Online Video များအား Free Download ချနိုင်သည့် Website များ

YouTube, Google Video, DailyMotion စတဲ့ ဝက်ဘ်ဆိုက်တွေမှာ တင်ထားတဲ့ video တွေကို download လုပ်ပေးတဲ့ website တွေကို ဖော်ပြ ပေးသွားပါမယ်။

1. Zamzar
Zamzar က ဗီဒီယို ဖိုင်တွေကို format convert လုပ်ပေးနိုင်တဲ့အပြင် အခြား ဝက်ဘ်ဆိုက် တစ်ခုမှာရှိတဲ့ Video Link ကို ယူပြီး download လုပ်လို့ ရစေနိုင်ပါတယ်။ ဖိုင်တွေကို convert, download လုပ်တဲ့ နေရာမှာလည်း video တွေတင်မက audio, pdf, doc စတဲ့ ဖိုင်တွေကိုလည်း convert, download လုပ်နိုင်ပါတယ်။

2. Vixy.net
Vixy.net ဟာလည်း Video ဖိုင်တွေကို format convert နဲ့ download လုပ်ပေးတဲ့ ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။ ထူးခြားတာက ဖိုင်တွေကို convert လုပ်ပေးတဲ့ နေရာမှာ flash video/ flv file, YouTube ရဲ့ video တွေကို MPEG4, AVI, MOV, MP4, MP3, 3GP format တွေကို ပြောင်းလဲ ပေးနိုင်တာပါပဲ။

3. KeepVid
KeepVid က ဗီဒီယိုဖိုင်တွေကို မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ download လုပ်နိုင်တဲ့ ဆိုက်တစ်ခု ဖြစ်ပါတယ်။ KeepVid ရဲ့ ထူးခြားချက်ကတော့ web မှာ လူကြည့်အများဆုံး Video တွေကို ဖော်ပြထားပေးတာပဲ ဖြစ်ပါတယ်။

4. DVDVideoSoft
DVDVideoSoft မှာ youtube နဲ့ Google video တွေကို download လုပ်လို့ ရနိုင်ပါတယ်။ free software တွေကိုလည်း ရနိုင်သလို video တွေကိုလည်း convert လုပ်နိုင်ပါတယ်။ ဒါ့အပြင် audio, video တွေကို burn, rip, edit လုပ်နိုင်တဲ့ tool တွေကို ဒီဆိုက်မှာ ရနိုင်ပါတယ်။

5. ClipNabber
ClipNabber က youtube, dailymotion, Veoh, Megavideo စတဲ့ video sharing ဝက်ဘ်ဆိုက်ပေါင်း ၁၀ဝ က ဗီဒီယိုတွေကို အမြန်ဆုံးနဲ့ အလွယ်ကူဆုံး download လုပ်နိုင်ပါတယ်။
Read More at Anzartone.freezoka.net >>>

Post by Anzartone (http://anzartone.freezoka.net)

7 comments

  • manawphyulay

    September 9, 2011 at 11:39 am

    youtube တို့က မြန်မာမှာ ဖွင့်မရတော့ ဘယ်လိုလုပ်လို့ရပါမလဲ။

    • etone

      September 9, 2011 at 2:11 pm

      အခု ကြည့်လို့ရနေပါပြီ မနောရေ .. ။

  • Shwe Tike Soe

    September 9, 2011 at 11:59 am

    ကျေးဇူး တင်ပါတယ်ဗျာ..
    မမနောရေ အခု youtube က ရနေပြီလေ….

  • kocho

    September 9, 2011 at 1:55 pm

    thanks par byo but where can i down zawgyi font ? (now new computer can`t allow to download) tell me pls if u know .

  • မီးမီး သော်

    September 9, 2011 at 6:12 pm

    ဟုတ်တယ်နော်။ခုကအားလုံးနီးပါး ဖွင့်ပေးလိုက်ပါပီ။ဒါပေမယ့် လိုင်းတွေထိုးကျနေပါတယ်။National bandwidth ကိုတိုးပေးဖို ့လိုပါတယ် လို ့မြင်မိတယ်လေ။

  • kocho

    September 13, 2011 at 6:48 pm

    really thanks for your post i got it zaw gyi font

Leave a Reply