MaMa ရဲ့ ”ဘာမှာကြဦးမလဲ” ပို့စ်ကိုဖတ်ပြီး ဒီစာကိုရေးဖြစ်တာပါ။ ကျွန်တော် မနှစ်က နိုဝင်္ဘာလကုန်ပိုင်းမှာ ဂယာကို ရောက်ခဲ့ဘူးပါတယ်။

ဗုဒ္ဓဘုရားပွင့်တော်မူခဲ့တဲ့ နေရာတစ်ခုတည်းကိုရောက်ခဲ့တာပါ။ ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ် တစ်ခုလုံး ကိုတော့ မသွားဘူးသေးပါ။ ဂယာမှာ ရှိတဲ့ မြန်မာဘုန်းကြီးကျောင်းမှာ

တည်းပြီးတစ်ပတ်တိတိဘုရားဖူးခဲ့ပါတယ်။အတွေ့အကြုံတွေကို စာရေးမယ်ဆိုပြီးစဉ်းစားတော့ မှတ်ဥာဏ်က ပြန်မရတော့ပါဘူး။ ဓါတ်ပုံတွေကို ပြန်ကြည့်တော့ ဂယာလေဆိပ်ထဲမှာ

ဖုန်းလုပ်ငန်းတစ်ခုရဲ့ ကြော်ငြာမှာ ဗုဒ္ဓပုံတော်နဲ့ ကြော်ငြာထားတာတွေ့ရပါတယ်။ ဒီပုံကိုကြည့်ပြီး နည်းနည်းတော့ ဖီလင်ဖြစ်သွားမိပါတယ်။ ပုံရဲ့ အပေါ်မှာ လမ်းညွှန် တစ်ခု

ချိတ်ထားတာ တွေ့ရပါတယ်။ဒီပုံက အိန္ဒိယ နိုင်ငံ ဂယာမြို့ အုပ်ချုပ်သူတွေရဲ့ဗုဒ္ဓ အပေါ်ထားတဲ့ သဘောထားကိုလည်း မြင်သာစေတယ်လို့ ထင်ပါတယ်။

ဘာမှန်းကျွန်တော်မပြောတတ်ပါ။ ပုံက ကျွန်တော်ကိုယ်တိုင်ရိုက်ခဲ့တာပါ။ နည်းနည်းဝါးနေရင် ခွင့်လွှတ်ကြပါ။ ဗုဒ္ဓကို ယုံကြည်ကိုးကွယ်သူတွေ လာလေ့ရှိတဲ့ ဂယာ မြို့ကလေး

ရဲ့ လေဆိပ်မှာ လေယဉ်ပေါ်က ဆင်းပြီး ဂယာလေဆိပ်ထဲကို ၀င်လိုက်တာနဲ့ တန်းတွေ့ ရတဲ့ မြင်ကွင်းပါ။ ကိုယ်တိုင် ခံစားကြည့်ပါဗျာ။ဂယာ လေဆိပ်

black chaw

About black chaw

black chaw has written 332 post in this Website..