မီးအိမ်ရှင် ဇာတ်သိမ်း (သို့) ပြိုကျပျက်စီးသွားသော အိပ်မက်

koyinSeptember 8, 20111min1206


မီးအိမ်ရှင် ဇာတ်သိမ်း (သို့) ပြိုကျပျက်စီးသွားသော အိပ်မက်

ကိုရင် .. မင်းဘာတွေ လျှောက်ရေးထားတာလဲ…မရှက်ဘူးလာ

မနက်ကတည်းက စိတ်တွေ လေးနေတယ်..အလုပ်လုပ်ရတာလည်း စိတ်မပါဘူး.. မီးအိမ်ရှင်ကို
ထူးထူးခြားခြားသတိရနေမိတယ်.. မင်း ဘယ်တွေများရောက်နေတာလဲကွာ။။

ကဗျာရေးမယ်ဆိုပြီး လက်နှစ်ဖက်ကို keyboard ပေါ်တင်လိုက်တယ်..
အကြောတွေသေနေတယ်.. ခေါင်းထဲမှာ ဘာအတွေးမှ ရှိမနေတာ အံ့ဩတယ်..
မီးအိမ်ရှင်.. မင်းကြောင့်ပဲလား…(မီးအိမ်ရှ
င်ဆိုတာ အနေတဲ့ သူငယ်ချင်းမလေးတစ်ယောက်ပါ.. သူအကြောင်းမသိဘဲ ကျုပ်က ဖိအားတွေ
ပေးမိတယ်… မီးအိမ်ရှင်ဟာ ဝမ်းနည်းအားငယ်စွာနဲ့ ကျုပ်ဆီက
ထွက်ပြေးသွားရတယ်.. ဒီအတွက်ကြောင့်ပဲ ကျုပ် နောင်တတွေနဲ့
နာကျင်ကြေကွဲနေခဲ့ရတာ တစ်နှစ်လောက်တောင် ရှိခဲ့ပြီလေ…။ ။

မီးအိမ်ရှင် (သို့) နှလုံးသားတစ်ခု၏ အသက်ဝိညာဉ်

) အတိတ်ကို
ပြန်တွေးနေမိစဉ်မှာပဲ သူမရောက်လာတာ…တိုက်ဆိုင်တာပဲ
လား…ရေစက်အမှန်ပဲလား…

ဟိတ်..ကိုရင်.. ဘာတွေလုပ်နေတာလဲ…ငါ့ကိုရော သတိရသေးရဲ့လား…

ဟင်..အသိတွေပြန်ဝင်လာတယ်..ဒါအိ

ပ်မက်လား..တကယ်လား… အတွေးလွန်ပြီး စိတ်ကူးယဉ်နေမိတာလား…

မီးအိမ်ရှင်.. မင်း..မင်းလား..တကယ်ပဲ မင်းလားဟင်…
ဟုတ်တယ်လေ..ဘာဖြစ်လို့လဲ…သရဲ
လာခြောက်တယ် ထင်နေလို့လား…

ဟာကွာ..မင်းကွာ..တော်တော်ရက်စက်တာပဲ.. ငါကို ဒီလောက်အကြာကြီး ပစ်ထားရက်တယ်…

ကျုပ် နှလုံးသွေးတွေ အခုန်မြန်လာတယ်…ရင်ဘတ်ထဲက အောင့်တက်လာတယ်…အလိုလိုနေရင်း မောလာတယ်..

ပစ်မထားရက်လို့ ပြန်လာတာပေါ့.. ဟို မီးအိမ်ရှင် (post) က ဘာလို့ တင်ထားတာလဲ.. မင်းမရှက်ဘူးလား..

ကြိုက်မရှက် ငိုက်မရှက်တဲ့.. ငါ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘူး… ငါ့ဆီ ဘာလို့ ပြန်လာတာလဲ..
မီးအိမ်ရှင်(post)ကြောင့်ပေါ့..
.
ဘာပဲပြောပြော ငါ အရမ်းဝမ်းသာတယ်..ပြော ဘာတွေလုပ်နေလဲ.. ဘယ်ကောင်တွေနဲလိုက်ကျူနေတာလဲ..
အံမယ် လူကိုများအထင်ကြီးလို့…ငါ့မှာ မင်းတစ်ယောက်တည်းပဲရှိတယ် ကိုရင်…

မင်းပြောနေတာ တကယ်ပဲလား…
ငါ လိမ်မပြောတတ်ဘူး…(ငါ လိမ်မပြောတတ်ဘူး..)

၃ နာရီလောက်ကြာအောင် စကားတွေ ပြောနေမိကြတယ်..(လက်ချောင်းတွေေတာင် သွေးခြေဥလို့…) အလွမ်းတွေကို အတိုးချပြီး ဖြည်ချနေကြတာလေ… အင်းလေ.. ကျုပ်တို့နှစ်ယောက်ကြားက သံယောဇဉ်ကြိုးက ပေါ့သေးသေးမှမဟုတ်တာ… အခုတော့
နားလည်မှုတွေရသွားပြီလို့ ပြောရမှာပေါ့…

မီးအိမ်ရှင် .. ငါ မင်းကို တစ်နေ့မှ မေ့လို့ မရဘူး.. အဲဒါ မင်းသိရဲ့လား…
ငါသိပါတယ်ကွာ.. ဘာလို့ဆိုတော့ ငါလည်း မင်းလိုပဲလေ…ငါက ကျောခိုင်းထွက်ပြေးခဲ့တယ်ဆိုေ

ပမယ့် အားငယ်မှုတွေနဲ့အတူ ပိုပြီး နာကျင်ခဲ့ရသူပါကွာ…
တော်ပြီကွာ..ထပ်မပြောနဲ့တော့နော
်.. မနက်ဖန်ကျမှ အေးအေးဆေးဆေးတွေ့မယ်လေ.. ညဥ့်နက်ပြီ.. အိပ်တော့နော်.. အိပ်မက်လှလှမက်ပါစေ…

ဟုတ်…U 2…

သူ့ကို အိပ်ခိုင်းလိုက်ရပေမယ့် ကျုပ်ကတော့ အိပ်လို့မရသေးဘူး… မနက်က စိတ်လေးနေတယ်ဆိုတာ ဘယ်ဟုတ်မလဲ..
ကျုပ်ရဲ့ Sixth Sense က နှိုးဆော်နေတာလေ.. ကျုပ်ရဲ့ သစ္စာမှန်လို့
မီးအိမ်ရှင် ကျုပ်ဆီပြန်ရောက်လာတာ… ကျုပ်စိတ်တွေ လှုပ်ရှားလွန်းနေသလို
သူမလည်း အိပ်လို့ ပျော်မှာမဟုတ်ဘူးဆိုတာ ကျုပ်သိနေတယ်… ရင်ဘတ်က ဒဏ်ရာက
အနာကျက်သလောက်ဖြစ်နေချိန်မှာ မီးအိမ်ရှင်က ဆားတစ်ဆုပ်ယူပြီး
အနာပေါ်အုံပေးသွားတယ် .. အင်း..မနက်ဖန်.. မနက်ဖန်တော့…..မနက်
အလုပ်ဆင်းရဦးမှာပဲ…အိပ်ဖို့ နာရီလှမ်းကြည့်လိုက်တော့ မနက်
ငါးနာရီ…ဖယ်ရီက ၆ နာရီလာမှာ… အိပ်ယာပေါ်က လူးလဲထလိုက်တယ်…

မီးအိမ်ရှင်…
ရှင်…
အံမယ်…လိမ္မာနေပါလား…
ဟုတ်…
မင်းကို ပြောစရာရှိတယ်..
မပြောနဲ့ …ကျေးဇူးပြုပြီး မပြောလိုက်ပါနဲ့ ကိုရင်
ငါ ဘာပြောမယ်ဆိုတာ မင်းသိလို့လား …
ရည်းစားစကား…
ဟားဟား အဲဒါကြောင့် မင်းကို ချစ်တာ… ငါအတည်ပြောမယ်နော်…မင်းကို ငါ
ချစ်တယ်… မင်းနဲ့ ငါ့ကြားမှာ ဒီထက်ပိုပြီး ဖွဲ့နွဲ့ပြောဖို့မလိုဘူးလို့
ငါထင်တယ်..ဒီတစ်ခါတော့ ထပ်မဝေးပါရစေနဲ့တော့ကွာ နော်…ငါ့ကို ချစ်သူအဖြစ်
လက်ခံပေးပါ.. ငါ လေးလေးနက်နက် တောင်းဆိုပါတယ်..

ကိုရင်.. ကျမကို တကယ်ချစ်တာလား ဟင်…
ဟ.. ဘယ်လိုဖြစ်တာလဲ.. ကျမ တဲ့..
ကျမ အတည်မေးတာပါ…
ပြောဖို့ လိုသေးလားကွာ.. မင်းကြောင့် ဘယ်လိုဒဏ်ရာတွေရခဲ့တယ်ဆိုတာ မင်းလည်း နားလည်ပြီးသားပါ..
ကိုရင် ကျမအကြောင်း ဘယ်လောက်သိလို့လဲ….

မသိဘူး…သိလည်း မသိချင်ဘူး… ငါသိတာ မင်းစကားမပြောတတ်ဘူး..
ဒါပေမယ့် မင်းကိုချစ်တယ်…ငါသိတာ ဒါပဲ.. မင်းလက်ခံရင် ငါခွင့်ယူပြီး ပြန်လာခဲ့မယ်…မင်းနဲ့လက်ထပ်

မယ်.. တကယ်လို့ မင်းလက်မခံဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြော…ငါနားလည်လက်ခံပေးနိုင်တယ်… ငါ့ကို အားမနာနဲ့..

ဒီလို လုပ်ပါလား…မနက်ဖန်မှ ကိုရင်တောင်းတဲ့အဖြေပေးမယ်လေ…အခု ကျမခေါင်းတွေ ကိုက်လာလို့…
ဒါဆိုလည်း ဆေးသောက်ပြီး အိပ်လိုက်နော်… ငါအကြောင်း သိပ်စဉ်းစားမနေနဲ့..မနက်ဖန် ငါစောင့်နေမှာနော်….
စိတ်ချပါ.. မနက်ဖန် ကိုရင်လိုချင်တဲ့အဖြေ ကျမ ပေးဖြစ်အောင် ပေးမှာပါ…(ကိုရင်လိုချင်တဲ့အေ
ဖြ ကျမ ပေးဖြစ်အောင် ပေးမှာပါ..)

အတွေးကမ္ဘာထဲ နစ်မြောရင်း မနက်အလင်းရောက်လာတာတောင် သတိမထားမိလိုက်ဘူး…

အိပ်မက်နန်းတော်ကြီး ပြိုကွဲ ပျက်စီးသွားခြင်းအကြောင်း…

Mail box ကိုဖွင့်လိုက်တာနဲ့ မီးအိမ်ရှင်ဆီက စာရောက်နေတယ်.. အရင်တခါလိုမဖြစ်ရအောင်
အမြန်ဖွင့်ဖတ်လိုက်တယ်.. ကိုရင်လိုချင်တဲ့အဖြေပေးမယ်ဆို
တဲ့ မီးအိမ်ရှင်…ဘာတွေများရေးထားလဲ… ၇၂ နာရီကြာ အိပ်စက်ခြင်းနဲ့ ဝေးကွာခဲ့တဲ့မျက်လုံးတွေက ကျိန်းစပ်နေတယ်.. ခေါင်းတွေလည်း တရိပ်ရိပ်မူးလို့…ရင်ခုန်စိတ်လှုပ်ရှားရလွန်းလို့ ရင်ဘတ်တစ်ခုလုံးစူးပြီး အောင့်လာတယ်…အသက်အောင့်ပြီး မီးအိမ်ရှင်ရဲ့စာကို ဖတ်လိုက်တယ်…

ကိုရင်… တစ်ဘဝလုံးစာအတွက် နှုတ်ဆက်ခဲ့ပါတယ်..ကျမကို တစ်သက်လုံး မုန်းတီးနာကြည်းနိုင်ပါစေ…ကို

ရင်ရဲ့ အနာဂါတ်အသစ်တခုကိုလည်း ဖူးစာရှင်အစစ်နဲ့ လှပအောင်
တည်ဆောက်နိုင်ပါစေ..ကျမရဲ့ စာကို သေချာဖတ်ပေးပါ.. ပြီးရင် ကျမကို
လုံးဝအပြီးတိုင် မေ့ပစ်လိုက်ပါတော့…

တကယ်တော့ ကိုရင်ကို ကျမပြောခဲ့သမျှစကားတွေအားလုံးက မုသားတွေချည်းပါပဲ..အခုပြောမယ့်

စကားတွေကတော့ တကယ့် အစစ်အမှန်တွေပါ… ကျမဟာ တကယ်တော့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးပါ.. အသက်က ၃၂ နှစ်ရှိပါပြီ.. သားတစ်ယောက် သမီးတစ်ယောက်ရှိပါတယ်.. လာမယ့် Feb 2
ဆို သမီးငယ်တော်ငယ်တောင် ၃ နှစ်ပြည့်ပြီလေ.. ကျမ စကားမပြောတတ်ဘူးဆိုတာလဲ
မဟုတ်ပါဘူး.. အဖြစ်မှန်က ဒီလိုပါ.. အဲဒီနေ့ (ကိုရင်နဲ့ စတွေ့တဲ့ အချိန်)က
ကျမဟာ အမျိုးသားနဲ့ အဆင်မပြေဖြစ်ပြီး စိတ်ရှုပ်ထွေးနေတဲ့အချိန်…ကိုရင်က
Invite လုပ်လိုက်တော့ စိတ်ပြေလက်ပျောက်ဆိုပြီး
ပုံပြင်လေးတစ်ပုဒ်ဖန်တီးခဲ့တာပါ…ကိုရင် ကို နစ်နာစေလိုတဲ့စိတ်
လုံးဝမရှိဘူးဆိုတာ ယုံပေးပါ.. ကိုရင်က ကျမထက်ငယ်တော့
ကိုယ့်မောင်လေးတစ်ယောက်လိုသဘောထားပြီး ကျီစားလိုက်တာပါ.. ဒါပေမယ့်
အချိန်ကြာလာတာနဲ့အမျှ ကိုရင်နဲ့ စကားပြောနေရတဲ့ချိန်တွေကို မက်မောလာတယ်..
ကိုရင် ရဲ့ အားပေးနှစ်သိမ့်မှုတွေအောက်မှာ ကျမ သာယာလာမိတယ်…နောက်ဆုံး
ကျမရဲ့ ဘဝမှန်ကိုတောင်မေ့သွားမိတယ်… ဒီလိုနဲ့ ကိုရင်ရဲ့ သံယောဇဉ်တွေ
ကျမအပေါ်နက်ရှိုင်းလာချိန်မှာ အမျိုးသားက လာပြန်ခေါ်တယ်..
ကိုရင်အပေါ်နှောင်တွယ်သွားမိတဲ့ ကျမရဲ့ သံယောဇဉ်တွေကိ်ု
အပြီးရုတ်သိမ်းလိုက်တယ်.. အဲဒီအချိန်တည်းက အမှန်ကို ကျမ
ဖွင်ပြောခဲ့သင့်တာပါ..ဒါပေမယ့် မပြောခဲ့တဲ့အပြင် ကိုရင်ရဲ့
မျှော်လင့်ချက်တွေကို ပိုပြီး ရင့်သန်စေခဲ့တယ်..ကြာရင်တော့
မေ့သွားမှာပဲဆိုပြီး လျစ်လျူရှုခဲ့တယ်..ဒါပေမယ့် ကိုရင်က မမေ့တဲ့အပြင်
လူသိရှင်ကြား post ရေးလိုက်တော့
ကျမတုန်လှုပ်သွားခဲ့တယ်..အပြစ်ကြီးတစ်ခုလုပ်မိသလို ကိုရင်ရဲ့ လေးနက်မှုကို
စော်ကားခဲ့တဲ့အတွက် ကျမချောက်ခြားခဲ့ရတယ်.. နောက်ဆုံး
ဘယ်လိုမှမခံစားနိုင်တော့လို့ ကိုရင်ဆီ ကျမပြန်လာခဲ့တာ..
အမှန်ကိုသေချာဖွင့်ပြောပြီးတောင်းပန်မယ်ပေါ့…ဒါဆိုရင် ကိုရင် ထပ်ပြီး
မခံစားရတော့ဘူးပေါ့.. ဒါပေမယ် ကိုရင်ရယ်.. ကိုရင်နဲ့လည်းတွေ့ရောကျမ
ငယ်မူပြန်သွားတယ်.. ပြန်ပြီး သာယာခဲ့မိတယ်.. နောက်ပြီး အရမ်းကို
လန်းဆန်းတက်ကြွပြီး ကြည်နူးနေတဲ့ ကိုရင်ကို ကျမ ဘာမှပြောမထွက်
မပြောရက်ခဲ့ဘူး… မနေ့ကဆို ကျမရဲ့ နှုတ်တွေ လုံးဝကို
ဆွံ့အသွားခဲ့တယ်..ကိုရင်ရယ်.. ကျမကို ကြိုက်သလိုမုန်း.. ကြိုက်သလို
ဆုံးဖြတ်…ကိုရင်နှလုံးသားထဲမှာ အသေသာ သတ်လိုက်ပါ..ခွင့်လွှတ်ပါလို့လဲ
မတောင်းဆိုရဲတော့ဘူး.. တစ်ခုတော့ ဝန်ခံပါရစေ..
ကိုရင်နဲ့တွေ့တဲ့အချိန်တွေမှာ ကျမရဲ့ စိတ်ညစ်စရာတွေ အဆင်မပြေမှုတွေ
သောကတွေကိုမေ့နေခဲ့တယ်.. အခုတော့ ကျမရဲ့ အိမ်ထောင်ရေးလည်း အဆင်ပြေပါတယ်..
သားနဲ့ သမီးကလည်း အရမ်းလိမ္မာတယ် .. ကိုရင်မြင်ရင် သူတို့လေးတွေကို
ချစ်သွားမှာ.. ကျမလည်း စိတ်ချမ်းသာရပါပြီ.. ကိုရင်လည်း ကိုရင်ကို
ချစ်ခင်မြတ်နိုး တန်ဖိုးထားမယ့်သူရဲ့ ရင်ခွင်မှာ
ပျော်ရွှင်ကြည်နူးနိုင်ပါစေလို့ ကျမ လေးလေးနက်နက်ဆုတောင်းပေးလိုက်ပါတယ်…

ကျေးဇူးပြုပြီး ကျမကို ကျိန်စာမတိုက်ပါနဲ့နော်.. ကျမအပေါ်
ဘယ်လောက်အထိအလေးအနက်ထားတယ်ဆိုတာသိလိုက်ရတော့ ကိုရင်ပါးစပ်က
ထွက်ကျလာမယ့်စကားလုံးတွေကို ကျမတကယ်ကြောက်မိလို့ပါ.. ကိုရင်ကို
သူငယ်ချင်းတစ်ယောက်လိုတော့ ခင်နေချင်ပါသေးတယ်.. ဒါပေမယ့်
တချိန်ချိန်လမ်းမှာ တွေ့ခဲ့ရင်တောင် ကျမ နှုတ်ဆက်ဖြစ်မှာမဟုတ်ဘူး ..
နှုတ်မဆက်ရဲလို့ပါ… အဲဒီအတွက်တော့ ခွင့်လွှတ်ပေးပါ.. အခု ဒီကပဲ တစ်ဘဝလုံးစာ
အပြီးတိုင် နှုတ်ဆက်လိုက်ပါရစေ.. တကယ်လို့ နောက်ဘဝဆိုတာ
ရှိခဲ့မယ်ဆိုရင်တော့ ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် ကိုရင်နဲ့
ပြန်တွေ့ချင်ပါသေးတယ်..

ကိုရင်အတွက် မီး
သို့ မီးအိမ်ရှင်မဖြစ်ခဲ့တဲ့ မီးအိမ်ရှင်

အား….
အား…
အား…

သူသတိရတော့ ဆေးရုံမှာ ….ဘာလို့ ဆေးရုံရောက်နေတာလဲ သူမသိတော့ဘူး…နားထဲမှာတော့ စကားမပြောတတ်တဲ့
ကောင်မလေးတစ်ယောက်ရဲ့ မျက်လုံးမှိတ်ပြီး ပြောနေတဲ့ စကားသံတွေကို
ကြားနေမိတယ်….

ငါ ညာမပြောတတ်ဘူး ကိုရင်

မနက်ဖန် ကိုရင်လိုချင်တဲ့အဖြေ ပေးဖြစ်အောင် ပေးမှာပါ…

ကျေးဇူးပြုပြီး ကျမကို ကျိန်စာမတိုက်ပါနဲ့ နော်…

နောက်ဘဝဆိုတာ ရှိခဲ့မယ်ဆိုရင်တော့ ….

နောက်ဘဝဆိုတာ ရှိခဲ့မယ်ဆိုရင်တော့ ……..

အမြင်အာရုံတွေ တဖြည်းဖြည်း မှုန်ရီဝေဝါး
ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကြီးစိုးသွားခဲ့………………….။ ။ ။

တောက ကိုရင်

6 comments

  • Shwe Ei

    September 9, 2011 at 9:31 am

    အဖြစ်ဆိုးလှချည်လား တောကကိုရင်ရေ။ အမှန်တိုင်းဖွင့်ပြောသွားတဲ့ အမျိုးသမီးကိုသာ ကျေးဇူးတင်လိုက်ပါတော့။ မဟုတ်ရင် ဒု သ န သော စာရင်းဝင်သွားမှာ မို့လို့။

  • ရွှေအိမ်စည်

    September 9, 2011 at 10:49 am

    အော်…ကိုရင်…..ကိုရင်….ဘဝအလွဲတွေ….စပြိ-၁
    ………နင်ဘဝလေးတနားလိုက်တာ…..
    အလွဲတွေ များလို ့ဘဲကဗျာရှိန်တက်လာတာလား..
    အချစ်တွေများလို ့ဘဲတက်လာလား..မသိ

  • zawlin1

    September 9, 2011 at 12:23 pm

    ဲအချစ်တွေများတဲ့သူတွေအတွက်ဘဝသင်ခန်းစာပေါ့

  • whitestar

    September 9, 2011 at 3:53 pm

    ဖြစ်ရတယ်ဗျာ အတွေ့အကြုံတစ်ခုလို့ဘဲမှတ်ရတော့မှာပေါ့နော်

  • မီးမီး သော်

    September 9, 2011 at 7:12 pm

    ကိုရင် ရယ် ဖြစ်ရပလေ့နော်။ကိုရင် ရယ်တကယ့်အဖြစ်အပျက် ဆိုရင်တော့ စိတ်ထဲတမျိုးကြီးဘဲ။

  • mandalarthu

    September 9, 2011 at 10:22 pm

    What a pity,ko yin! U r really a good writer .
    I like all yr last part, ”မီးအိမ်ရှင် ဇာတ်သိမ်း (သို့) ပြိုကျပျက်စီးသွားသော အိပ်မက်”best.

Leave a Reply