ကြက်တောဟုခေါ်ပါသည်

black chawSeptember 7, 20111min17716

သူငယ်ချင်းတစ်ယောက်ပြောပြသဖြင့် သိခဲ့ရသော ကြက်တောအကြောင်းကို မိကောင်းဖခင် မိန်းကလေးများ သတိထားရှောင်ရှားနိုင်စေဘို့  သတိပေးပါရစေ။ ရှစ်မိုင် ဘက်မှ လှည်းတန်းဘက်သို့ ကားဖြင့်လာပြီဆိုပါစို့။ ကျောင်းကွေ့မှတ်တိုင်မှစ၍ ညာဘက်လမ်းပလက်ဖေါင်းပေါ်သို့ အမှတ်တမဲ့ ကြည့်ကြည့်ပါ။ မိန်းမငယ်တချို့ ကားစောင့်နေဟန်ဖြင့် တစ်ခုခုကို စောင့်မျှော်နေကြသည်ကို တွေ့ကြပါလိမ့်မည်။ တချို့  ကိုယ်ပိုင်ကားလေးများ ရပ်သွားပါက ထိုမိန်းမငယ်များ အုပ်စုလိုက် ကားဘေးသို့ အပြေးသွားကြပါလိမ့်မည်။ စကားနည်းနည်းပြောကြပြီး တချို့ ကားပေါ်ပါသွားပါလိမ့်မည်။ ၎င်းတို့မှာ သွေးသားရောင်းစားသော မိန်းမများဖြစ်ပါသည်။ တစ်ခါတစ်ရံ မိန်းမကောင်းလေးများ ကားစောင့်နေသည်ကိုပင် မကောင်းသောမိန်းမထင်၍ ခေါ်တော တစ်သိန်းအားဖြင့် ကား ပေါ်မှ ယောင်္ကျားများက ကြည့်သွားကြသည်ဟုဆိုပါသည်။ ဖြစ်နိုင်လျှင် ထိုနေရာကို ကြက်တော မဖြစ်အောင် ထိန်းသိမ်းပေးဘို့ လိုပြီထင်ပါသည်။ တံတားဖြူမှတ်တိုင် နှင့် မှတ်တိုင်အကျော်မှ တံတားလေးပေါ်တွင် အဆိုးဆုံးဖြစ်ပါသည်။ ထို့ကြောင့် ဤနေရာကို ကြက်တောဟုခေါ်ပါသည်။ မိကောင်းဖခင် မိန်းကလေးများ သတိထားမိစေရန် တင်ပြအပ်ပါသည်။

 

16 comments

  • yetazar

    September 7, 2011 at 8:23 pm

    ဟမ်မလေး ။ ရှင်းရောဗျာ ။ ကျွန်တော်ကနယ်မှာနေတာဆိုတော့ ၊ တောကြက်သားစားရတယ်လေ ။ အရမ်းလည်းကြိုက်တယ် ။ တောကြက်က အိမ်ကြက်ထက်စားကောင်းတယ်ဗျ ။ မွေးမြူရေး ကြက်အရသာနဲ့လဲမတူဘူး ။ အဲဒါ ခေါင်းစဉ်ကိုဖတ်ပြီးတော့ တောကြက်တွေအကြောင်းရေးထားတာဖြစ်မယ်ဆိုပြီး အစားငမ်းကြောထလိုက်တာ မြို့ကြီးသားတွေစားတဲ့ တောကြက်ဖြစ်နေရောပါလား ဟရို့ ။ ပိုစ့်မှာရေးထားတဲ့ ကားနားဝိုင်းလာတဲ့မိန်းကလေးတွေက ကားရေဆေးတဲ့ကောင်မလေးတွေလားမှ မသိတာ ဟီဟိ ။ ဗဟုသုတအဖြစ်တော့ ဖတ်ရတာပေါ့ ။ ကျေးဇူးတင်ပါတယ် ။

  • naywoonni

    September 7, 2011 at 9:28 pm

    အဲဒိလို နေရာလေးတွေက ညဘက်မှာ သွားဖူးတဲ့ သူတိုင်းတွေ့ဖူးကြတယ်ဗျ…။ တစ်ချို့ဆိုရင် ကားမီးကို ကြည့်ပြီး ဘာကားဆိုတာတောင် ပြောနိုင်အောင်ကျွမ်းကျင်တဲ့ နတ်သမီးတွေရှိပါသတဲ့..။ ဘာကားဆိုရင်တား ဘာလိုဆိုရင်ရှောင်နေပေါ့….လေ…။ ရန်ကုန်မန္တလေး လမ်းမှကြီးပေါ်မှာ ညညဆိုရင် မြို့အထွက်တိုင်းလိုလိုမှာ ရှိပါသတဲ့..။ မြို့တစ်မြို့နဲ့ အကြား တစ်ဝက်လောက်မှာပေါ့လေ….. ညအိပ်လို့ရတဲ့ ထမင်းဆိုင်တွေရှိပါတယ်…။ အဲဒါလည်း ကြက်တောဖြစ်ဖို့ ရာနှုံးများပါတယ်..။ တစ်ချို့နေရာတွေမှာကျတော့ လမ်းဘေးမဟုတ်ဘူး အတွင်းကိုနဲနဲဝင်သွားရသေးတယ်..။ အဲဒိမှာဈေးတန်း ရှိတယ်..။ သွားဖူးတဲ့ ကားသမားတွေက ဘာမှမေးမနေဘူးတန်းဝင်သွားတာပဲ.. ။ကွက်တိ..။ အဲဒိလိုနာမယ်ကြီးတဲ့နေရာလေးတွေရှိတယ်..။ ဘာမှပူစရာမလိုဘူး ရေမီးအစုံ အကုန်ရတယ်..။ အဲ…….နေပြည်တော် မြောက်ဘက်နားမှာတော့ တောင်ကြားဆိုတာက နာမယ်ကြီးတယ်…………

  • ပေါက်ဖော်

    September 7, 2011 at 9:34 pm

    ခြောက်ခွဲက..ဇယားတွေလား…
    လုပ်စားနေတာနှစ်ပေါက်နေပြီဗျ..နေ ့ခင်းကြောင်တောင်လဲ ရှိတယ်ဗျ..
    နှစ် တော်တော်လေးကြာနေပြီ..လေ….
    တစ်ချို ့ဆို ဆံနီမလေးတွေဆို ဒေါက်တာချက်ကြီးဆီတောင် ရောက်တယ်..အဲလောက်ထိကိုပါပဲ

  • မီးမီး သော်

    September 7, 2011 at 11:26 pm

    အမလေး နော် တော်တော်နှံစပ်ကြပါလား။မလွယ်ဘူး။ရွာသူတွေရော သတိထားရတော့မယ့်ပုံ။ကို နေဝန်းနီတို ့များသိထားလိုက်တာနော်။ဩချရလောက်ပါပေတယ်။

  • kai

    September 8, 2011 at 4:56 am

    ပြီးခဲ့တဲ့လက.. သတင်းစာထဲ.. နိုင်ငံခြားကနေ မြန်မာပြည်ပြန်တွေအတွက်.. စားသောက်ဖွယ်ရာ ဆိုင်စာရင်း ဈေးနှုန်းနဲ့တကွ ရွှေအိမ်စည် လုပ်ပေးထားတာ ထည့်ဖူးတယ်..။
    စိတ်ဝင်စားကြတယ်..။

    အခုစာဖတ်ပြီး.. တွေးကြည့်မိတာက… ကြက်တောစာရင်းပါလုပ်ရကောင်းမလားလို့..။
    ကာလပေါက်.. ဈေးနှုန်းလေးနဲ့ပါပေါ့.။ အဲဒါဆို..” ကြက်သားစားသူများ”…အလိမ်မမိတော့ဘူးပေါ့…။
    တော်တော်စိတ်ဝင်စားကြမယ်ထင်တယ်..။

    အမျိုးကောင်းသားသမီးတွေ… ရှောင်ကြရမဲ့နေရာတွေအနေနဲ့ …ပြောတာပါ..။ 🙂

    • windtalker

      September 8, 2011 at 11:04 pm

      ဝုတ်ဒယ်
      သူကြီး ရဲ ့အဆိုတင်သွားလွှာ ကို
      ထောက်ခံ ပါတယ်

  • etone

    September 8, 2011 at 9:54 am

    အော … ခေါင်းစဉ်ဖတ်ရင်း တောရွာလေးအကြောင်းလား ။ စားတဲ့ ကြက်အကြောင်းလားလို့ … ။
    ပိုက်ဆံကို သူများတွေလို အင်တိုက်အားတိုက် ရှာစားစရာမလိုဘူး .. ခေါင်းနောက်အောင် အလုပ်လုပ်စရာမလို .. သူဌေးမျက်နှာကြည့်ပြီး အလုပ်လုပ်စရာမလို .. အိပ်ချင်တဲ့ အိပ် .. စားချင်တဲ့အချိန်စား .. သွားချင်တဲ့ အချိန်သွားစောင့်ရုံမို့ …. သူတို့ အလုပ်က ပိုက်ဆံလည်း ပိုရ … stress လည်း ပိုနည်းမယ်ထင်တယ် … ။ 😀

    • pan pan

      September 9, 2011 at 9:46 am

      ရောဂါတော့ တိုးမှာပေ့ါ….. 😀

  • Shwe Ei

    September 8, 2011 at 1:41 pm

    ဟုတ်တယ်ဗျ၊ လုပ်စားနေကြတာ တကယ်ကြာဘီ။ အဲ့နားတဝိုက်ကလူတွေ ကောင်းကောင်းသိတယ်။ ရှင်းလို့တော့မရဘူးထင်တယ်။

  • etone ရေ

    အဲဒီလူတန်းစားမှာလဲ လွယ်မယ်မထင်ပါနဲ့၊
    အခက်အခဲတွေ ရင်နာစရာတွေ ပူပန်သောကတွေနဲ့ပါ။
    သူတို့ရဲ့ခေါင်းကို သူတို့ကြောက်ရတာ မင်းတို့ငါတို့ အလုပ်ရှင်ကို ကြောက်ရတာထက် အဆတစ်ရာပါ။
    သူတို့မှာ ဘာကိုမှ ရွေးချယ်ခွင့်မရတဲ့ဘဝပါ။
    သူတို့အတွက်လို့ရည်ရွယ်တဲ့ငွေက တကျပ်လို့ သတ်မှတ်ရင် ဆယ်ပြားလောက်ဘဲကိုင်ရတဲ့သူတွေပါ။
    သနားစရာကောင်းသော လူတန်းစား ထဲမှာပါ ပါတယ်။
    အားလုံးကလဲ ဝိုင်းပယ်တယ်လေ။

    • pan pan

      September 9, 2011 at 9:48 am

      ဘဝပေးကုသိုလ်ကံကြောင့် ဖြစ်သွားရတာတွေလည်းရှိပါတယ်
      တချို့က ဝါသနာကြောင့် လုပ်စားနေတာတဲ့
      အဲလိုဝါသနာပါနေတာလည်း အတိတ်က အကုသိုလ်တွေကြောင့်ထင်ပါရဲ့
      လေးပေါက်ပြောသလိုပါပဲ
      ခမျာလေးတွေ တကယ်တော့သနားစရာပါ

    • etone

      September 9, 2011 at 11:03 am

      လေးပေါက်ရေ … ဘဝပေးကုသိုလ်ကံကြောင့် မထင်မှတ်ထဲ အဲ့လိုင်းထဲ ရောက်သွားတဲ့ လူတွေလည်း ရှိတော့ ရှိပေမဲ့ .. လိုအပ်တဲ့ ငွေပမာဏရလျှင် ရင်းနှီးစားလို့ ရတာပဲကို အမှောင်ထဲက မထွက်နိုင်တဲ့ ပိုးဖလံမျိုးတွေ ဖြစ်ဖြစ်နေတာ… ရင်နာစရာပါပဲ … ။
      မဆီမဆိုင် တရားသွားချလျှင်လည်း ကိုယ်က ဂွမ်းနေလို့ မနာလိုဘူး ဖြစ်ဦးမယ် … ။ မြင်ရင် မြင်တယ်မှတ်ပြီး .. ဒီအတိုင်းပဲ ကြည့်နေလိုက်တယ် .. ဟဲဟဲ 🙂

  • MaMa

    September 9, 2011 at 9:04 am

    ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလိုပဲ လူတိုင်းမှာ သူ့သောကနဲ့ သူချည်းသာပါပဲ။

  • manawphyulay

    September 9, 2011 at 10:21 am

    လူကြည့်ရင်တော့ အမျိုးကောင်းသမီးလား။ အဲလို လုပ်စားနေတာလားဆိုတာ အရမ်းသိသာပါတယ်။ သူတို့လည်း ဘဝပေးအခြေအနေတွေအရ အလွယ်တကူပိုက်ဆံပေါပေါပဲပဲရတာရယ် ကိုယ်တတ်သိပညာ မနေသာတွေနေမှာပေါ့နော်။ ဘဝတွေကတော့ မတွေးရဲစရာတွေပါပဲ။ ခုက နေရာတကာလိုဖြစ်နေတယ်။ ဘုရင်နောင်လမ်းဆုံနားက တည်းခိုခန်းရှေ့တွေလည်း ဟိုနေရာတစ်စု သည်နေရာတစ်စု တွေ့နေရတာပဲလေ.. တချို့ဆို အသက်ကော ပြည့်ရဲ့လားမသိဘူး။ သူတို့ကတော့ ဘာမှမထူးဆန်းတော့တဲ့ပုံစံတွေပါပဲ။

  • blackchaw

    September 9, 2011 at 10:41 am

    ကျွန်တော် ဒီစာကို တင်လိုက်တာက စာနာစိတ်မရှိလို့ မဟုတ်ပါဘူး။ တံတားဖြူ မှတ်တိုင်ဆိုတာ ကျွန်တော်တို့ အရင်ထိုင်ခဲ့ဘူးတဲ့ ခရမ်းပြာလဖက်ရည်ဆိုင်နေရာဟောင်းလေးပါ။ ဒီနေရာလေးက ရန်ကုန်တက္ကသိုလ် ရာဇဝင်ထဲမှာ မပျောက်ပျက်သင့်တဲ့ နေရာလေးလို့ ကျွန်တော်ထင်ပါတယ်။ အင်းလျားရယ်၊ တံတားဖြူရယ်၊ မာလာရယ်၊ ကန်လမ်းရယ်ဆိုတာ ရန်ကုန်တက္ကသိုလ်ရဲ့ အငွေ့အသက်လေးတွေ မကုန်သေးဘူးလို့ ထင်ပါတယ်။ ဒီနေရာလေးကိုတော့ ကြက်တော မဖြစ်စေ
    ချင်ဘူးဗျာ။ ဒီနေရာက ဘုရင့်နောင် လမ်းဆုံနားက တည်းခိုခန်းရှေ့မဟုတ်ဘူးလေ။ အဝေးပြေးလမ်းမကြီးပေါ်က ညအိပ်လို့ရတဲ့ ထမင်းဆိုင် မဟုတ်ဘူးလေ။ ခင်ဝမ်းကြီးဆိုခဲ့တဲ့ ပန်းခရမ်းပြာ သီချင်းကို ဒီလိုပြောင်းရတော့မလိုဖြစ်နေပါပြီ။
    ” နန်းတံတားဖြူ နေရာလေး ကြက်တွေ မြူးကာနေ ”

  • စုံ စုံ

    September 9, 2011 at 11:21 am

    ကျမသူငယ်ချင်းတယောက်အိမ်က ကန်ဘောင်ရှေ့ကလမ်းတည့်တည့်ပါ
    အင်းယားဗျူးဘေးကလမ်းဆိုပါတော့ (လမ်းနာမည်မမှတ်မိလို့)
    သူ့ဆီသွားရင် လမ်းထိပ်မှာ အဲ့ဒိကောင်မလေးတွေများမှများဘဲ
    သူငယ်ချင်းလဲတော်တော်စိတ်ညစ်နေတယ် လမ်းထိပ်ကိုကားနဲ့ထွက်ရင်လဲ
    စိတ်ညစ်ရ လမ်းလျှောက်ထွက်ရင်လဲစိတ်ညစ်ရပါတယ်တဲ့
    တချို့ကောင်မလေးတွေကိုခနခနတွေ့နေရလို့မှတ်တောင်မှတ်မိနေပြီ
    လုပ်စားနေတာလဲဆယ်စုနှစ်လောက်ကိုရှိပါပြီတဲ့
    ရပ်ကွက်လူကြီးမတိုင်ဘူးလားမေးတော့တိုင်လဲမထူးဘူးတဲ့
    တခါတခါဆိုသူတို့ခြံရှေ့မှာပါ အတွဲတွေလိုလိုဘာလိုလိုလာပြီးမှောင်ရိပ်ခိုကြလို့
    ခွေးကိုကြိုးဖြည်ပေးလိုက်ရတယ်တဲ့

Leave a Reply