မေတ္တာဓါတ်ယှဉ် ရှေ ့ဆက်ချင်

Nan ShinSeptember 9, 20111min703

ဟာရီကိန်းအလွန် နယူးယောက်ပြည်နယ် ရန်ဆယ်လီယာရွာလေး၏ရာသီဥတုသည် မိုးလေးတငြိမ့်ငြိမ့်ချမ်းစိမ့်

စိမ့်ရှိလှသည်မို့ ညဆိုင်းလုပ်ငန်းခွင်မှပြန်လာခဲ့သော ကျနော်သည် ရောက်ရောက်ချင်းဆိုသလို ပင်ပင်ပန်း

ပန်းနှင့်နှစ်ချိုက်စွာအိပ်မောကျသွားခဲ့သည်။နေ့လည်နှစ်နာရီခန့်တွင် အိပ်ရေးဝ၍နိုးထလာပြီး ခပ်ပြင်းပြင်းရှိလှ

သည်ကတစ်ကြောင်း အညောင်းအညာပြေလမ်းလျှောက်ထွက်လိုသည်ကတစ်ကြောင်းမို့ ဘယ်ရယ်မဟုတ် ဦး

တည်ရာမဲ့လမ်းလျှောက်ထွက်ခဲ့သည်။အတန်ငယ်လျှောက်ပြီးသောအခါတွင် မြန်မာလူမျိုးတစ်ဦးဖွင့်ထားသည့်

Win Market ခေါ် မြန်မာဈေးဆိုင်အတွင်းသို့ဝင်သွားလိုက်သည်။ဆိုင်ထဲအရောက်တွင် ၎င်း Win Market ဆိုင်

၏ပိုင်ရှင်ဖြစ်သော ကိုညွန့်ဝင်း{ABSDF ရဲဘော်ဟောင်း…ကပ- ၃၃၇ဝ ၊တာဝန်-တပ်သား၊တပ်ရင်း/ဖွဲ့-၂၀၄…

၂၀၅၊အချိန်ကာလ-၁၉၉၂၊နေရာနဲ့ဖြစ်ပွားပုံ-(နွားလေးခို)တပ်မဟာ ၃..(ညာလက်ပြတ်)} ဆိုသူသည် ဆိုင်အ

တွင်းမှထွက်လာ၍ ….   “ဟေ့ကောင်မင်းအခု ဆိုင်ထဲကထွက်သွား” ဟု ကျနော့်ကိုပြောပါသည်။

“ကျနော်က….ဘာဖြစ်လို့လဲဗျ.”

“မင်းဘာဖြစ်လို့ ဘုန်းကြီးကိစ္စတွေကို အင်တာနက်မှာလိုက်တင်နေတာလဲ”

“ဖြစ်ရပ်ကလဲမှန်နေလို့…ပြီးတော့ ကျနော်ကိုယ်တိုင်လဲ လက်တွေ့ခံထားရတဲ့သူဖြစ်နေလို့ပေါ့ဗျ…”

“ဘာဖြစ်ဖြစ်မင်းအခုဆိုင်ထဲကထွက်သွားကွာ” စသည်ဖြင့် နှင်ထုတ်သည့်အပြင် ရိုင်းစိုင်းညစ်ညမ်းစွာပါဆဲရေး

တိုင်းထွာလာပါသည်။

ကျနော်သည်ဖြစ်ဖြစ်ချင်းတွင် လူတို့၏ ဓမ္မတာအတိုင်း ပြန်လည်ပြောဆိုမှုများဖြင့်ဖြေရှင်းချင်စိတ်ရှိသော်လည်း

ငယ်စဉ်တောင်ကြေးကလေးဘဝမှစ၍ တစ်သက်လုံးလက်ကိုင်ထားခဲ့သော သတိနှင့်မေတ္တာတရားတို့၏လှုံ ့

ဆော်မှုကြောင့်မည်သို့မှ ပြန်မပြောဖြစ်ခဲ့ပဲ ၎င်းဆိုင်ထဲကပင် အေးဆေးတည်ငြိမ်စွာပြန်ထွက်ခဲ့ပါသည်။မှန်ပါ

သည်။ကျနော်သည် အသက်ဆယ့်နှစ်နှစ်သားတွင် ရှင်သာမဏေဘဝသို့ဝင်ရောက်ခဲ့ပြီး အသက်နှစ်ဆယ်တွင်

ရဟန်းအဖြစ်သို့တက်ရောက်ခဲ့ပြီး ပရိယတ္တိစာပေကို ပဌမကြီးတန်းအထိ အောင်မြင်ခဲ့သည်။အသက်၂၁နှစ်တွင်

မန္တလေးမြို့မစိုးရိမ်တိုက်တွင်ဓမ္မာစရိယစာပေများကို ဆက်လက်သင်ကြားခဲ့သည်။သို့သော် အခြေနေအ

ကြောင်းကြောင့် စာဆက်မသင်ဖြစ်တော့ပဲ စာချဘုန်းကြီးဘဝဖြင့် ငါးနှစ်တိုင်တိုင် ဘဝကိုလွှင့်မျှောနေခဲ့သည်။

၂၀၀ရ စက်တင်ဘာအလွန်တွင် ထိုင်းနယ်စပ်သို့ရောက်၍ ရဟန်းဘဝအညွန့်တုန်းတော့သည်။ဤသို့ဆယ့်

ငါးနှစ်ကြာကြာ ဖြတ်သန်းသင်ယူလေ့လာဆည်းပူးခဲ့သော အတွေ့အကြုံနှင့်အသိတရာများသည် ယခုလိုလက်

တွေ့ ဖြစ်ပေါ်လာသော အခက်အခဲ ပြဿနာမျိုးမှာမှ အသုံးမချနိုင်လျှင် အသုံးချစရာနေရာမရှိတော့သလောက်

ဖြစ်နေပြီမဟုတ်လား။ထို့ကြောင့်မေတ္တာနှင့်ယှဉ်အောင်ပွဲဆင်၍ ပြန်လည်ဆုတ်ခွါခဲ့သည်။ဆုတ်ခွါခဲ့သည် ဆိုသော်

လည်း သွားရောက်တိုက်ခိုက်ခဲ့ခြင်းတော့မဟုတ်ပါ။အသားလွတ် ထိုးစစ်နှင့်ကြုံလိုက်ရခြင်းမျှသာဖြစ်သည်။

ကျနော်သည် အောက်တိုဘာ ၂၀၀၉တွင် နိုင်ငံရေးဒုက္ခသည်အဖြစ်နဲ့အမေရိကသို့ရောက်ခဲ့သည်။ရောက်သွား

သောအခါတွင် Case Worker ဟုခေါ်သော ကျနော့်၏ကိစ္စအဝဝအားလုံးကို ပြန်လည်နေရာချထားပေးရေးအ

တွက်တာဝန်ယူထားသူက ကျနော်အား ဘုန်းကြီးမှန်း လူမှန်း သေချာစွာ မသိထား၍ အိမ်ကို ကြိုတင်ငှားထား

ခြင်းမရှိသေးပဲ ဘုန်းကြီးကျောင်း၌ခေတ္တနေစေပါသည်။ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက်တွင်ဖြစ်သည်။

ကျောင်းထိုင်ဆရာတော်၏အမည်မှာ ဦးဣဿရိယ ဖြစ်သည်။၎င်းဆရာတော်မှ ကျနော်အားသူ့ကျောင်းမှာပင်

ဆက်လက်နေထိုင်ရန်နှင့် တစ်လခန့်နေပြီးသည့်နောက်တွင် Sushi လုပ်ငန်းသို့ပို့ပေးမည်ဟုပြောခဲ့ပါသည်။

Case Worker ကိုလည်း ကျနော့်အတွက်အိမ်မရှာရန်လှန်းပြောလိုက်ပါသည်။Case Worker ကတော့ကျနော့်

ကိုတာဝန်ကျေအောင်မေးပါသည်။သူဘယ်လိုပြောပြောကျနော်က လက်ခံမှ (သို့)ကျနော်ကိုယ်တိုင်က ဆရာတော်

၏စကားကိုလိုက်နာပါမယ်ဆိုမှဖြစ်မှာဟုပြောခဲ့သည်။ကျနော်က ပေါက်တဲ့နဖူးမထူးတော့ပြီဖြစ်၍ အလုပ်ကလွဲ

၍တခြားဘာမှမတွေးတော့ဘဲလုပ်ငန်းခွင်ထဲပဲ မြန်မြန်ဝင်ပြစ်လိုက်ချင်သည်။ထို့ကြောင့် ဆရာတော်၏စကားကို

လက်ခံ၍(ဝါ)ယုံကြည်၍(ဝါ)ကတိတည်မည်ထင်၍(ဝါ)ဘုရားသားတော်တစ်ပါးဖြစ်သူသည် ဖြစ်လတ္တံ့သောအ

ဖြစ်အပျက်များကို ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ဟုထင်၍ သူ၏ကျောင်းတွင်ပင်ဆက်လက်နေထိုင်ခဲ့သည်။

ထိုကျောင်း၌နေထိုင်စဉ်ကာလများတွင် ကျနော့်အား ဆရာတော်မှ “ကောင်လေး မင်းအတွက် အိမ်လခရပိုင်ခွင့်

ရှိတယ်…အဲ့ဒိအတွက် အဲ့ဒိ USCRI ရုံးမှာ မင်းလခကိုသွားတောင်းရမယ်” ဟုပြောပါသည်။ကျနော်ကတော့ “တပည့်

တော်မှာ Social Card  တို့ ID Card တို့စုံရင် အလုပ်သွားရတော့မှာဆိုတော့ တောင်းမနေတော့ပါဘူးဘုရား”

ဟု ပြန်ပြောခဲ့ပါသည်။ “ကောင်လေးမင်းတော်တော်အတာပဲ…ဒါမင်းတို့ရောက်ခါစမှာပဲရတာ…နောက်ဆိုရင်မရ

တော့ဘူး ရတုန်းတောင်းထားလိုက် အိမ်ရှင်နာမည်မေးရင် ငါ့နာမည်နဲ့လိပ်စာကိုပြောလိုက်…ရလာရင် အဲ့ဒိပိုက်

ဆံမင်းကိုပေးမှာ မင်းမှာလဲ လိုနေတာပဲငါသိတယ်” ဟုပြောပါသည်။ကျနော်လည်းသူ့စကားကိုနားထောင်၍

ရုံးတွင်အိမ်လခကိုတောင်းခဲ့ပါသည်။ရုံးကလည်းပို့လိုက်ပါသည်။ကျနော်ကလည်းတကယ်ကို ပိုက်ဆံလိုနေ

သည်ကတစ်ကြောင်း၊သူကလဲရရင်ကျနော့်ကိုပဲ ပေးလိမ့်မယ်လို့ထင်နေသည်ကတစ်ကြောင်း၊ပို့လိုက်သော

ပိုက်ဆံသူ့ထံတွင်ရောက်နေသည်ကို သိသည်ကတစ်ကြောင်းမို့ သွားရောက်တောင်းခံခဲ့သည်။ထိုအခါ ၎င်း

ဆရာတော်က “ဒီပိုက်ဆံက ငါ့နာမည်နဲ့ငါ့လိပ်စာနဲ့လာတာ မင်းနဲ့မဆိုင်ဘူး” ဟု ပြန်ပြောလိုက်၍ ရဟန်းတော်

များအတွက် ဒုတိယပါရာဇိကခေါ် အဒိန္နာဒါန သိက္ခာပုဒ်ကိုပြေးမြင်မိသလို “အော်  လောဘ လောဘ အော်ငါ့ဘဝ

ငါ့ဘဝ” ဟု တိတ်တဆိတ်ရေရွတ်ရင်း သက်ပြင်းချခဲ့မိသည်။ထို့နောက် ၎င်းဆရာတော်မှပင် ကျနော့်အား Laptop

Computer အသေးစားတစ်လုံးကိုလာပေး၍  “ကြိုက်ရင်လဲယူထားလိုက် အလုပ်ရမှပိုက်ဆံ ၂၀ဝ ပေး”

ဟုပြောခဲ့သည်။ကျနော်ကလည်း သူကိုယ်တိုင်က အလုပ်ရှာပေးမှာဖြစ်တဲ့အတွက် “အလုပ်ရလို့ကတော့ ၂၀၀

မဟုတ်ဘူး ၂၀၀ဝလောက်ကို ကန်တော့ပြစ်ဦးမှာ” ဟုပင်စိတ်ထဲကကြိမ်းထားပြီးသူမို့ ယူထားလိုက်သည်။

ကျနော်သည် ၎င်း Computer ကိုယူထားလိုက်သော်လည်း ကောင်းကောင်းသုံးတတ်သူမဟုတ်သေးသလို English

စာဆိုတာကလဲ အခုမှ နဖူးတွေ့ဒူးတွေ့ဖြစ်သည်။ထို့ကြောင့် English စာသင်တန်းများသို့သွားချင်

သည်။ရုံးမှလဲ သင်တန်းနေရာနှင့် ကားလက်မှတ်များကိုပါ ပေးထားပြီးဖြစ်၍ သွားမည်ဟု စိတ်ကူးထားသည်။

ရောက်ခါစမို့လဲ အစစအရာရာအားတက်သရောရှိနေသည်။ဆံပင်ကစ၍ ထူထောင်နေရသူတစ်ယောက်ဖြစ်၍

လည်း သူများထက်ခြေလှမ်းကျဲကျဲနဲ့များများလှမ်းနိုင်မှ တော်ရာကျလိမ့်မည်ဟုလည်းခံယူထားသည်။ကျနော်

၏ ဤသို့သော အခြေအနေများတွင် ဆရာတော်ကလည်း အိမ်အသစ်တစ်လုံးဝယ်ထားသည်။ကျနော့်အား ၎င်း

အိမ်အသစ်အတွက်သာလျှင် အသုံးချချင်နေသည်။ကျနော့်အား တစ်ရပ်စာမျှမြင့်သော ချုံဖုတ်များအား ရှင်းခိုင်း

ခြင်း၊သစ်ပင်ကြီးများအား ခုတ်လှဲစေခြင်း၊အုတ်စီခိုင်းခြင်း စသည်ဖြင့် ဘဝတစ်လျှောက်လုံးတစ်ခါမျှမလုပ်ခဲ့ဘူး

သည့် အလုပ်ကြမ်းများကို စေခိုင်းခဲ့ပါသည်။တခါတခါတော့လည်း ကိုယ့်ကိုယ်ကိုပြန်လည်ကျည်စယ်ရင်း “ဒါကွ

အမေရိက လုပ်ထားကွ ခုတ်ထားကွ ရှင်းထားကွ” ဟုပင်ပြောမိခဲ့သည်။တခါတခါတော့လေ “အမေရေသားတော့

အမေရိကရောက် ထင်းခုတ်သမား ပန်းရံသမားကြီးဖြစ်နေပြီဗျ” ဟု အမေမကြားမှန်းသိသိနှင့် ကြားလေမလားဟု

ရောင်ရမ်းတမ်းတ အော်မြည်ခဲ့မိသည်။ကျနော့်မှာ ကိုယ့်အတွက်လည်းရုန်းရ သူ့အတွက်လည်းရုန်းရနှင့် အမေရိက

ဆိုတာကြီးကိုပါ ဘာမဆိုင်ညာမဆိုင် စိတ်တိုမိခဲ့သည်။ကျနော်အတွက်လိုအပ်သည့် Social စသည့်Card များမစုံ

ခင်မှာပင် ကျနော်ကိုအလုပ်သို့သွားရန် အတင်းတိုက်တွန်းသည်။Card များစုံလင်ပြီဖြစ်၍ “အလုပ်သွားမည်” ဟု

ပြောသောအခါတွင် ဖင်လှည့်ခေါင်းလှည့်လုပ်နေသည်။ကျနော့်ကို ငပြင်းတစ်ယောက်အဖြစ်ဖြင့် ကျောင်းသို့

လာသမျှလူများအား မိတ်ဆက်ပေးသည်။အလုပ်ကိုအဆမတန်ခိုင်းသည်။အလွဲအချော်ရှိခဲ့သော် လည်းကောင်း၊

မလုပ်ဖြစ်ခဲ့လျှင်သော်လည်းကောင်း ဆဲဆိုကြိမ်းမောင်းခြင်းကိုခံခဲ့ရသည်။ကျနော်ရောက်ဘူးခဲ့

သည့်တောအရပ်ဇနပုဒ်ဆိုသည့်အရပ်ဒေသများတွင်ပင်လျှင် ၎င်း၏ဆဲဆိုသံလောက်ရိုင်းပြသော ဆဲဆိုသံများကို

မကြားခဲ့ဘူးပေ။ကျနော်သည် ၎င်းဘုန်းကြီးကျောင်းတွင် ဆက်လက်မနေထိုင်လိုတော့ပေ။သို့သော် လက်ထဲ

တွင်လည်းပိုက်ဆံမရှိ။သူရှာပေးမည်ဆိုသည့် အလုပ်ကလည်း တကယ်လုပ်မယ်ဆိုမှ “မရတော့ဘူး” တဲ့။ကျနော်

အလွန်ပင်စိတ်ညစ်နေမိသည်။ထိုသောတစ်ည နံက်၂နာရီခန့်တွင် ကျနော်သည် အိပ်မပျော်၍

Computer သုံးနေစဉ် “မင်း Computer ဖိုးမပေးသေးဘူးလား” ဟု ပြောလာပါသည်။ကျနော်အတော်ကို အံ့ဩ

သွားရပါသည်။

ထို့ကြောင့် “ဆရာတော်ကအလုပ်ရမှပေးလို့ပြောထားတာမဟုတ်ဘူးလား..အခုတပည့်တော် အလုပ်မှမရသေး

တာ ပေးစရာဘယ်လိုလုပ်ရှိမှာလဲ ဘုရား”..ဟုပြန်ပြောလိုက်သည်။ထို့နောက် “မင်းအဲ့ဒိကွန်ပျူတာဖိုးကို မြန်မြန်

ပေးဖို့ကြိုးစား..အိမ်လခလဲ မင်းပေးရမယ်” ဟုပြောပြီးအပေါ်ထပ်သို့တက်သွားပါသည်။

အဲ့ဒိထက် ၎င်းဆရာတော်အားယုံကြည်နေလျှင် ကျနော်လုံးရာမှ ပြားဖို့ပင်ရှိတော့သည်မို့ အမေရိကမှထိုင်းသို့

ငွေပြန်မှာယူရသောကမ္ဘာပထမဆုံးလူသားအဖြစ်ခံယူ၍ အမျိုးသမီးထံတွင် ငွေသုံးရာပြန်မှာ၍ အိမ်ခန်းတစ်ခန်း

ငှားလိုက်ရပါတော့သည်။

ကျနော်သည် စာရေးချင်နေတာ ကြာခဲ့ပြီ။ရေးစရာကလည်း မရှိဖြစ်နေ၍အလွန်ပင်စိတ်မကောင်းဖြစ်နေသော

အခါတွင် ဤသို့ရေးဖြစ်အောင်လှုံ့ဆော်ပေးခဲ့သည့် ကိုညွန့်ဝင်း ဆိုသူအားကျေးဇူးလဲတင်မိသလို မေတ္တာနဲ့

ယှဉ်ရှေ့ဆက်ချင်ကြောင်း အားလုံးသော အားလုံးသောဝေနေယျဒုက္ခိတ သုခိတ သတွါများအား ကြေငြာမောင်း

ခပ် လိုက်ပါသည်။

 

အမှန်တရားကို မြတ်နိုးသူတိုင်းအတွက် တော်လှန်ရေးသည် နေရာတိုင်းအချိန်တိုင်းတွင်ရှိသည်ဟု ယုံကြည်လျှက်…………….။

 

နန်းရှင်

၉။၇။၁၁။

 

3 comments

  • မီးမီး သော်

    September 9, 2011 at 9:38 pm

    အော် နန်ရှင်ရေ။အခက်အခဲလေးတွေကြားထဲမှာရုန်းကန်လှုပ်ရှားရင်း မပြေလည်နိုင်သေးတာတွေ ကျော်ဖြတ်နိုင်တာယေကျာ်းတို ့လုံ ့လပါ။ကြိ ုးစားပါနော့

  • Nan Shin

    September 10, 2011 at 4:28 am

    ဟုတ်ကဲ့ပါအမ………….အခုလိုအားပေးတာ ကျေးဇူးတင်ပါတယ်။

  • ကြောင်ကြီး

    September 10, 2011 at 11:50 am

    အမှန်ဆိုရင် တော်တော်လေးကို မဖြစ်သင့်တဲ့ ကိစ္စပါ။ ဆရာတော်ကို ကျနော် ရင်းရင်းနှီးနှီး မဟုတ်ဘဲ မြန်မာတယောက်အနေနဲ့ သိပါတယ်။ များသောအားဖြင့် သူ့အမြင် ကိုယ့်အမြင် နှစ်ဖက်စုံမှ အကြောင်းမှန် သိရနိုင်လို့ သာမန်လူပြောသူပြောစကားထက်ပိုသော တဖက်မှ တိတိကျကျပြောသော စကားတခုအနေနဲ့ မှတ်သားထားပါသည်။

Leave a Reply