ဦးစံရှားနှင့် လိမ္မော်သီးများ

ဂ်ဲသုSeptember 9, 20111min1013

မှော်ဆရာရဲ့ကျေးဇူးနဲ့ လူရိုင်းရွာက လွတ်လာတဲ့ဦးစံရှားဟာ Foreign Resident ညွှန်တဲ့ လမ်းအတိုင်း weiwei နဲ့ TTCG တို.ဆောင်းပေးလိုက်တဲ့ ဦးထုပ်ဖြူ ကြီးဆောင်းပြီးminthakhin ကျေးဇူးကြောင့်ရလာတဲ့ ရွှေဒင်္ဂါး ခုနစ်ပြားပိုက်ကာ ခရီးထွက်လာပါပြီ။လက်ထဲမှာလည်း Myanmar ပေးလိုက်တဲ့ ကြက်ဥပြုတ်ကြီးကိုင်ပြီး ပြိုင်ပွဲဝင်လိုက်တာ xman ကျေးဇူးကြောင့်ပြိုင်ပွဲ ဝင်ခွင့် ရသွားပါပြီ။ ဒါပေမယ့်ပြိုင်ပွဲက နောက်တစ်ပတ်နေမှစမှာပါ။ ဒါနဲ.ဦးစံရှားလည်း ရွာထဲကို လမ်းလျှောက်ထွက်လာပါတယ်။ ထွက်လာရင်းက ဈေးထဲကိုရောက်သွားပါတယ်။ ဈေးထဲမှာ လိမ္မော်သီးသည်နှစ်ယောက် အချင်းများနေကြပါတယ်။ အဲဒီမှာ ဦးစံရှားကို မြင်တော့ အကူအညီတောင်းပါတယ်။ သူတို.ပြသနာကိုဖြေရှင်းပေးဖို.ပေ့ါ ။ သူတို.ပြသနာကတော့
ပထမ လိမ္မော်သီးသည်မှာ လိမ္မော်သီး အလုံးသုံးဆယ်ရှိပါတယ်။ သူက သုံးလုံးကို ငါးကျပ်နဲ့ရောင်းပါတယ်။ ဒုတိယလိမ္မော်သီးသည်မှာလည်း အလုံးသုံးဆယ်ရှိပါတယ်။ သူကတော့ နှစ်လုံးကို ငါးကျပ်နဲ့ရောင်းပါတယ်။ အဲဒီနေ.မနက်ခင်းက ဒုတိယလိမ္မော်သီးသည်က သွားစရာရှိလို. သူ.လိမ္မော်သီးတွေကို ပထမလူဆီအပ်ထားခဲ့ပါတယ်။ ဝယ်မယ့်သူလာရင်ရောင်းထားလိုက်ပါပေါ့။ ဒါနဲ့ ပထမလိမ္မော်သီးသည်ကလည်း သူတို.နှစ်ယောက်ရဲ့လိမ္မော်သီးတွေကို ရောပစ်လိုက်ပြီး ငါးလုံးကို တစ်ဆယ်နဲ့ရောင်းပါတယ်။ အားလုံးကုန်သွားတော့ လိမ္မော်သီး ၆ဝ ဆိုတော့ ၁၂ဝ ရပါတယ်။ အဲဒီ ၁၂ဝ ကို ခွဲယူကြတဲ့အခါမှာ ပထမလိမ္မော်သီးသည်က ၅ဝ ယူလိုက်ပါတယ်။ ကျန်တဲ့ ၇ဝ ကို ဒုတိယလိမ္မော်သီးသည်ကိုပေးလိုက်ပါတယ်။ ပြသနာက အဲဒီမှာပါ။ ဒုတိယ လိမ္မော်သီးသည်က အမှန်တကယ်သူရသင့်တာက နှစ်လုံးကို ငါးကျပ်နဲ့ ၇၅ ကျပ်ရ ရမှာပါ ဒါပေမယ့် သူရသင့်တဲ့ ငွေထက် ၅ ကျပ်လျော့နေပါတယ်။ပထမလိမ္မော်သီးသည်ကလည်း သူရသင့်သလောက်ပဲ ယူထားတာကို ၅ ကျပ်ပျောက်နေတော့် ပြသနာတက်တော့တာပေါ့ ။ဘာကြောင့်အဲဒီငါးကျပ်က ပျောက်နေရလဲလို. ဦးစံရှား ကို ကူညီပြီးဖြေရှင်းပေးကြပါဦး။ ။

3 comments

  • weiwei

    September 9, 2011 at 2:01 pm

    ၅ လုံးကို ၁ဝ ကျပ်နဲ့ ၁ဝ ကြိမ် အလုံး ၅ဝ ရောင်းပြီးတဲ့အထိတော့ ပြသနာမရှိပါဘူး …
    ၃ လုံး ၅ ကျပ်တန် လိမ်မော်သီးတွေက ၁ဝ ကြိမ်ရောင်းပြီးချိန်မှာ ကုန်သွားပြီ …
    ၂ လုံး ၅ ကျပ်တန် လိမ်မော်သီးတွေက ၁ဝ ကြိမ်ရောင်းအပြီးမှာ ၁ဝ လုံးကျန်နေပါသေးတယ် …

    ကျန်နေတာက ဒု လိမ်မော်သီးသည်ဟာတွေမို့လို့ ၂ လုံး ၅ ကျပ်နဲ့ရောင်းရမှာကို ၅ လုံး ၁ဝ နဲ့ ရောင်းလိုက်မိလို့ …
    ၂ လုံး ၅ ကျပ်နဲ့ရောင်းရင် ၁ဝ လုံးကို ၂၅ ကျပ်
    ၅ လုံး ၁ဝ နဲ့ရောင်းလိုက်တော့ ၁ဝ လုံးကို ၂ဝ ကျပ် …
    အဲဒီမှာ ၅ ကျပ်ကွာသွားခြင်းဖြစ်ပါတယ် …

    ပထမလိမ်မော်သီးသည်က မှားရောင်းလိုက်တာမို့လို့ လျှော်ပေးလိုက်ပေတော့ … 😛

  • yetazar

    September 10, 2011 at 12:42 pm

    ဆားပုလင်း မဝေရေ ။ တော်ပါပေတယ်ဗျာ ။

Leave a Reply