ပန်းချီပြပွဲ စိတ်ဝင်စားသူများအတွက် …..

fattySeptember 7, 20112min14113

ကျနော်ဒုတိယအကြိမ် ဗိုလ်ချုပ်ဈေးကပြပွဲကိုရောက်ဖြစ်ခဲ့ပါတယ်။
တချို့ကားလေးတွေကိုထုံးစံအတိုင်းမှတ်တမ်းတင်ခဲ့ပါတယ် …။
ခံစားကြည့်ကြပါ ….။

13 comments

  • nozomi

    September 7, 2011 at 3:24 pm

    ဦးဖက် ပြခန်းမှာလဲ ကြည့်သွားပါတယ်

    ဆေးလိပ်သောက်နေတဲ့ ပုံကတော့ အကြိုက်ဆုံးပဲ အဲဒီအမျိုးသမီးကြီး ဘာတွေများ စဉ်းစားနေတာလဲ လို့ စဉ်းစားကြည့်တာတောင် တော်တော်ကြာတယ် စဉ်းစားလို့တော့ မရဘူး 😛

    အဆင်ပြေရင် ဆွဲတဲ့ အဆင့်ဆင့်ရယ် သူတို့ဘယ်လိုတွေးကြတယ်ဆိုတာလေးလဲ တင်ပေးပါဦးနော်…

    • pan pan

      September 7, 2011 at 4:33 pm

      အဲဒီပုံမှာ မျက်နှာကအရေးအကြောင်းတွေနဲ့ လက်ကအရေးအကြောင်းတွေ ဆွဲထားတာ
      တော်တော်သဘာဝကျတာပဲ
      ဆံပင်မွှေးကအစ မျက်လုံးအရောင် အကြည့်ကအဆုံး
      အဲ….ဆေးလိပ်ကတော့ မီးမတို့ထားဘူးလားမသိဘူး 🙄
      ကိုယ်တိုင်တော့ လူရုပ်ပေါ်အောင်တောင်မဆွဲတတ်ဘူး :mrgreen:
      လေးဖက်ရေ…မင်းသားမင်းသမီးပုံအောက်က နွားကျောင်းနေတဲ့ပုံက ဖုန်တွေသိပ်မထဘူးနော်
      ဖုန်အရမ်းထရင်လည်း ပန်းချီကားမှာ ဘာမှမြင်ရမှာမဟုတ်ဘူး
      ကျွန်မတို့ရွာမှာဆို နွာလှည်းတစ်စီးသွားလိုက်ရင် နောက်မှာ ဖုန်းလုံးကြီးကို လိမ့်လို့
      ဖုန်လုံးထဲမှာ ရှေ့တစ်လံလောက်ပဲ မြင်ရတော့တယ်
      ဒါတောင် နွားနှစ်ကောင်တည်း
      ဖုန်ပါးတဲ့နေရာဆိုရင်တော့ သိပ်ဖုန်မထဘူးပေ့ါ

      • ကြောင်ကြီး

        September 8, 2011 at 7:58 am

        ဖုန်ထမလားကွယ်၊ ပန်းချီဆရာဦးဖက်က မြန်မာပြည်က စစ်ဗိုလ်ချုပ်ကြီးတွေ ငြိမ်ငြိမ်သက်သက် စည်းလုံးညီညွတ်စွာ ဘဘကြီးအမိန့်နာခံပြီး စည်းကမ်းပြည့်ဝတဲ့ နိုင်ငံသစ်ကြီးဆီသို့ ချီတက်နေတာကို သွယ်ဝိုက်ပုံဖော်ထားတာကွဲ့။ 😀

  • manawphyulay

    September 7, 2011 at 5:15 pm

    လေးဖက်ရေ… ဆွဲတဲ့ပန်းချီဆရာနာမည်တွေပါ ထည့်ပေးရင် ပိုပြီး အဆင်ပြေမယ်ထင်ပါတယ်နော်။ သိရတာပေါ့ရှင်။

  • weiwei

    September 7, 2011 at 6:15 pm

    ပန်းချီကားတွေကို ကြည့်မိရင် ကြည့်ပြီးရင်း ကြည့်ချင်ရင်းဖြစ်မိတယ် …
    ဘာရယ်လို့ သေချာမခံစားတတ်ပေမယ့် တစ်ခုခုခံစားရစေတာတော့ အမှန်ပဲ …

  • mandalarthu

    September 7, 2011 at 8:24 pm

    Hey,Ko Fatty,Thanks for sharing such good pictures .I interest to see pictures.
    I love to observe such good pictures..,in fact,I didn’t know about drawing pictures ,but,I can feel the skill of artists and pleasure of art.
    I like all these pictures but except the 1st one.All are so good as they are created by good
    artists.I have no chance to visit such art exhibition in Yangon.
    So,Millions of thanks again!

  • zoe

    September 7, 2011 at 8:44 pm

    ဒီပုံတွေထဲမှာနောက် ဆုံးပုံ ကို အကြိုက် ဆုံးပဲ ။ ဇရာ ကြောင့် ဖြစ်တဲ့မျက်နှာအရေးအကြောင်း တွေ အမိအရ ပိုင်ပိုင်နိုင်နိုင် ဆွဲထား နိုင်တယ်လို့ထင်ပါတယ် ။ နားသယ်စပ် ကထိုးထိုး ထောင်ထောင် ဆံပင် ဖြူက လဲ ဇရာ ရဲ့အရိပ် ကိုပိုပြီးပေါ်လွင် စေပါ တယ် ။ ကျယ်နေတဲ့ နားကတ်ပေါက် နှုတ်ခမ်းမှာ တေ့ ထား တဲ့ ဆေးလိပ်, ခေါင်းပေါ်က ခေါင်းပေါင်း အားလုံးက ပုံကို ဖြည့်စည်း ၊ စည်းလုံး စေ ပါတယ် ။ တနေရာထဲ စိုက် ကြည့်နေပုံ က လောကဒဏ် ကိုရှူမြင် သုံးသတ် နေ တယ်လို့ထင်ပါ တယ် ။ ပန်းချီကားကိုနံမည် ဘယ်လိုမှည့်ထားသလဲ တော့ သိချင်ပါတယ် ။

  • windtalker

    September 7, 2011 at 9:18 pm

    အပေါ်ဆုံး က မင်းသား၊မင်းသမီး ကနေတဲ့ ပုံ မှာ
    ကိုဘလှိုင် တင်ထားတဲ့ ဉာဏ်မုဒြာ ကို တွေ ့ရတယ် ဗျ

  • MaMa

    September 8, 2011 at 6:38 am

    ကိုပေါက်ရဲ့ ဓာတ်ပုံပြခန်း၊ ဦးဖက်ရဲ့ ပန်းချီပြခန်း၊ MG ရဲ့ ကဏ္ဍစုံ၊ ရသစုံ တွေ။ ကိုယ့်ဝါသနာနဲ့တော့ ရှယ်ပဲ။
    xie xie……….

  • Shwe Tike Soe

    September 8, 2011 at 9:37 am

    အင်းအခုလို. တင်ပေးတာကျေးဇူးတင်ပါတယ် နောက်ကျရင်လဲ လက်ရာမြောက်မြောက်လေးတွေ တင်ပေးပါအုံး ဝါသနာပါပေမယ့် ပြခန်းတွေသွားမကြည့်နိုင်လို. ငြိမ်နေရတာပါ…
    အခုလိုတင်ပေးတော့ အိုကေသွားတာပေါ့… ကျေးဇူးတင်ပါတယ်..

  • pooch

    September 8, 2011 at 1:45 pm

    လေးဖက်ရေ အခုလို မျိုးမျှဝေတဲ့ အတွက်ကျေးဇူးအများကြီးတင်ပါတယ် ။ နောက်လည်း ကြုံရင်တင်ပေးပါနော်။ ပန်းချီဆရာ မင်းဝေအောင်ရဲ့ ပုံတွေကိုလည်း ကြည့်ချင်ပါတယ်။ သူ့ရဲ့ ပြခန်း လိပ်စာ လည်း သိချင်ပါတယ်။ ဈေးနှုန်းလည်း သိချင်ပါတယ်။ လေးဖက်အဆင်ပြေမှပါ။ တကူးတကတော့ မစုံစမ်းပေးပါနဲ့။ အားနာလို့ပါ။ကြုံမှ မေးပေးပါ။

  • ဆူး

    September 9, 2011 at 8:53 pm

    သူများနဲ့ မတူ.. ကိုယ်ကတော့ ကြာပန်းတွေ ကို သဘောကျတယ်။
    ကြာနီတွေ ခူးပြီး ချဉ်ရည်ဟင်း ချက်စားလို့ ရတယ်။ ဒါမှ မဟုတ် ကြာရိုးဟင်းချိုပေါ့.. ဟိဟိ.. ကောင်းမှကောင်း။

Leave a Reply