အစိုးရက တကယ်ပဲ ပြည်သူအတွက် အုပ်ချုပ်နေတာလား

Poe MaySeptember 7, 20111min1279

မြန်မာပြည်အတွက် တကယ်ပဲ အုပ်ချုပ်နေတာလား

|4- Hits|

Posted by on Sep 7, 2011 in Copy/Paste | 0 comments

ဒီမိုကရေစီလား.. စစ်အာဏာရှင်လား.. ကျမ ဘာမှ မဝေဖန်လိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီနိုင်ငံတိုင်း လူ့အခွင့်အရေးအပေါ် အပြည့်အဝ အာမခံချက် မရှိသေးလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို လူသားဆန်တဲ့ နိုင်ငံကြီးဖြစ်စေချင်ပါတယ်။ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်အုပ်ချုပ်မှုတွေ၊ မတရားမှုတွေ ပပျောက်စေချင်ပါတယ်။ အတွေးအခေါ် ရင့်ကျက်ကြပြီး အမြင်ကျယ်တဲ့ နိုင်ငံသားတွေ၊ အစိုးရတွေ ဖြစ်စေချင်ပါတယ်။

မြန်မာနိုင်ငံကို ၂၀၁ဝ နောက်ပိုင်းကတည်းက စပြီး ပြောင်းလဲနေပါပြီလို့ မြင်ကြတဲ့ နိုင်ငံတကာအစိုးရတွေရှိသလို မြန်မာနိုင်ငံသားတွေလည်း ရှိပါတယ်။

တကယ်ပြောင်းနေပြီလား???

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ် ထိုးစစ်ဆင်ရာကနေ စဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရာနီးပါး အမျိုးသမီး အသက်အရွယ်မျိုးစုံ မုဒိမ်းကျင့် အသတ်ခံနေကြရတယ်။ သောင်းနဲ့ချီတဲ့ ကချင်ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေဖြစ်နေတာ လက်ရှိအစိုးရက မသိတာလား၊ မသိချင်ယောင်ဆောင်ထားတာလား။

ရှမ်းပြည်ဘက်မှာ အစိုးရတပ်က ဘာမှန်းမသိပဲ လက်နက်ကြီးတွေ ရွာတွင်းကို ပစ်ခဲ့လို့ ထောင်နဲ့ချီတဲ့ ရှမ်းပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သလို စာသင်ကျောင်းကိုလည်း ထိခဲ့တဲ့အတွက် ၆ နှစ်အရွယ် ကျောင်းသူ၊ကျောင်းသား အချို့ သေခဲ့ရတယ်။

ကရင်ပြည်နယ်မှာ တိုက်ပွဲကြီးမဖြစ်ပေမယ့် စစ်တပ်တွေ မွေနှောက်ရမ်းကားလို့ ကရင်နယ်စပ်ရွာတွေမှာ နေ့စဉ်နဲ့အမျှ ကျီးလန့်စာစားနေကြတာ ဘယ်သူမှ မသိကြဘူး။

ထားဝယ်မှာ ဆိပ်ကမ်းမြို့ဆောက်ဖို့ဆိုပြီး ဘာထောက်ပံ့မှုမှမပေးပဲ (သောင်းကဏန်းလောက်ပဲ လျောကြေးအမည်တပ်ပေးပြီး)ကျေးရွာပေါင်းများစွာက အိမ်တွေ မြေတွေကနေ အတင်းပြောင်းခိုင်းတော့မယ်။ ဒါရော အစိုးရက တိုးတက်မှုအတွက်လုပ်တာလို့ ဆင်ခြေပေးဦးမလား။

နောက်ဆုံး.. နေရာတခုချင်းစီမှာ ရမ်းကားလို့မဝသေး.. မြန်မတနိုင်ငံလုံးကို အလုပ်အကျွေးပြုနေတဲ့ မြစ်တွေမှာ.. (ဧရာဝတီ၊ သံလွင်) နိုင်ငံခြားဖက်စပ် ရေကာတာတွေ ဆောက်နေတာ၊ ရေကာတာတွေကြောင့် ဒေသခံတွေ သောင်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်တာ.. သဘာဝပတ်ဝန်းကျင်ပြောင်းလဲလို့ မရေတွက်နိုင်တဲ့ ပြည်သူတွေ စားဝတ်နေရေး ဘဝနေထိုင်မှုပုံစံတွေ အခက်အခဲဖြစ်လာတာကို အစိုးရက မျက်ကွယ်ပြုနေတာလား။ ပိုဆိုးတာက.. ရန်ကုန်မြို့ထက် ကြီးတဲ့ မြစ်ဆုံရေကာတာကို ဧရာဝတီ မြစ်ထိပ်ပိုင်းမှာ လုပ်ကြတော့မယ်။ လုပ်လည်း လုပ်နေကြပြီ။ စကိုင်း ငလျင်ကြောဘေးမှာဆောက်တဲ့ ဧရာမ ရေကာတာကြီးက အကျိုးအမြတ်တခုကိုပဲကြည့်ပြီး နောက်ဆက်တွဲဖြစ်လာမယ့် မြန်မာနိုင်င်ငံဆန်အိုးကြီးဖြစ်တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကလူတွေ ရေမြုပ်တော့မှာ.. နွေရာသီဆို မြစ်ရေခမ်းတော့မှာ၊ ရေကာတာဆောက်တဲ့နေရာက ကျေးရွာပေါင်းများစွာက ပြည်သူတွေ အတင်းပြောင်းရွှေ့ခံရတာ.. ဒါတွေကို ဘယ်လို စိတ်ဓာတ်နှလုံးသားနဲ့ လုပ်နေကြတာလဲ။

တကယ်ပဲ မြန်မာနိုင်ငံ အပြောင်းအလဲကာလကို ရောက်နေပြီလို့ သတ်မှတ်ရင်.. အဲဒီအပြောင်းအလဲဟာ မြန်မာနိုင်ငံကြီး ပျက်စီးတော့မယ့်.. ပျက်သုဉ်းတော့မယ့် အပြောင်းအလဲပဲဖြစ်တော့မယ်။

တောင်းပန်ပါတယ်။ ဒီမိုကရေစီအတွက် မပြောရင်နေပါ.. နိုင်ငံချစ်စိတ်နဲ့ နိုင်ငံရဲ့ ပြည်သူတွေရဲ့ အကျိုး၊ ပြည်သူတွေရဲ့ တရားမျှတမှု.. နိုင်ငံမပျက်စီးမယ့်အရေးအတွက်ပဲ လုပ်ကြပါတော့။

9 comments

  • pyinlepyaw

    September 7, 2011 at 11:49 am

    ဘယ်ကစလုပ်ရင်ကောင်းမလဲ ?
    ဘယ်လိုလုပ်ရမလဲ ?
    လိုရင်းတိုရှင်းနဲ့ နားလည်သူများ ဝင်ရောက်ဆွေးနွေးပေးကြပါ ၊

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 7, 2011 at 11:57 am

    တကယ်ဘဲ ပြည်သူ့အတွက်ကြည့်ကြတယ်ပေါ့။အစိုးရကမိဘလား၊ပြည်သူကမိဘလားခွဲခြားသိတတ်အောင်အရင်သင်ပေးဖို့လိုတယ်ကွ။

  • icecube

    September 7, 2011 at 12:12 pm

    အများအတွက် ကြည့်ရမှာ ပြည်သူတိုင်းရဲ့ တာဝန်ပါ၊ အဲဒီလို ခံယူထားပါတယ်၊
    လုပ်နိုင်သလောက် တော့လုပ်ကြရမှာပါ၊ မလုပ်ပဲ ထိုင်ကြည့်နေတာနဲ့စာရင် အတိုင်းအတာတစ်ခုတော့
    အောင်မြင် လာလိမ့်မယ်လို့ ယုံကြည့်ထားပါတယ် ။

  • yetazar

    September 7, 2011 at 2:50 pm

    ရှိသမျှတွေကို လက်ဝါးကြီးအုပ်ပြီးတော့ နိုင်ငံရေးသမားတွေကို ချုပ်သွားတယ်ဗျာ ရှင်းပြီလား ။ အုပ်ချုပ်တယ်ဆိုတာ အဲဒါပဲ ။

  • winkhant

    September 7, 2011 at 5:20 pm

    pyaw ya yin tot Di kg twe ka Yangon mandalay lo myo pyin nyar tat twe paw tae, lane loe ma ya tae nay yar twe mar pal Han saung lote pya nay kya tar par….. ta kal tot hoe nal zat lo nay yar twe mar tot di kg twe ka Dog zat khin nay tone par pal……….@#*!~#@

  • nature

    September 7, 2011 at 8:05 pm

    အစိုးရကငြိမ်းချမ်းရေးကမ်းလှမ်းတာကိုအပြုသဘောလက်ခံသင့်တယ်။ ယုံတာမယုံတာ စစ်တာမစစ်တာနောက်ထားပြီးငြိမ်းချမ်းရေးချက်ခြင်းကြီးမရရင်တောင် လောလောဆယ်အပြစ်အခတ်ရပ်စဲထားရင် နယ်စပ်ကတိုင်းရင်းသားတွေ အေးအေးချမ်းချမ်းနေထိုင်နိုင်မယ်။ လိုတိုးပိုလျှော့ညှိနှိုင်းပြီး ငြိမ်းချမ်းရေးကိုဆွေးနွေးသင့်တယ်။ ငြိမ်းချမ်းရေး ကမ်းလှမ်းတာကို လက်မခံခဲ့တဲ့ တိုင်းရင်းသားတွေကို အံ့ဩမိတယ်။ အစိုးရက ရာဇဝင်မှာ မလုပ်ဘူးသေးတဲ့ တရားဝင်ညိမ်းချမ်းရေးတရားဝင်ကမ်းလှမ်း ပြီး နဂိုထက်သဘောထားပျော့ပြောင်းကြောင်းပြသ ချိန်မှာ အခွင်းကောင်းယူပြီး တဦးနဲ့တဦး ယုံကြည်မှုကို စတင်တည်ဆောက်သင့်တယ်။ ညိမ်းချမ်းရေး ကမ်းလှမ်းတာကို လက်မခံပဲ အစိုးရရဲ့စစ်စခန်းကို သွားတိုက်လိုက်တာဟာ အစိုးရကို စတင်ရန်စတာဖြစ်ပြီး ဘယ်လိုတုန့်ပြန်မယ်ဆိုတာကို ကြိုတင်သိထားသင့်တယ်။ အစိုးရရဲ စစ်အင်အားဟာ နယ်စပ်အားလုံးကို တပြိုင်နက်တည်း တိုက်နိုင်တယ်ဆိုတာ ငြင်းလို့မရနိုင်ဘူး။ နယ်စပ်တိုင်းရင်းသားတွေဟာ မဟာမိတ်ဖွဲ့ထားတယ်ဆိုပေမဲ့လည်း တောင်တနေရာ မြောက်တနေရာ နဲ့ တဦးနဲ့တဦး ကူညီချင်ရင်တောင်ခက်မယ်ထင်တယ်။ အပြစ်အခတ်ရပ်စဲရေးမှစတင်ပြီး စစ်မှန်သောယုံကြည်မှုကိုတည်ဆောက်ပြီး စစ်မှန်သော ညိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြပါစေလို့ဆုတောင်းပါတယ်။

    • Poe May

      September 7, 2011 at 8:17 pm

      တကယ်တမ်းပြောရရင် ကချင်နဲ့ဖြစ်တဲ့ တိုက်ပွဲ၊ ရှမ်းနဲ့ဖြစ်တဲ့ တိုက်ပွဲတွေကိုကြည့်ရင်.. ကချင်လွတ်မြောက်ရေးတပ်နဲ့ စစ်အစိုးရ အပစ်အခတ်ရပ်စဲထားတာ ၂၂ နှစ်ကြာရှိပါပြီ။ အဲဒီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖောက်ဖျက်ပြီး ထိုးစစ်ဆင်ခဲ့တာက ငြိမ်းချမ်းရေးခေါ်ပါမယ်လို့ ပြောနေတဲ့ အစိုးရဦးဆောင်၂၀၁ဝ ရွေးကောက်ပွဲနောက်ပိုင်း တက်လာတဲ့ အစိုးရသစ်လက်ထပ်မှာပါ။ ရှမ်းပြည်တပ်မတော်နဲ့ စစ်အစိုးရ အပစ်ခတ်ရပ်စဲထားတာ ၁ရ နှစ်ကြာပါ။ အဲဒီသဘောတူညီချက်ကို စချိုးဖောက်ခဲ့တာ ၂၀၁ဝ ရွေးကောက်ပွဲ တက်လာတဲ့ စစ်အစိုးရသစ်ပါပဲ။ ဒါကြောင့် တိုင်းရင်းသားတွေလိုလားတဲ့.. ပြည်သူတွေလိုလားတာ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးပါ။ တကယ်တမ်းချိုးဖောက်နေတာက “မိဘ” ဆိုပြီး ကိုယ်စားပြုပြောနေတဲ့ စစ်အစိုးရပါ။ အပစ်ခတ်ရပ်စဲရေးဆိုတဲ့ အသုံးအနှုန်း၊ ငြိမ်းချမ်းရေးဆိုတဲ့ အသုံးအနှုန်း၊ ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်း၊ လူ့အခွင့်အရေးဆိုတဲ့ အသုံးအနှုန်းက ဝမ်းနည်းစရာကောင်းလှအောင်ပဲ.. လက်တွေ့မလုပ်တဲ့ အစိုးရက အသုံးချတာပါပဲ။ အဲဒီအသုံးအနှုန်းတွေကို သုံးခဲ့တာလည်း အခုမှ ပထမအကြိမ်မဟုတ်ပါဘူး။ ဗိုလ်ခင်ညွှန်လက်ထက်တုန်းကလည်း ရှိခဲ့တယ်။ ဒေါ်စုမလွတ်ခင်ကတည်းကလည်း ဒေါ်စုနဲ့ တွေ့ဆုံတာတွေရှိတာပဲ။ ဒါပေမဲ့ ယုံကြည်လို့ရအောင် လက်တွေ့ဘာမှမလုပ်ခဲ့တာလည်း စစ်အစိုးရပါပဲ။ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုတွေ၊ သာမာန်ပြည်သူတွေလည်း ပြောင်းလဲနိုးနိုးနဲ့ ၉ဝ တခါ ၂၀၀၈ တခါ ၂၀၁ဝ တခါ တပ်လှန့်ခံရပြီး အလိမ်ခံနေရတာတွေလည်း အစိုးရက လုပ်နေတာပါပဲ။ အခုတခါလည်း တဖက်မှာ ဒေါ်စုနဲ့တွေ့နေတယ်.. တဖက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်၊ တိုင်းရင်းသားတွေကို သတင်းစာတွေကနေ ငြိမ်းချမ်းရေးစကားပြောမယ်လုပ်နေတယ်.. တကယ့်လက်တွေ့မှာလည်း တိုက်ပွဲတွေ အဆုံးမသတ်သေးဘူး။ တိုက်ပွဲအဆုံးသတ်ဖို့မပြောနဲ့ စစ်ပွဲကြောင့် ဓားစားခံဖြစ်ရတဲ့ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေကိုတောင် အသိအမှတ်ပြုပြီး တချက် ဝမ်းနည်းစကားမပြောခဲ့တဲ့ အစိုးရကို တကယ်ငြိမ်းချမ်းရေးလိုလားသလား.. တကယ်ပြောင်းလဲချင်လို့လား.. ဒီတခါလည်း အပြည့်အဝ မယုံကြည်ရဲတာ လူတွေရဲ့ အပြစ်မဟုတ်တော့ပါဘူး။

    • Poe May

      September 7, 2011 at 8:21 pm

      ကေအိုင်အိုရဲ့ အဆိုအရ အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းချက်ကို သူတို့က လက်မခံခဲ့တာမဟုတ်ဘူး။ သဘောတူလက်ခံဆွေးနွေးဖို့အတွက် စစ်အစိုးရနဲ့ ကေအိုင်အို အပြန်အလှန်ဆက်သွယ်ရေးမှာ ကေအိုင်အိုရဲ့စာကို အလေးအနက်ထား ပြန်စာမရှိခဲ့တာ စစ်အစိုးရပါ။ (ကေအိုင်အိုကို လိပ်မူတဲ့နေရာမှာတောင် လိပ်စာအမှားတပ်တယ်ပြောတယ်)။

    • Foreign Resident

      September 18, 2011 at 9:06 am

      “အစိုးရရဲ စစ်အင်အားဟာ နယ်စပ်အားလုံးကို တပြိုင်နက်တည်း တိုက်နိုင်တယ်”
      Are you dreaming ??? 🙂

Leave a Reply