နံနက်ခင်းနှင့် သဘာဝမှ ဖန်ဆင်းခြင်း အလှတရား

နေရာတစ်နေရာထဲမှာပေမယ့် အချိန်ကာလမတူ ရက်မတူတာနဲ့ သဘာဝတရားရဲ့ ဖန်ဆင်းမူ့ကြောင့် အရောင်အသွေးတွေပြောင်းလဲတတ်ပါတယ်။
တစ်ရက် မန်းလေးမြို့သစ်က 73လမ်းဖက်ကို မနက်စောစော(မနက်5း30)လောက်လမ်းလျှောက်ထွက်မိတဲ့တစ်ရက်မှာ မိုးအုံ့ဆိုင်းနေပေမယ့် ပြာလွင်တဲ့
မြင်ကွင်းကို တွေ့လိုက်ရတော့ ထုံးစံအတိုင်းလက်ဆော့မိတာပေါ့။

အမှတ်တမဲ့ရိုက်လိုက်တာ နံနက်စောစောထတဲ့ပိုးကောင်လေးတောင်ပါသွားတယ်

ဒီပုံလေးကတော့ မြို့သစ် 73လမ်းမရဲ့အနောက်ဖက်ခြမ်းကို လှမ်းရိုက်ထားတာပါ။
မီးနီနီလေးက တော့ မဟာမြတ်မုနိဘုရားပါ။
ဒါကတော့ အရှေ့ဘက်ရှမ်းရိိုးမ နဲ့နံနက်အလင်းပေ့ါ

ဒီပုံလေးကတော့ လမ်းအရှေ့ဘက်က နေ ရှမ်းရိုးမကို လှမ်းမြင်ရတဲ့ပုံပေါ့။
အလင်းရောက်က ထွက်လုဆဲဆဲ မိုးတိမ်မဲကြောင့် မလင်းတလင်းလေးလေ။
ရှမ်းရိးမ နဲ့ နံနက်ခင်းကောင်းကင် ရေကွက်ကွက်ကလေးနဲ့မြက်ခင်း

နေရာတူပေမယ့်မြင်ကွင်းကတော့ နည်းနည်းလေးကွာမယ်နော်။
ဒါက အရှေ့တောင်ဘက်ကို မြင်ရတဲ့ မှောင်ရီဝိုးတဝါးပုံလေးပါ။

ဒါကတော့ နောက်တစ်ရက် မှတ်မှတ်ရရ စက်တင်ဘာလ တစ်ရက်နေ့ပေါ့။
အလင်းထွက်စ ရှမ်းရိုးမ နဲ့ အပြာမိူင်းမိုင်းကောင်းကင်

သူကတော့ မြင်ကွင်းကျယ် ရှေ့ဆက်တိုးမရတော့ ဓါတ်ကြိုးကို လွတ်အောင်မရိုက်နိုင်တော့ နည်းနည်းလေးအရုပ်ဆိုးသွားတယ်။
ဒါကတော့ မြောက်ဘက်ခြမ်းကို အလေးပေးရိုက်ထားတာပါ။

ရှမ်းရိုးမမှာ မြူခိုးတွေဝေနေပါတယ်။
ရှမ်းရိုးမတောင်ခါးပန်းမှာ တိမ်ခိုးတွေဝေနေပါတယ်။

ဒီပုံလေးကတော့ အပြင်မှာ မြင်တုံးက မထူးခြားသလိုနဲ့ ကွန်ပြူတာထဲ ထည့်ဖွင့်ကြည့်လိုက်တော့ ကျနော်ကိုယ်တိုင်ကို အတော်လေးနှစ်သက်တဲ့ပုံပါ။
တိ်မ်ပြာမိူင်းရိ တောင်ခိုးဝေစည် ရှမ်းရိုးမ အလှအလင်းက မပီ့တပီ

ဒါကတော့ စောစောက မပီဝိုးတဝါးတွေ့ ရတဲ့ မဟာမြတ်မုနိဘုရားနဲ့ အာနန္ဒာစေတီကို နည်းနည်းလေးလင်းတော့ မြင်ရတဲ့ပုံပါ။
ပြာလွင်ကောင်းကင် စိမ်းမြမြက်ပင် အဝေးကတော့ စေတီနှစ်ဆူ

ဒါကတော့ မိုးတိမ်တွေကင်းစင်တဲ့ရက် အနီရောင်ကောင်းကင်
မိုးကင်းစင် ပန်းနုရောင်သွေး ပက်ဖျန်းထားတဲ့ကောင်းကင် ရှမ်းရိုးမကို အလှဆင်

နေရာအတူတူပေမယ့် မတူတဲ့ သဘာဝရဲ့ဖန်ဆင်းမူ့ကြောင့် မတူတဲ့ရသကို ခံစားရပါတယ်။
ပန်းသွေးရောင် ကောင်းကင်အောက်က မြက်ခင်းနဲ့ရေစပ်စပ်

ဒါကတော့ တောင်ဘက်ကို နည်းနည်းလေးရွှေ့ရိုက်ထားတာပါ။
တောင်ဘက်ကို နည်းနည်းတိုးတော့ တောင်တွေကိုပိုမြင်ရတယ်လေ

ဒါကတော့ ဟိုတောင်ဘက်တစ်ဆုံးကို ကြည့်တော့ တောင်တန်းအတန်းလို်က်ကြီး မြင်ရပါတယ်။

ဒါကတော့ နေသာမယ့်နေ့မနက်မြင်ကွင်း အပြာရောင်လွှမ်းနေပါတယ်။
အလင်းသိပ်မရောက်သေးတော့ အပြာနည်းနည်းမိူင်းနေသလို မပီတပီ

သူကလည်းအလင်းမရင့်သေးတော့ မိူင်းပြာပြာ

အလင်းလဲရင့်လာရော ပြာလွင်တဲ့ကောင်းကင်ကြီးကို မြင်ရတာ စိတ်အေးချမ်းပါတယ်။
အလှပဆုံးသော ပြာလွင်သော ကောင်းကင် နဲ့တောင်တန်း

ပြာလွင် ကြည်လင် ကောင်းကင် ရှမ်းရိုးမ လှပ
လှပသော.........ပြာလွင်.........မိုင်းရီ..........

တစ်နေရာထဲမှာတောင် မတူူတဲ့နေ့ရက်တွေမှာ မတူသော ခြယ်မူန်းမူ့တွေကို ဖန်ဆင်း စီရင်ပေးတဲ့ သဘာဝတရားကြီးကိုတော့ လိုက်မမှီနိုင်အောင်ပါဘဲ။
လှတယ်လို့ ခံစားရလို့ တင်ပေးလိုက်ပါတယ်။

8 comments

  • ရွှေဘိုသား

    September 8, 2011 at 9:06 am

    လေးပေါက်ကတော. ဝဏ္ဏခွာနီး တောင်ထမင်းငတ်လောက်အောင် ရိုက်ချက်တွေက ကောင်းတယ်ပြောတော.လည်း မယုံဘူးတဲ.ဗျာ တင်လိုက်ရင်လည်း အကောင်းတွေချည်းပဲ
    ဘာပဲပြောပြော လေးပေါက်ကောင်းမှုကြောင်. ငယ်ကျွမ်းဆွေစာဥနဲ. ကန်သင်းရိုးမှာ ပြေးတမ်းလိုက်တမ်း
    ဆော.ခဲ.တာကို သတိရမိတယ်

  • MaMa

    September 8, 2011 at 9:20 am

    သဘာဝကခြယ်တဲ့ ဆေးရောင်တွေက ဘယ်ပန်းချီရေးလို့မမီပဲ။ တကယ့် နေမထွက်ခင် အာရုံဦးလေးမှာ အလင်းရောင်လေး မပေါ့်တပေါ်ကို အမိအရ ဖမ်းလိုက်နိုင်တယ်။ ဒါကတော့ လက်ဆော့မဟုတ်ဘူး စနက်ရှော့ဖြစ်သွားပြီ။
    🙂

  • pooch

    September 8, 2011 at 1:35 pm

    လေးပေါက် နံပါတ် ၈ ရယ် ၁၃ ရယ် ကြိုက်တယ်။ မနက် စောစောလမ်းလျှောက်ရင်း ဒီလိုမြင်ကွင်းလေးတွေကို မြင်ရခံစားရတာကလည်း လူကျန်းမာရေးရော စိတ်ကျန်းမာရေးရော ၂ ခုစလုံး အတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ အနော်လည်း မနက်စောစော လမ်းလျှောက်နိုင်ဖို့ ကြိုးစားအုန်းမယ်။ လေးပေါက် ကို အားကျလို့ ။ 🙂

  • နွယ်ပင်

    September 8, 2011 at 1:55 pm

    ဒီလိုမြင်ကွင်းမျိုးက မြင်ရခဲပါပေ့ မနက်စောစော ထပြီး သပ်သပ်ကြည့်မှကို မြင်နီုင်မယ့် မြင်ကွင်းလေးပါပဲ ………..

  • windtalker

    September 8, 2011 at 11:15 pm

    ကောင်းဗျာ
    လွှတ်ကောင်း
    တယ်ကောင်း
    ကြည့်ရ မြင်ရ စိတ်ချမ်းမြေ ့လှတယ် ဗျာ

  • ကျနော်က မြင်သမျှလှတယ်ထင်ရင် လက်ဆော့။
    ရွာထဲကအားပေးသူတွေကလဲ ကြိုက်တယ်ဆိုတော့
    လက်ဆော့ဘို့ ပိုအားတွေရှိလာသလိုဘဲ။
    ဒီဓါတ်ပုံတွေကိုတော့ ရွာထဲမှာ ဦးစားပေးတင်ပါတယ်။
    အချိန်ရရင်တော့ ဖေ့စ်ဘုတ်က အကောင့်မှာတင်ပါတယ်။

  • မီးမီး သော်

    September 9, 2011 at 9:52 pm

    ကိုပေါက်ရေ မင်္ဂလာရှိတဲ့ နံနက်ခင်းပန်းချီးမို ့ကူးယူသွားပါတယ်ရှင်

Leave a Reply