မောင်ပေ၏ ဒိုင်ကြောင်များ

မောင် ပေSeptember 6, 20111min1098

မင်္ဂလာပါ ခင်ဗျာ ။

ကျွန်တော် အခုရေးသော စာသည် ၊ စိတ်ကူးယဉ်တတ်သူ ၊ စာဖတ်ဝါသနာပါသူ လူငယ်များ ကို ရည်ညွှန်းပါသည် ။

အသက် ကြီးပိုင်း စာဖတ်သူများ ကို မရည်ရွယ်ပါ ။သိရှိပြီး ဖြစ်လျှင် ကျွန်တော့်စာအတွက် တင်ကြို တောင်းပန်ပါသည် ။

စဉ်းစားမိသော အတွေးများ ကို ရေးပြချင်းဖြစ်ပါသည် ။

ဘရာဇီးနိုင်ငံ မှာ လည်း အခြေခံ လူတန်းစားတွေ ရှိပါတယ် ။

တစ်ချို  ့က အိမ်ထောင်ရှင်တွေ ပေါ့ ။

သူတို ့နိုင်ငံ ရုပ်သံ လိုင်း တွေ ထဲ မှာ သတင်းလွှင့်တဲ့ လိုင်း တို ့၊ ဒရမာ လိုင်းတို ့ဘာတို ့ရှိတာပေါ့ ။

ပြောချင်တာက ၊ သူတို ့ဆီ မှာ လွှင့်တဲ့ ရုပ်ရှင် ဇါတ်လမ်းတွေ က လည်း ၊ များသောအားဖြင့် အပေါစားဇါတ်လမ်းတွေ ပါပဲ ။

ဥပမာ ဆိုရရင်..သူဌေးသား နဲ ့ဆင်းရဲသမီး လေး တို ့ချစ်ကြိုက်ကြပြီး ယူသွားတယ် ။ ဆင်းရဲသမ လေး က ချမ်းသာသွာတယ် ပေါ့ ။

သူဌေးသမီး နဲ ့ဆင်းရဲသားလေး နဲ ့ချစ်ကြိုက်ကြတယ် ။ ညားကြတယ် ။ ဆင်းရဲသားလေး ဘဝပြောင်းသွားတယ် ။

အဲဒါက ရုပ်ရှင်ထဲ က ဇါတ်လမ်း ။

သူတို ့ဆီ မှာကြ ၊ သာမန်အခြေခံ လူတန်းစားတွေ ထဲ က အိမ်ထောင်ရှင်မ တွေဟာ ၊ အဲဒီလို ဇါတ်ကားတွေ ကို သဲကြီးမဲကြီး အဆက်မပြတ် ကြည့်ကြပါသတဲ့ ။

ကြည့်ပြီး ရုပ်ရှင်ထဲ က အတိုင်း စိတ်ကူးတွေ ယဉ်ပြီး ၊ အိမ်အလုပ် တာဝန်တွေ ကို မလုပ်ကြတော့ ပဲ စိတ်ကူးပဲ ယဉ်နေတာနဲ ့..။

အိမ်ထောင်ရှင် အမျိုးသား တွေ နဲ ့ပြဿနာ တွေ ထတက်ကုန်ကြပါလေ ရော တဲ့ဗျာ ။

ဒီလိုပါပဲ…

ကျွန်တော် တို ့ရသစာပေ ဖတ်တယ်ဆိုတာလည်း ၊ အားလပ်ချိန် ရှိလို ့ပါ ။

အလုပ်ကိုယ်စီ ရှိနေပေမယ့် လည်း ၊ အလုပ်က အားချိန်လေး မှာ ၊ ကိုယ်ကြိုက်တဲ့ စာ ၊ ကိုယ်ဖတ်ချင်တဲ့ စာရေးဆရာ ရဲ  ့စာ ကို အပြေးလေး ဖတ်ကြရတာပေ့ါ ။

ရသစာ က စာ ၊ ပြင်ပ လက်တွေ ့ က ပြင်ပ လက်တွေ ့ပါပဲ ။

ကိုယ်ဖတ်ခဲ့တဲ့ စာထဲ က အတိုင်း ကိုယ့်လက်ရှိ ဘဝ ဟာ တစ်သားထဲ ကျချင်မှ ကျမှာပါ ။

ကိုယ်ဖတ်တဲ့ ဝတ္ထုဇါတ်လမ်း ကို ကြိုက်နှစ်သက်သွားပြီး ၊ ငါ လည်း ဝတ္ထု ထဲ က မင်းသားလို ၊ မင်းသမီးလို ဖြစ်လာရင် ဆိုပြီး စိတ်ကူးပဲ ထိုင်ယဉ်နေလို ့မရပါဘူး ။

အပြင်မှာပါ တစ်ကယ် လက်တွေ  ့ဖြစ်လာအောင် ကြိုးစားကြရမှာပါ ။

မဟုတ်ရင် စာ က စာအုပ်ထဲ မှာပဲ ကျန်ခဲ့မှာပါ ။

စာဖတ်တာ အရမ်းကောင်းပါတယ် ။ ကိုယ်မသိတာတွေ သိလာရတယ် ။

အပြင်လက်တွေ ့မှာ ၊ ကိုယ်ဖတ်ဖူးခဲ့တဲ့ ဇါတ်လမ်းထဲ က ၊ စာထဲက လို ပြဿနာ ကြုံ လာရင် ။

ဇါတ်လမ်းထဲ က လို လွယ်လွယ် မဖြေရှင်းနိုင်တောင် ၊ ဖြေရှင်းဖို ့နည်းလမ်း ကို အလွယ်တကူ စဉ်းစားနိုင်ပါတယ် ။

ကျွန်တော် ရေးခဲ့တဲ့ ကျောက်စိမ်းအကြောင်းနဲနဲလေး တွေ ဖတ်ပြီး ၊ ကျောက်အကြောင်း နဲနဲလေး သိလာရသလိုမျိုးပေါ့ ။

စာတွေ ဖတ်ရင်း နဲ ့ကိုယ်ဖတ်တဲ့ စာအုပ် ကို ကြိုက်မိရင် ၊ စာရေးသူ  ကို သဘောကျ လာတယ် ။

နောက်ပိုင်းကြ စိတ်ကူးယဉ် လွန်ပြီး ၊ ကိုယ်ဖတ်တဲ့ စာကို မဖတ်ဖူးသူ ဟာ ကိုယ့်လို မတော်ဘူး ၊ မထူးချွန်ဘူး ဆိုပြီး စိတ်ထဲ ဝင်လာတတ်ပါတယ် ။

စဉ်းစားစရာ လေး ရှိပါတယ် ။

ကိုယ်လုပ်တာ ကို လိုက်မလုပ် လို ့၊ အပြစ်သွားပြော ရင် ပြဿနာ တွေ တက်ကုန်မှာပေါ့ ။

ဥပမာလေး တစ်ခု ရေးပြချင်ပါတယ် ။

ကိုယ် က လည်း ကားထုတ်လုပ်ရေး ပိုင်ရှင်တစ်ယောက် ၊ သူ က လည်း ကားထုတ်လုပ်ရေး ပိုင်ရှင် တစ်ယောက်…

ကိုယ်က လမ်းမှာ ကားဘီးပေါက်တာ ကိုယ်တိုင် ကြုံခဲ့ဖူး ၊ ဘီးဖာဆိုင် မတွေ ့လို ့ ကိုယ်တိုင် ကားဘီးကို ဖာခဲ့ဖူး တယ် ။

အဲဒါ ကို ၊ သူ ့ကို သွားပြီး  ` ခင်ဗျားလည်း ကားထုတ်လုပ်နေတာပဲ ၊ ခင်ဗျား ကား ကို ကိုယ်တိုင် ဘီးဖာ ဘူးသလား ၊ ကိုယ်တိုင် ဘီးဖာနိုင်လား ´…

လို ့မေးပြီး ၊ သူ က ` မဖာတတ်ပါ ၊ မဖာဘူးပါ ´ လို ့ပြန်ဖြေခဲ့ရင်….

ကိုယ့်ကိုကိုယ် အင်မတန်ကြီးကျယ်တဲ့ သူရဲကောင်းကြီး လို မှတ်ပြီး ၊ ` ခင်ဗျား ကတော့ အလကားပဲ ´ လို ့သွားပြောရင် ၊ သေချာပေါက် ကွိုင်မှာပေါ့ နော် ။

စဉ်းစားစရာပါ ။

တစ်ကယ်လို ့သူ က ပြဿနာ မရှာပဲ ။ သူတတ်သိထားပြီးသား  ၊ ကိုယ် မသိ ၊ ကိုယ် မတတ် တဲ့  အကြောင်းအရာ တစ်ခု ကို ၊ `သိသလား တတ်သလား ´ လို ့၊ ကိုယ့်ကို ပြန်မေးရင်ကော ။

ကျွန်တော့်ဥပမာထဲ က ဇါတ်ကောင်နေရာ ကို အငှားဝင်ခံစားကြည့်ပါ ။

တစ်ကယ့် တစ်ကယ်တန်းကြ ၊ အခွန်မဆောင် ရသော စိတ်ကူးယဉ်ခြင်း သည် လူသားတို ့အတွက် သီးသန် ့စိတ်ဖြေဖျော်ရာ ဖြစ်သည် ။

သို ့သော်…စိတ်ကူးပဲ ယဉ်နေလျှင် လည်း ဘာမှ ဖြစ်မလာနိုင်ဘူး ဆိုတာ လေး ကို ပြောရင်း အဆုံးသတ်လိုက်ပါတယ် နော် ။

တစ်ကယ်တန်းကြ ဂေဇက်မှာ စာရေး ၊ စာဖတ်နေသူ တွေ အားလုံး ဟာ ။

အမြဲတက်ကြွ ကြိုးစားနေတဲ့သူတွေ ပါ ။

ကျွန်တော့် စာကတော့ ဥပမာ ပေးစရာ လေးသပ်သပ် ပါ ပဲ ။

————————————အားလုံးကို ကျေးဇူးတင်ပါသည်————————————

 

 

8 comments

  • ရင်နင့်

    September 6, 2011 at 1:25 am

    စာပေဟောပြောပွဲတစ်ခုမှာ ဆရာလယ်တွင်းသားစောချစ် ပြောတဲ့ဟာလေးသွားသတိရတယ်
    သူဆယ်တန်းတုန်းကတဲ့ သူဖတ်တဲ့ဝတ္ထုထဲက ဇာတ်ကောင်ကိုပုံတူကူးမိလို့ ဆယ်တန်းမဖြေဘဲ
    နဲ့ ခြောက်နှစ်လုံးလုံးလွမ်းနေတာတဲ့ ပြောလက်စနဲ့ဆက်ပြောလိုက်တော့မယ် သူဆယ်တန်းရောက်
    တော့ သူဝတ္ထုစာအုပ်တစ်အုပ်ဖတ်တာတဲ့ အဲ့ဒီမှာအဲ့ထဲကဇာတ်လိုက်က ဆင်းရဲတယ်တဲ့
    ဒါနဲ့ဆရာကလည်း ဟာကောင်းသဟပေါ့ ငါလည်းဆင်းရဲတယ်တဲ့ ပြီးတော့ သူဆက်ဖတ်တယ်
    သူ့အမေကမုဆိုးမပါတဲ့ ဟာ ငါ့အမေလည်းမုဆိုးမပဲပေါ့ ပြီးတော့ သချာင်္ဆိုလည်း မုန်းတယ်တဲ့
    ဟာတူပြန်ပြီပေါ့ ငါလည်းသချင်္ာကိုမုန်းတာ သချာင်္ဆရာမတောင်မကြည့်ချင်ဘူးတဲ့
    ကောင်လေးက ရည်းစားရှိတယ်တဲ့ သူတို့အတန်းထဲကပဲတဲ့ boss(မြန်မာလိုမပေါင်းတတ်လို့)
    သမီးတဲ့ ရုပ်ကလည်းချောတဲ့ ဟာ ဒီတစ်ချက်တော့မတူတော့ဘူးပေါ့ ငါ့ဆီမှာရည်းစားမရှိဘူး
    တဲ့ အဲ့နေ့ကစပြီး ဆရာလယ်တွင်းသားကြီးလည်း အတန်းထဲကကောင်မလေးတွေကို ပြစ်မှားတော့တာပဲတဲ့ ဒါပေမဲ့ အတန်းထဲကဆင်းရဲပြီးတော့ ရုပ်မချောတဲ့ကောင်းမလေးတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်တဲ့ နောက်ဆက်ရေးထားတာက ဇာတ်လိုက်က စာမေးပွဲ
    မဖြေတော့ဘူးတဲ့ ဟာ ကောင်းသကွာပေါ့ ငါလည်းမဖြေတော့ဘူးကွာ ဆိုပြီးမဖြေတော့ဘူးတဲ့
    အဲ့ဒီ ဝတ္ထုရဲ့အဆုံးမှာ စာရေးဆရာကရေးထားတာက သူသည်ခေါင်းငိုက်စိုက်ချရွေ့(မပေါင်းတတ်လို့)
    ထွက်ခွာသွားလေသတည်းတဲ့ ဒါနဲ့ ဆရာလည်း အဲ့နေ့ကစပြီးတော့ ခေါင်းငိုက်စိုက်ချပြီးတော့ပဲ
    လမ်းလျှောက်တယ်တဲ့ လွမ်းနေတာကို ၆နှစ်ကြာတယ်တဲ့

  • ရွှေဘိုသား

    September 6, 2011 at 9:32 am

    ကိုပေက လူငယ်တွေအတွက် ရည်ရွယ်ရေးတာဆိုတာ မှန်ပါတယ်
    လူငယ်တွေအဲလို စိ်တ်ကူးယဉ်တွေပဲ များတာတွေ.ဖူးတယ် ဝတ္ထုထဲကအတိုင်း ဖြစ်ချင်တာ
    တကယ်တမ်းကျတော. မကြိုးစားပါဘူး ကျနော်တို.လည်းအလိုတွေ ဖြစ်ဖူးပါတယ်
    တကယ်တော. စိတ်ကူူးယဉ်တာက အခွန်မဆောင်ရလို.ကောင်းပေမဲ.
    လက်တွေ.ဘဝကပဲ အဓိက ကျတယ်လို. ထင်ပါတယ်ဗျာ

  • ကြောင်ကြီး

    September 6, 2011 at 10:58 am

    ဒါဆို မဂ္ဂဇင်းရုပ်ရှင်ထဲက မင်းသမီးလေးတွေ ကြည့်ပြီး စိတ်ကူးမယဉ်ရတော့ဘူးပေါ့။ ရပ်ကွက်ထဲက မကြည့်ချင် မမြင်ချင်တာတွေကိုပဲ ရှာရတော့မယ်လို့ မောင်ပေပြောချင်သလား။ ကြောင်ကြီးက တော်ဝင်မင်းသမီး ကြင်လျာတော်လွဲလို့ ဘယ်မိန်းခလေးမှ စိတ်ဝင်စားဘူး..။

    • windtalker

      October 3, 2011 at 12:31 pm

      တော်ဝင်မင်းသမီး မှ
      ကြော်ယာတင် ချင်တယ် ဆိုတဲ့
      အကောင်ကြို
      အဘယ်ကြောင့်
      ကောက်ပို နှင့် ဖော တို ့တူမ များကို
      မျက်စောင်းထိုးနေရသနည်း
      စော့ရှိတ် …စော့ရှိတ်

  • မီးမီး သော်

    September 7, 2011 at 1:38 pm

    “”တစ်ကယ်တန်းကြ ဂေဇက်မှာ စာရေး ၊ စာဖတ်နေသူ တွေ အားလုံး ဟာ ။
    အမြဲတက်ကြွ ကြိုးစားနေတဲ့သူတွေ ပါ “”

    ကိုပေ့ ပြောသလိုပါဘဲ. MG ကိုအရမ်းကျေးဇူးတင်ပါတယ်ရှင်။

  • alinsett

    September 7, 2011 at 8:01 pm

    စိတ်ကူး ပဲ..ယဉ်နေရင် ဘာမှ ဖြစ်မလာ ဘူး ။ အဲဒီ စကားကို ကိုယ် တကယ် ့ကို လက်ခံ ပါတယ် ။

  • swam

    October 3, 2011 at 2:18 pm

    စိတ်ကူးနဲ့လက်တွေ့ကို တစ်ထပ်တည်းဖြစ်ပြီးအောင် လုပ်ဆောင်ကျင့်ကြံနေတတ်သော လူတစ်ယောက်က
    ် စိတ်ကူးယဉ် ခြင်းကိုအရင် ပြုလုပ်ကြတယ်ဗျ။ ပြီးမှလက်တွေ့ပေါ့ ။စိတ်ကူုးမယဉ်ဘဲနဲ့ မအောင်မြင်နိုင်ဘူး
    လို့ကျွန်တော်ထင်ပါတယ်။ 😮

    • windtalker

      October 3, 2011 at 6:24 pm

      swam ရေ ၊ ကွန်မင့် အတွက် ကျေးဇူးပါ
      ပြောချင်တာ က
      စိတ်ကူးယဉ်တယ် ဆိုတာ က
      မနက် အိပ်ယာနိုး ကတဲ က ယဉ်နေကြတာပဲ မလား
      ဥပမာ..မျက်နှာသစ် ရေချိုးနေရင်း ကို
      ဒီမနက်စာ ငါ ဘာစားရင် ကောင်းမလဲလို ့စဉ်းစား စိတ်ကူးယဉ်နေကြတာပဲမလား
      ကျုပ်ရေးထားတဲ့ စာ က
      စိတ်ကူးမယဉ်ဖို ့ပြောတာ မဟုတ်ပါဘူး
      စိတ်ကူးနဲ ့ပဲ ရပ်တန် ့မနေကြဖို ့ပါ
      ကျူးဇေး ဖော်ရော် ကွန်မင့်

Leave a Reply