ဗိုလ်တမာ

yanayeSeptember 7, 20111min1193

ဗိုုလ်တမာ

တမာများ ခါးတယ်လို့အပြစ်ဆို

သည်မျှနဲ့ မသေဘူး

ကိုင်းကြွတ်ကြွတ် ချိုင်သူချိုင်

ပင်စည် ပိုင်းသူပိုင်း

အမြစ်ကျန် တူးလှန်ကြ

သည်တော့မှ မျိုးပြုတ်မှာ

တို့ပြည်ရွာ စည်သာဖို့

ကြိုးထုတ်ကြစို့။   ။

                        Mr LIS

( ဒီကဗျာလေးကို ရေးခဲ့ဖြစ်ခဲ့တဲံအချိန်ကတော့ ၂၀၀ရ ခုနှစ် စက်တင်္ဘာလ (၂၀) ရက် ဝန်းကျင်က ဖြစ်ပါတယ်။ ရင်ထဲက လှုပ်ရှားပြီး ခံစားဖြစ်ပေါ်လာတာလေးကို ချရေးမိခဲ့တာပါ။ ဆရာ/ဆရာမတို့ အစဉ်ပြေသလို ခံစားနိုင်ကြပါတယ်)

 

3 comments

  • kai

    September 9, 2011 at 7:42 am

    1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။ ((Copy/Paste Category)သည် ရှေ့မျက်နှာတွင်ပေါ်မည်မဟုတ်။) Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ

    ကဗျာဖြစ်တာမို့..Category > Poetry ရွေးမှ ရှေ့မျက်နှာမှာပေါ်မှာပါ..။ အခုတော့ ကျုပ်ကပဲ ပြင်ပေးထားပါတယ်..။ နောင်တင်ရင် သတိထားပေးပါခင်ဗျား…။
    =
    တမာကိုင်း ဆတ်တာကို.. ကြွပ်တာနဲ့ ပြောင်းထားတာလေး.. သတိထားမိပါရဲ့..။
    ဒါပေမဲ့.. စာလုံးပေါင်းမှားတော့.. တမျိုးဖြစ်သွားတယ်..။ 🙂

  • တမာဆို မချိုလို့ ခါးမြဲ။
    အခါးကို ကိုယ်မကြိုက်ပေမယ့်
    ကြိုက်သူလဲ မနည်း………………………

  • MaMa

    September 9, 2011 at 9:03 am

    “အညာတမာ ဝါတာတာ
    ရသာခါးခါး စားပါလား” တဲ့။
    ခါးပေမယ့် ဆေးဖက်ဝင်တာမို့ ခါးတာကို အပြစ်မဆိုသာပါဘူး။

Leave a Reply