Gtalk နှင့် ရွှေဈေး၊ဒေါ်လာဈေး ကြည့်ရှုခြင်း

minthakhinSeptember 5, 20111min12912

Gtalk  အကောင့်တစ်ခုရှိရင် ရွှေဈေး၊ဒေါ်လာဈေး (ယနေ ့)ပေါက်ဈေးတွေကိုကြည့်လို ့ရပါပြီ။
အရင်ဆုံး myanmar.exchange.30 ကို အရင် add ရပါမယ်။ သူလက်ခံလို ့ ရပြီဆိုတာနဲ ့
help လို ့ရိုက်လိုက်ပါ။ အဲဒီမှာပေါ်လာတဲ့စာကို ဖတ်ကြည့်ပြီး ဆက်လုပ်သွားရုံပါဘဲ။
ဥပမာ။ ရွေဈေးသိချင်ရင် gold or GOLD လို ့ရိုက်၊ ဒေါ်လာဈေး (us) သိချင်ရင် usd or USD (စာလုံးကြီးကြီး၊သေးသေး ကြိုက်လလိုရိုက်ပါ) လို ့ရိုက် လိုက်ရုံပါဘဲ။လွယ်ပါတယ် သူရှင်းပြထားတာလဲ။
တင်ပြီးသားရှိရင်လဲ ဒီပို ့စ်ကိုပြန်ဖျက်လိုက်ပါ သဂျီးရေ။ ကျွန်တော်က မတင်ရသေးဘူးလို ့ထင်ပါတယ်။
အားလုံးသိစေချင်ရုံ စိတ်စေတနာနဲ ့မျှဝေပေးလိုက်ပါတယ်။
ပထမဆုံး ပို ့စ် စရေးတာဆိုတော့ အမှားပါရင် သည်းခံခွင့်လွှတ်ပေးကြပါလို ့။

12 comments

  • kai

    September 6, 2011 at 5:06 am

    မြန်မာပြည်ဒေါ်လာဈေးနဲ့.. ရွှေဈေးကို… ၁ဝနှစ်စာ..နိုင်ငံရေးသတင်းထူးတွေနဲ့ ဆက်စပ်ပြီး Time line ဇယားဆွဲထားတာလိုချင်တယ်ဗျာ..။
    ဘယ်နားရှာရမလည်း..။
    ဥပမာ။ ။ တော်လှန်ရေးနေ့ တပ်ချုပ်မိန့်ခွန်းပြောချိန်၊ ဒေါ်စုအကျယ်ချုပ်လွတ်ချိန်၊ ရွေးကောက်ပွဲလုပ်ချိန်၊
    စသဖြင့်နဲ့.. အဲဒီအချိန်မှာရှိတဲ့.. ငွေ-ရွှေဈေးဈေးပေါ့..။

    • moegyothwar

      September 6, 2011 at 10:07 am

      ကို Kai ရေ…
      ၅ နှစ်စာဇယားတော့တွေ့ဘူးတယ်ဗျ။ ကျွန်တော်ရှာပေးမယ်.

      • kai

        September 6, 2011 at 10:40 am

        ကျေးဇူးပဲနော…။
        အဲဒါကို.. သတင်းတွေနဲ့ ဆက်စပ်တင်လိုက်ရင်.. ငွေဈေးက..ဘယ်ဟာကို မူတည်ပြီး.. အပြောင်းအလဲဖြစ်တယ်..ပေါ်လွင်လာမယ်ပေါ့..။

        ဗေဒင်ကိန်းခန်း ယုံတဲ့ ကိုရင်ကြောင်ကြီးတို့လည်း.. ငွေဈေးတက်ကျ ဇယားနဲ့.. ၂လုံးထီဂဏန်းထွက်ကိန်း… ဆက်စပ်လိုက်ရင်.. အိုကေနိုင်တာပဲ..။ 🙂

  • ကြောင်ကြီး

    September 6, 2011 at 7:53 am

    ကျနော့်မှာ ဗေဒင်ကိန်းခန်းအလို၊ ဂြိုလ်သွားဂြိုလ်လာအရ ချိန်ကိုက်မှတ်တမ်းတင်ထားတဲ့ ဇယားတော့ရှိတယ်။ လိုချင်လား၊ တခုတော့ရှိတယ် နတ်၊ဗေဒင်၊ ဂမ္ဘီရ၊ ရှေ့နောက်ဘဝ မယုံသူတွေကိုတော့ မပေးဘူး..။

    • windtalker

      September 13, 2011 at 8:22 pm

      “ မနောမရ အောင်ကြူး ” ၏
      အလန်းဇယား များ ပေါ့လေ …
      🙂
      minthakhin က အခုလို မျိုး
      ပို ့စ်လေး တင်ပေးတဲ့အတွက် အကျိုးအများကြီး ရရှိပါတယ်
      ရှဲရှဲ

  • nature

    September 6, 2011 at 8:58 am

    ကျေးဇူးတင်ပါတယ်။ ဒေါ်လာဈေး ကြည့်နည်းသိပေမဲ့ ရွှေဈေးကြည့်နည်းတော့ ခုမှပဲသိတော့တယ်။

  • etone

    September 6, 2011 at 3:50 pm

    ဟီးဟီး .. ဒီပို့စ်ကို ဝင်ကြည့်တော့မှ …ညီမငေး ပေးစေးကွိကို ပြန်သတိရတယ်… ။ အရမ်းစလို့ကောင်းတယ် … ။အရင်က ရွာထဲမှာ … ဒေါ်လာဈေးဂျီတော့က သိချင်လျှင် ဘယ်လိုလုပ်ရမလဲ သူစတင်တာ .. သူမတင်ကတည်းကကို ရွာထဲကလူတွေ အတော်များများ …သိပြီးသားကြီးမို့ … ကျွန်မနဲ့ အာဖျံကွီးနဲ့က ညီမငေးမောမှာစိုးလို့ ဆိုပြီး ပို့စ်တင်စဖူးတယ် … 😛 ဟီးဟီး အခုလည်း ပေးစေးကွိ ရဲ့ မမ ထင်ပါရဲ့ … 😀

    ဒါနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီပို့စ်ကို မဖတ်ခင်လေးတင် ကျွန်မမှာ နဂိုကတည်းက အက်ထားတဲ့ အကောင့်ကနေ … ဒေါ်လာဈေးစုံစမ်းတော့ … ဘာတဲ့ … myanmar.exchange.32: Bot connection failed တဲ့လေ … ။ 😛 😛

  • manawphyulay

    September 13, 2011 at 4:05 pm

    အမဆီမှာတော့ ဘာနံပါတ်မှမပါဘူး။ အဘိဓာန်တွေကော ပါဠိအဘိဓာန်တွေ၊ ငွေဈေးနှုန်း၊ ကုမ္ပဏီလိပ်စာရှာတဲ့ဆိုက်တွေ ဆားဗစ်ပေးတဲ့မေးလ်တွေ အကုန်အပ်ထားတယ်။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 13, 2011 at 5:21 pm

    အဲလို လဲကြည့်လိုရတယ်ပေါ့။မဆိုးဘူးဗျို့။

  • မှော်ဆရာ

    September 13, 2011 at 11:16 pm

    တကယ်ကို ကျေးဇူးတင်ပါတယ်
    အသုံးတည့်တယ်

Leave a Reply