နဲနဲပြောပြချင်လို ့

မောင် ပေSeptember 8, 20111min1117

ကျေက်စိမ်းအကြောင်းကို စိတ်ဝင်စားသူ စာဖတ်ပရိသတ်တွေ ကို နဲနဲပြောပြချင်ပါတယ် ။

ကျွန်တော်ကတော့  ကျောက်စိမ်းအရောင်းအဝယ်သမားလေးပေါ့နော် ။

ဒီအလုပ် ကို လုပ်တာလည်း မကြာသေးပါဘူး ။

ကျောက်စိမ်းရောင်းဝယ်ခြင်း ဟာ ကောင်းရောင်း ကောင်းဝယ် စီးပွားရှာ အသက်မွေးဝမ်းကြောင်းခြင်းပါ ။

ငွေအရင်းအနှီးရှိရင် လုပ်နိုင်သလို ။

ငွေအရင်းအနှီးမရှိရင်လည်း လုပ်နိုင်ပါတယ် ။

ငွေ အရင်းအနှီးရှိရင်တော့ ၊ ကိုယ် ငွေ သုံးနိုင်သလောက် ဝယ်ရောင်းပေါ့ ။

ငွေ အရင်းအနှီးမရှိရင်လည်း ဒီကျောက်စိမ်းဝိုင်းမှာ ငွေရှာလို ့ရပါတယ် ။

သူကြီးတို ့ပြောတဲ့ ပွဲစား နည်းနဲ ့ပေါ့ ။

ပွဲစား ဆိုလို ့ ပွဲစားအလုပ်များ လွယ်တယ် လို ့မထင်လိုက်ပါနဲ ့ဦး ။

ကျောက်ဝိုင်းမှာ အောင်မြင်တဲ့ ၊ နေ ့စဉ် ပွဲဖြစ်တဲ့ ပွဲစား ဆိုတာ..

ကျောက်စိမ်းအကြောင်းကို ကောင်းကောင်းကြီး နားလည်ရပါမယ် ။

ရိုးသား မှုရှိရပါမယ် ။

ပေါင်းသင်းဆက်ဆံရေးကောင်းရပါမယ် ။

ကျောက်စိမ်းဝိုင်းမှာ ပွဲစားလုပ်မယ့် သူ ဟာ အသိမိတ်ဆွေ ၊ လောပန် ၊ ဘောစိ အသိ ပေါများရပါမယ်။

ဒါမှ  ရောင်းမယ့်သူ က လဲ သူ ့ပစ္စည်းကို ကိုယ့်ကို ယုံကြည်စွာနဲ ့အပ်မယ် ။

ဝယ်မယ့်လူက လည်း ကိုယ် ပြတဲ့ ပစ္စည်းကို ယုံယုံကြည်ကြည်နဲ ့ဝယ်မယ် ။

ပွဲစား ရဲ  ့ဝင်ငွေ ဟာ တစ်ရာကျပ် ကို ငါးကျပ် ရပါတယ် ။

တစ်သိန်းကို ငါးထောင်ကျပ်ပါ ။

ဒီလောက်ဆိုရင် ကျောက်စိမ်းဝိုင်းမှာ  ပွဲစားလုပ်ဖို ့မလွယ်ကူဘူး ဆိုတာ သိကြမှာပါ ။

တစ်ကယ် အောင်မြင်နေတဲ့ ပွဲစားတွေဆိုရင် တစ်ရက်တစ်ရက် ကို အနည်းဆုံး ၂ သိန်း ၃ သိန်းတော့ ဝင်ငွေရှိပါတယ် ။

ရံဖန်ရံခါ သိန်းသောင်းချီ အရောင်းအဝယ်တည့်ရင်တော့ သူတို ့အတွက် ရွှေပဲပေါ့ ။

ဒီအလုပ် ကို အခု မှ လုပ်ရတဲ့ အတွက် ၊ အရင်တုန်း က မလုပ်မိခဲ့တဲ့ အချိန်တွေ ကို နှမြောမိပါတယ် ။

တစ်ကယ် ကို အချိန်နည်းနည်း နဲ ့ ၊ လွတ်လွတ်လပ်လပ် ၊ ကိုယ့် ဆုံးဖြတ်ချက်နဲ ့ကိုယ် လုပ်ရတဲ့ အလုပ်ပါ ။

ကျောက်စိမ်းအရောင်းအဝယ် လုပ်ဖို ့ဆိုရင်..

ကျောက်ဝိုင်း ကို နေ ့စဉ် သွားဖို ့မဖြစ်မနေ လိုအပ်ပါတယ် ။

ကျောက်ဝိုင်း ကို နေ ့စဉ် ရောက်မှ သာ ။

ကျောက်ဝိုင်း ထဲ မှာ နေ ့စဉ် ရောင်းဝယ်နေကြတာ တွေ ကို တွေ ့မယ် ။

ဈေးကွက် ကို မျက်ခြေမပြတ်တော့ဘူး ။

ဥပမာ ကိုယ့်လက် ထဲ မှာ ၊ ၁ဝ သိန်းလောက် မှန်းထားတဲ့ ကျောက်စိမ်းပွင့် ၃ ပွင့်ရှိနေတယ် ဆိုပါစို ့။

ကိုယ် က မရောင်းဖြစ်သေးဘူး ။

ကိုယ် က ၁ဝ သိန်းကျပ် ရမှ ရောင်းမယ် လို ့မှန်းထားတယ် ။

သို ့သော် ၊ လောလောဆယ် မရောင်းရသေးဘူး ။

ဒီအချိန်မှာ..ကျောက်ဝိုင်းထဲ မှာ ၊ ကိုယ်ရောင်းမယ့် အပွင့်မျိုး ကို ၁၅ သိန်း နဲ ့အရောင်းအဝယ် ဖြစ်သွားတာ ကို..

ကိုယ်သိရရင် ၊ သတင်းကို မျက်ခြေ မပြတ်ရင် …

ကိုယ် ၁ဝ သိန်း သတ်မှတ်ထားတဲ့ ကျောက်ကို ၁၅ သိန်း ရအောင် ရောင်းလို ့ရပြီ ပေါ့ ။

ဒီကိစ္စ နဲ ့ပတ်သက်ပြီး ကျွန်တော် လေးစားရတဲ့ ကျွန်တော့်ဆရာ ရဲ  ့ဆုံးမ စကားလေးကို ဖောက်သည်ချချင်ပါတယ် ။

ကျောက်စိမ်းဝိုင်း ဟာ မီးတွေ ဟုန်းဟုန်းတောက်နေတဲ့ မီးပုံကြီး နဲ ့တူပါတယ် ။

ကျောက်စိမ်းလုပ်တဲ့ ကိုယ်ကတော့ မီးကျီခဲ တစ်ခဲ အလားပေါ့ ။

မီးကျီခဲ ဟာ မီးပုံကြီးထဲ မှာ ရှိနေမှ ၊ မီးဆက်လက်တောက်လောင်နေပါမယ် ။

မီးပုံကြီး က နေ ဝေးရာ ကို ရောက်ရင်….မီးအေးသွားပြီး ပြာဖုံးသွားမယ် ။ မီးငြိမ်းသွားပါမယ် ။

နောက်ပြီး ကျွန်တော် မှတ်သားထားသော ၊ လိုက်နာသော ဆုံးမ စကားလေး ရှိပါသေးတယ် ။

` ကျောက်ဝိုင်း ကို သွားရင် ဘယ်လို စိတ်ထားနဲ ့သွားမလဲ ။´

ကျွန်တော် တို ့ပညာသင်တုန်း က တော့ ၊ သင်တန်းသားတွေ အဖြေအမျိုးမျိုး ဖြေခဲ့ကြပါတယ် ။

` သူဌေးဖြစ်ရမယ် ´

` ကိုယ် ဒီနေ ့ကျောက်အောင်ရမယ် ´

` ကိုယ် အလိမ်မခံ ရအောင် သတိထားသွားမယ် ´ စသည်ဖြင့် ။

ကျောက်စိမ်းဝိုင်း ကို သွားတော့မယ် ဆိုရင် အိမ်ကနေ မထွက်ခင်  မေတ္တာပို ့သွားသင့်ပါတယ် ။

` ကိုယ် နဲ ့အလုပ်လုပ်မယ့် ကျောက်သမားတွေ အားလုံး ကျန်းမာကြပါစေ ၊ ချမ်းသာကြပါစေ ၊ ဘေးအန္တရာယ် ကင်းကွာ ပြီး စိတ်ချမ်းသာ ကြပါစေ ´ ဆိုပြီးပေါ့ ။

ကိုယ်နဲ ့အလုပ်လုပ်မယ့် သူတွေ အဆင်ပြေမှသာ ၊ ကိုယ်လည်း အဆင်ပြေမှာပါ ။

ဟုတ်ပါတယ် ။

လောကကြီးဟာ တစ်ဘက်သတ် မကြည့်ပေးပါဘူး တဲ့ ။ တစ်ဘက်သတ် မျက်နှာသာမပေးတတ်ပါဘူး တဲ့ ။ စဉ်းစားစရာပါ နော် ။

လူတစ်ချို  ့ဟာတဲ့ ၊ လူတိုင်း ကို ကိုယ့်လိုပဲ ထင်နေကြတယ် တဲ့ ။

အဲဒါနဲ ့ပတ်သက်ပြီး ပုံပြင် လေး တစ်ပုဒ် ကို ပြောပြချင်ပါတယ် ။

ကြားဖူးပြီး ဖြစ်နေမယ်ဆိုရင်တော့ အားနာပါတယ် ။

တစ်ခါတုံး က ရွာတစ်ရွာ မှာ ပါ ။

သူကြီး နဲ ့ရွာသားတွေ ရှိကြတာပေါ့ ။

တစ်ရက် ကြ သူကြီး က ၊ ရွာသားတွေ ကို စုံညီ တွေ ့ဆုံ ပျော်ပွဲ စားပွဲကြီး တစ်ခု ကျင်းပ ဖို ့ကြေငြာလိုက်တယ် ။

ပွဲတော် အတွက် ၊ ရွာသား တစ်ယောက် စီ ကို အရက်တစ်အိုး စီ ယူလာခဲ့ဖို ့လည်း တစ်ခါထဲ မှာလိုက်တယ် ။

ဒီလိုနဲ ့…။

ရွာသားတစ်ယောက် ဟာ အဲဒီသတင်းကို ကြားပြီး ၊ သူ ့အိမ်မှာ ဦးဏှောက်ခြောက်နေပါသတဲ့ ။

သူ ့ဆီ မှာ ၊ ပွဲတော် ကို ယူသွားစရာ ၊ အရက်မရှိလို ့စိတ်ညစ်နေပါသတဲ့ ။

သူ ့မိန်းမ က တွေ ့သွားတော့ ။

ယောက်ျားဖြစ်သူ ကို အကြောင်းစုံ မေးပြီး…

` ရှင့်နှယ်…ဒီလောက် လွယ်တဲ့ ကိစ္စ ကို များ ခက်နေသေးတယ် ၊ ဒီလိုလုပ် ´

` ဘယ်လို လုပ်ရမှာလဲ…မိန်းမ ရဲ  ့ ´

` အိုးအလွတ်တစ်လုံး ထဲ ကို ရေထည့်ယူသွားလိုက် ၊ ပွဲတော် ကို တစ်ရွာလုံး က အရက်အိုးတွေ ယူလာကြမှာဆိုတော့ ၊ ဘယ်သူမှ သိမှာ မဟုတ်ဘူး ´

` ဟ…ဖြစ်ပါ့မလား ၊ မိန်းမ ရဲ  ့၊ တော်ကြာ…သူများတွေ သိကုန်ရင် ရှက်စရာကြီး ´

` ကဲပါလေ…ကျွန်မ စီစဉ်ပေးထားမယ် ၊ ပွဲနေ ့ရောက်ရင်သာ ၊ ကျွန်မ ပေးတဲ့ အိုးကို အသာယူသွား ´

ဒီလိုနဲ ့…ထိုရွာသား ဟာ ပွဲတော် ကို ရေထည့်ထားတဲ့ အိုးတစ်လုံး နဲ ့လာခဲ့တယ် ။

ပွဲတော်ရောက်တော့ ၊ အရက်တွေ စုထည့်ဖို ့ အိုးအကြီးကြီးတစ်လုံး စီစဉ်ပေးထားတယ် ။

အဲဒီအထဲကို လောင်းထည့်ကြရတယ် ။

ရွာသားလဲ ပျော်သွားပြီး ၊ ခပ်တည်တည်နဲ ့ သူယူလာတဲ့ ရေတွေ ကို လောင်းထည့်လိုက်တယ် ။

ဒီလို နဲ ့…ပွဲတော် က စပါလေရော ။

အားလုံး စုံစုံညီညီ နဲ ့ စကားတွေ ပြောရင်း ၊ ပျော်ရွှင်စွာ နဲ ့ ၊ အရက်တွေ စုရမယ် ဆိုတဲ့ အိုးကြီးထဲ ကနေ တစ်ခွက်စီ ခပ်သောက်လိုက်ကြတယ် ။

ဇါတ်လိုက်ရွာသား လဲ အရက်ကို ခပ်သောက်လိုက်တော့ ။

တစ်ခွက်လုံး က ရေတွေ ပဲ ဖြစ်နေတယ် ။

` ဪ…ငါတစ်ယောက်ထဲ အကြံအဖန်ထုတာ မဟုတ်ပါလား ၊ မဟုတ်တာ လုပ်ရင် မဟုတ်တာပဲ ဖြစ်ရတာပါလား ´

ဆိုပြီး…ရွာသား ဟာ အသိတရား ရသွားပါသတဲ့ ။

( ပုံပြင်လေး က ဂေဇက်နဲ ့များ တိုက်ဆိုင်နေမလား မသိဘူး နော် ။ ဟီဟိ )

ဒီပုံပြင်ကနေ ကျွန်တော် ဘာသင်ခန်းစာ ယူရသလဲ ဆိုရင်

ကောင်းတာလုပ်ရင် ကောင်းတဲ့သူတွေ နဲ ့ဆုံရမယ် ၊ အတူ အလုပ်လုပ်ခွင့်ရမယ် လို ့ …အတွေးရပါတယ် ။

ကဲဗျာ…တော်တော်ပေရှည်နေပြီ မို ့ရပ်နားပါဦးမယ် ။

ဂေဇက်မှာ စာရေးခွင့်ရတဲ့ အတွက် အရမ်းပျော်ပါတယ် ။

တစ်ရက်..တစ်ရက် ၊ အလုပ်က ပင်ပန်းနွမ်းနယ်သမျှ ၊ ဂေဇက် ကို ရောက်ရင် ၊ စိတ်ပြေ လက်ပျောက် ဖြစ်မိပါတယ် ။

ကျောက်စိမ်းအကြောင်း ကို သိရသမျှ ၊ လေ့လာ တွေ ့ရှိသမျှ ၊ ထပ်မံ တင်ပေးပါဦးမယ် ။

—————————–အားလုံးကို ကျေးဇူးတင်ပါတယ်—————————–

 

 

7 comments

  • etone

    September 8, 2011 at 8:47 am

    ကိုပေရေ .. အလုပ်တိုင်းကတော့ .. သူ့ဟာနဲ့သူ risk ရှိတတ်တာပါပဲ … ကျောက်ပွဲစားလုပ်ဖို့ … စကားပြောလည်း လည်လည်ဝယ်ဝယ်ရှိမှနော် … ။ ကျွန်မစိတ်နဲ့ ဆို မဖြစ်ဘူး … ချော့လိုက်ခြောက်လိုက် ရေလိုက်ငါးလိုက်ကို မပြောတတ်လို့လေ … ။ ရတဲ့ % ကလည်း နည်းနည်းလေး ဆိုပေမဲ့ .. ကျောက်တတုံးရဲ့ တန်ဖိုး ပေါ်မူတည်ပြီး ခံစားခွင့်ရှိတော့ ..ဝင်ငွေကောင်းတဲ့ အလုပ်လို့ ပြောရမယ် ။ 🙂

  • ရွှေဘိုသား

    September 8, 2011 at 8:53 am

    ကိုပေပြောတာတော.မှန်သဗျ ကောင်းတာလုပ်မှကိုယ်လည်းကောင်းတာရမှာ

    ကိုပေ ကျနော်လည်း တပည်.ခံမယ်ဗျာ ဘယ်လိုလည်း ဆရာစား တော.မချန်နဲ.ဗျာ
    ရွာမှာကျောက်တစ်လုံးရှိတယ် တော်တော်ကောင်းတယ်ဗျ သွေးသလောက် မပွန်းဘူး ဓားသွေးကျောက်လေ

  • manawphyulay

    September 8, 2011 at 12:12 pm

    ကျောက်စိမ်းကို စိတ်ဝင်စားပေမယ့် ငွေအရင်းအနှီးမမရှိဖြစ်နေပါတယ် ကိုပေရယ်… ဘာလုပ်ရင်ကောင်းမလဲ အကြံလေးဘာလေးပေးပါဦး။ ခုတောင် လမ်းဘေးက ကျောက်ခဲလုံးတွေမြင်နေရင် ဘာကျောက်လဲဟဆိုပြီး စိတ်ဝင်စားစွာ လိုက်ကောက်နေတာ အိမ်မှာတောင် လမ်းခင်းဖို့ ရတော့မယ်… 😛

  • မီးမီး သော်

    September 8, 2011 at 12:53 pm

    ကိုပေ့ ပြောသလိုပါ ကျွန်မတို ့ကကောင်းတာ လုပ်လို ့ကောင်းတာကြံ ုရပါမယ်ဆိုတော့ အားတက်ရပါတယ်။အမြဲတမ်းလဲ အကောင်းတွက်ရှေ ့ရှုလျှက် MG ကိုဝင်အားပေးနေမှာပါ။

  • hmee

    September 8, 2011 at 1:20 pm

    ဖတ်ဖူးတယ် တူသောအကျိုးပေးတယ်တဲ့။ ကိုယ့်စေတနာ ကိုယ့်အကျိုးပေးတယ် စတဲ့ စကားတွေကို ယုံတယ်။ ဒါကြောင့် ဘယ်သူစေတနာမမှန် မမှန် ကိုယ့်စိတ်ကိုယ်လုံအောင် စေတနာ အမှန်ပဲထားတော့တယ်။ ကိုယ့်စေတနာ ချက်ချင်း အကျိုးမပေးတောင် ဒုက္ခတော့ မရောက်ဘူး။ မမှီလည်း ကျောက်မျက်ရတနာတွေ ရောင်းဝယ်တာ စိတ်ဝင်စားတယ်။ ပြန်ရောက်ရင်တောင် ကျောက်မျက်သင်တန်း တက်ဖြစ်မလား မပြောတတ်ဘူး။ ရွှေတွေ ဘာတွေ ရောင်းဝယ်တာလည်း စိတ်ဝင်စားတယ်။

  • nozomi

    September 8, 2011 at 1:28 pm

    ကိုပေ ကျောက်ဝိုင်းက လူတိုင်း မသိနိုင်တဲ့ တကယ့်အဖြစ်အပျက်လေးတွေလဲ လုပ်ပါဦး
    နေ့တိုင်းလဲ သိန်းကျောက်တွေနဲ့ ပွဲဖြစ်ပါစေ ဆုတောင်းပေးပါတယ်

  • AKKO

    September 8, 2011 at 1:53 pm

    ဖတ်ရတာ ဗဟုသုတရပါတယ် …. ။ နောက်စာများလည်း အားပေးစောင့်ဖတ်နေပါတယ်ဗျာ … ။
    ပွဲစားလောကက နှုတ်သွက်ပြီး စည်းရုံးနိုင်စွမ်းရှိမှ ၊ မျက်နှာလည်း ချို ၊ လူကလည်း ဖျတ်လတ်နေရတာမျိုးဆိုတော့… စိတ်လည်း တဲ့လူတွေ လုပ်လို့ အဆင်ပြေတယ် .. ။

Leave a Reply