သံယောဇဉ်

“သံယောဇဉ်´´
စကားလေးသုံးခွန်းနဲ့
ငါ့ဘဝကို ..
တုပ်နှောင်ထားလိုက်တာ
ရုန်ထွက်မရခဲ့ … ။
ရေစုန် ..
ရေဆန် ..
လောကဓံအတွက်လည်း
စကားလေးသုံးခွန်းက
အားဆေးဖြစ်လို့နေရဲ့ … ။
၅၂၈
၁၅၀၀
စကားလေးသုံးခွန်းက
မြစ်ဖျားခံလိုက်တာ
မဆုံးနိုင်တဲ့
မြစ် ၊ ပင်လယ်တွေစီဆင်းခဲ့ကြ
ရိုးစင်းလွန်းတဲ့ပဲကိုင်ရှင်
သံယောဇဉ် တဲ့ …. ။ ။

7 comments

  • မီးမီး သော်

    September 9, 2011 at 11:43 pm

    ကိုရဲတေဇာရေ ဇင် သံယော ဆိုတော့ ဘာများလဲလို ့ပါ။ခုတော့ ကဗျာလေးပါလားနော်။ဖတ်လို ့ကောင်းပါတယ်။သံတွဲက စာတတ်ပေတတ်တွေပေါသလို ကဗျာသမားစာသမား၊အနုပညာသမားတယ်ပေါတယ်မလား။

  • yetazar

    September 10, 2011 at 12:02 pm

    ကျေးဇူးပါမမီးမီးရေ . … ။ ကျွန်တော်လဲ ကိုရင်ကိုအားကျလို့ဗျ ။ မတောက်တခေါက်လေးရေးကြည့်တာ ။

  • iris21

    September 10, 2011 at 1:05 pm

    ၂၀၂၈အချစ်ကြောင်.ဖြစ်တဲ. သံယောဇဉ်ရောတွေ.ဖူးလား?

  • weRone

    September 10, 2011 at 4:10 pm

    သံယောဇဉ် လူကို အရူးတစ်ပိုင်ဖြစ်စေတယ် … ဒီသံယောဇဉ် .. ဒီသံယောဇဉ်…

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 10, 2011 at 4:16 pm

    ၂၀၂၈ သံယောဇဉ်က ဘယ်လိုမျိုးလဲဗျို့မသိလို ့ပါ။လင်းပါအုံး။

    • king

      September 10, 2011 at 6:23 pm

      528 + 1500 = 2028

      ရစ်ပတ်နွယ်ဖုံး
      သံယောဇဉ်အဆုံးကို
      လမ်းမျှော်ကြည့်ရင်း
      ရောင်ခြည်သစ်ကို
      တွေ့လုပြီ

      အာရုဏ်ဆွမ်းခံ
      ထွက်ရအုန်းမှာပါလား …..

Leave a Reply