အနာဂတ်အတွက် ကလေးသူငယ်တွေ ဘယ်ဆီကိုသွားမလဲ

ကျွန်မက ပို ့စ်တွေတော့သိပ်မရေးဖြစ်ပါဘူး။ကွန်မန် ့တွေမှာဘဲ အတွေ ့များပါတယ်လို ့ကိုသစ်မင်းပြောမှ ပြန်စဉ်းစားမိပါတယ်။ကျွန်မကို တော်တော်များများက အမြင်ကတ်နေပီလားပေါ့။ဒါမှ မဟုတ် ပါလေရာငပိချက်ပေါ့။
အဲလိုတော့ မဟုတ်ရပါဘူး။ကျွန်မကရေးချင်တယ်။မရေးရဲဘူး မရေးရဲဘူးဆိုတာကလဲ ကိုယ်တိုင်က စာသိပ်မဖတ်ဖြစ်တာကြာတော့ ရေးလိုက်တဲ့ပို ့စ်ရဲ ့ပေးမိတဲ့ မက်ဆေ့ချ်လေးမှားသွားမှာကြောက်လို ့ပေါ့။

တနေ ့နေ ့များပြားလှတဲ့ အလုပ်ကိစ္စတွေ၊မောင်လေးကျောင်းအကြိ ုအပို ့တွေနဲ ့ကြားက MG မှာ ဝင်ရောက်လေ့လာခွင့်ရတော့ သည်းခံဖတ်ပေးကြသူအားလုံးကို ကျေးဇူးဥပကာရပြ ုရမှာပါ။တနေ ့က အလုပ်ကိစ္စလေးနဲ ့ကွန်ပြူတာနက်ဂိမ်းဆိုင်လေးကိုသွားရတယ်။အဲဒီမှာတွေ ့ရတဲ့ ကျောင်းသားကလေးငယ် တစ်ယောက်ရဲ ့အပြောလေးကို စိတ်ဝင်စားလို ့ပြန်ဝေမျှပေးပါရစေ။

ကျောင်းသားလေးတွေ အများအားဖြင့် အသက် ၁၂၊၁၃ အရွယ်လေးတွေပေါ့၊နက်ဂိမ်းဆော့နေကြတာ။ခေတ်ကာလ ကလေးတွေ တော်တော်လေးတတ်နေကြပါပီ။ကျွန်မက အဲဒီထဲက ကလေးတယောက်ကို မေးမိတာ။သားရေ ဘယ်အတန်းကလဲ ဆိုတော့ လိမ်လိမ်မာမာပါဘဲ။သူ ၆ တန်းရောက်ပါပီ ၊C ခန်းကပါပေါ့။ သားရေ Aခန်းမသွားချင်ဘူးလားပေါ့ ကျွန်မကလဲ လေရှည်မိတယ်။

သူကပြန်ပြောလိုက်တယ် “မသွားချင်ဘူး အန်တီလေးရေ A ခန်းမှာ ပိုက်ဆံကောက်တာများတယ်တဲ့”။

“ သားက စာမကြိ ုးစားချင်ဘူးလား၊သူတို ့Aခန်းက ကလေးတွေစာတော်ကြတယ်လေ။ဟင့်အင် အများကြီး မဖတ်ချင်ပါဘူး၊တဲ့”

ကျွန်မပြန်ပြောစရာမရှိလောက်အောင်ဆွံ ့အသွား တယ်။ကလေးသူငယ် တွေဒီ အတွေးဝင် နေပီ။ဘယ်လို လုပ်ကြမလဲပေါ့။ခု နက်ဂိမ်း ဆိုင်ထဲမှာရှိနေတဲ့ ကလေးတွေတော်တော်များများက counter strike လို ဂိမ်းတွေကိုဆော့နေကြတာ။ခုဏက ကလေးလဲ ဒီဂိမ်းဘဲဆော့မှာပါတဲ့။အင်မတန်နုနယ်တဲ ့ ဒီအသက်အရွယ်မှာ ဝုန်းဒိုင်းကြဲပြီး သတ်တဲ့ဖြတ်တဲ့ ဂိမ်းတွေက သူတို ့ဦးနှောက်တွေကို အရောင်တွေဆိုး ပြောင်းလဲပစ်နေတာကိုတွေးရင်း ကျွန်မရင်ထဲက မောဟိုက်ပြီး တခုခု လိုသလို ခံစားလိုက်ရပါတော့တယ်။

အနာဂတ်ကလေးသူငယ်တွေ အတွက်စဉ်းစားပေးကြပါဦးနော်။

12 comments

  • blackchaw

    September 9, 2011 at 12:59 pm

    counter strike က ကျွန်တော်တို့ လည်း စွဲစွဲလန်းလန်း ကို ကစားခဲ့ဘူးပါတယ်။ အခု သိတ်ခေတ်မစား
    တော့ဘူး ထင်တယ်ဗျ။ counter strike ထက် ကလေးတွေနဲ့ မသင့်တော်တဲ့ ဂိမ်းတွေ ရှိနေတယ်ဗျ။ GTA Vice City ဆိုတဲ့ဂိမ်းက ကလေးတွေကိုပေးမကစားသင့်ဘူး ဗျ။ ဘယ်လိုဂိမ်းမျိုးလဲဆိုတာတော့ ဂိမ်းထဲမှာ မင်းသားက ကိုယ်ကိုယ်တိုင်ပါပဲ။ လမ်းပေါ်မှာ လူတစ်ယောက်ကိုသတ်လိုက်လဲ ပိုက်ဆံရတယ်၊ ကားလှလှလေးမြင်လို့ စီးချင်ရင် လုပြီးစီးလို့ရတယ်။ ကုန်ကုန်ပြောမယ်ဗျာ ပိုက်ဆံနည်းနည်းရှိလို့ ကားလှလှလေးတစ်စီးရှိရင် မကောင်းတဲ့မိန်းမပါ ဂိမ်းထဲမှာ ခေါ်လို့ရတယ်ဗျ။ အဲလိုဂိမ်းမျိုးတွေကို ဂိမ်းဆိုင်တွေမှာ မထားသင့်ဘူးလို့ထင်ပါတယ်။ ဘယ်သူတွေက စိစစ်ရမယ်ဆိုတာတော့ ကျွန်တော်လည်းမသိပါဘူးဗျာ

    • pan pan

      September 9, 2011 at 1:51 pm

      ViceCityမှာ ရဲလိုက်လို့ ထွက်ပြေးချင်လည်း leave me aloneဆိုပြီး ဝှက်ကုဒ်ပေ့ါ
      ရိုက်လိုက်ရင် ရဲကဆက်မလိုက်တော့ဘူး (တခြားကုဒ်တွေလည်း ရှိသေးတယ်)
      ဂိမ်းထဲက မိန်းမပုံတွေကလည်း ဘီကနီတွေနဲ့
      အဲဒီဂိမ်း ကလေးတွေလောက်ပဲဆော့တာများပါတယ်
      ခုတော်တော်များများက Dotaခုတ်တယ်
      CounterStrike ကစားနိုင်တာ တော်တော်သဘောကျတယ်
      ကျွန်မတော့ သိပ်မကစားတတ်ဘူး
      နှလုံးရောဂါရနိုင်တယ်
      ပြီးတော့ နေရာတွေ သိပ်မမှတ်မိလို့၊ ဉာဏ်ကမကောင်းဘူး
      အဲဒီဂိမ်းတွေမဆော့ဘူး ပိုကာပဲဒေါင်းတယ် :mrgreen:
      Aခန်းမှာ ပိုက်ဆံပိုကောက်တယ်တဲ့
      ဟုတ်ပါတယ်
      ကျောင်းကောင်းတွေမှာ ပိုဆိုးပါတယ်
      စာလည်းပြိုင်၊ အလှူငွေလည်း အပြိုင်ထည့်နိုင်ရပါမယ်
      ဘာဖြစ်ဖြစ်Aခန်းမို့ ဆိုတာလေးက တွဲပါလာပြီးသားဆိုတော့
      (တချို့ကျောင်းတွေမှာတော့ Sခန်းဆိုတာရှိသေးတယ်၊ စူပါဆိုလား စပယ်ရှယ်ဆိုလား)

  • zawmyothu

    September 9, 2011 at 2:17 pm

    ွှအခု ကလေးတွေ Dota ကို တော်တော်များ ဆော.တယ်လို.ထင်ပါတယ်(ကျွန်တော်အပါအဝင်ပေါ. :P)
    ဒီဂိမ်း ကစားနေရင် ဆဲနည်းပေါင်း စုံ အလိုလို တတ်လာပါတယ် (မယုံရင် တစ်ခါလောက် ဂိမ်းဆိုင် သွားကြည်.နော :P)
    ရန်ကုန်တော. မသိဘူးဗျ မန္တလေး မိန်းထဲမှာ ဆို နက်ဂိမ်းဆိုင်တွေမှာ အင်တာနက်ရော တွဲ ဖွင်.လာတယ်
    တော်တော်များပါတယ်)
    ပြီးတော. ပြိုင်ပွဲတွေလဲ ကျင်းပပေးတယ် တော်တဲ.သူဆို လခပေးပြီး ဘယ်လောက်ဆော. ဆော.
    ပိုက်ဆံ မပေးရဘူးဗျ မက်လုံးတွေနဲ ဖျက်စီးနေတာလား နောင်တစ်ခေတ် ကမ္ဘာမှာ မြန်မာကွဆိုပြီး
    ဂိမ်းတွေ ယှဉ်ပြိုင် ကစားနိုင်အောင် သင်နေတာလားတော. မသိဘူးနော………..

  • kai

    September 9, 2011 at 2:23 pm

    တကယ်တော့.. ကလေးက သူ့အရိုးခံနဲ့.. ဒီအတိုင်းပြောလိုက်တာပါပဲ..။
    ဒါကို လူကြီးတွေက.. ချိန်ဆလုပ်ပေးရ.. လုပ်ထုံးဥပဒေတွေလိုက်ညှိပြင်ရမှာပေါ့…။

    ဆိုတော့..
    မြန်မာပြည်မှာ.. စာတမျိုးထဲ..ကလေးကိုအတင်းတွန်းနေတာကလည်း.. သိပ်မမှန်လှဘူးထင်မိတယ်..။
    အခုလိုကလေးမျိုးက.. တခြားအားကစား၊ အနုပညာ တခုခုချွန်နေနိုင်တာပဲ..။
    သူဘာကျွမ်းကျင်သွားနိုင်သလဲ.. ဘယ်မှာပါရမီရှိသလည်း.. မိဘဆရာတွေက စောင့်ကြည့်ရင်း .. လမ်းညွှန်သင့်တယ်ထင်မိတယ်..။
    စာဖတ်ဝါသနာမပါတာနဲ့..အနာဂတ်လမ်းတော့မပျောက်သွားလောက်ပါဘူး..။

    အဓိကကတော့ … ကလေးတွေအတွက်.. လမ်ညွှန်ပြသ..မြှင့်တင်ပေးရမဲ့.. စံနစ်ဥပဒေလုပ်ထုံးတွေ လိုနေတယ်ထင်မိပါတယ်..။

  • manawphyulay

    September 9, 2011 at 3:20 pm

    ခုခေတ်က ခေတ်မှီတာလား။ ကလေးတွေကို လွတ်လပ်ခွင့်ပေးတာလား။ ပညာရေးပိုင်းကို အားလျော့စေတာကတော့ ဂိမ်းတွေ အဆော့များလာတာတွေ့ကြတယ်။ တချို့မိဘတွေဆို ကလေးငယ်ငယ်လေးတွေကို နက်ဆိုင်မှာ ခဏလာထားပြီး သွားစရာရှိတဲ့နေရာကို သွားကြတာဆိုတော့ ကလေးတွေကလည်း နက်ဆိုင်မှာ ဂိမ်းဆော့လို့ရတော့ ဘယ်ချိန်ဖြစ်ဖြစ် ဆော့ရရင်ပျော်နေကြတာပါပဲ။ တချို့ကလေးတွေကျတော့လည်း သူ့တို့ဘာသာ သူတို့ နက်ဂိမ်းဆိုင်လာကြတယ် ပြီးရင် ဆိုင်ကို တစ်နာရီသုံးမယ် ဖွင့်ပေးပါ ပြောပြီး အကျအနထိုင်ဆော့တော့တာပါပဲ။ နောက်ဆုံး ပညာရေးတဲ့ အနာဂတ်မှာ ဂိမ်မာတွေများလာမယ်လို့တော့ မျှော်လင့်မိတာပါပဲ။

  • Ko Ko Aung

    September 9, 2011 at 3:26 pm

    ကလေးတွေကို ဂိမ်းက တော်တော်ဖျက်ဆီးနေတယ်လို့ ထင်ပါတယ်။
    လူကြီးတွေထဲမှာလဲ (အရွယ်အမျိုးမျိုး) ဂိမ်းစွဲနေတာ တွေ့နေရပါတယ်။ အဲဒါကတော့ လုပ်ပစေလေ။ ကိုယ့် ရွေးချယ်မှု့နဲ့ကိုယ်ပေါ့ …။

    ကလေးတွေအတွက်တော့ လမ်းမမှားဘို့ရာ လူကြီးတွေကပဲတာဝန်ရှိပါတယ်။ လူကြီးဆိုတာမှာ မိဘ ဆရာ တွေတင်မက ရပ်ကွက်မြို့ရွာ အာဏာပိုင်တွေ အုပ်ချုပ်သူတွေအထိ ဆိုလိုချင်ပါတယ်။

    အကျိုးမများတာကို အလွန်အမင်းမလုပ်အောင်ဆိုရင် စာသင်ခန်းဆီ အတင်း “တွန်းပို့” ရုံနဲ့ မလုံလောက်ပါဘူး။
    စာပေ ပန်းချီ အနုပညာ အားကစား စတဲ့ အကျိုးရှိတာတွေဆီရောက်လာအောင် “ဆွဲခေါ်” နိုင်ရပါမယ်။ ဆွဲဆောင်နိုင်ရပါမယ်။ ဘာမှလုပ်စရာမရှိလို့ ဂိမ်းပဲဆော့နေရင်း စွဲနေကြတာပါ။

    လုပ်စရာတွေ လှုပ်ရှားမှု့တွေ များများဖန်တီးပေးနိုင်ရင် ဂိမ်းထဲမှာနစ်နေမယ့်ကလေး ရှားသွားမှာ …

  • blackchaw

    September 9, 2011 at 5:36 pm

    pan pan ရေ
    အဲဒီဂိမ်း ကလေးတွေလောက်ပဲဆော့တာများပါတယ် ဆိုတော့ ကျွန်တော်ဘယ်လို နားလည်ရမှာလဲခင်ဗျာ။
    ဒီပို့စ်က ကလေးတွေ အတွက် ဆွေးနွေးနေကြတာလေ။ အဲဒီကလေးတွေ မကစားသင့်ဘူးလို့ ကျွန်တော်က
    ပြောနေတာပါ။ ကျွန်တော် ကလေးတွေနဲ့လည်း ကောင်တာပစ်ပါတယ်။ မောက်စ် နိုင်ရင် ကောင်တာ ပစ်လို့ရပါတယ်။ အစတော့ ဘယ်ဂိမ်းမဆိုခက်ပါတယ်။ အခုခေတ် ဂိမ်းဆိုင်ထဲက ကလေးတွေ ဆဲနည်း မျိုးစုံအောင် တတ်ပါတယ်။ ဂိမ်းဆိုင်ထဲမှာ လေ့လာကြည့်ပါ။

  • မီးမီး သော်

    September 9, 2011 at 6:00 pm

    ကလေး သူငယ်တွေဂိမ်းဆော့ တာကို မကောင်းဘူးလို ့မမြင်ပါဘူး။သူတို ့လေးတွေ နေရာလေးတွေတိကျအောင်မှတိထားနိုင်တယ်။သဲထိတ်ရင်ဖို ကစားကြတယ်။တခါတလေ အကြီးတွေက ဆဲပြတော့ လိုက်ဆဲကြတယ်။
    အဲဒီမှာ ပြဿနာစပါတယ်။ ကလေးတွေရဲ ့ စာရိတ္တနိတိ၊ကို ပဲ့ပြင်ထိန်းသိမ်းပြသပေးမယ့်လူ ကြီးတွေမှာ ပိုတာဝန်ရှိလာတယ်လို ့ယူဆပါတယ်။

  • unclegyi1974

    September 9, 2011 at 10:10 pm

    ဂိမ်းကစားတာကောင်းတာရှိသလိုမကောင်းတာလည်းရှိပါတယ်
    ကောင်းတာကသွက်လက်မှု မှတ်ဉာဏ်ကောင်းမှု
    မကောင်းတာကစိတ်မပိုင်းဖြတ်နိင်မှု ကျောင်းစာပေါ့လျော့မှုစိတ်လေမှု
    ဘာဖြစ်ဖြစ်ကိုယ့်ကလေးဖြစ်နေလို့မိဘတွေမှာကလေးကိုမှန်ကန်အောင်
    ထိမ်းကျောင်းပေးဖို့အဓိကတာဝန်ရှိပါတယ်
    ဂိမ်းကိုတော့မကစားဖို့ နိုင်ငံထဲအဝင်မခံဖို့ဥပဒေပြုဖို့ဆိုတာတွေကတော့မဖြစ်နိုင်ပါဖူး
    ဖြစ်လာတဲ့ခေတ်ကာကကိုအကောင်းဆုံးရင်ဆိုင်ဖို့ပဲရှိပါတယ်

  • မီးမီး သော်

    September 9, 2011 at 11:08 pm

    ခေတ်ကို လက်မခံလို ့မရပါဘူး။ကျွန်မဆိုဆယ်တန်းအောင်မှ ကွန်ပျူတာကိုစတင်ထိတွေ ့ဖူးတာ။ဒါပေမယ့် တကယ်လက်တွေ ့ခုချိန်ထိကောင်းကောင်းအသုံးမချတတ်သေးဘူး။သူတို ့လေးတွေ အရွယ်မှာ တကယ်ထိရောက်အောင် နည်းပေးလမ်းညွှန်မှုကနည်းနေတယ်။ဂိမ်းဆော့တာက အကျိုးရလာဒ်ထက် အကျင့်စာရိတ္တပိုထိတယ်ထင်လို ့ပါ။

  • thit min

    September 10, 2011 at 5:59 pm

    ဒီလိုရှိပါတယ်မမီးမီးသော်ခင်ဗျား…………..
    ရိုသေမှူနှင့်လေးစားမှူ
    မိမိအတွက်ရိုသေမှူရရန်သည်စရဏ(ကိုယ်ကျင့်)တရားဖြစ်သည်။။သူတပါးတို့အတွက်လေးစားမှူ
    ရှိစေရန်မှာကျွန်နှုပ်တို့၏ရည်မွန်မှူဖြစ်သည်။…….လို့လောရင့်စတန်းရဲ့အဆိုအမိန့်အရဆိုရင်မမီးမီး
    သော်ဟာလေးစားဖွယ်ရာမင်ဘာတဦးပါဗျ။
    အားပေးတဲ့ကော်မန့်များကိုသာပေးလေ့ရှိတာဟာရည်မွန်တဲ့စိတ်ပါပဲ။
    ဘယ်လိုလူမျိုးကမှအမြင်ကပ်စရာအကြောင်းမရှိနိုင်ပါဘူး။

  • မီးမီး သော်

    September 10, 2011 at 6:24 pm

    ကျေးဇူးပါ ကိုသစ်မင်းရေ။ခုလိုပြောပေးဖော်ရှိတော့ အားတက်ရပါတယ်။နောင်လဲကြိ ုးစားပြီး ပို ့စ်တွေရေးပေါ့မယ်။အားလုံးသောရွာသားတွေဆီမှာ ပညာတွေအများကြီးသင်ယူရဦးမှာပါ။

Leave a Reply