လဲမလား

မောင် ပေSeptember 8, 20111min20215

အနားမှာ ရှိတုန်းကတော့

အရိုးများသလေး အသားမဲသလေး

အဲ..

ကိုယ့်လို မဟုတ်ဘူး

တန်ဘိုးထားပြီး

ချစ်ခွင့်ပန်

ချစ်ခြင်း ကို လည်း ရသွားတာမြင်ရော

ဒီကောင် ငါ မတွေ  ့ခဲ့တဲ့

ချစ်စရာကောင်းကွက်လေးတွေ ကို

တွေ ့သွားပါကလား

ဘာများပါလိမ့်

သိချင်စမ်းပါဘိ ဆိုပြီး

ကြာကူလီ ခိုချင်လာပြန်ရော

အဲဒါ ဘယ်သူများ မှတ်တယ်

ယောက်ျားဗျ ယောက်ျား

မိန်းကလေး သူငယ်ချင်းမလေး

တက္ကသိုလ် အတူတက်ခဲ့သူလေး

ကျောင်းတက်တုန်းကတော့

တစ်ခြား ကောင်မလေး တွေ

လိုက်ငန် ၊ လိုက်ဖော နေရင်း

ကိုယ့် သူငယ်ချင်းမလေး ကို

သေချာ မကြည့်မိခဲ့

သူ ့ရဲ  ့အလှတရား ကို မတွေ ့ရှိခဲ့

အဲ…

သူလဲ ဘဲရသွားရော

ခုန်လာပြီ ရင်တွေ

အဲဒါ…ကြာကူလီ စိတ်

မကောင်းမှန်း သိပါ့မလား

အခု မှ

သူငယ်ချင်းမလေး ကို

အခါခါ တွေ ့ချင်

သူ ့ဘဲ က ငြိငြင်မှာ

မမြင်ဘူးလား

အို ယောက်ျား

မင်း နောင်သံသရာ

ထုစရာ

အမြှောက် ကို

ဒီဘဝ နဲ ့လဲမလား ။

( အင်တာနက် အမြဲ သုံးလေ့ရှိသူ ၊

ကျွန်တော့် မိန်းမ အား

အကြောင်းအမျိုးမျိုးပြကာ

ကပ်နေသူ ယောကျာ်းတစ်ယောက် အား

ရည်ညွှန်းရေးဖွဲ  ့မိပါသည် ။)

 

 

15 comments

  • etone

    September 9, 2011 at 8:44 am

    ဟား ဟား … ပြောလိုက်လေ … လင်ရှိမယားကို ပြစ်မှားလျှင် ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ … 😛
    ဒီထက်ဆိုးလာလျှင် ဆွဲသာထိုးလိုက်တော့ 🙄

  • pan pan

    September 9, 2011 at 9:10 am

    ပြောလိုက်လေ
    ဒု-သ-န-သော လို့
    သူများရမှ လာလိုချင်နေပုံပဲ ဟီးဟီး

  • နွယ်ပင်

    September 9, 2011 at 9:37 am

    ဟ ဟ အခုတစ်လော အဲလိုလူတွေ တော်တော်များလာတာပါလား ……..

  • manawphyulay

    September 9, 2011 at 9:44 am

    ဟဟ… ဘာများလဲလို့… ပြောလိုက်ပေါ့ကွ ကံငါးပါးထဲက တစ်ပါးဆိုတာကို အပြတ်ပြောထားရင် မငန်ရဲပါဘူး။ ဟိဟိ ငမ်းတာလို့ရေးပါဟ။ ဖတ်လိုက်တာ ငန်တယ်ဖြစ်သွားတယ်။

  • KMN

    September 9, 2011 at 9:48 am

    လင်ရှိမယားကိုပြစ်မှားရင် ဒု သ န သော ဖြစ်မယ်ဆိုတဲ့စကားအသုံးအနှုံးနဲ့ သုံးကြတယ်၊
    မယားရှိတဲ့လင်ကိုပြစ်မှားရင်ရော ဒု သ န သော ပဲလား?

    • pan pan

      September 9, 2011 at 10:06 am

      အဲဒါတွေ အသေးစိတ်သိချင်ရင် ဘုန်းကြီးကျောင်းမှာသွားမေးလို့ရပါတယ်
      ဒီရွာမှာလည်း ဘုန်းကြီးကျောင်းနဲ့ သာသာယာယာပါ
      ဦးဇင်းတွေလည်းရှိပါတယ် ဦးဇင်းashinindakaတို့ ဦးဇင်းဆန်နီနေမင်း တို့ရှိပါတယ်

    • MaMa

      September 9, 2011 at 10:31 am

      မယားရှိတဲ့လင်ကိုပြစ်မှားရင်ရော ဒု သ န သော ပဲလား?
      KMN ရေ- တရားတစ်ပုဒ်မှာ ကြားနာဖူးတာက အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် အပြစ်ဖြစ်တဲ့၊ အပြစ်ထိုက်တဲ့ လူကို ပြစ်မှားမိရင် ရမယ့် အကုသိုလ်ကံအကျိုးက အတူတူပါပဲ။

  • manawphyulay

    September 9, 2011 at 9:57 am

    ဒု – ဒူးရင်းသီး
    သ – သရက်သီး
    န – နာနတ်သီး
    သော – သောကြာနေ့တိုင်းရမည်။

  • ကြောင်ကြီး

    September 9, 2011 at 11:19 am

    အိုဘယ့်ယောက်ျား
    မကြောက်သလား
    ထောက်ထားပါကွဲ့
    ဖောက်ပြားတာ
    နောက်များမှာ
    မှောက်သွားမှာမို့
    ယောက်သွားလိုကျင့်။

    မှတ်ချက်။ ယောက်သွားဆိုတာ မသိပါ။ ကာရန်လိုက်အောင် ယူမိပါသည်။

  • စုံ စုံ

    September 9, 2011 at 11:27 am

    ကြံဖန်ပြီး ဂုဏ်ယူရရင်တော့
    မောင်ပေ့ မိန်းမက မအိုသေးတဲ့သူ အပျိုလေးနဲ့တူနေလို့နေမှာပေါ့ 😛

  • Moe Z

    September 9, 2011 at 2:42 pm

    ဟီး ဟီး ..သူ့မိန်းမလှတာကို သွယ်ဝိုက်ပြီးကြွားနေပါတယ်ဗျို့…

  • naywoonni

    September 9, 2011 at 5:53 pm

    ဒု-သ-န-သော ဆိုတာ ဒုတိယလင် သေသောအခါ နတ်ပြည်ရောက်စေသော်ဝ် လို့ ပြောတာလို့ ကြားဖူးတယ်..။

  • မီးမီး သော်

    September 9, 2011 at 7:01 pm

    ကိုနေဝန်နီက တော့လုပ်ပီ။ကိုပေ့ စိတ်ဆိုးနေပုံရတယ်နော်။

  • ကိုယ့်ခြံထဲကမြက် စိမ်းမှန်းမသိ စိုမှန်းမသိ
    အသိတစ်ရားမရှိတဲ့ လူ့ငနွား။
    တစ်ခြားရွာသားက လာစားမှ ကောင်းမှန်းသိ
    တော်တော်ဆိုးတဲ့ ငတိ၊
    ဆိုတာလို အတော်ကို ပိန်းတဲ့ကောင်ကွာ။
    ဒု သ န သော ခပ်တည်တည်နဲ့သာပြောနေမိ
    တကယ်တော့ ဘာကို ဆိုလိုမှန်းငါမသိ။
    ဘာဖြစ်ဖြစ်
    ကိုယ့်မိန်းမကို လာကြူတဲ့ ငအူကောင်
    ထပ်မကြူနှိုင်အောင်……………………..
    မောင်ပေရေ သူ့နှမကို မင်းထပ်ယူလိုက်ပေတော့ဟေ……………………….

  • monmon

    September 11, 2011 at 12:36 pm

    ကြူနေပြီဆိုမှတော့ ဘလော့ဂ်ခိုင်းလိုက်ပေါ့နော်….

Leave a Reply