“သားလေးရဲ့မေတ္တာ”

‘သားလေး၊ သားရဲ့ဖိုးဖိုးလို ဖေဖေ အသက်ကြီးလာရင် ဖေဖေကို့ သားလေးချစ်ဦးမလား၊ ကျွေးမွေးစောင့်ရှောက်ဦးမလားကွယ်’

‘ဟုတ်ကဲ့ ဖေဖေ’

‘အေး၊ လိမ္မာတဲ့သားလေး၊ တော်တဲ့သားပါလား၊ လာစမ်း၊ ဖေဖေ့ ပေါင်ပေါ် လာထိုင်စမ်း၊ ဖေဖေ သားကို ချောကလက်ပေးမယ်၊ ဒါနဲ့ ဖေဖေ့ကို သားဘယ်လို ချစ်မှာလဲကွယ်’

‘ဖိုးဖိုးကို ဖေဖေ ချစ်သလိုပဲပေါ့’

‘သွားစမ်း၊ အသုံးမကျတဲ့ကောင် ငါ့ ချောကလက်ပြန်ပေး’

 

ထိုင်ခုံပျောက်ပြီ

နပိုလီယံ က waterloo စစ်ပွဲမှာ ရှုံးတော့ ဘာစကားပြောလဲ မောင်မောင် ဖြေစမ်း?

ဟုတ်ကဲ့ဆရာ ၊ ‘ငါ ထိုင်ခုံပျောက်ပြီ’ လို့ပြောပါတယ် ဆရာ။

 

မိန့်ခွန်း

‘ပြည်သူလူထုကို ကျွန်တော် လေးစားပါသော်လည်း ခင်ဗျားတို့နှင့် ကျွန်တော် သဘောမတူနိုင်ပါ ။’

 

အရက်မူးပြီး ကျွန်တော့်အား ဖမ်းခဲ့ကြသော ရဲသားတို့သည် အမှန်တကယ်တွင် မမူးခဲ့ကြပါ။ ဒဏ်ရာဒဏ်ချက်မပေါ်အောင် အနည်းငယ် ဆုံးမသည်မှလွှဲ၍  ကျွန်တော့်အား လုံးဝရိုက်နှက်ခြင်းလည်း မပြုကြပါ။

(ရဲစခန်း မှ မထွက်မီ ရေးခဲ့သောကျေအေးစာမှ)

 

မီးသတ်ဝန်ထမ်းအင်အားကို လျှော့ချဖို့လိုပြီ။ ဘာကြောင့်လဲဆိုတော့ စီမံကိန်းကို ဘယ်တော့မှပြည့်ဝအောင် အကောင်အထည်မဖော်လို့ပဲ။ ဥပမာ – မနှစ်ကဆိုလျှင် တစ်ကြီမ်ပဲ မီးသတ်ခဲ့ကြတယ်။ ဒါတောင် မီးမဟုတ်ဘူး ၊ မီးခိုးကိုငြီမ်းသတ်ခဲ့ကြတာဖြစ်တယ်။

(အစည်းအဝေး မိန့်ခွန်းမှ)

 

‘လာမည့်အပတ်တွင် ကျရောက်မည့် ကျွန်ုပ်၏ နှစ်ငါးဆယ်မြောက်မွေးနေ့တွင် ကျွန်ုပ်အား ၀မ်းမြောက်စကား

ပြောကြားကြမည့် အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ၊ ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။’

                                                                                                                                                 (ကြော်ငြာမှ)

 

 

 

About maung hninkharr

has written 24 post in this Website..