မိမိကြိုက်နှစ်သက်မိသောဂါထာလေးတစ်ပုဒ်ပါ။

kpSeptember 9, 20111min650

မိမိကြိုက်နှစ်သက်မိသောဂါထာလေးတစ်ပုဒ်ပါ။ဘဘကြောင်ကြီးလိုစာတတ်ပေတတ် ကျမ်းဂါမ်တတ်ကြီးတော့မဟုတ်ပါဘူး။စိတ်ထဲမှာကြိုက်နှစ်သက်လို့တင်ပြရခြင်းဘဲဖြစ်ပါတယ်။ “စိတ္တေနနိယေတေလောကော” စိတ္တေန -မိမိစိတ်သာလျှင် ၊နိယေတေ -ရှေးဆောင်ရာ၏ ၊ လောကော -ဖြစ်ခြင်း ပျက်ခြင်းရှိတဲ့လောကကြီးကို။ မိမိစိတ်သာလျှင်လောကကြီးတစ်လုံးကိုရှေးဆောင်နိုင်သည်။မိမိစိတ်သာလျှင်လောကကြီးတစ်ခုလုံးကိုလွှမ်းမိုးနိုင်သည်။ဗုဒ္ဓမြတ်စွာဘုရားလက်ထက်က ရဟန်းတစ်ပါးက ဘုရားကိုလျှောက်တင်ပါတယ်…အရှင်ဘုရားတပည့်တော် ရဟန်းသိက္ခာပုဒ်၂၂ရ သွယ်ကိုများလွန်းလှတဲ့အတွက်လူထွက်ခွင့်ပြုပါလို့လျှောက်တင်တော့ ဗုဒ္ဓမြတ်စွာဘုရားက သိက္ခာပုဒ် ၂၂ရသွယ်သောပုဒ်ကိုစောင့်ထိန်းစရာမလိုဘူး မိမိစိတ်တစ်ခုထဲကိုသာစောင့်ထိန်းပါလို့ ဟောကြားတာကိုဆရာတော်တစ်ပါးကဟောကြားတာကိုကြားခဲ့ဖူးပါတယ်။ မိမိကိုဝမ်းသာပျော်ရွှင်အောင်လုပ်တာလည်း မိမိစိတ်ဘဲ မိမိကို စိတ်ညစ်အောင်လုပ်တာလည်း မိမိရဲ့စိတ်ပါဘဲ။ အဲ့ဒီ့စိတ်ကဘဲ ကောင်းတဲ့နေရာရောက်အောင်လုပ်နိုင်သလို ဆိုးတဲ့နေရာရောက်အောင်လည်းလုပ်နိုင်ပါတယ်။ အရမ်းအဖိုးတန်တဲ့ နာရီတစ်လုံးနဲ့ တန်ဘိုးနည်းတဲ့ နာရီတစ်လုံးဒါပေမဲ့ရလိုက်တဲ့အချိန်ကတော့တူတူပါဘဲ ၂သိန်းတန်နာရီ ၁၂နာရီထိုးရင် ၁သောင်းတန်နာရီအလည်း ၁၂ နာရီပါဘဲ…အဖိုးတန်လွန်းလို့၂၄နာရီထက်ပိုမရနိုင်ပါဘူး။

မှတ်ချက်။ ။ကျန်တာကိုတော့ဘဘကြောင်ကြီးကဘဲ ကွန်မန့်မှာဆက်လက်ရှင်းပြပါလိမ့်မည်။ 😛