အတ္တမဲ့အလွမ်း

“အတ္တမဲ့အလွမ်း´´

အောက်စီဂျင်မပါတဲ့လေကို

ဇွတ်တိုးလို့ရှူရှိုက်

နှလုံးသွေးတွေကိုဖေါက်ယူ

သေချာတယ် ..

လူဖြစ်တယ်ဆိုယုံလေး … ။

အိမ်မက်တွေဝေးကွာ

မျှော်လင့်ခြင်းကင်းမဲ့

နင်းထားတဲ့မြေကြီး

ဘယ်နေ့ပျောက်ကွယ်မလဲ

မရေရာ ….. ။

ငါ့နှလုံးသွေးနဲ့အသက်ရှင်သူတွေ

ငါ့တစ်ကိုယ်စာအောက်စီဂျင်ကို

လုယူရှူရှိုက်ပြီး

ခပ်မဲ့မဲ့အပြုံးတုနဲ့

ငါ့မျက်ခုံးပေါ်စင်္ကြ ံလျှောက်လို့ … ။

ငယ်ထိပ်ကိုစမ်းမိတော့

ဥနှောက်တွေလည်းဖေါက်စားခံခဲ့ရ

သေချာတယ် …

လူဖြစ်တယ်ဆိုယုံလေး …. ။ ။