ရွာသူရွာသားအပေါင်းနဲ့ စာဖတ်သူများအား ဖိတ်ကြားလွှာ

manawphyulaySeptember 7, 20111min883

အားလုံးပဲ မင်္ဂလာပါရှင်။
ကျွန်မတို့ရဲ့ မြန်မာဘလောဂ့်ဂါအဖွဲ့အစည်းရဲ့ ၅ နှစ်ပြည့် အခမ်းအနားနဲ့ နည်းပညာဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်မည် ဖြစ်ပါသဖြင့် မောင်နှမများအားလုံးကို လာရောက်စေချင်ပါတယ်။ လာကြမယ်လို့လည်း မျှော်လင့်နေမိပါတယ်။ မနောလည်း ရှိနေမှာပါရှင်။ နည်းပညာများအပြင် လာရောက်သူများမှလည်း ကိုယ်ပြောချင်သော ခေါင်းစဉ်များနဲ့ ဝင်ရောက်ဆွေးနွေးနိုင်ပါသေးတယ်။ မြန်မာဘလောဂ့်အဖွဲ့အစည်းကြီး အခက်အခဲပေါင်းများစွာကြားက ရပ်တည်လာခဲ့တာဆိုရင်ဖြင့် ခုဆိုရင် ၅ နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ပြည်ပ မီဒီယာတွေမဝင်အောင် ပြည်တွင်းအွန်လိုင်းမီဒီယာတွေကနေ ဘလောဂ့်ဆိုတာ ဘယ်လိုအကျိုးရှိခဲ့တယ်ဆိုတာ ခုလို ၅ နှစ်ပြည်မှာ အများအတွက် အကောင်အထည်ဖော်နိုင်ခဲ့တာ အလွန်တရာမှ ဝမ်းသာကြည်နူးမိပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေ တိုးတက်လာခဲ့သလို နိုင်ငံအတွင်းမှာ ရပ်တည်မှုတစ်ခုလည်း ရရှိလာခဲ့ပါတယ်။ နောက် ပရဟိတအလုပ်တွေလည်း အများကြီး လုပ်ဆောင်ဖော်ဆောင်နိုင်ခဲ့တဲ့အတွက်လည်း များစွာ ဂုဏ်ယူမိပါတယ်။ အားလုံးကို လာခဲ့စေချင်ပါတယ်။
အချိန်ပြည့် မလာနိုင်တဲ့သူများကလည်း အချိန်ပိုင်းလေး လာရောက်လေ့လာနားထောင်ဖို့ ဖိတ်ကြားအပ်ပါတယ်ရှင်။

3 comments

  • မီးမီး သော်

    September 7, 2011 at 10:40 pm

    မမမနောရေ လာမယ်ဆိုရင် မမမနောကိုနာမည်ဘယ်လိုပြောမေးရမှာလဲ။မုန် ့တော့ကြွေးပါနော့။

    • manawphyulay

      September 8, 2011 at 10:26 am

      တကယ်လာမှာလား ညီမလေး။ ကြိုဆိုတဲ့နေရာမှာ မမ နာမည်မေးလိုက်ရင် ရပါတယ်။ မုန့်လည်းကျွေးမယ် ကော်ဖီလည်းတိုက်မယ်နော် ဟုတ်ပြီလား။ မျှော်နေမယ်နော်။

  • etone

    September 8, 2011 at 1:22 pm

    အီ…………………… နာတော်တော်ပိန်းသေးဒါပဲ .. ဒီအဖွဲစည်းရှိတယ်ဆိုတာ အခုမှ သိတော့တယ် … တိန် 😡

Leave a Reply