“ကြေး ” ခိုးတဲ…ဝန်ထမ်း..။။

ကြုံရဆုံရ မန်နေဂျာဘဝ..။။
အရင်တုန်းထဲက မသင်္ကာတာပဲဗျ ဒါပေမယ့် အဲဒီနေရာမှာ လူကလည်းမရှိ အစားထိုးဖို့ ဝန်ထမ်းကလည်းခက်လေတော့
အလုပ်ခေါ်စာ ကြော်ငြာကပ်ပြီး ခေါ်လိုက်ရတာပဲလေ အဲဒီတော့ လာပြီးအလုပ်လျှောက်တဲ့ သူတွေထဲကမှ သတ်မှတ်ချက်
နဲကိုက်ညီ ကျွမ်းကျင်မှုလည်းရှိဟန်တူပြီး ကျုပ်လိုခြင်တဲ့ သင်တန်းဆင်းလက်မှတ်တွေလည်းတင်ပြနိုင် လုပ်ငန်းအတွှေ
အကြုံလည်း(၃)နှစ်လောက်ရှိတော့ သုံးစားလို့ရမယ်ထင်ပြီးခန့်ထားလိုက်တာပဲလေ  ဒါပေမယ့်………
ဒီကောင့်ပုံကြည့် ရတာ မူမမှန် သူ့နာမည်က“စိုးနိုင်”သူ့ကိုပေးထားတဲ့တာဝန်က လျှပ်စစ်ပိုင်းဆိုင်ရာဝန်ထမ်း သူလုပ်ရ
မှာကစက်ရုံးထဲလှည်ပတ်နေပြီး အရေးပေါ် ပျက်တဲ့ လျှပ်စစ်နဲ့ ပါတ်သက်တဲ့ ကိစ္စမှန်သမျှ ပြင်သင့်တာပြင် မီးပျက်သွားရင်
မီးစက်မောင်းမီးချိန်းပေး Load တွေ Ampier တွေတိုင်းတာမှတ်သား ဆင်သင့်တာဆင်ပြင်သင့်တာပြင် ဒီလိုနေရမှာဗျ
အခုတော့ဒီကောင်ကဒီလိုမဟုတ်  တစ်နေကုန် တကုတ်ကုတ် အခန်းထဲကမထွက်  ဘာတွေလုပ်နေတယ်မသိ ကျုပ်ကလဲ
တစ်နေ့တစ်နေ့ သွားလိုက်ရတဲ့ အပြင် ဒီ အိတ်စပို့စ် အင်ပို့စ် ကိစ္စနဲ့ နပန်းလုံးနေရတယ်လေ စက်ရုံကိုလှည့်မကြည့်နိုင်
တစ်နေ့တစ်နေ့ ခြေတိုအောင်သွား လျှာထွက်အောင်လုပ် ထီးဖြူဖိနပ်ပါး မြို့ထဲသွားရလွန်းလို့ ထမင်းဆိုင်တွေက ထမင်းတောင်
ငြီးစော်နံလာပြီစနေတစ်ရက်သာ ရုံးမှာကောင်းကောင်း ထိုင်ရတယ် ကိုမရှိ ကိုယ်ထိုင်တဲ့ခုံက ကိုယ့်ဖင်ကို မမှတ်မိမှာတောင်
စိုးရတယ် အဲဒီနေ့လဲစက်ရုံအောက်ဆင်းမကြည့် နိုင်ပါဘူး စာရွက်စာတမ်းကိစ္စတွေ ကွန်ပြူတာတလုံးနဲ့ တစ်ကုတ်ကုတ်လုပ်
နေရတာပဲ အောက်မှာဘာတွေဖြစ်နေတယ်တောင်မသိနိုင်ဘူးလေ…။။။။
တစ်နေ့တော့ဗျာ…ကျုပ်ဆေးလိပ်သောက်ချင်လာတာနဲ့ ရုံးအောက်ဆင်း EP (လျှပ်စစ်)ဝန်ထမ်းအခန်းထဲသွားပြီး သောက်
တော့မှဒီကောင်ဘာလုပ်နေတယ်ဆိုတာ တပ်အပ်သိတော့တယ်ဗျို့ ဘယ်ဟုတ်မလဲဗျ ဒီကောင်  တစ်နေ့ တစ်နေ့
တစ်ကုတ်ကုတ်လုပ်နေတာဟာ ကျွန်တော်တို့ စက်ရုံမှာအသုံး မပြုတော့တဲ့ လျှပ်စစ်ဝိုင်ယာ အတိုအစတွေကို ဒီကောင်
ဓါးတစ်ချောင်းနဲ့  ကောင်းကောင်း ထိုင်“နွာ”တယ်ပြောရမလား“နွှင်”တယ်ပြောရမလား ကြေးကြိုးတွေကို အုပ်ထားတဲ့
အင်ဆူလေတာ တွေကို ထိုင်ခွာနေတာပဲဗျ ကျုပ်ကိုမြင်တော့ ကြောင်အမ်းအမ်းဖြစ်သွားပြီး ..။။။
““ဆရာ…ဒါ သုံးလို့မရတော့တဲ့ ဝါယာအတိုးအစတွေ လွှင်ပစ်ရင် နှမျှောလို့…….
ကျွန်တော် အခွံခွာပြီး အပြင်မှာပြန်ရောင်းချင်လို””
ပြာပြာသလဲ ထရပ်ပြီးဖြေရှင်းချက်တွေ ထုတ်နေလေရဲ့ ကျုပ်စိတ်ထဲ ပထမတော့ မသင်္ကာဖြစ်မိသွားသေးတယ် သူပြတဲ့
အိတ်ကြီးဆာလာအိတ်ကြီးနဲ့တစ်လုံး အတိုအစတွေ ကျွန်တော် ဖွင့်ကြည်လိုက်တယ်တော့ ဟုတ်တယ်အရင်ကအသုံးပြုရင်း
အတွင်းကပြတ်သွားတာတွေ အပိုင်းပြတ်နေတာတွေ ဝါယာဆိုဒ်စုံ အသေးအကြီးအကုန်လုံး အိတ်ထဲမှာစုထည့် သိမ်းထားခဲ့
တာကြာပေါ့…. ကျွန်တော်နည်းနည်းတော့ စဉ်းစားကြည့်လိုက်တယ် ဟုတ်တယ်ဒါတွေကအရင်လွှင့်ပစ်နေကြ ဒီတိုင်းလွှင့်ပစ်
မယ်အတူတူဒီကောင် စိတ်ရှည်လက်ရှည်ထိုင်ခွာနိုင် တာကိုကတော်တော် ဇွဲကောင်းနေပြီလေ….။။။
““အေး..ယူချင်လဲယူ ဒီအိတ်လိုက်တော့မသယ်နဲ့ နွှင်ပြီး ကြေးကြိုး ပဲယူတာမှတ်လား  လုံခြုံရေးကိုပြပြီးသွား””
“““ကျေးဇူးတင်ပါတယ်ဆရာရယ် ကျွန်တော်အိမ်စရိတ်လေးကာမိတာပေါ့”””
““မင်းဟာက တစ်ပိဿာ ဘယ်လောက်ရလို့လဲ””
“““မများပါဘူးဆရာ ခုနှစ်ရာလောက်ပါပဲ”””
““အေး..ဒါဆိုလဲပြီးတာပဲ””
““အဲဒီအေးဒါဆိုလဲ ပြီးတာပဲပေါ့”” ဆိုတဲ့ ကျွန်တော့် စကားဟာနောင်တစ်ချိန်မှာ ကျွန်တော်အတွက် မပြီးမချင်း ရင်တမမဖြစ်
နေရမယ့် အဖြစ်တစ်ခုကို အသက်သွင်းလိုက်တယ်ဆိုတာကိုသာ သိခဲ့မယ်ဆိုရင် ကျွန်တော် လုံးဝခွင့်လွှတ်ခဲ့မှာ
မဟုတ်ပါဘူး…..။။။
ဒီကောင်ကို အဲဒီလို လျှပ်စစ်ကြိုးအပိုင်းအစတွေ ခွာခွာပြီး ကြေးတွေယူသွားတာကိုခွင့်ပေးလိုက်ပြီး နောက်ပိုင်းကျုပ်လည်း
ညိမ်ညိမ်မနေရတော့ဘူးဗျို့ အချိန်ရတိုင်း မီးသမားအခန်းထဲ သွားသွားစစ်နေရတယ် လေ..။။
““မင်းကြိုးအကောင်းတွေမလုပ်နဲ့နော် ””
““ဟုတ်ကဲ့ဆရာ””
ဟုတ်ကဲ့ဆရာသာပြောတာ ဒီကောင်ပုံကမှုမမှန် သိပ်တော့ မသင်္ကာတော့ ဘူး ဒါပေမယ် ဘာမှ မပြောပဲ နှစ်ရက်လောက်
လွှတ်ထားလိုက်သေးတယ် ကိုယ်ဘက်ကအသုံးမဝင်တဲ့ပစ္စည်းကို လူတစ်ယောက်အသုံးချပြီး အဆင်ပြေနေတယ်ဆိုရင်
ဘာပဲပြောပြောဝမ်းသာစရာကိစ္စပေမို့ လိုက်လျှောထားခဲ့ခြင်းပါ အဲဒီလို တဖက်က သိတတ်နားလည်းရင် တစ်ဖက်ကလဲ
မိမိလုပ်ငန်းအပေါ်သစ္စာ ရှိသင်တယ်လို့ ယူဆတယ်လေ ဒါကြောင့်လဲ သူကို အလုပ်အပေါ်ဂရုစိုက်ဘို့ တွေတိုင်းခေါ်ပြောခဲ့
ပါတယ်  ဒီလိုနဲ့ သုံးရက်မြောက်နေ့ ရောက်တော့ ဒီကောင့်အခန်းထဲ သွားစစ်လိုက်တာ သူနွှာနေတဲ့ မီးကြိုးအဟောင်းအိတ်
ကြီးကကုန်သွားပြီလေ ဒါနဲ့ …။။။
“မင်း ဆက်မယူနဲ့တော့  နောက်ပျက်တဲ့ဟာတွေသိမ်းထားအုံးလိုအပ်တဲနေရာရှိရင် ဆွဲသုံးလို့ရတာပေါ့”
“ကုန်ပြီဆရာကျွန်မတော်လည်းမယူတော့ပါဘူး”
ဒီလိုနဲပနောက်ပိုင်းရက်တွေ သူ့အခန်းထဲရောက်တဲ့ရက်ရောက် မရောက်တဲ့ရက်တွေလည်းရှိလာတယ် ကျွန်တော်နဲ့တွေ့လေ
တိုင်ပြာပြာသလဲဖြစ်နေတာ တစ်ခုကလွဲရင် မသင်္ကာစရာတစ်စုံတစ်ခုမှမတွေပေမယ့် သူ့အမှုအရာတွေကလိုတာထက်ပိုပြီး
ကျွန်တော်ကိုဂရုစိုက် ကြည်နေတယ်လို့ခံစားမိတယ် …။။။
ဒီစက်ရုံကြီးဟာ ကျုပ် နဲ့ လက်ပွန်တတီးဖြစ်ခဲ့တာ ဆယ်စုနှစ်တစ်ခုကိုကျော်လာခဲ့ပြီလေ ဒါကြောင့် ဒီစက်ရုံမှာဘယ်နေရာ
ဘာရှိတယ် အကုန်ကျုပ်သိတယ် စက်ရုံစဖွင့်ကတဲက ဘယ်စက်ပစ္စည်း ဘယ်မှာသိမ်းထားတယ် ဘယ်စက်မှာ ဘာတွေပြင်
ထားတယ်ကအစသိတယ် အဲဒီလိုပဲ လျှပ်စစ်ပိုင်းနဲ့ပတ်သက်ရင် ကျွန်တော်က သတိထားလေသူမို့လို့ ဘယ်နေရာဘယ်လို
ပြင်ထားတယ်ကအစသိတယ်လေ တစ်နေ့ စက်ရုံအတွင်းကိုဆက်သွယ်ထားတဲ့ ကေဘယ် 14m ကြိုးကြီး အောက်ဘက်ကို
လျှောကျနေတာကို ကျွန်တော် သတိထားမိတာနဲ့ ဒီကောင် မီးသမားကိုခေါ်ပြီ…။။
“ဟေ့….စိုးနိုင်ဒီမှာမီကြိုးကြီး  ဘမ်းနင်းဝိုင်ယာ ပြုတ်ပြီး အောက်ကိုကျနေတယ် မင်းမတွေ့ဘူးလား”
“ဟုတ်လား ကျွန်တော်မသိလိုက်ဘူး”
“မင်းက ဒါတွေလုပ်ရမှာ ဒီလိုဖြစ်နေတာမသိတော့ ဘယ်သူကသိမှာလဲကွ”
“အခုလုပ်လိုက်ရမလားဆရာ”
“မလုပ်နဲ့ အန္တရာယ်များတယ် မနက်ဖန် တနင်္ဂနွေ စက်ရုံတော့ပိတ်တယ် မင်းမနက်(၁၀)နာရီလာခဲ့ကြိုးတွေ အကုန်ပြန်
စစ်မယ်”
“ဟုတ်..ဟုတ်ကဲ ဆရာ”
ဒီလိုနဲ့ ကျုပ်ကတော့ ဆန်းဒေး မနက် ကိုးနာရီလောက်ထဲက စက်ရုံရောက်နေပြီး သောဖွင့် ရုံးပေါ်တက် ကွန်ပြူတာဂိမ်း
ကစားရင်းဒီကောင့်ကိုစောင့်နေလိုက်တယ် လုံခြုံရေးအမျိုးသားတွေကိုလဲ စိုးနိုင် လာရင်ဝိုင်းကူလုပ်ကြဘို့ နဲ့  ဒီကောင်
လာရင် ကျွန်တော့ကိုသတင်ပို့ဖို့မှာထားလိုက်တယ်လေ ဆယ်နာရီ မလာ ဆယ်တစ်နာရီ မလာ နှစ်နှစ်နာရီသာထိုးသွားတယ်
ဒီကောင်ရောက် မလာဒါနဲ့ကျုပ်လဲအောက်ဆင်းပြီး ကဲဒီကောင်မလာလဲကိုယ်ဘာသာစစ်လိုက်တော့မယ် အရင်းဆုံးမနေ့က
ပြုတ်ကျနေတဲ့ ကြိုးကိုဘမ်းနင်းဝါယာ  တွေပြန်ချည်ဘို့ အရင်လုပ်မယ်ဆိုပြီး ခေါက်လှေကားနဲ့ တက်သွားလိုက်တော့မှ.
…ကေဘယ် လျှောက်လမ်းထဲမှာ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် တော်တော် အံဩ သွားရတယ်လေ  အောင်မလေး 14m
ကေဘယ် သရီးဖေ့စ်  သုံးချောင်း နေရာမှာ ကစလ twin 7029 ကြိုးများနဲ့ အစားထိုးထားပြီး အစားထိုးခံရတဲ့နေရာက ကြိုးကြီး
သုံးချောင်းပူးဟာ (၁၀)ပေ လောက် ဖြတ်တောက်ခိုးယူထားတာကိုတွေ့လိုက်ရတာပါပဲ အဲဒီကြိုးများနေရာကို ကြိုးအသေး
တွေနဲ့ အစားထိုးထား ဟန်မပျက် လျှပ်စစ်မပြတ်ရရှိအောင်အစားထိုးတပ်ဆင်ထားတာပါပဲ ..။။။
သိလိုက်ပါပြီ ဒီကောင်ခိုးတာနေမှာ ဒါကြောင့်ဒီနေ့ မလာတော့တာ မီးသမားအခန်းထဲဝင်ပြီး လိုက်ရှာကြာ့်တော့ ဘာမှမတွေ့
ဒါနဲ့ဟိုလှန်ဒီလှောနဲ ကဒ်ထူးအပိုင်းလေးကိုခြေနဲ့ ကန်မိလိုက်တော့မှသိလိုက်ရတယ် ကြွက်တွင်းထဲမှာ ဝါယာနွှာထားတဲ့ အစ
တွေကို တွေ့လိုက်ရတယ် ဟုတ်ပါတယ် ဟိုဖြတ်ခိုးတဲ့ ကြိုးက ဝါယာကာဘာအစတွေ ကျွန်တော်မမြင်အောင် ကြွက်တွင်းထဲ
ထိုးထည့် အပေါ်က ကဒ်ထူပြားလေး ဟန်မပျက်ဖုံးထားတာကိုးဗျ။။။
မဖြစ် ဒီကြိုးကြီးက စက်ရုံ တစ်ရုံလုံးရဲ့ လျှပ်စစ်အင်အားကို အဓိကပို့လွတ်ရာကြိုးကြီး အခုလို ကြိုးသေးလေးတွေနဲ ဆက်
သွယ်လိုက်ရင် စက်ရုံတစ်ရုံလုံး စက်တွေအားလုံ စုပေါင်းအသုံးချလိုက်ပါက ဝန်ပိုအားကြောင့်ကြိုးပူလာပြီး လျှော့ဖြစ်ပြီး

မီးထလောင်နိုင်ပါတယ် မီးလောင်ရင်တော့ ဘာမှမစဉ်းစားနဲ့ မန်နေဂျာအရင် အချုပ်ထဲရောက်တာပါပဲအခုချက်ချင်းလဲဘို့
ကလည်း မဖြစ် သူဌေးကိုသွားပြောရင် ကိုယ်ကသက်သက် အပြစ်တင်ခံရအုံးမယ် ဒီကောင့်ကိုအလုပ်ခန့်တာက ကျုပ်
ကြိုး အသစ်ပြန်ထည့်ရင်တောင် ကြိုးဈေးကမသေး  အားလုံး(၁၀)ပေ သုံးချောင်းဆိုရင် ပေ(၃၀) အနည်းလေး လေးသောင်းဖိုး
ငါးသောင်းဘိုး လောက်ရှိတယ်..ဒီကောင် အများဆုံးအဲဒီကြိုးတွေ ခွာရောင်းရင် ၅ ပိဿာလောက်ရှိတဲ့ ကြေးတွေရနိုင်ပါတယ်
ဘာပဲဖြစ်ဖြစ် အဓိက က လျှပ်စစ်အန္တရာယ် ဘယ်လိုလုပ်မလဲ   ဒီနေ့တော့ မဖြစ် မနက်ဖန်တစ်ရက်တော့
ကြိုးကိုယ်ဘာသာ ပိုက်ဆံစိုက်ဝယ်မှ ဝယ်ပြီးရင်တောင်လဲလို့ မဖြစ်သေး စက်ရုံက တနင်္လာကနေ စနေနေ့ ထိဖွင့်မှာ
ရှေ့ လာမယ့် တနင်္ဂနွေမှ ပြင်လို့ရမယ် တစ်ပါတ်လုံးလုံး ရင်မပြီး  ကြည့်နေရတော့မှာပဲ …။။။
မနက်ဖန် ဒီကောင်လာရင်တော့  ရဲလက်အပ်ရုံသာရှိပါတော့ တယ် ဟုတ်တယ် လေဗျာ ဒီစက်ရုံမှာသူအတွက် လစာပေး
ပြီးခိုင်းထားတဲ့ အလုပ်က လျှပ်စစ်ဝန်ထမ်းအလုပ် ဒီလျှပ်စစ်အပိုင်းက အားလုံး  လုံခြုံစိတ်ချရမှ သူအတွက် ရေရှည်
လုပ်ငန်း ရှိမှာဖြစ်ပြီး သူတာဝန်ယူရာ လျှပ်စစ်က တစ်ခုခုပြဿနာဖြစ်ရင် သူ့အလုပ်တည်မြဲနိုင် မှာမဟုတ်ပါဘူး
ဒါတောင်မှ ကိုယ်ထမင်းစားလို့ရတဲ့ လုပ်ငန်းကပစ္စည်းကို အန္တရာယ် ဖြစ်ခြင်ဖြစ် မဖြစ်ချင်နေ ကိုယ်ပြဿနာမဟုတ်
လတ်တစ်လော နှစ်ပြားတစ်ပဲ ရငွေ လေးကိုကြည့်ပြီး ကိုယ်စားတဲ့ ထမင်းပန်းကန်ထဲ သေးပေါက်ထည့်တဲ့ကောင်ပဲဗျ..။။။
အဲဒီနေ့ကစပြီး“ စိုးနိုင်” ဆိုတဲ့ ငနဲသားအလုပ်မလာတော့တာပါပဲ သူ့အိမ်ကိုလိုက်သွားပေမယ့် သူ့အဖေရွာကို အလည်သွား
ကြတယ်တဲ့..အိမ်နီချင်တွေပြောပြလို့သာသိခဲ့ရပါတယ် ..ကျုပ်ကတော့ အဲဒီတုန်းက တစ်ပါတ်လုံးလုံး အဲဒီ ကကြိုး နေရာကို
ဥစ္စာစောင့် တစ်ယောက်လိုတက်တက်ကြည့် ကိုင်ကြည့် စမ်းကြည့် တစ်ခါတစ်လေများကြိုးတွေ ပူလာရင် မီးလောင်မှာစိုးလို့
ထိုင်ပြီးတော့ပဲ ယပ်တောင်ခတ်ပေးနေရတော့မလို ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေရတဲ့အပြင် ကြိုးဖိုးကလဲ လေးသောင်းရှစ်
ထောင် အိတ်စိုက်ဝယ်ပြီး သူဌေးရဲ့ ဩဝါဒကြီး မကြားချင်တာနဲ့  ရုံးငွေကိုင်အကောင့်ကိုလည်းပြန်တင်ထုတ်လို့မဖြစ်
အဲဒီအပတ် တနင်္ဂနွေ မြန်မြန် ရောက်ရေးအတွက် ရင်တမမ နဲ့သာ  စောင့်နေရတော့တာပါပဲ   ဗျာတို့…..။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

13 comments

  • nozomi

    September 9, 2011 at 9:00 am

    ဘီလူးကြီး လုပ်ငန်းထဲက ဘဝလေးတွေက ဖတ်လို့ကောင်းတယ် ဆက်ရေးပါဦး

    ရည်းစားလာခေါ်တဲ့ကောင်မလေး ပို့စ် တုန်းကတဲက မန်းတာ မန်းလိုက်ပျောက်လိုက် ဖြစ်နေလို့ အခု ထပ်ပြောတာ

    သံကွန်ခြာ ခုနှစ်ထပ်နဲ့ ဘီလူးစောင့်တဲ့ စက်ရုံ ဘေးကင်းပြီးသားပါ 😀

  • MaMa

    September 9, 2011 at 9:15 am

    တော်လိုက်တဲ့ ဂျာကြီးပဲ။ ပိုင်ရှင်အတွက်တော့ တကယ့် လက်ရုန်းကောင်းပဲ။ ဘီလူးဖြစ်ပေမယ့် လူတွေထက်ပိုတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကို ချီးကျူးလေးစားပါတယ်။ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 9, 2011 at 9:27 am

    ဟုတ်တယ်ဗျို့
    အဲ့လိုအတွေ့အကြုံတွေက ဗဟုသုတရတာပေါ့နော
    လောလောဆယ်ကျုပ်က ကူလီဆိုပေမယ့်
    ပြောရတာဟုတ်ဘူးလေ
    တစ်နေ့ ဆူပါဗိုက်ဆာကြီးဖြစ်မလာနိုင်ဘူးလို့နော
    ဒါဘဲဗျ အလုပ်သမားတွေမှာ တာဝန်သိတတ်မှု့တွေဟာ
    သိပ်အရေးကြီးတာ
    မနေ့တုန်းကလေးကဘဲ
    ကျုပ်တို့ အလုပ်ဆိုဒ်ထည်းကို ရေပိုက်လိုင်းက အသိလာပေးတယ်
    အပြင်ဘက်မိန်းပိုက်လိုင်းပြင်တဲ့အတွက် ရေ သုံးနာရီလောက်ပြတ်မယ့်အကြောင်းပေါ့
    ဖြစ်ပုံက ကျုပ်ကလည်း ညလိုတုန်းက နည်းနည်းများထားလို့
    အပေါ်မှာတက်ကွေးနေတာ
    ရေမလာရင်တော့ ဖြစ်မှာဘဲလို့ မသင်္ကာတာနဲ့
    အောင်ကိုပြန်ဆင်းလာတယ်
    ထင်တဲ့အတိုင်းဘဲ
    ကျုပ်တို့ ဆိုက်မှာဝင်လာတဲ့ရေကို ပရက်ရှာပန့်တွေနဲ့သုံးတာဗျ
    ရေမလာတဲ့အခါကျတော့ ပန့်တွေက အလုပ်လုပ်နေတာပေါ့ ရေကလည်းမရှိဘူး
    ကျုပ်အောက်ကိုရောက်လာတဲ့အချိန် မှာဆို ပန့်တွေဟာ တော်တော်ကိုပူနေပြီ
    ကျုပ်သာ နောက်တစ်နာရီလောက်မှ ဆင်းလာရင် ကျုပ်သဌေးတော့ ရေပန့်နှစ်လုံး အသစ်ဝယ်ပေတော့ဘဲ

  • etone

    September 9, 2011 at 9:46 am

    အင်း .. ဘီလူးကြီး အဖြစ်ကလည်း မလွယ်ပါလား … ။ စိတ်မောစရာပဲ .. ။
    ဖြစ်သင့်တာက …ချက်ချင်းဝယ် အစားထိုးပြီး လဲပစ်ဖို့ပါပဲ … ။ ရုံးက ပြန်မထုတ်ချင်ဘူးဆိုလည်း လေးသောင်းရှစ်ထောင်လောက်ကို ရှင့် အနေထားနဲ့ ဝယ်နိုင်ပါတယ်နော် … ။ စက်ရုံမဖွင့်ခင်လာပြီး ကြိုးလဲလိုက်လျှင် ဖြစ်တာပဲလေ …. ။ အချိန်ဆွဲနေလို့ .. ဝါယာရှော့ဖြစ်လျှင် ပိုပြီး ဆုံးရှုံးမှုများတယ် .. မဖြစ်လျှင်လည်း စိုးရိမ်စိတ်နဲ့ နေရတာ စိတ်ပင်ပန်းတယ် … ။
    ကြိုးဖိုး မစိုက်ချင်လည်း သူဌေးကို ပ ွင့်ပွင့်လင်းလင်းပဲ နားလည်အောင်ပြောပြပြီး အကြံဉာဏ်တောင်းသင့်ပါတယ် … ။ 🙂

  • “ဘီလူးကြီး”ogre

    September 9, 2011 at 10:02 am

    ဒေါ် “အိတုန်”ရယ်တစ်ခါတစ်လေတော့ လူတွေကိုစိတ်အချဉ်ပေါက်တယ်
    တိရစာ္ဆန်တွေထိမ်းကျောင်းရတာမှ လွယ်ကူပါတယ် လူလူချင်းထိမ်းရတာအခက်ဆုံးပါပဲ
    ဘာပဲပြောပြော ကျုပ်ရဲ ့ လူအကဲခတ်မှုလွဲချော်ခဲတာပါပဲ ..ကျုပ်အပြစ်ပေါ့
    ကြုံတုံးလေး ..မှတ်သားစရာတစ်ခုပြောခဲ့ပါအုံးမယ်
    လူနာမည်တွေမှာ ကျွန်တော်ရဲ့ အတွေ့ အကြုံအရ
    စိုးနိုင်/ကျော်စိုး/ရဲဝင်း/နိုင်ဦး/ကျော်အောင်/ကျော်မိုး/ စတဲ့ နာမည်များမှည့် ခေါ်ထားတဲ့လူများဟာ
    စာရိတ္တပိုင်း တစ်နေရာမဟုတ် တစ်နေရာအားနည်းနေတတ်တာကို အများအားဖြင့် တွေ့ရတတ်ပါတယ်
    ကျွန်တော်လိုဘဝ တူ လုပ်ငန်းတူများသတိထားနိုင်ဘို့ပါ
    မန်ဂေးဇက်က ရွာသားတွေမှာ..ဒီနာမည်မျိုးရှိနေတယ်ဆိုရင်ဖြင့် …ဝိုင်းပြီးဩဘာပေးတာကို
    ခံရနိုင်ပေမယ် ့..ကျွန်တော်လေ့လာမိသမျှ လေး တင်ပြပေးချင်းအပေါ်နားလည်းနိုင်ပါစေကြောင်း။။။။

    • etone

      September 9, 2011 at 11:36 am

      နာမည်နဲ့ စာရိတ္တ ပင်ကိုယ်စရိုက် လုပ်ရပ်တွေ မပတ်သတ်ဘူးလို့တော့ .. ထင်ပါတယ် .. ။
      နာမည်ဆိုတာ ပညတ်ချက် တစ်ခုပါပဲ … လူတစ်ယောက်နာမည်ပြောင်းလိုက်လို့ .. စာရိတ္တကောင်းလာတယ်ဆိုတာမျိုးမှ မရှိခဲ့ဘူးတာ … ဘီလူးကြီး ဒီနေရာမှာ အမြင်ကျဉ်းနေသေးတယ် ..ဟဲဟဲ .. 😛 😛

      (တောက်ညင်ကို ကပ်တယ် .. နာ့ဘဲ နာမည် ဟိုတလုံးဒီတလုံးနဲ့ အကုန်ပါအောင် ရေးထားလို့ 🙄 ဟွန်းးးးးးးးးး )

  • လင်းဝေကျော်

    September 9, 2011 at 10:15 am

    အဲဒီနာမည်တွေလား… ဒါဆို ဝန်ကြီးလုပ်သွားတဲ့ စိုးနိုင် တစ်ယောက်ကော ဘယ်လိုနေတုန်း။
    ကျော်ဆန်း ဆိုတာကောမပါဘူးလား… ဟားးးဟားးး

  • pan pan

    September 9, 2011 at 10:16 am

    ကိုဘီလူး ဒီနေ့ကံမကောင်းပါလား
    အဲ…ဒီတစ်ပတ်ကံမကောင်းပါလား
    တနင်္ဂနွေမရောက်မချင်း နှလုံးရောဂါရနိုုင်တယ်
    အဲဒီနေရာ ဝန်ထမ်းရပြီလား
    မရှိသေးရင် ကူရှာပေးမယ်လေ ဟီးဟီး 😀

  • နီလေး

    September 9, 2011 at 10:42 am

    တနင်္ဂနွေမြန်မြန်ရောက်ပါစေ ရင်တမမနှင့် အလုပ်ထဲမှာတော့ တစ်နည်းမဟုတ်တစ်နည်းတော့ ပြသာနာတွေကပေါ်လာတာပါပဲ

  • windtalker

    September 9, 2011 at 2:15 pm

    ကြိုးသခေး = ကြေးသခိုး
    ဘီလူး မှန်းမသိ လူမှန်းမသိ
    မဆင်မခြင် ခိုးတာကိုး
    အခုတော့
    သွားပေတော့ အချုပ်ထဲ

  • aungnng87

    September 9, 2011 at 4:24 pm

    ဗမာပြည်မှာအဲလိုကောင်စားမျိုးတွေ အများကြီးရှိတယ်။ သူနောက်ကိုအသေအချာလိုက်ပြီး ရက်ရက်စက်စက်
    ပညာပေးဘို့ကောင်းတယ်။ ဖတ်ရတာတော်တော်အသဲယားတယ်။

  • မီးမီး သော်

    September 9, 2011 at 7:18 pm

    ဟုတ်ပါတယ်နော့။ပြင်းထန်တဲ့ အပြစ်မျိုးပေးဒဏ်ခတ်သင့်ပါတယ်။နောက်မလုပ်ရဲတော့ ဘူးပေါ့။

  • unclegyi1974

    September 9, 2011 at 9:53 pm

    ကိုဘီလူးကသနားစိတ်တယ်ရှိကိုး
    ဝန်ထမ်းတယောက်ကိုအဲလိုပေးလုပ်လို့ကလုပ်တဲ့သူအပြစ်မဟုတ်
    ပေးလုပ်တဲ့သူအပြစ်လို့မြင်ပါတယ်
    အကောင်းတွေလည်းမကောင်းဖြစ်ကုန်တော့မှာလေ
    အမြင်မတူရင်လည်းပြောနော်

Leave a Reply