်ကပေါင်းမို့ အောက်မေ့တယ်
    • မေး ။ ။ ကျွန်းတုံး ကြောင်းလျှောက်
    • ဖြေ ။ ။ လွမ်းတုန်း မောင်ရောက်
    • မေး ။ ။ ငစိန်စပါး အငယ်မှား ဇလားနဲ့လား တင်းနဲ့လာ
    • ဖြေ ။ ။ ချစ်သူရည်းစား နောက်မှာထား မယားပါသလား သားပါသလား
    • မေး ။ ။ ပုဝါပါးကို ကြက်သားထုပ်တော့ စွန်းတတ်တယ်
    • ဖြေ ။ ။ တစ်ရွာသားကို ရည်းစားလုပ်တော့ လွမ်းတတ်တယ်
    • မေး ။ ။ ခြုံကြိုခြုံကြား ပေါက်တဲ့ဝါး အဖျားခပ်သွယ်သွယ်
    • ဖြေ ။ ။ အိမ်ကြိုအိမ်ကြား မွေးတဲ့သား စကားခပ်သွယ်သွယ်
    • မေး ။ ။ ကျွဲချိုပေါ် ငှက်ခါးဥ
    • ဖြေ ။ ။ မောင်ရင်နှစ်ပါး ရည်းစားလု
    • မေး ။ ။ ဇာခြင်တောင် မီးလောင်ပေါက်တယ်
    • ဖြေ ။ ။ မလာချင်ပေါင်း ညည်းမောင်ကြောက်တယ်
    • မေး ။ ။ ခမောကဖျား စပါးသီး
    • ဖြေ ။ ။ သဘောက်သား စကားကြီး
    • မေး ။ ။ သေတ္တာထဲမှာ ကြိုးတစ်ခွေ
    • ဖြေ ။ ။ မောင်ရင်လာ မိုးကစွေ

    Credit to မြန်မာစာ မြန်မာစကား………http://myanmarsar.zaung.net

  • မီးမီး သော်

    September 5, 2011 at 11:28 pm

    ကိုသစ်မင်း ပြောပြလိုက်မှ အားလုံးရှင်းသွားတော့တယ်။တော်လိုက်ကြတာနော်

  • pan pan

    September 6, 2011 at 11:47 am

    ဟိုဟာလေးရှိသေးတယ်
    ဘာတဲ့…
    မန်ကျီးပင်ကောက်ကွေး လောက်လေးနဲ့ဆော်
    နင့်နှမဆံတောက်လေး နောက်ဖေးကမျှော်
    ငယ်ငယ်က အမေက စကားလိမ်လေးတွေသင်ပေးတယ်
    သားအမိနှစ်ယောက် စကားလိမ်ဖွက်တာလေ
    ကိုသစ်မင်းပြောတဲ့ စကားလိမ်ထဲက တချို့လည်း ပါသပေ့ါ
    ကိုသစ်မင်းကောင်းမှုနဲ့ ပြန်မှတ်မိသေးတော့
    မသိတာတွေလည်း သိရပါပေ့ါ

  • monmon

    September 6, 2011 at 12:22 pm

    (၁) ဇာခြင်တောင် မီးလောင်ပေါက်ရယ်။
    မလာချင်ပေါင် မင်းမောင်ကြောက်တယ်။

  • etone

    September 6, 2011 at 3:37 pm

    မြန်မာစကားက တယ်မလွယ်တာပဲ ….. ဟိုလိုလို ဒီလိုလိုရေးထားပြီး .. ရေလာမြောင်းပေးစကားတွေ လုပ်ထားသလိုပဲနော် .. 🙄

  • nature

    September 7, 2011 at 6:58 am

    သံသေတ္တာကြီးချာချာလည်။
    ရန်ဖြစ်ချင်လို့လာပါတယ်။

  • Shwe Ei

    September 7, 2011 at 11:05 am

    ဝို်င်းကြီးပတ်ပတ် ဒူဝေဝေ၊ ကျားကြီးကိုက်လို့သေပါစေ။ (ငယ်ငယ်က ဆော့ရင်း အော်နေကျ၊ ဘာသဘောလဲတော့ သိဝူး)။

Leave a Reply