သံတွဲမြို့မှ အဖြစ်မပါသော အပျက်များ

သံတွဲမြို့တွင် ဖိုးသီးချို ကုမ္ပဏီမှ မီး(၂၄) နာရီပေးလာခဲ့တာ ၆ လကျော်ခဲ့ပါပြီ ။ (၂၄) နာရီဆိုပေမယ့် မီးပျက်နေတဲ့အချိန်တွေနဲ့တစ်လတာပျမ်းမျှတွက်လိုက်ရင် တစ်ရက်ကို ၁၈ နာရီပဲရှိတယ်ဗျို့ ။ မီးပေးချိန်ကလေ ။ အရင်ကတော့ မီတာ(၁၀)ယူနစ်ထိကို (၄၀ဝိ/-) ၁ဝ ယူနစ်ကျော်ရင် မီတာတစ်ယူနစ်ကို (၅၅ဝိ/-) ကောက်တယ်ဗျ ။ ခုနောက်ပိုင်းတော့ မီတာခ အခြေခံယူနစ်ကို တစ်ယူနစ်ကို (၂၅ိ/-)နှုန်းနဲ့ကောက်မယ်ဆိုတော့ မြို့ကလူတွေ ဝမ်းသာလိုက်ကြတာ ။ ခုများတော့ဗျာ အခြေခံယူနစ်တွက်တော့လျှော့ကောက်ပါရဲ့ မီတာထိမ်းသိမ်းခ အရင်က (၁၀၀ဝိ/-) နေရာမှာ မီးတာထိမ်းသိမ်းခက (၂၀၀ဝိ/-) ဖြစ်သွားပါလေရော ။ ကုလားကြီးနဲ့အရာကြီး တူတူပါပဲဗျာ ။ သက်သက်သွားတဲ့ငွေကိုတွက်ကြည့်လိုက်တော့ ၂၀ဝိ/- ကျော် ၃၀ဝိ/- လောက်ပဲဖြစ်နေတယ် ။ဘာထူးမှာတဲ့တုန်း ။ ပြီးတော့ရှိသေးတယ် သံတွဲမှာမီးကသာ (၂၄) နာရီနီးပါးရနေတာ ရုပ်မြင်သံကြားကတော့မရဘူးဗျို့ တစ်ရက်မှာ ညနေ (၆) နာရီကနေ အစီအစဉ်ပြီးထိပဲ လွှင့်တာ ။ အဲဒါမြန်မာ့အသံနော် ။ မြဝတီမဟုတ်သေးဘူး ။ မြဝတီကတော့ အစီအစဉ်မပြီးပေမယ့်လဲ ည(၁၂)နာရီတိတိဆိုဖြတ်တာဗျို့ ။ ဘောပွဲကြည့်နေတဲ့သူတွေကတော့ (၁၂) နာရီပွဲမပြီးရင် ခံပေါ့ ။ ရုပ်သံဌာနကလူတွေပြောတာက တော့ အစိုးရက မြဝတီအတွက် တစ်နေ့မှာ (၄)နာရီစာပဲပေးတယ်တဲ့ ။ ဆီပေးလားဘာပေးလားတော့မသိဘူး ။ ခရိုင်မြို့ဖြစ်နေတဲ့သံတွဲမြို့မှာ ခရိုင်မြို့မှာရှိသင့်တဲ့ အရည်အချင်းတွေဘာမှမရှိဘူး ။ ဒွါရာဝတီမြို့ဦးတံတားကိုကြည့်မလား အပေါက်ကြီးတွေနဲ့ ။ လမ်းတွေကြည့်မလား လ,မျက်နှာပြင် ။ လမ်းဖြတ်သန်းခတောင်းတဲ့ဂိတ်တွေကလဲ ကြောက်ရတယ် ။ ဆိုင်ကယ်ကို (၂၀ဝိ/-) အသွားအပြန်ဆို (၅၀ဝိ/-) ။ ကားဆို (၅၀ဝိ/-) အသွားအပြန်(၁၀၀ဝိ/-) ။ ဘယ်လိုနေရမလဲတောင်မသိတော့ဘူး ။ ကောင်းတာတစ်ခုမှမရှိတော့ဘူး ။ လူရွှင်တော်တွေပြောသလို “ တစ်နေ့နေ့တော့ဖြစ်၍လာလိမ့်မည် ။ သို့သော်ဘယ်နေ့မှန်းမသိ “ အဲလိုဖြစ်တော့မယ်ထင်တယ် ။

6 comments

  • မီးမီး သော်

    September 9, 2011 at 7:29 pm

    ဒီနေရာမှာ ပြောစရာရှိတာ လမ်းတွေ၊တံတားတွေအကြောင်းပါ။ဘယ်နိုင်ငံမှာ တွေ ့ဖူးပါသလဲရှင်။BOT စနစ်မှာ ပိုက်ဆံကြိ ုကောက်ရတယ်လို ့။အမှန်က ကြိ ုတင်ပြီး ပြ ုပြင်၊တည်ဆောက် မောင်းနှင် ပြီးမှလွှဲပြောင်း ။ခုတော့ ဘာလုပ်ငန်းမှမစရသေးဘူး ကောက်လိုက်တဲ့ ပိုက်ဆံ သောက်သောက်လဲ။နည်းနည်းတော့လွဲနေပီ။ဝန်ကြီးချုပ် ဦးလှမောင်တင်လာတုန်းက လဲ လမ်းကြေးကောက်မယ့်ဂိတ်တွေ ဖယ်ခိုင်းတယ်ပြောတယ်နော်။အခုထိတော့မထူးရေးချမထူးပေါင်ရှင်

  • yetazar

    September 9, 2011 at 7:45 pm

    ကျွန်တော်တင်ထားတဲ့ စာလေး home မှာရှိသေးရဲ့လားဗျာ ။ ပျောက်သွားပြန်ပြီလားမသိဘူး ။ အဲဒါဘယ်လိုဖြစ်တာလဲဟင် ။ ကယ်ကြပါဦး ။ ဒုက္ခပါပဲ ။

  • Thantwethar

    September 9, 2011 at 9:30 pm

    ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှုကကုန်ခဲ့တဲ့လကအရူံးပေါ်လို့ဆက်မလုပ်နိုင်တော့ဘူးဆိုပြီး ခရိုင်အုပ်ချုပ်ရေးမှုးရုံးကိုစာတင်တယ်။အဲဒီလိုစာတင်တာက သံတွဲတစ်မြို့ထဲတင်မဟုတ်ဘူး။စစ်တွေမြို့ပါပါတယ်။ ဒါနဲ့ပဲ မြို့မိမြို့ဖတွေနဲ့ ရပ်ကွက်သူရပ်ကွက်သားတွေက ရှေ့ဆက်ပြီး မီးရအောင်လို့ ခရိုင်အုပ်ချုပ်ရေးမှုးဆီကို ကူညီပေးဖို့ အကျိုးအကြောင်းသွားပြောကြတယ်။အမှန်ဆိုရင် တစ်ယူနစ်ကို(၂၅)ကျပ်နဲ့ (၇)ယူနစ် ပေးခဲ့တာကနေ အခုပြည်နယ်အစိုးရက တစ်ယူနစ်ကို(၂၅)ကျပ်နှုန်းနဲ့ (၁၀) ယူနစ် မဖြစ်မနေပေးရမယ်ဆိုပြီးညွှန်ကြားလာတယ်။သံတွဲမြို့မှာ (၁၀)ယူနစ်အတွင်းမီးသုံးစွဲတဲ့လူက (၄၈%)ကနေ(၅၄%)အတွင်းရှိတယ်။ ဒါကြောင့် ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှုလုပ်ငန်းက ဆက်မလုပ်နိုင်တော့တဲ့အတွက် ခရိုင်အုပ်ချုပ်ရေးမှုးရုံးမှာ မြို့မိမြို့ဖနဲ့ ရပ်ကွက်သူရပ်ကွက်သား (၂၀၀)ကျော်တို့က ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှုနဲ့ ညှိနှိုင်းတဲ့အခါ ဝန်ထမ်းလစာ+စက်ပြင်ဆင်ထိမ်းသိမ်းစရိတ်အတွက် မြို့သူမြို့သားတွေက မီတာတစ်လုံးကို ပံ့ပိုးငွေ(၁၀၀၀)ကျပ် ပေးဖို့ သဘောတူညီပြီး မီးဆက်လက်ရရှိအောင် ညှိနှိုင်းခဲ့တာပါ။ရုပ်မြင်သံကြားအစီအစဉ်တွေကတော့ yetazar ပြောတာတွေ မှန်ပါတယ်။ လမ်းတံတားတွေနဲ့ပါတ်သက်ပြီး သံတွဲခရိုင်မှာ ကောင်းတာတစ်ခုမှမရှိဘူးဆိုတာလည်း အမှန်တွေပါပဲ။

  • မီးမီး သော်

    September 10, 2011 at 5:35 pm

    အော် ဟုတ်ကဲ့ပါရှင်။ပြားရာကလုံးရမလိုတောင်ဖြစ်နေပါပီ။သိပ်လဲ အပြောမကြီးပါနဲ ့ရှင်။တခုပြောရမယ် ကျွန်မဘယ်သူဆိုတာထက် ခုလိုရမ်းသန်းပြောတတ်တဲ့ ကိုသံတွဲသားမှာ ပြည်သူ ့နိတ္တိတို ့၊စာရိတ္တမဏ္ဌိုုင်တို ့ဆိုတာသိပ်မတတ်ဘူးနဲ ့တူပါတယ်၊သင်လဲမသင်ဖူးဘူးနဲ ့တူပါတယ်။ရှင်ပြောတဲ့ mee2 ရော လူမုန်းစစ်မုန်းရော ကျွန်မ မသိပါဘူး။ကြက်ကန်းခွပ်လို ့ဘယ်ပွဲနိုငိတယ်ကြားဖူးထားလို ့လဲရှင်။ခုရှင်ပြောတဲ့ ဆရာသားကိုရင်းနှီးချင်ပါတယ်။ဖြစ်နိုင်ရင်ကူညီပေးပါလား။နည်းနည်းတော့ စဉ်းစားပြီးမှပြောရင် ကောင်းပါလိမ့်မယ်၊မဟုတ်ဘဲနဲ ့ဇွတ်လျှောက်ပြောရင် တဖက်သား အကိုသန်းထွဋ်ဦး နစ်နာပါတယ်။

  • yetazar

    September 10, 2011 at 7:02 pm

    Thantwethar ရေ ကျေးဇူးပြုပြီးကျွန်တော့ ပိုစ့်အောက်မှာ နာမည်တပ်ပြီး အချင်းချင်းဖေါ်ကောင်လုပ်တာမျိုးတွေ လာမလုပ်ပါနဲ့ ။ Thantwethar ဘယ်သူဆိုတာလဲကျွန်တော်တို့ မသိချင်ဘူး ။ တခြားလူတွေကိုလဲ မသိချင်ဘူး ။ ကိုယ့်မြို့ကောင်းစားရေးလုပ်နေတဲ့သူတွေကို သူကတော့ဘယ်သူပါ ၊ ဘယ်ဝါပါ ဆိုပြီးဒုက္ခရောက်အောင်လုပ်နေတာလား ။ အားလုံးရင်ထဲမှာ ကိုယ့်မြို့၊ ကိုယ့်ရွာကောင်းစားရေးဆိုတာပဲရှိတယ် ။ ပုဂ္ဂိုလ်ရေးတွေမထဲ့ပါနဲ့ ။ မီးမီးသော် ဘယ်သူပဲဖြစ်နေပါစေ ကိုယ့်မြို့အတွက်ကောင်းအောင်လုပ်မယ်ဆိုရင် ကျွန်တော်ထောက်ခံမှာပဲ ။ Thantwethar မြို့အတွက် ကောင်းရာကောင်းကြောင်းလုပ်ရင်လဲကျွန်တော်ထောက်ခံမှာပဲ ။ ခုကျွန်တော်တို့ သံတွဲကအဖွဲ့တွေ က ရွာထဲမှာ ငပွကြီးတွေဖြစ်နေပြီ ။ အဲလိုဖြစ်အောင်လုပ်နေတာ ကျွန်တော်လေ့လာကြည့်တော့ နှစ်ယောက်တည်းဖြစ်နေတယ် ။ ဘယ်သူတွေဆိုတာကိုတော့ ကျွန်တော်ပြောစရာလိုမယ်မထင်တော့ဘူး ။ အားလုံးသိကြတယ် ။ Thantwethar သံတွဲမြို့အတွက် ကောင်းကျိုးပြုတဲ့သူတစ်ယောက်ဖြစ်ပါစေ ။

  • redbull

    September 10, 2011 at 11:29 pm

    မှန်တယ်…လုပ်သင့်တာကိုလုပ်ကြပါ….ဖြစ်သင့်တာတွေဖြစ်သွားပါစေလေ…

Leave a Reply