မဖြစ်နိုင်ဘူ:ဆိုတာရှိတယ်

Mobile HouseSeptember 7, 20111min1297

မဖြစ်နိုင်တာမရှိဘူး။ကြိုးစားရင် ဘုရားတောင်ဖြစ်တယ် ပြောနေကြသူတွေ နဲ့ အပြောခံရသူတွေအတွက်ပါ ။

 

တစ်ခါက နယ်မြို့လေးကို မောင်အောင်အောင် တို့မိသားစု ပြောင်းလာကြတယ်။အဲ့ မြို့ မှာ အလယ်တန်းကျောင်းတစ်ကျောင်းရှိတယ် ။အဲ့ ကျောင်း မှာ ထူးသစ် ဆိုတဲ့ ဆရာတစ်ယောက်ရှိ တယ် ။ဆရာ က အတန်းထဲမှာ ပြောနေကြစကားတစ်ခွန်းရှိတယ် အဲ့ဒါက မဖြစ်နိုင်တာမရှိဘူး ဆိုတာပဲ။စာသင်ရင်လည်း ခဏခဏ ထည့်ထည့် ပြောတယ်။မောင်အောင်အောင် ကျောင်းတက်တော့ အဲ့ ဆရာ ရဲ့ အခန်းမှာ ကျတယ် ။ဆရာက လဲ မောင်အောင်အောင်စာ တော်တာကို သိတော့ မြေတောင် မြှောက်ပေးချင်တယ် ။အဲ့ ဒါနဲ့ တစ်ရက်ကျတော့ ကျောင်းလည်းဆင်းရော ခေါ်မေးတယ် ။မင်းက စာတော်တယ် မင်းကိုမြေတောင် မြှောက်ပေးမယ် ကြိုးစားရင် ဆရာဝန်ကြီးတွေ ၊ သမားတော်ကြီးတွေဖြစ်မှာတဲ့ ။အဲ့လိုပြောတော့ မဖြစ်နိုင်ပါဘူးဆရာရယ် လို့ပြန်ပြောတယ်။ အဲ့ ဒါနဲ့ သူပြောနေ ကျအတိုင်း မဖြစ်နိုင်တာမရှိဘူး။ကြိုးစားရင် ဘုရားတောင်ဖြစ်တယ် လို့ပြောတော့ ကျောင်းသား က သူက ဘုရားဖြစ်ချင်လို့ ကြိုးစားတာလေ ပါရမီ ပါလို့ဖြစ်တာလေ။ကျွှန်တော်မှ ဝါသနာ မပါပဲ ။ဆရာက ဟော…. ဝါသနာမပါရင် မဖြစ်ဘူး ဟုတ်လား ၊အင်းဒါလဲဟုတ်တာပဲဆိုပြီး အဲ့ ဒါဆိုမင်းက ဘာဝါသနာပါလဲ မေးတယ်။ကျောင်းသားက ဘောလုံးကန်တာဝါသနာပါတယ် တဲ့။အဲ့ ဒါဆို မင်းကို နိုင်ငံကျော် ဘောလုံးသမား ဖြစ်အောင် လုပ်ပေးမယ် တဲ့။အဲ့ ဒါလဲမဖြစ် နိုင်ပါဘူးလို့ ပြန်ပြောတယ်။အဲ့တော့ ဆရာက ဘာလို့ မဖြစ်နိုင်တာလဲမေးတော့ ခြေထောက်က  ကျိုးထားတာ တစ်သက်လုံး ဘောလုံးကန်လို့ မရ တော့ ဘူး တဲ့ ။ ဆရာက လေသံချိုချို နဲ့ တိုးတိုးလေး မေးလိုက်တယ် အဲ့ဒါဆိုဘာဖြစ်နိုင်မယ်ထင်လဲ တဲ့။ကျောင်းသားကပြန်ပြောတယ် အသက်ဆက်ရှင်ခွင့် ရမယ်ဆို ပညာသင်ပြီး ပညာတက်တစ်ယောက်ပဲဖြစ်လာမှာပါ။

 

ဖြစ်နိုင်တာ၊ဖြစ်သင့်တာ ပဲလုပ်ကြစို့။မဖြစ်နိုင်တဲ့ ဟာတွေမမှန်းပဲ ဖြစ်နိုင်တဲ့ဟာကိုပဲ အကောင်းဆုံးလုပ်ကြရအောင်။

သင်တို့ကော မဖြစ်နိုင်တာရှိတယ် ဆိုတာ လက်ခံလား ?

7 comments

  • nature

    September 7, 2011 at 7:18 am

    စိတ်မဝင်စားသောအရာ ကို မည်မျှပင် အခြေအနေကပေးစေကာမူ ကြိုးစားအားထုတ် မှုမရှိလျှင် မဖြစ်နိုင်ပါ။
    အခြေအနေကိုက မပေးသော ခြေကျိုးနေသူ ကိုဘော်လုံးကန်ဖို့ ကတော့ အခြေအနေကိုက မပေးသဖြင့် ကျိုးစားသော်လည်း မဖြစ်နိုင်ပါ။ အခြေအနေပေးသော ခြေထောက်ကောင်းသူများပင် ကြိုးစားသော်လည်း မှန်ကန်သောနည်းလမ်းကောင်းများကိုမသိရှိပါက မဖြစ်နိုင်ပါ။
    ဖြစ်ချင်တာ ဖြစ်နိုင်ဖို့ဆိုတာ အခြေအနေနဲ့ အချိန်အခါက ပေး တဲ့အခါမှာ ဖြစ်စေသောမှန်ကန်သော အကြောင်းတရားများကို ဖြစ်ချင်စိတ်အပြည့်ဖြင့်ကျိုးစားအားထုတ်လျှင် ဖြစ်နိုင်ခြေများပါသည်။

  • icecube

    September 7, 2011 at 8:57 am

    အရာရာအားလုံးဖြစ်နိုင်ပါတယ်- မဖြစ်သေးတာပဲရှိတယ် ပြောကြပေမဲ့…..
    မဖြစ်နိုင်တာတွေ လောကကြီးမှာ အများကြီး ရှိနေပါတယ် ။

  • blackchaw

    September 7, 2011 at 9:07 am

    မဖြစ်နိုင်တာ မရှိဘူးဆိုတဲ့ စကားက လူငယ်တွေကို လူကြီးတွေက ကြိုးစားဘို့အားပေးတဲ့ စကားလေးပါ။
    ၁ဝ တန်း ဖြေဘို့ ကြိုးစားနေတဲ့ ကျောင်းသားတွေကို ဆရာက ” ကြိုးစားကြစမ်းကွာ၊ ကြိုးစားရင်ဘုရားတောင်ဖြစ်တယ်၊ ဒီ ၁ဝ တန်းလေး ကို ဘာလို့ မအောင်ရမှာလဲ ” ဆိုပြီးဆုံးမသလိုမျိုး
    ပေါ့။ ဒီစကားလေးကို မကောင်းမြင်စိတ်နဲ့ကြည့်ရင်တော့ အသက် ၃ဝ လောက်ရှိနေတဲ့ လူတစ်ယောက်
    ဟာ ဘယ်လောက်ကြိုးစားကြိုးစား စစ်တက္ကသိုလ်တက်ဘို့ မဖြစ်နိုင်သလိုပေါ့။ အသက်ကန့်သတ်ချက်က
    ရှိထားတဲ့အတွက် မဖြစ်နိုင်တာပါ။ ၁ဝ တန်းမှာ အမှတ် ၃၃ဝ လောက်ပဲ ရတဲ့ ကျောင်းသားတစ်ယောက်
    ဟာ ဆေးတက္ကသိုလ်တက်ဘို့ မဖြစ်နိုင်သလိုမျိုးပေါ့။ အများကြီးရှိမှာပါ။ မဖြစ်နိုင်တာ မရှိဘူး ဆိုတဲ့ စကား
    လေးကိုတော့ အကောင်းမြင်စိတ်လေးနဲ့ ကြည့်ပြီး ဆင်ခြေမတက်စေချင်ပါဘူးဗျာ။

  • KMN

    September 7, 2011 at 9:55 am

    မဖြစ်နိုင်တာ မရှိဘူးဆိုတဲ့စကားလုံးဟာ အားပေးတဲ့စကားစုလေးပါ၊
    အခြေအနေပေါ်မူတည်ပြီးတော့ လူတစ်ဦးနဲ့တစ်ဦးဟာ မတူကြပါဘူး၊
    မိမိက ဖြစ်ချင်တာနဲ့၊ ဖြစ်သင့်တာကို ခွဲခြားသိဖို့လိုပါလိမ့်မယ်၊
    ကိုယ်ကဖြစ်ချင်ပေမဲ့ ဖြစ်နိုင်တဲ့အခြေအနေ ပတ်ဝန်းကျင်အနေအထားမျိုး မဟုတ်ဘူးဆိုရင် မဖြစ်နိုင်ပါဘူး။
    ကြိုးစားပေမဲ့ လိုချင်တဲ့ပန်းတိုင်မရောက်နိုင်ပဲ စိတ်ဒုက္ခရောက်ရတာပဲအဖတ်တင်ပါလိမ့်မယ်။

    အဲ – မိမိဖြစ်သင့်တာကို သိမယ်ဆိုရင်တော့ ၊ မှန်ကန်သောလမ်းကြောင်းပေါ်မှာ လွယ်ကူပေါ့ပါးသော ကြိုးစားအားထုတ်မှုအနဲငယ်မျှနဲ့ပင် မိမိလိုရာပန်းတိုင်သို့ ရောက်ရှိနိုင်ပါကြောင်းဗျာ —————– ။

  • နီလေး

    September 7, 2011 at 10:48 am

    မဖြစ်နိုင်တာတွေလောကကြီးမှာ အများကြီးရှိပါတယ် လောကကြီးမှာ ကြာကြာနေရင်ပိုသိလာမှာပါ

  • weRone

    September 7, 2011 at 1:02 pm

    မဖြင်္စနိုင်တာ မရှိဘူး ဆတု တာက အထက်လူတွေပြောကြသလို အားပေးတဲ့ စကားလုံးပါ.. လောကကြီးမှာ မဖြစ်နိုင်တာ အများကြီးပါ။ ဖြစ်နိုင်တယ် ၊ ဖြစ်ချင်တယ် ဆိုတာ ထက် ဖြစ်သင့်တာ ကို ဦးစားပေး လုပ်ကြရတာ များပါတယ်..။

Leave a Reply