လခြမ်းရင်သွေး

“`လခြမ်းရင်သွေး´´´

ဆန်းလသော်တာရဲ့အလင်းက

မိုင်ထောင်ချီဖြန့်ကျက်နိုင်ပေမယ့်

လခြမ်းရဲ့ရင်ခွင်ရိပ်မှာတော့

မှောင်မည်းတိတ်ဆိတ် … ။

မီးအိမ်ငယ်လေး

မလင်းတစ်လှည့်လင်းတစ်လှည့်နဲ့

လမျက်နှာပြင်ပေါ်လမ်းလျှောက်

မှောက်ရက်လဲခဲ့တာအကြိမ်ကြိမ် .. ။

အားတင်းကာကုန်းရုန်းထ

ထူမတ်မယ်မှမကြံသေး

ဂီရိဘေးကြောင့်ပြန်ပြိုလဲခဲ့ …. ။

`လဲရင်ပြန်ထ ဒါဘဝ ´ တဲ့

ဒါပေမယ့် …

ပြန်ထနိုင်စေချင်ရင်တော့

ခေါင်းကိုနင်းထားတာကိုတော့

ဖယ်ပေးစေချင်တယ် … ။ ။

One comment

  • yetazar

    September 6, 2011 at 12:28 pm

    နားလည်ခံစားပေးကြပါ ….. ။ ကိုယ်တွေ့ခံစားချက်လေးတွေပါ ။

Leave a Reply