ပြည်တွင်းအတွက် ဝန်ထမ်းအလိုရှိသည်

manawphyulaySeptember 7, 20111min1269

ပြည်တွင်းတွင် ခန့်အပ်ရန်

1-SuperVisor For Air Con M(2)Post
အသက်-28 မှ 35
AGTI, B-Tech (Mechanical & Electrical Power)
– AutoCAD, Excel, Work ကျွမ်းကျင်ရမည်
လုပ်ငန်းအတွေ့အကြုံ (3-5)နှစ်ရှိရမည်

2-Service Manager
-အသက် 35-45
-AGTI, B-Tech, B.E (Mechanical & Electrical Power)
– Auto CAD, Excel, Work ကျွမ်းကျင်ရမည်
– လုပ်ငန်းအတွေ့အကြုံ (10) နှစ်
လုပ်ငန်းကျွမ်းကျင်မှုကိုကြည့်ပီး အတွေ့အကြုံကိုစဉ်စားပေးမည်။

စိတ်ဝင်စားသူများ ဝ၉၇၃၀၅၀၆၀၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

9 comments

  • မီးမီး သော်

    September 7, 2011 at 11:50 pm

    သူငယ်ချင်းကျောင်းဆင်းပြီးသားတွေတော့ရှိပါတယ်။ပြောပြပေးပါမယ်နော်။

  • kai

    September 8, 2011 at 8:42 am

    -AGTI, B-Tech, B.E (Mechanical & Electrical Power)

    B.Eကို AGTI နဲ့တန်းတူအလုပ်လျှောက်ထားခိုင်းတာကို ..နည်းနည်းတော့ အံ့ဩသွားတယ်..။
    အလုပ်ရှင်က.. အဲဒါတွေကဘာတွေလည်း ..နားလည်ရဲ့လားလည်း.. သံသယဖြစ်မိတယ်..။
    သူဇတ်နဲ့ သူ့အက ပဲပေါ့နော..။

    • MaMa

      September 8, 2011 at 9:24 am

      ဒီလို တန်းတူခေါ်တာတွေ ဒီမှာတော့ ရိုးနေပြီ သဂျီးရေ။ အလုပ်ရှင်ဘက်ကကြည့်ရင် ဘာမှ မထိတွေ့ဘူးတဲ့ BE ထက် လက်တွေ့ထိတွေ့ဘူးတဲ့ AGTI က ပိုအသုံးဝင်ပြီး payment ကျတော့လည်း တွက်ခြေကိုက်တယ်။
      ဒါပေမယ့်လည်း BE တစ်ယောက်အနေနဲ့ feel ကွေးတာ ကြာပေ့ါ။ 🙁

    • manawphyulay

      September 8, 2011 at 9:54 am

      ခုခေတ်က ဒီမှာ B.E ပြီးပြီ လက်မှတ်ကိုင်ပြီး အလုပ်ရှာနေတာတွေ တစ်ပုံကြီးရှိတယ်လေ သဂျီးရယ်… တချို့ကျတော့ အကပ်နဲ့ဝင်ပေမယ့် ဘာမှမတတ်တာတွေလည်း ရှိကြသေးတယ်လေ…

      • etone

        September 8, 2011 at 1:28 pm

        GTC တွေကနေ … အခုနောက်ပိုင်း BE ထိတက်ဖြစ်တဲ့လူ ၊ တတ်နိုင်တဲ့လူ (အကြောင်းအမျိုးမျိုးကြောင့် ) နည်းလာလို့ .. နောက်ပိုင်း … အတော်များများအောင်အောင် လုပ်ပေးရတာ etone သူငယ်ချင်း တစ်ယောက် ညံ့တူးလန်တောင် ဖြစ်နေတာ … ဘီတက်ချ် ပါသွားလို့ … တအံ့တဩဖြစ်ရပါတယ် … သူ့ကိုယ်သူတောင် အောင်မယ် မထင်တဲ့လူက … နောက်ဆုံး B.E နဲ့ ကျောင်းပြီးသွားပါသတဲ့လေ .. 😛

  • ရွှေဘိုသား

    September 8, 2011 at 8:58 am

    သူကြီးကလည်း AGTI နဲ. B.E တွဲတာတော်သေးတယ်
    ဘာမှမတတ်တဲ.သူတောင် ရင်းနှီးရင် အေးဆေးရတယ်ဆိုတာ ပြန်လာရင် လေ.လာကြည်.လိုက်

  • nozomi

    September 8, 2011 at 11:52 am

    တတ်ထားတဲ့ပညာနဲ့ ဘာမှ မဆိုင်တဲ့ ၄သောင်းကျော်လောက်ပေးမဲ့ အစိုးရအလုပ်ကိုတောင် B.E သမားတွေ လာလျှောက်တာ တွေ့ဘူးတယ်

    • pan pan

      September 9, 2011 at 10:48 am

      ဟုတ်ပါပေ့
      တချို့အလုပ်မှာ ဗော်လန်တီယာအဖြစ် စလုပ်ရတယ်
      ပြီးမှ နေ့စား
      နောက်မှ ပါမင့်နင့်
      ဒါ့ကြောင့် ပုဂ္ဂလိကက ခေါ်ရင် ပါမင့်နင့်မဖြစ်သေးရင် ပြောင်းလိုက်ကြရော

  • AKKO

    September 8, 2011 at 1:27 pm

    -AGTI, B-Tech, B.E လို့ပြောမှ သုံးမျိုးထဲက ဘယ်သူလျှောက်လျှောက် အဆင်ပြေမှာလေ … ။ တမျိုးစီခွဲထုတ်ပြီး ပြောလျှင်တောင် ကိုက်ညီမဲ့လူ ရှာနေရဦးမယ် … အခုနောက်ပိုင်း အလုပ်တွေအဲ့ဒီလိုပါပဲ ..။

Leave a Reply