Pirated Software

Zaw WonnaSeptember 9, 20111min863

Business Software Alliance (BSA) ရဲ့ လေ့လာမှုအရ ကမ္ဘာပေါ်မှာ ရှိသမျှ ကွန်ပြူတာ အားလုံးရဲ့ ထက်ဝက်လောက် (၄ရ %) ဟာ တရားမဝင် ဆော့ဖ်ဝဲတွေကို အသုံးပြုနေကြ ပါသတဲ့။ အဲဒီ ဆော့ဖ်ဝဲသူခိုးတွေဟာ တရားမဝင် ဆော့ဖ်ဝဲတွေကို ဈေးကွက်ထဲက၊ ဒါမှမဟုတ် အင်တာနက်ကနေ ဒေါင်းလုပ်ပြုလုပ်ပြီး ရယူကြပါတယ်။ အဲသလို သုံးစွဲကြတဲ့ နိုင်ငံတွေထဲမှာတော့ တရုပ်နိုင်ငံက တရားမဝင် ဆော့ဖ်ဝဲ တင်ထားတဲ့  ၈၆ % သော ကွန်ပြူတာ အသုံးပြုသူများနဲ့ ဦးဆောင်နေပါတယ်။ တရုပ်နိုင်ငံဟာ ကွန်ပြူတာအသစ်တွေ အတွက် အကြီးမားဆုံး ဈေးကွက်လည်း ဖြစ်ပါတယ်။

BSA အဖွဲ့ရဲ့ လေ့လာမှုမှာ နိုင်ငံပေါင်း ၃၂ နိုင်ငံက ကွန်ပြူတာ အသုံးပြုသူ ၁၅၀၀ဝ ပါဝင်ခဲ့ပါတယ်။ တရားမဝင် ဆော့ဖ်ဝဲတွေကို သုံးတဲ့နိုင်ငံတွေမှာ စာရင်းဇယားတွေ အရ ဗီယက်နမ်နိုင်ငံနဲ့ မလေးရှားနိုင်ငံက ၂၂ %၊ ထိုင်းနိုင်ငံက ၁၅ %၊ အမေရိကန်ပြည်ထောင်စုက ၈ %၊ အင်္ဂလန်နိုင်ငံက ရ %၊  ဂျပန်နိုင်ငံက ၉ %၊ ပြင်သစ်နိုင်ငံက ၅ % စသဖြင့် ရှိကြပါတယ်။

သူတို့လို ချမ်းသာတဲ့ နိုင်ငံတွေတောင်မှ တရားမဝင် ဆော့ဖ်ဝဲတွေ သုံးနေကြတာပဲ။ ကျနော်တို့ နိုင်ငံလို ဖွံ့ဖြိုးဆဲ (တချို့က အဲသလိုခေါ်မှ ကြိုက်တယ်) နိုင်ငံတွေ အဖို့မှာတော့ ဆင်ဖိုးထက် ချွန်းဖိုး ပိုကြီးတဲ့ အဲဒီ ဆော့ဖ်ဝဲတွေကိုသာ ဝယ်သုံးရမယ်ဆိုရင် အခု ကွန်ပြူတာ သုံးနေကြသူတွေရဲ့ ၁ဝ % လောက်ပဲ သုံးနိုင်ကြမယ် ထင်ပါတယ်။ ဆော့ဖ်ဝဲတွေရဲ့ ဈေးနှုန်းတွေကလည်း ကြောက်ခမန်းလိလိပါ ခင်ဗျ။ ကွန်ပြူတာ တစ်လုံး ဝယ်သုံးရင် ပုံမှန် ထည့်ရမယ့် ဆော့ဖ်ဝဲတွေရဲ့ ဈေးနှုန်းကကို ကွန်ပြူတာ ဝယ်ရတဲ့ ငွေထက် ပိုကုန်နိုင်ပါတယ်။

အခု အသုံးများနေတဲ့ Ms Window မှာဆို အနည်းဆုံး Ms Office နဲ့ Antivirus ကတော့ သေချာပေါက်ကို ထပ်ဝယ်ရမှာပါ။ အလကားရတဲ့ Linux ရဲ့ OS တွေက  အခြေခံ ဆော့ဖ်ဝဲတွေ အားလုံးနီးပါး ပါအောင် လုပ်ထားနိုင်ပါရက်နဲ့ ဈေးကြီးပေးဝယ်ရတဲ့ Ms Window မှာ ထပ်ဖြည့်ရမယ့် ဆော့ဖ်ဝဲ (Additional Software) လိုအပ်ချက် မြင့်မားအောင် လုပ်ထားတာကိုက နားမလည်နိုင် ဖြစ်ရတယ်။

တလောက တရုပ်နိုင်ငံက ကျောင်းသားတွေလုပ်တဲ့ စကားရည်လုပွဲ တစ်ခုမှာ တရားမဝင်ဆော့ဖ်ဝဲ တွေရဲ့ အကျိုးနဲ့ အပြစ်ကို အပြိုင်အဆိုင် ပြောကြတာ စိတ်ဝင်စားဖို့ အတော်ကောင်းတယ်။ သူတို့ ပြောသွားတာကို ခြုံပြီး ကျနော့် အမြင်အရ ပြောရရင်တော့ ဒီတရားမဝင် ဆော့ဖ်ဝဲတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံက လူတွေအတွက် နည်းပညာအရာမှာ နိုင်ငံတကာနဲ့ လိုက်မီအောင် လိုအပ်တဲ့ ပေါင်းကူးတစ်ခု အနေနဲ့ သတ်မှတ်ရမယ် ထင်ပါတယ်။ တရားမဝင်တာမို့ မသုံးပဲ နေရရင်တော့ ဒီထက် နောက်ကျဖို့ပဲ ရှိပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ဝယ်သုံးဖို့ တတ်နိုင်တဲ့သူများ အနေနဲ့ကတော့ ဝယ်ယူ အားပေးသင့်တယ်လို့ မြင်ပါတယ်။     ။

Ref: www.gadgetsandgizmos.org

3 comments

  • kai

    September 9, 2011 at 11:13 am

    ၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    ((သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်။

    ဘာရယ်တော့မဟုတ်..ခိုးကူး ဆော့ဖ်ဝဲကိစ္စကြားတိုင်း.. မြန်မာပြည်က.. လူတွေလိုက်နာလို့မရအောင် အဓိပါယ်ဖွင့်ထားကြတဲ့.. ငါးပါးသီလ ပြေးပြေးသတိရတာပဲ..။
    လိုက်နာလို့မရတေ့ာ ..အပြစ်ဖြစ်…။ အပြစ်ဖြစ်တော့. အပြစ်ပြေလျှော့အောင်လုပ်ပေးနိုင်တဲ့သူဆီ(လူ့သဘာဝအတိုင်း)ချည်းကပ်..
    လှူတန်း၊နာယူ..အဲဒီလိုနဲ့.. “ဆရာ-တကာ သံသရာ”လှည့်ထားတယ်.. တွေးတွေးမိလို့ပါ..။


    ဆိုတော့.. အပေါ်ကစာနဲ့ကိုက်အောင် ပြန်လှည့်ပြောရရင်..
    ကျုပ်ကတော့.. Open Source ဖြစ်တဲ့.. Linux OS တွေဖက်ကို အားပေးချင်မိတယ်..။
    ဒါပေမဲ့.. မက်ခ်၊ ဝင်းဒိုးစ်ဟာတွေလည်း.. ပိုက်ပိုက်ဒီလောက်ပေးရတာ…
    ပေးမှမပေးနိုင်ပဲ.. မတတ်နိုင်ရင်..သုံးသာသုံးလို့..ပြောရမှာပဲ..။
    တတ်နိုင်ရင်တော့.. ဝယ်ပေ့ါ..။ 🙂

  • Zawana

    September 9, 2011 at 11:25 am

    ခက်နေတာက Linux OS တွေကို ဝင်းဒိုးသမားတွေက သုံးဖို့ တွန့်နေကြတာပဲ။ စကတည်းက ဝင်းဒိုးနဲ့ပဲ ရင်းနှီးခဲ့ကြတာဆိုတော့။ တကယ်တမ်း Pirated Software တွေကို သုံးခွင့်မရှိတော့ဘူး ဆိုရင်လည်း ကျနော်ထင်တယ်။ သူ့ဟာနဲ့သူတော့ Open Source တွေကို သုံးဖြစ်ကုန်ကြမှာပါ။

  • windtalker

    September 9, 2011 at 1:40 pm

    ကျွန်တော် တို ့မန်းတလေး
    ရန်ကုန် က ကုမ္ပဏီ တွေ
    စားသောက်ဆိုင်တွေ
    တော်တော်များများပေါ့
    တစ်ကယ် ကုမ္ပဏီက ဝယ်သုံးတဲ့ လူတွေ လဲ ရှိမှာပါ
    ဂိမ်းဆိုင်တွေ မှာ သုံးနေတဲ့
    ကဖေးဇီး ဆော့ဝဲ တွေ ဆိုလဲ
    အစစ်ကို ဝယ်သုံးထားတာ မဟုတ်ဘူးလေ

Leave a Reply