နှလုံးသားရေး ဦးတည်ချက် ( ၄ ) ရပ် ။ နှင် ့ ချစ်သူ ့ သဘောထား ၊ ( တစ်ယောက်သော .. သူ ..သို ့ )

alinsettSeptember 7, 20111min12311

နှလုံးသားရေးဦးတည်ချက် (၄ )ရပ်။

ရင်ခွင်တော် တည်ငြိမ်ရေး ၊ ရင်ခုန်သံ အေးချမ်းသာယာရေး နှင့် အနမ်း ဥပဒေစိုးမိုးရေး ။

နှစ်ဦးသား ပြေလည် ၊ စည်းလုံး ညီညွတ်ရေး။

ခိုင်မာသည့် အသည်းပုံ အကြင်နာအမြုတေသစ် ဖြစ်ပေါ်လာရေး။

ဖြစ်ပေါ်လာသည့် အသည်းပုံ အကြင်နာ အမြုတေသစ်နှင့် အညီ ခေတ်မီတိုးတက် လှပသော

တူနှစ်ကိုယ် တိုင်းပြည်တစ်ခု တည်ဆောက်ရေး ။

******************************************************

ချစ်သူ ့ သဘောထား ။

အသပြာ အားကိုး အန်ကယ်ဘိုးဘိုး ၊ အောက်ပိုင်းမြင်ဝါဒီများအား ဆန့် ့ကျင်ကြ ၊

ရင်ခွင်တော် တည်ငြိမ်ရေးနှင့် အကြင်နာ တိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသူ ကြာကူလီများအား ဆန် ့ကျင်ကြ။

တူ နှစ်ကိုယ် ၏ အတွင်းရေးကို ဝင်ရောက် စွက်ဖက် နှောင့်ယှက်သော မိဘ ဆွေမျိုးများအား ဆန် ့ကျင်ကြ။

ဆိုင်တွင်း ဆိုင်ပြင် အရက်သမားများအား ဘုံရန်သူ အဖြစ် သတ်မှတ် ရှောင်ရှားကြ။ ။

********************************************

( Forward Mail… အဖြစ် ကျွန်တော် ့ဆီကို ပို ့လိုက်တဲ ့ စာသားလေးတွေပါ။
ဘယ်သူ ပို ့လိုက်တာလဲ…လို ့ ကျွန်တော့်ကို မေးလာရင် ကျွန်တော် ဖြေမှာ မဟုတ်ပါဘူး။
တစ်ယောက်သောသူ လေးကို ပြန်သတ်ိရစေချင်လို ့ ဒီစာလေးကို ဒီ ရွာထဲ မှာ ပြန်ဖော်ပြမိတာပါ ။

ကျွန်တော့် ခံစားချက်တွေ ကို အမြဲ စောင့်ကြည့်လေ ့လာ နေကျ…..သူ…..

ဖတ်မိမယ် ထင်ပါတယ် ။ )

အားလုံးကို လေးစား….ခင်မင်စွာ…..

အလင်းဆက်

11 comments

  • zaw min

    September 7, 2011 at 9:41 pm

    အလင်းစက်ရေ…ဒါလေးက အကိုဂေဇတ်မှာ ရေးထားရှိတယ်..jan.30.2011 မှာပါ၊http;//myanmargazette.net/39691/society-lifestyle မှာသွားကြည့်လိုက်ပါကွယ်…

  • ကြောင်ကြီး

    September 8, 2011 at 7:50 am

    တယောက်သောသူလေးကို သတိရစေချင်လို့ပါဆိုတာ ကိုဇော်မင်းကိုများ စောင်းပြောတာလား။ အဲဒီလူကြီးက ဆိုးတယ်နော်၊ ဖဲ့မယ်ဆိုတာကြီးပဲ..။ ချိန်းတွေ့ရင် သံချပ်ကာဝတ်စုံ ဝတ်ပြီးမှတွေ့..။

  • alinsett

    September 9, 2011 at 6:30 pm

    ကိုဇော်မင်းရေ…. ဘယ်လိုဖြစ်ပြီး တိုက်ဆိုင်ကုန်ပါလိမ် ့။ ဒီ စာသားတွေက်ို ကိုယ် ့ဆီ ..သူ…ပို့ ့ပေးထားတာတော့ ကြာပါပြီ။
    2010 ထဲ က ပို့ ့ ထားတာပဲ။ ဒါပေမယ် ့ သူ လည်း ဘယ်က ရလာလဲ…ကိုယ် မသိဘူး။
    ဒီစာသားတွေက ကိုဇော်မင်းရဲ ့ကိုယ်ပို့င် စာသားတွေ ဆိုရင် ..ကိုယ် တောင်းပန်ပါတယ်။
    ကိုဇော်မင်း တင်ထားပြီးသားမှန်းလည်း မသိခဲ ့ပါဘူး။
    ဘာပဲ.ဖြစ်ဖြစ် ဒီ တိုက်ဆိုင်မှု အတွက် ကိုယ် တောင်းပန်ပါတယ်နော် ။

    ကိုကြီးကြောင်ပြောသလို ကိုဇော်မင်းကို သတိရစေချင်လို ့တော့ မဟုတ်ပါဘူးနော် ။ဟဲဟဲ.။

  • zaw min

    September 10, 2011 at 1:44 pm

    အလင်းဆက်ရေ…မဲ့ယိုကွမ်းရှိ ပါကွယ်…တိုက်ဆိုင်မူလေးတွေဆိုတာရှိတတ်ပါတယ်…ဒါပေမယ့် ကိုကြောင်ကြီးပြော သလိုဖဲ့မှာပဲဆိုတဲ့ လူကြီးတော့မဟုတ်ပါဘူး၊ဘာကြောင့်လဲဆိုတော့ မောင်ပုလို လိင်တူမကြိုက်လို့ပါကွယ်…
    ဘာပဲဖြစ်ဖြစ် ခွေးလွှတ်တယ်(ရခိုင်လေသံနဲ့ပြောတာနော်)။

  • ရွှေဘိုသား

    September 10, 2011 at 6:40 pm

    အခုထိ ဇာတ်သိမ်း မရောက်သေးဘူးလား မြန်မြန်ပေါင်းကြတော. နောက်ကား ကျော်ချင်နေပြီ

Leave a Reply