ဟာသများ 2 ( forward message တစ်ခုကရတာပါ)

etoneMay 14, 20101min986
ကြီးလာရင်
အဖေလုပ်သူက လှေကားပေါ် တက်ကာ ပြတင်းပေါက်များအား ဆေးသုတ်နေသည်ကို
ခြောက်နှစ်သား သားငယ်ကဂရုတစိုက် ကြည့်နေသည် ။ အမေကသားကို ပြောတယ် ။

အမေ   –  သားကြီးလာရင် ဖေဖေ့ကို ကူရမယ်နော်

သား    –  ဘာလဲ ၊ အဲဒီအချိန်ထိ ဖေဖေက ဆေးသုတ်လို့ ပြီးမှာမဟုတ်သေးဘူးလား
ဟင် …
———————————————————————————————————————
နာမည်ကြီးစာရေးဆရာ

မိန်းမ         – ရှင် ဝတ္တု မရေးတာ ကြာပါပကော ၊ ရေးပါအုံးလား

ယောက်ျား  – စိတ်မပါသေးဘူးကွာ.

မိန်းမ        – ဪ…သားငယ်ကလေယာဉ်ပျံစက္ကူ ခဏခဏတောင်းနေလို့ပါ

——————————————————————–
ခေတ်ဆိုး

ဆိုင်တစ်ဆိုင်ကို ဖောက်ခိုးနေသော သူခိုးကို ရဲသားက လက်ပူးလက်ကြပ်မိသွားသည် ။

ရဲသား  – မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ

သူခိုး   – ကျတော့အိမ်နဲ့ ဒီဆိုင်က နီးလို့ပါ ၊ သိတဲ့အတိုင်း
ခေတ်ကမကောင်းတော့ အိမ်ကို ပစ်ပြီး အကြာကြီး မသွားချင်လို့ပါ….

————————————————————————————–
စိတ်ဝင်စားစရာ

ပင်ဂွင်းဌက်ကိုပိုက်လျက် လူတစ်ဦး လမ်းလျှောက်လာသည် ။
ရဲသားတစ်ဦးကို တွေ့သည်နှင့် မေးလိုက်သည် ။

“ကျေးဇူး ပြုပြီး ပင်ဂွင်းဌက်ကို ဘယ်ပို့ရင်ကောင်းမလဲဆိုတာ
အကြံပေးစမ်းပါဦးဗျာ”

“တိရိစ္ဆာန်ရုံ ပို့လိုက်ပေါ့ဗျာ”

နောက်တစ်နေ့တွင် ပင်ဂွင်းဌက်ကို ပိုက်လျက် ထိုသူကိုရဲသားက
တွေ့ပြန်သည် ။”ဘယ်လိုလဲ ၊ တိရိစ္ဆာန်ရုံ ရောက်ခဲ့ရဲ ့လား”

“ဟုတ်ကဲ့ ၊ သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ ၊ ဒီနေ့ သူ့ကို
ရုပ်ရှင်လိုက်ပြမယ်”

—————————————————————————————
စိတ်မဆိုးနဲ့တော့

၃ တန်းကျောင်းသားလေး မောင်အေးသည် ၊ အတန်းပိုင်ဆရာမကို “နင်” “ငါ”
အသုံးအနှုန်းဖြင့် ပြောလေ့ရှိ၏ ။ တစ်နေ့တွင် ပြစ်ဒဏ်ပေးသည့် အနေနှင့်
ဆရာမသည် “ဆရာမ” “ကျွန်တော်” ဟူသော စာလုံးများကို အကြိမ်၅ဝ တိတိ
မောင်အေးအား ရေးခိုင်းသည် ။ မောင်အေးက အကြိမ် ၅ဝ အစား အကြိမ်
၁၀ဝ ရေးချလိုက်သည် ။ နောက်တွင် ယဉ်ကျေးသိမ်မွေ့စွာ
သုံးနှုံးပြောဆိုရမည်ကို
မောင်အေးသိကောင်းပြီ ဟု ဆရာမ ယူဆသည် နှင့်

“မင်းအပြစ်ကို သိပြီမဟုတ်လား မောင်အေး”

“ဟုတ်တယ် ၊ နောက်ငါ့ကို စိတ်မဆိုးနဲ့တော့နော်”

———————————————————————————————-

တံခါးမှားခေါက်ခြင်း

ညအချိန်မတော် မိမိ၏ အိမ်ခန်းတံခါးကို ပြင်းထန်စွာ ခေါက်သံကြားသဖြင့်
ကိုမြသည် စိတ်ဆိုးမာန်ဆိုးဖြင့် ၊”ဟေ့ ၊ ဘာလို့တံခါးခေါက်တာလဲ ၊ ဘာလိုချင်လို့လဲ” ဟု အသံမာမာဖြင့်
မေးလိုက်သည် ။
“ခင်ဗျားရဲ ့ အထပ်မှာ မီးလောင်နေလို့ဗျို ့” ဟု အပြင်မှ ပြန်အော်ပြောသည်
“အဲဒါ ဘာဖြစ်လဲ ကျုပ်က ထမင်းချက်ပဲ ၊ မီးသတ်သမားမှ မဟုတ်တာ”..

6 comments

  • ဆူး

    June 30, 2011 at 7:05 am

    မီးလောင်တယ် ဆိုလို့ စကားတောင်စား မီးလောင်တယ် ဆိုပြီး အမတ်ကြီး မျက်ရိပ် မျက်ချေ ပြတာ သွား သတိရမိတယ်။

  • nozomi

    June 30, 2011 at 7:25 am

    မေ ၂၀၁ဝ တုန်းကတော့ ကူးတင်၊ရတင် ပြသနာမရှိသေးဘူးထင်ရဲ့

  • fatty

    June 30, 2011 at 8:00 am

    အော် လူတယောက်က ပိုက်ဆံအိပ်ကလေးကြည့်ပြီးတော့ ……
    အထဲက ပိုက်ဆံလေးတွေ တဦးနဲ့တဦး ချစ်ကြ ကြိုက်ကြ ညားကြ အိမ်ထောင်ပြုကြရင် သိပ်ကောင်းမှာဘဲ
    ပြီးတော့ ပိုက်ဆံလေးတွေ မွေးကြပေါ့နော် …..

  • pan pan

    June 30, 2011 at 8:42 am

    May 14, 2010 တုန်းက post အတွက် မန့်ထားတာ ဒီနေ့ရက်စွဲနဲ့ တစ်မျိုးပဲတွေ့နေရပါလား

Leave a Reply