အနားမှာ ရှိတုန်းကတော့
အရိုးများသလေး အသားမဲသလေး
အဲ..
ကိုယ့်လို မဟုတ်ဘူး
တန်ဘိုးထားပြီး
ချစ်ခွင့်ပန်
ချစ်ခြင်း ကို လည်း ရသွားတာမြင်ရော
ချစ်စရာကောင်းကွက်လေးတွေ ကို
တွေ့ သွားပါကလား
ဘာများပါလိမ့်
သိချင်စမ်းပါဘိ ဆိုပြီး
ကြာကူလီ ခိုချင်လာပြန်ရော
အဲဒါ ဘယ်သူများ မှတ်တယ်
ယောက်ျားဗျ ယောက်ျား
မိန်းကလေး သူငယ်ချင်းမလေး
တက္ကသိုလ် အတူတက်ခဲ့သူလေး
ကျောင်းတက်တုန်းကတော့
တစ်ခြား ကောင်မလေး တွေ
လိုက်ငန် ၊ လိုက်ဖော နေရင်း
ကိုယ့် သူငယ်ချင်းမလေး ကို
သေချာ မကြည့်မိခဲ့
အဲ…
သူလဲ ဘဲရသွားရော
ခုန်လာပြီ ရင်တွေ
အဲဒါ…ကြာကူလီ စိတ်
မကောင်းမှန်း သိပါ့မလား
အခု မှ
သူငယ်ချင်းမလေး ကို
အခါခါ တွေ့ ချင်
သူ့ ဘဲ က ငြိငြင်မှာ
မမြင်ဘူးလား
အို ယောက်ျား
မင်း နောင်သံသရာ
ထုစရာ
အမြှောက် ကို
ဒီဘ၀ နဲ့ လဲမလား ။
( အင်တာနက် အမြဲ သုံးလေ့ရှိသူ ၊
ကျွန်တော့် မိန်းမ အား
အကြောင်းအမျိုးမျိုးပြကာ
ကပ်နေသူ ယောကျာ်းတစ်ယောက် အား
About မောင် ပေ
မောင် ပေ has written 396 post in this Website..