ဝါးရုံတောကဘီးလေးလုံးနဲ့ကျနော်တို့

thit minSeptember 7, 20111min10411

ဒီလိုရှိတယ်ဗျ။

ခင်ဗျားကျန်းမာရဲ့လား။

ကိုယ်တွေလက်တွေမျက်စိနားတွေအားလုံးအိုကေတယ်နော်။
အဲဒါဘီး၁လုံးဗျာ။(Natural resources=သဘာဝအရင်းအမြစ်လို့မှတ်ထားပေး)

ကွန်ပြူတာကျွမ်းတယ်?
ဂွဒ်တယ်ဗျာ။အဲဒါနောက်ဘီး၁လုံးပဲ။(Human resources=လူသားအရင်းအမြစ်လို့သီးခံပီးမှတ်ပေးအုန်းနော်)

ဗျာ?………..ကွန်ပြူတာလေးတွေဝယ်ထားတာရှိတယ်လား။စုထားတဲ့ပိုက်ပိုက်လေးလဲရှိပြန်တယ်။
ကောင်းပဗျာ…အဲဒါကိုတတိယဘီး(Capital formation=အရင်းအနှီးလို့ခေါ်ဗျာ။ခင်ဗျားသိပီးသားပါ)

နောက်ဆုံးဘီးကတော့ခင်ဗျားလုပ်ငန်းလုပ်ဘို့စီမံတတ်ဘို့ပဲကိုယ်ဆရာရေ။

(mangerial skills=လုပ်ငန်းကျွမ်းတာမျိုး..စီမံမှူကျွမ်းကျင်တာမျိုး  ဗျ)အရေးသိပ်ကြီးတဲ့ဘီးဗျနော်။

အဲဒီဘီးလေးလုံးဟန်ချက်ညီညီမောင်းနှင်နိုင်ရေးကဘဝကိုတိုးတက်စေတာပေါ့ဗျာ။
လူ၁ယောက်ချင်းစီရောနိုင်ငံ၁ခုချင်းစီရောဒီဘီးလေးလုံးဟန်ချက်ညီညီပြေးလွှားနိုင်ဘို့ပါပဲ။
ဘီး၁ခုခုလိုနေသေးလိုခင်ဗျားခရီးမတွင်တာနော်။

ဒီလိုဗျာ။

ခင်ဗျားကိုမိတ်ဆွေတစ်ယောက်ကပိုက်ပိုက်လာချေးနေပီဆိုပါတော့ဗျာ……
ခင်ဗျားမေးလိုက်စုံစမ်းလိုက်ဗျ(အရင်းအနှီးဘီးကလွဲပီး)…
သူ့မှာကျန်တဲ့ဘီးတွေရှိမရှိ(အကျင့်ကောင်းမကောင်းတော့သိထားရမှာနော်.မမေ့နဲ့အုန်းဆရာလေးရေ့)
အကျင့်လဲကောင်းတဲ့သူဖြစ်မယ်အဲဘီးသုံးလုံးလဲအိုကေတယ်ဆိုရင်စိတ်ချရပါတယ်
(အတိုးတော့သိပ်မယူနဲ့ပေါ့ဗျာ..ချေးလိုက်ပါ)
ခင်ဗျားကိုတိုင်လုပ်မယ်ဆိုရင်လဲအဲဒီလိုသူများလာချေးသလိုစဉ်းစားဘို့ပါပဲ။
မရှိတဲ့ဘီးတွေရှိအောင်လုပ်နိုင်ဘို့က
အရေးကြီးတယ်ဆိုတာခင်ဗျားလဲသိမှာပါ။
နဲနဲရှည်အုန်းမယ်ဗျာ။ပုံပြင်တပုဒ်ပေါ့နော်။
ကြားဘူးကြသူတွေများမှာပါ။ကျမ်းကိုးကတော့ရွှေသွေးစာစောင်ပါ။ငယ်ငယ်ကဖတ်တာပေါ့ဗျာ။
အတတ်ပညာသင်တဲ့ကျောင်းတကျောင်းမှာပေါ့ဗျာ။ကျောင်းသားတယောက်ကနှစ်တွေသာကြာလာတယ် ဟိုစပ်စပ်ဒီစပ်စပ်နဲ့ဘာမှကိုသေသေချာချာမတတ်ဘူးတဲ့ဗျ။
ဒါနဲ့သူတို့ရဲ့ဆရာကြီးကတနေ့မှာအဲဒီ တပည့်ကိုဝါးရုံ(ဝါးပင်တွေစုပေါက်နေတဲ့နေရာပေါ့ဗျာ)ပေါ်တက်ခိုင်းသတဲ့။
ဟိုငတိလဲဝါးရုံပေါ်ရောက်ရော ကျန်တဲ့တပည့်လူကုန်ဝါးရုံပင်ကိုလှုပ်ခိုင်းတာဗျ။
ဟိုကောင်လဲ”ဟ”ဘာလဲဟပေါ့ဗျာ။ပြုတ်မကျအောင်ဟိုဝါးပင်လှမ်းဆွဲဒီဝါးပင်လှမ်းဆွဲပေါ့ဗျာ။.။အဲဒီမှာဆရာကြီးက”ဟေးတပည့်ရေတပင်ပင်ကိုမြဲအောင်ကိုင်လိုက်ဖက်ထားလိုက်”လို့အော်ပြောလိုက်တယ်တဲ့။အဲဒီမှာဟိုဝါးပင်ပေါ်ကပြုတ်ကျတော့မလိုဖြစ်နေတဲ့
အကောင်ကဝါးတပင်ထဲကိုအတင်းဖက်ထားလိုက်တာဘယ်လောက်လှုပ်လှုပ်ပြုတ်မကျတော့ပါဘူးတဲ့ဗျာ။
ဟုတ်ပီနော်
ဝါးပင်ကိုကိုင်နိုင်တာရယ်အော်ပြောတာကိုကြားနိုင်တာရယ်ကသဘာဝအရင်းအမြစ်
ဘယ်လိုကိုင်မယ်..ဖက်မယ်ဆိုတဲ့စဉ်းစားနိုင်တဲ့အသိညာဏ်အရည်အသွေးကလူသားအရင်းအမြစ်
အနားမှာရှိနေတဲ့ဝါးပင်တွေကအရင်းအနှီးရရှိနေမှူ
ဘယ်အပင်ကိုရွေးပီးကိုင်ရမယ်ဆိုတာကစီမံခန့်ခွဲနိုင်မှူ
ကဲ……..ကိုယ်လူရေဘယ်ဝါးပင်ကိုဖက်ထားလဲ?
မဖက်ရသေးရင်လဲ….ဖက်နော်(ဝါးပင်ကိုပြောတာ).

ဘီးတွေဆိုတော့လဲ”လေထိုးကျွတ်ဖာ”လိုတာလေးတွေလဲလုပ်ရမယ်နော်လေ။
လည်လွန်းတဲ့ဘီး”ဟိုဒင်း”မသင့်အောင်လဲဂရုစိုက်ဗျနော်။
ကဲဗျာ………4Wheel Driveနဲ့
အောင်မြင်ပါစေ။

(ကိုယ်တိုင်ရေးစာမူဖြစ်ပါသည်)

11 comments

  • Shwe Ei

    September 7, 2011 at 10:44 am

    ကောင်းတယ်ဗျာ။ တကယ်ကို စဉ်းစားစရာပါဘဲ။

  • LynnHtike

    September 7, 2011 at 11:32 am

    အေးဗျာသိပ်ကောင်းတယ်..

  • nozomi

    September 7, 2011 at 12:25 pm

    စဉ်းစားတာလေး ကောင်းတယ် သဘောကျတယ်ဗျ

    ဘီးလေးလုံးကတော့ ဆရာသမားပြောသလို ကောင်းတယ် အဲဒီဘီးတွေ ရွေ့ဘို့ စွမ်းအင်တစ်ခုတော့ လိုမယ်ထင်တယ် အဲဒီစွမ်းအင်ကရော ဘာဖြစ်မလဲ မသိ 😀

    • thit min

      September 7, 2011 at 12:57 pm

      တော်တော်တော်တဲ့ကို “nozomi” ပါပဲ။ကျနော်ချန်ထားတာကိုမြင်တတ်တယ်။
      အစုံပြောလိုက်ပါတော့မယ်နော်
      အခုဟာကစွမ်းအင်ဟုတ်ပါတယ်
      (Energy=စွမ်းအင်)
      (Awareness =အသိတရားနိုးကြွမှူ(ကိုယ်ဘာလုပ်ရမယ်လို့သဘောပေါက်တာပါ))
      နဲ့ (Aspiration= ပန်းတိုင်ချမှတ်ခြင်း(ကိုယ်ဘာဖြစ်ချင်တယ်ဆိုတဲ့ရည်ရွယ်ချက်)
      ဆိုပီးရှိပြန်တယ်ခင်ဗျ။
      အဲဒီရဲ့အဆုံးမှာတော့
      အသုံးချနိုင်တဲ့အခွင့်အလန်းတွေ = Tapped Opportunities(လူမှူဆက်ဆံရေးနဲ့တခြားအခြေအနေတွေ)ရှိမှာပါ။.။
      အဲဒီအခွင့်အလမ်းတံခါးပေါက်ကိုဝင်နိုင်မှ”ပန်းတိုင်= Goal” ရောက်ပါသတဲ့။

      ဘာပဲဖြစ်ဖြစ်ဘီးလေးဘီးမရှိလို့ကတော့ခရီးမရောက်နိုင်ကြောင်းပါ။

    • thit min

      September 7, 2011 at 1:13 pm

      ခုဘီးလေးဘီးဟာစွမ်းအင်တွေပါပဲခင်ဗျ။
      Static Energy =အတည်(အငြိမ်စွမ်းအင်) နဲ့ Dynamic Energy= အရွေ့စွမ်းအင်၂ မျိုး
      လုံးပါနေလို့ပါပဲ
      ခင်ဗျားကောင်မလေးကိုခင်ဗျားချစ်တာ=အတည်(အငြိမ်စွမ်းအင်) =Static energy
      Kiss..ကစ်ပေးတာက=အရွေ့စွမ်းအင် ပေါ့ဗျာ = Dynamic energy
      ပါးရိုက်ခံရရင်လဲ=အရွေ့စွမ်းအင် …….. ပဲနော်

      မောင်းနှင်အားကတော့ (Awareness=အသိတရားနိုးကြွမှူ and Aspiration =ပန်းတိုင်ချမှတ်ခြင်း)….ပါပဲ

      • ကြောင်ကြီး

        September 8, 2011 at 7:30 am

        အသစ်အဆန်း မဟုတ်ပေမဲ့ အမြဲတမ်း သတိပြု တွေးတောနေသင့်တဲ့ စာဖြစ်ပါတယ်။ ကိုသစ်မင်း ပြောသလို ဘီးလေးဘီး (သယံဇာတ၊ လူ၊ ငွေကြေး၊ နည်းပညာ) နဲ့ စွမ်းအင် (စိတ်ဓာတ်) တို့အပြင် ခရီးတွင်ဖို့ စနစ် (လမ်း၊ ရာသီဥတု၊ ပတ်ဝန်းကျင်) လည်း လိုအပ်မယ် ထင်ပါတယ်။

  • manawphyulay

    September 7, 2011 at 12:42 pm

    ဝါးပင်တွေ အများကြီးပဲ စိုက်ထားတယ် လိုချင်တဲ့သူတွေရှိရင် တစ်လုံးဘယ်လောက်ဆိုပြီး ရောင်းချပေးနေပါပြီနော်။

  • မီးမီး သော်

    September 7, 2011 at 1:46 pm

    ဒီနှစ်က ဝါးသီးတွေသီးလို ့ဝါးရှားနေပါတယ် ကိုသစ်မင်းရေ။ဟိ ဟိ

  • MaMa

    September 8, 2011 at 8:41 am

    တကယ်သိသင့်တဲ့ အသိအမြင်တွေပါပဲ။ လေးစားပါတယ် ကိုသစ်မင်းရေ။ အခုလို ရှယ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ လက်တွေ့လောကမှာတော့ ဘီးတစ်လုံး တစ်လုံးရဲ့ တန်ဖိုးက အရမ်းများနေသလို ဟန်ချက်ညီဖို့ ပြည့်စုံဖို့ကျတော့လည်း ခက်လွန်းနေတယ် ထင်တာပဲ။ မြတ်စွာဘုရားတောင် နည်းလမ်းပဲ ပေးနိုင်တာ။ အောင်မြင်ဖို့ကတော့ ကိုယ်ကိုယ်တိုင် ကြိုးစားမှ ရမှာပေ့ါ။ ကြိုးတော့ ကြိုးစားရမှာပေ့ါနော်။
    (စကားမစပ် “ပေ့ါနော်” ပိုစ့်တင်တုန်းက အဲလို ပြောတာကို အလေးအနက်မထားတဲ့ သဘောလို့ ယူဆခဲ့ပေမယ့် ကိုယ်ရေးတာကို သတိထားမိတော့လည်း “ပေ့ါနော်” တွေ များနေတယ်။ ဒါပေမယ့် အလေးအနက်မထားတဲ့ သဘောနဲ့ ရေးတာတော့ မဟုတ်ဘူးနော်။)

  • kai

    September 8, 2011 at 8:50 am

    အင်္ဂါဂြိုလ်ပေါ်ရောက်နေတဲ့.. စပရစ်ရိုဗာ Spirit Rover ကတော့.. ဘီး၆လုံးဗျ…။
    ဒါပေမဲ့. ဖုံနစ်ပြိး မရွေ့နိုင်တော့ပဲ.. ဂန့်နေသတဲ့လေ..။
    ကမ္ဘာမြေပေါ်မဟုတ်လို့နဲ့ တူတယ်နော..

    (နောက်တာပါ) 🙂

  • thit min

    September 8, 2011 at 9:04 am

    ဆရာဦးကြောင်ရဲ့ဆွေးနွေးချက်ကိုပြန်လည်ဆွေးနွေးပေးအပ်ပါတယ်။
    ဟုတ်ပါတယ်အသုံးချအခွင့်အလန်းလို့ကျနော်ဖော်ပြပေးထားပါတယ်…
    အဲဒီအခွင့်အလန်းတွေထဲမှာအသေးစိတ်ကနယ်ပယ်၅မျိုးပါပါးတယ်။.။အဲဒီ
    နယ်ပယ်တွေကတော့
    (1)ငြိမ်းချမ်းရေး
    (2)လွတ်လပ်ခွင့်
    (3)လူမှူဝန်းကျင်ရဲ့အလျင်
    (4)နည်းပညာအသုံးချနိုင်စွမ်း
    (5) ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးမှူမောင်းနှင်အား
    တွေဖြစ်ပါတယ်။
    နယ်ပယ်(1)ကစစ်အေးခတ်အလွန်စစ်စရိတ်လျော့ကျပီးလူမှူရေးနယ်ပယ်တွေမှာအထူးသဖြင့်ပညာရေးနဲ့ကျန်းမာရေးနယ်ပယ်တွေရဲ့အသုံးစရိတ်တွေပိုလာခြင်းကိုပြောဆိုကြပါတယ်။
    Peace(ငိမ်းချမ်းရေး)ကလိုအပ်တဲ့နယ်ပယ်တခုပါတဲ့။
    နယ်ပယ်(2)ကစီးပွါးရေးနဲ့လူမှူဆိုင်ရာလွတ်လပ်ခွင့်တွေပါ(ဒီမိုကရေစီသဘောတရားများပါဝင်ပါတယ်)
    နယ်ပယ်(3)ကပညာရေးကျန်းမာရေးသန့်ရှင်းသောရရှိမှူအဟာရပြည့်ဝစွာစားသုံးနိုင်မှူလျှပ်စစ်မီးရရှိမှူတွေအစရှိသဖြင့်ပါတဲ့လူမှူဖူလုံရေးဆက်သွယ်ရေး
    ပို့ဆောင်ရေးနဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွတ်မှူတွေပတ်ဝင်းကျင်ထိန်းသိမ်းမှူတွေပြည့်စုံမှူနဲ့
    အရှိန်အဟုန်နဲ့ဆောင်ရွက်နိုင်မှူပါ။
    (မြန်မာလိုအပေါ်ထပ်အဆောက်အအုံလို့ခေါ်ကြတာပါ)
    နယ်ပယ်(4)ကရှင်းပါတယ်။နည်းပညာကိုအချသုံးနိုင်မှူပါတတ်ရုံနဲ့မလုံလောက်သေးပါဘူးတဲ့။
    အသုံးချတတ်ရပါမယ်ပေါ့။
    နယ်ပယ်(5)ကမ္ဘာလုံးဆိုင်ရာအပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနိုင်ငံခြားရင်းနှီးမြုပ်နှံမှူတွေကအဓိကပါဝင်ပါတယ်။
    အဲဒါတွေကိုအသုံးချအခွင့်အလန်းနယ်ပယ်များ(Tapped Opportunity) လို့ခေါ်ကြပါတယ်။။
    ကျနော်ကိုပိုင်အယူအဆကတော့အဲဒါတွေဟာဒီခတ်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်မရှိမဖြစ်တဲ့
    မဏ္ဍိုင်(Pillar)တွေပါပဲလို့မြင်ပါကြောင်း..

Leave a Reply