နှင်းခဲဒိုင်ယာယီ

့“နှင်းခဲဒိုင်ယာယီ´´
မြူနှင်းတို့ခြုံလွှမ်းတဲ့
မြို့ကလေးရဲ့ထောင့်ချိုးတစ်နေရာ
နှင်းမှုန်တို့ဝေ့သီ
ဆေးမပီပန်ချီကားထဲ
အေးခဲမှုကိုအံတုရင်း
ငါ့နှလုံးသား ..
ကျွမ်းလောင်နေလေရဲ့ … ။
နှင်းမှုန်နဲ့အတူ
တွဲလွဲခိုနေတဲ့
မျက်ဝန်းကမျက်ရည်စ
အေးခဲနေမလား …
ပူနွေးနေမလား …
ဝိညာဉ်ခေါ်သံ
စူးဝါးဝါးခွေးဟောင်သံတစ်ချက်
ညာဉ့်ငှက်တို့ထပျံ
အဖန်တစ်ရာကြေကွဲမှုနဲ့
ဂရုမပြုနိုင်အား …
မြောက်လေတစ်ချက်အဝေ့မှာ
ငွေ့ငွေ့ကလေးနွေးထွေးမှု
ပျောက်ရှသွားခဲ့ …
ဝိညာဉ်တစ်ခု
မျောလွင့်သွားခဲ့ပြီ …. ။ ။

2 comments

  • yetazar

    September 7, 2011 at 7:49 pm

    ပိုစ်လေးတွေ တင်လိုက်ရင်ပျောက်ပျောက်သွားတယ် ။ လိုက်ရှာလိုက်တော့ ဘေးကအတန်းကိုရောက်နေတယ် home ကိုရောက်အောင် ဘယ်လိုလုပ်ရမလဲမသိဘူး ။ ကယ်ကြပါဦးဂျ ။

  • kai

    September 9, 2011 at 7:23 am

    1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။ ((Copy/Paste Category)သည် ရှေ့မျက်နှာတွင်ပေါ်မည်မဟုတ်။) Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ

Leave a Reply