တို ့ရွာသာယာ

မောင် ပေSeptember 10, 20111min11221

တစ်ရံရောအခါ က ဖြစ်ပါသည် ။

ရွာကြီးတစ်ရွာ ရှိသည် ။ သာယာဝပြော စည်ကား သည် ။

တစ်နေ ့…တစ်နေ ့ ရွာထဲ သို ့အလည်လာသူ ၊ အခြေချ နေရန် ဝင်လာသူ များ ဖြင့် စည်ကားလှပေသည် ။

တစ်နေ ့တွင် ဖြစ်သည် ။

ရွာထိပ်ရှိ ဇရပ်ပေါ်တွင် ရွာခံနှစ်ဦး( ယောက်ျားကြီး တစ်ဦး နှင့် မိန်းမပျို တစ်ဦး )  နှင့် ရွာထဲသို ့ အခြေချလာသူ လူငယ်တစ်ယောက် တို ့ဆုံဖြစ်ကြသည် ။

လူငယ် က စကား စဆိုသည် ။

` ဘကြီး…အခြေအနေ ´

` ဘာအအြေနေ ကို သိချင်တာတုန်း မောင်က ´

` ဟုတ်ပ…ကိုရင်မေးလိုက်ပုံ က ဘာသိချင်မှန်းကို မသိ ´

` ဒီလိုပါ…ကျွန်တော် က လူသစ်ဆိုတော့လေ ၊ ရွာထဲ က လူတွေ နဲ ့ခင်မင်ချင်တာပေါ့ ၊ အဲဒါကြောင့်..လောကြီးပြီး စကားလောသွားတယ် ၊ စီးပွားလုပ်ငန်း ကောင်းပါရဲ  ့လားဗျ ´

` စီးပွားကတော့…မင်းလဲ မြင်တဲ့ အတိုင်းပဲ ၊ တို ့ရွာ က မရှိမရှားတွေ ချည်းဆိုတော့ ၊ စီးပွားကိစ္စ ဦးမစား (အုန်းမစား ဟု ဖတ်ပါခင်ဗျာ )ဘူးရယ် ´

` တော်က..လူသစ်ဆိုတော့ ၊ ဒီရွာ က ဆောင်ရန် ၊ ရှောင်ရန် လေးတွေ ကို အဘ ကို မေးပေါ့ ၊ ကျုပ်တော့ အိမ်အလုပ်လေးတွေ ရှိသေးလို ့ပြန်ဦးမယ် တော်ရေ ၊ နောက်မှ ဆုံကြသေး တာပေါ့ ´

` အဘ ၊ ဟိုလုံမပျို ပြောသွားတဲ့ ဆောင်ရန် ၊ ရှောင်ရန် တွေ ကို လင်းပါဦး ဗျာ ၊ ကျွန်တော် က လူသစ်ဆိုတော့ ၊ မှတ်သားရတာပေါ့ ´

ရွာခံ လူကြီး လည်း ရေနွေးတစ်ကျိုက် ကို ကောက်မော့ ရင်း စဉ်းစားနေသည် ။ ပြီးမှ

` အိမ်း…၊ သိချင်သပ ဆိုရင်လည်း ပြောပြရပေ မပေါ့ကွယ် ၊ ဒါနဲ ့..မောင်ရင့် စီးပွားပိုင်ဆိုင် မှုအခြေအနေ လေး ကို အရင်သိချင်သကွဲ  ့ ´

` အဘမြင်မှာပါ ၊ ကျွန်တော် က တော့ ကိုယ့်အတတ်ပညာနဲ  ့ကိုယ် လုပ်စားနေတာပဲ ၊ ကိုယ်ပိုင် ဦးဏှောက် ကိုယ်ပိုင် အတွေးအခေါ်နဲ ့ပေါ့ ၊ကျွန်တော် က တီဗီတွေ ၊ ဗီစီဒီ ၊ ဒီဗီဒီ တွေ ကောင်းကောင်းပြင်တတ်ပါတယ် ၊ ဒီရွာ မှာ အိမ်တိုင်းလိုလို  ရှိနေတော့ ၊ ရောင်းဝယ်ပြုပြင်ရေးဆိုင်လေး လာဖွင့်ဖြစ်တာပါ ။ စုမိဆောင်းမိတော့ သိပ်မရှိဘူးပေါ့ အဘရယ် ´

` ကိုယ်ပိုင် ဦးဏှောက် နဲ ့လုပ်စားတယ် ဆိုကတဲ က မင်းနဲ ့ငါ နဲ ့တွဲလို ့ရပြီမောင် ´

` ဘာလို ့လဲ ဗျ ´

` ဒီလို ကွ ၊ တို ့..ဒီမှာက တစ်ခု ရှိတယ် ၊ ရွာသူရွာသားတိုင်းတော့ မဟုတ်ဘူး ၊ လူနည်းစုလေးပေါ့ကွာ…၊ အေး..ဘာလုပ်ကြသလဲ ဆိုတော့ ၊ ခိုးရာပါ ပစ္စည်းတွေ နဲ ့လုပ်စားကြတာကွ ´

` ဗျာ..ခိုးရာပါ ပစ္စည်း ´

` အေးဟုတ်တယ်…ရှင်းရှင်းပြောရရင် ၊ ရွာက လူနည်းစု က တစ်ခြားက ခိုးလာတဲ့ ဟာတွေ ကို တို ့ရွာမှာ ထုခွဲကြတာကွဲ  ့၊ တို ့ရွာကြီး စည်လာတယ် ဆိုတာလဲ ၊ အခိုးခံရတဲ့ သူတွေ လည်း လာ စုံစမ်းကြတယ် ၊ တစ်ချို  ့ကြတော့ လည်း ၊ ဒီလိုမျိုး…ခိုးရာပါပစ္စည်းတွေ ကို ဒီမှာ လာထုခွဲ လို ့ရတယ် ဆိုတော့ ၊ လာကြတာပေါ့ကွယ် ၊ ဒါပေမယ့် အများစု က တော့ ဒီမှာ တစ်ကယ် နေလို ့ကောင်းလို ့ ၊ လုပ်ကွက် တွေ ့လို ့လာကြတာပါ ´

` ဒီအကြောင်း ကို သူကြီး က ဘာမှ အရေးယူ မလုပ်ဘူးလား ဟင် ´

` အေး..သူကြီးဆိုလို ့….တို ့သူကြီး အကြောင်းကို ပြောပြချင်သေးတယ် ´

` ဟုတ်..ပြောပါအဘ ´

` တို ့သူကြီး က အလုပ် အင်မတန်မှ များတာကလား ၊ ဒီရွာကို သူအုပ်ချုပ်နေတယ် ဆိုပေမယ့် ၊ စည်းကမ်းထိန်းသိမ်းရေး ကို အသေးစိတ် မလိုက်နိုင်ရှာဘူးကွဲ  ့၊ သူ ့ဗျာ လည်း သူ ့မိသားစု ဝမ်းရေး ဖို ့က ရှိသေးတာကိုး ၊ တို ့ရွာထဲ က သက်ကြီးပိုင်းတွေ လောက်ကပဲ ၊ မနေနိုင်မထိုင်နိုင် ၊ အမြင်မတော်တာတွေ  ့ရင် ဝင်ထိန်းသိမ်း ဆုံးမ ကြရတော့ တာပေါ့ကွယ် ´

` ဪ…. ´

လူငယ်သည် သက်ပြင်းအရှည်ကြီး ချလိုက်သည် ။

` စောန က လုံမပျို ဆိုရင် ၊ ရွာထဲ က ဒိတ်ဒိတ်ကျဲပေါ့ကွယ် ၊ နောက် တိုင်းရင်းဆေးဆရာမလေး တစ်ယောက်ရှိသေးတယ် ၊ သူတို ့က တော့ အလိုက်သင့်လေး ထိန်းပေးနေတာပေါ့ ´

လူငယ်သည် ခေါင်းတစ်ငြိမ့်ငြိမ့် ဖြင့် ၊ ရွာခံ လူကြီး ၏ ရေနွေးခွက်ထဲ သို ့ရေနွေးထပ်ဖြည့်ပေးလိုက်သည် ။ လူကြီး သည် ရေနွေး တစ်ကျိုက် ထပ်သောက်ရင်း

` တစ်ခြားမပြောနဲ ့…ငါတောင် ဟိုတစ်လောက ၊ ကိုယ်တိုင် တောလိုက်ရင်း ပစ်လို ့ရလာတဲ့ တောဝက်သားတွေ ကို အခြောက်လှမ်းထားတာ ၊ နောက်နေ ့ကြ အခိုးခံ လိုက်ရသကွဲ  ့´

` ဟာ..အဲဒီလောက်တောင်လား ´

` အဲဒါထက် ပိုဆိုးသေးတယ်မောင် ၊ ငါ့ ဆီ က လစ်သွားတဲ့ ၊ဝက်သားခြောက်တွဲ က နောက်နေ ့ကြ ၊ ရွာထဲ မှာ လိုက်ရောင်းနေတယ် ဆိုပဲ ´

` ဟင်…ဆိုးပ ၊ အဘ ဘာမှ အရေးယူ ၊ တိုင်တာ တွေ မလုပ်ဘူး လား ´

` အေးကွာ….ကြုံရပါ များလာတော့ လဲ ငါတို ့လည်း အရေထူနေပါပြီကွယ် ၊ အဲဒီလို လုပ်တာကလဲ လူနည်းစု ဆိုတော့ ၊ မသိချင်ဟန်ဆောင်ပေးရတာပေါ့ ကွာ  ´

` ဒါဆိုရင်…ဒီရွာထဲ က ဇရှိသူ ၊ နာမည်ပျက် ရှိသူလေး တွေ ပြောပြပေးပါဦး အဘရယ် ၊ ကျွန်တော် လည်း ကြိုရှောင်လို ့ရအောင်ပေါ့ ´

သို ့နှင့် ရွာခံ လူကြီး နှင့် လူငယ်တို ့သည် အနီးကပ်သွားပြီး

` ကွိစိxxxကွစ—-့ကွိစိxxxကွစ ´

သို ့နှင့် အချိန်ကာလ များ ကျော်လွန်ဖြတ်သန်းခဲ့ရာ ၊ ၄ လ ခန် ့ကြာအပြီး တွင်၊ လူငယ် သည် သူ ၏ ဆိုင်ထဲ တွင် ထိုင်နေစဉ် သကာလ ရွာသူ ဂျမ်းဘုံ ရောက်လာသည် ။ ဂျမ်းဘုံ သည် မည်သို ့အကြောင်းကြောင့်မှန်းမသိ ။ ရွာခံ လူများကို က သူမကို ရှောင်ကြသည် ။

` ဟဲ့ ၊ နင် က တစ်လောက တို ့ဆီ ရောက်လာတဲ့ ၊ လူသစ်မလား ´

` ဟုတ်ကဲ့ပါ ၊ ကျွန်တော် ဘာများ အကူအညီ ပေးရမလဲ ´

` နေစမ်းပါဦး ၊ နင် ့ဆိုင်းဘုတ် ကို ဖတ်ကြည့်တော့ ၊ တီဗီ တွေ ရောင်းတယ် ၊ အောက်စက်တွေ ရောင်းတယ် ပြုပြင်တယ် လို ့ရေးထားတာနော် ´

` ဟုတ်ပါတယ် ၊ ဘာလဲ..ဒီက အမ လေးက တစ်ခုခု များ ဝယ်ချင်လို ့လား ၊ ဒါမှ မဟုတ် ပြင်စရာ များ ရှိလို ့လား ´

` မရှိပါဘူး ၊ ငါ နင့်ကို မေးချင်လို ့ ´

` ဟုတ်..ဘာများပါလိမ့် ´

` နင် က တီဗီ တွေ ပြင်တယ် ဆိုတော့ ၊ ဟိုနေ ့က ငါ သတင်းစာထဲ မှာ ဖတ်လိုက်ရတဲ့ ကွန်ပျူတာ ဆိုတဲ့ ဟာတွေ ကော ပြင်တတ်သလားလို  ့ ´

` မပြင်တတ်ပါဘူး ၊ ဘာလို ့လဲ…အမ မှာ ကွန်ပျူတာ ရှိလို ့လား ´

` ပေါက်ပေါက်ရှာရှာ…ငါ့ဟာငါ တောင် အနိုင်နိုင်၊ ဘယ်က လာ ရှိရမှာလဲ ၊ဒါနဲ ့ ကွန်ပျူတာ ဆိုတာ လဲ တီဗီ ပါတာပဲ မလား ၊ နင် က တီဗီ ပြင်တဲ့ လူ ဆိုတော့ ပြင်တတ်ရမှာပေါ့ ၊ မပြင်တတ်ဘူး ဆိုတော့…နင့်ဟာက ၊ တော်ပြီ..မဟုတ်သေးပါဘူး ´

လူငယ်လည်း စိတ်ပေါက်သွားသည် ။

` ကျွန်တော် လည်း ပြန်မေးပါရစေဦး ၊ ဒီက ခင်ဗျား မှာကော..၊ ခင်ဗျားပြောတဲ့ ကွန်ပျူတာ အသာထားပါဦး ၊ ကိုယ်ပိုင် တီဗီ တစ်လုံး တောင် ရှိလို ့လား ´

ဂျမ်းဘုံ ၏ မျက်နှာမှာ ရ ရက်ခန် ့ဝမ်းချုပ်ထားသူ တစ်ယောက် လို ရှုံ  ့မဲသွားတော့သည် ။ ခါးကြီးထောက် ကာ ၊ စီးထားသော ခုံဖိနပ်ကောက်ချွတ် ပြီး ကောက်ကိုင်လိုက်သည် ။

လူငယ်လည်း အခြေအနေ မလှသည် ကို ရိပ်မိသွားပြီး ၊ သူ ့ဆိုင်ထဲ မှ `စပါယ်ဖူးကျောက်လှည့်´ ကို ကောက်ကိုင်မိသည် ။

လူငယ် ၏ ပုံမှာ တစ်ကယ် ပြန်ဆော်မည့် အနေအထားကို တွေ ့မိသွားသော ဂျမ်းဘုံသည်လည်း သူစီးလာသော ခုံဖိနပ် အပေါက်အစုတ် ကို ပြန်ချ ကာ ၊ ရှူးရှူး ရှဲရှဲ နှင့် လှည့်ထွက်သွားတော့လေသည် ။

ထိုအခါ မှ လူငယ်သည် လည်း သက်ပြင်းပူကြီး ချကာ…..

` ဪ…အဘ ပြောတာ တယ်မှန်တာပဲ ၊ မပြည့်တဲ့ အိုးတွေ ဘောင်ဘင်ခတ်ပြလိမ့်မယ် ဆိုတာ ၊ ဟင်း….တို ့ရွာလဲ မလွယ်ပါကလား ၊ နောက်ကို ဆင်ခြင်မှပါပဲ ´

သို ့နှင့် လူသစ်သည် သူ ့ဆိုင်းဘုတ် ကို ဤသို ့ပြောင်းလဲ တပ်ဆင်လိုက်ရတော့လေသတည်း ။

` တီဗီ၊ဗီစီဒီ၊ဒီဗီဒီ များကို ပြုပြင်ရောင်းဝယ်သည် ´

` မှတ်ချက် ။ ။ ကိုယ်ပိုင် မရှိပဲ ၊ ဝယ်ဖို ့မဟုတ်ဘဲ လာရောက် ဗရုတ်ကျခြင်း သည်းမခံပါ ´

——————————အားလုံးကို ကျေးဇူးတင်ပါသည်——————————

 

 

 

`

 

21 comments

  • kai

    September 10, 2011 at 2:54 am

    အေးကွယ်.. သူကြီးလည်းပြောစရာရှိပါတယ်..။
    ဒို့ရွာသားတွေများ တယ်မဟန်ပါဘူး..

    ခိုးလာတဲ့ပစ္စည်းမိလို့.. ပိုင်ရှင်ပြန်အပ်ဖို့သယ်လာပါတယ်.. သူကြီးကို သူခိုးလို့ပြောလိုပြော..။
    သူတပါးအိမ် . အိမ်ရှင်အသိမပေးပဲမတက်ရလို့ ပြောထားစည်းကမ်းထုတ်ထားတာကို.. လူမရှိတဲ့အိမ်.. သူခိုးတက်နေလား..ဝင်စစ်ဖို့.. ရှေ့ပေါက်ကပဲ… တခါးဖွင့်ဝင်ပါတယ်..။
    စည်းကမ်းကစည်းကမ်းပဲ.. ကိုယ်ထုတ်တဲ့စည်းကမ်း.. ကိုယ်မဖေါက်ရဘူး.. သူကြီးလည်း မတက်ရအော်သူအော်..။

    ခုရက်လေးတင်များ…
    လောကဓါတ်ပညာနဲ့လုပ်ထားတဲ့.. ကွန်ပျူတာဆိုတာကြီးကို.. ရွာထဲက..သူကောင့်သားတွေက..သူတို့ပဲ.. ဒေါ်ဘုမအိမ်ဘေး မြေကွက်လပ်မှာ.. ခြင်ထောင်ထောင်ပြီး.. အထဲကနေဖန်တီးထုတ်လုပ်ထားသယောင်ပြောနေတာမို့.. အဲဒါကြီးက.. သူများရွာက လုပ်ထားတာကြီးဆိုပြိး.. အထောက်အထားနဲ့ .အမှန်တရား.ပြောပြတာကို…သူကြီးက ရွာကိုမချစ်ဖူးလေး.. ရွာသားတွေဆို အမြဲနှိမ်တယ်လေး.. ဖြစ်ကြပြန်ရော…။

    သူကြီးဒီရွာကို ချစ်တာပေါ့ကွယ်..။ ကျုပ်ကိုယ်တိုင်.. ဓါးမဦးချ.. တောတွေ..ခြုံတွေ.. ကိုင်းတွေခုတ်ထွင်းပြိး..တည်ထောင်ထားမင့်ဟာ.. နော..။ 🙂

    • မီးမီး သော်

      September 10, 2011 at 1:07 pm

      သူကြီးရေ သူကြီးချစ်တတ်တဲ့ရွာလေးကို ဂုဏ်ကျက်သရေညှိုးနွမ်းအောင်ပြ ုလုပ်နေသူများကို ထိရောက်စွာအပြစ်ပေးစေလိုပါတယ်။ကျွန်မကိုလဲ လိုအပ်ရင် ရွာပြင်ပို ့လိုက်နို်င်ပါတယ်။

  • MaMa

    September 10, 2011 at 6:25 am

    သဂျီးရဲ့ စာကို ထရန်စလိပ် လုပ်ပေးလိုက်မယ်။
    သဂျီးသည် ပေါင်ချိန်၏ တရားရုံးရှေ့ရှိ စည်ကြီးကို ထု၍ အောက်ပါအတိုင်း အော်နေသည်။
    “ရွာသားတွေ မတရားစွပ်စွဲတာ၊ အနိုင်ကျင့်တာ ခံနေရပါတယ်။ ပေါင်ချင်းထျန်း ( ပြည်သူ့တရားရှင်) က ကျွန်တော်မျိုးအတွက် တရားမျှမှု ပြန်ရအောင် ဆောင်ရွက်ပေးပါ။”

  • nature

    September 10, 2011 at 8:44 am

    သူကြီးမမေ့နဲ့နော်။ သူကြီးထုတ်ထားတဲ့စည်းကမ်းနဲ့ သူကြီးလွတ်ကြောင်း သက်သေလိုက်ပေးထားတယ်နော်။ 🙂

  • weiwei

    September 10, 2011 at 10:14 am

    တော်ကာရယ် … တို့ရွာသားတွေက ခပ်ပိန်းပိန်းရယ် …
    ပြောချင်ရင်လည်း ဒဲ့သာပြောချလိုက် ….. 😛 😛

  • ကြောင်ကြီး

    September 10, 2011 at 10:18 am

    တီဗွီပြင်ဆရာကို နောက်ဆို လွှတ်တော်အမတ်ထံ သွားတိုင်ဖို့ အကြံပေးလိုက်ပါ။ သူဖြစ်နေတာတွေက နိုင်ငံရေးကိစ္စမှ မဟုတ်တာ။ လွှတ်တော်မှာ ဆွေးနွေးကြပါလိမ့်မယ်..။

  • hmee

    September 10, 2011 at 5:31 pm

    ဖတ်ကာစက ဘာကိုဆိုလိုပါလိမ့်ပေါ့ တဖြည်းဖြည်း ဖတ်ရင်းဖတ်ရင်းကနေ သဘောကပေါက်လာတော့ တော့ကာရေ သဘောကျလွန်းလို့ ရီမိပါကြောင်း။ 🙂

  • king

    September 10, 2011 at 6:10 pm

    ` ဒါဆိုရင်…ဒီရွာထဲ က ဇရှိသူ ၊ နာမည်ပျက် ရှိသူလေး တွေ ပြောပြပေးပါဦး အဘရယ် ၊ ကျွန်တော် လည်း ကြိုရှောင်လို ့ရအောင်ပေါ့ ´

    သို ့နှင့် ရွာခံ လူကြီး နှင့် လူငယ်တို ့သည် အနီးကပ်သွားပြီး

    ` ကွိစိxxxကွစ—-့ကွိစိxxxကွစ ´
    သူတို့နှစ်ဦး ပြောကြားသည်များကို ခပ်ကင်းကင်းနေသူတစ်ယောက်က ရွာကိုမကင်းနိုင်ဘဲ မတော်တဆ နားထောင်မိသွားရမှာတစ်ဆင့် ရွာသူ/သားတွေသိအောင် ပြန်လည်ဖောက်သယ်ချလိုက်သည်က …
    !#$^&*(&^&$#%@@$^%$&^@$@%&$^#@%$@^$^%&$$@$!$&$&@%@% …. 😀
    (မှတ်ချက်။ ဘာသာစကား အသစ်သင်ယူလိုသူများ အမြန်ဆက်သွယ်နိုင်သည်။ လူဦးရေကန့်သတ်ထားပါသည်) .. 😀

    • nature

      September 11, 2011 at 10:49 am

      King ၏ စကားဝှက် ဘာသာပြန်- သင်တန်းစာမြည်း (!#$^&*)
      !#^&*
      != အံ့ဩဘွယ်ကောင်းလောက်အောင်
      #=block ဖြစ်မယ်
      $=ဒေါ်လာဈေးဟာ
      ^=ပါဝါတက်မယ်။။
      *=မြောက်မယ်။

  • ရွှေဘိုသား

    September 10, 2011 at 6:34 pm

    ိကိုပေရေ သည်းခံပေတော.
    သည်းခံခြင်းသည် အောင်မြင်၏တဲ. ကြားဖူးတာပါ
    သည်းခံသင်.မှ ခံပေါ.ဗျာ
    ကျနော်ဆို ဗလိုင်းကြီး ခွပ်တာ ခံရတာ များနေပြီ

  • ပေါက်ဖော်

    September 10, 2011 at 7:48 pm

    တို ့သဂျီးက အင်မတန် တဘောကောင်းတယ်..
    အင်မတန် သည်းခံတတ်တယ်
    တော်ယုံတန်ယုံ ဝန်တီးတိန်တွေဘာတွေ မပေးတတ်ဘူး….
    ပွဲမဆူမခြင်း..လွှတ်ထားပေးတယ်..
    အဲတာတွေကြောင့်..သဂျီးရွာမှာ လာပျော်နေကြတာထင်ပါ့

    • မီးမီး သော်

      September 10, 2011 at 11:06 pm

      ကိုပေါက်ဖော် ရေ သူကြီးကသဘောမနောကောင်းလွန်းတော့ လက်ပိုက်ကြည့်နေနိုင်ပေမယ့်၊ခံရခက်တဲ့အပြောအဆိုတွေနဲ ့ထိန်းမနိုင်သိမ်းမရဖြစ်နေတော့ သူကြီးက အပြစ်ပေးဖို ့သင့်တယ်မဟုတ်လား။

  • ဆူး

    September 10, 2011 at 9:13 pm

    အများနဲ့ တယောက်တည်း စိန်ခေါ်ရတဲ့ တိုက်ပွဲတွေ တောင် မပါသေးဘူး။

    သဂျီးဆိုတာ သမာသမတ်ကျတယ် ဘယ်လောက်များ သမာသမတ်ကျသလဲ ဆိုရင်…..
    ဘာဖြစ်ဖြစ် ရှူဆေးလေး ဆောင်ထားတာ.. နှာစေးတတ်လို့။
    ဒို့ရွာသဂျီး ပြသနာ ပြီးမှ နှာဘူး ရှာတွေ့တတ်လို့ နှာဘူးလေး ဆွဲပြီး.. တုန့်ချိချိနဲ့ (ဖျားထားလို့ အားပြတ်နေတာ)
    ဟေ့.. ကလေးတို့ ပြသနာ မဖြစ်ကြနဲ့.. သဂျီး အမိန့်နဲ့ သာတဲ့လူ အနိုင်ပေးလိုက်သည်။
    ပုံ..
    သဂျီး…

  • naywoonni

    September 10, 2011 at 9:23 pm

    ဘယ်သူက ဘယ်သူ့ကို ဘာပြောလိုက်တယ်………… အင်းးး ဟိုဘာသာပြန် သင်တန်းတောင် သွားတက်ရမလိုပါပဲလား…….

  • ကိုပေါက်(မန္တလေး)

    September 10, 2011 at 10:15 pm

    မောင်ပေရေ
    ငါက အတော်လေးပိန်းတယ် မင်းဘာဆိုလိုမှန်းကိုမသိဘူးကွာ။
    အဲတော့ မင်းနဲ့ငါကြားသာယုံလေးအော်ပြောလိုက်ပါလား။

  • padonmar

    September 10, 2011 at 10:59 pm

    သဂျီးရယ် ဝိုင်းပြီးဝေဖန်ကြလို့ဝမ်းမနည်းပါနဲ့၊
    မြတ်စွာဘုရားတောင်မှ တန်ခိုးမပြရလို့ ပညတ်ထားပြီးမှ တိတ္ထိတွေ နှိမ်နှင်းဘို့လိုတော့ ဝိနည်းပညတ်တွေဟာ ငါဘုရားအရာ မဟုတ်လို့ဆိုပြီး တန်ခိုးပြာဋိဟာပြရတယ်လို့ ဖတ်ဖူးပါရဲံ.၊
    သဂျီးကလည်း comment ထဲမှာ ပုံထည့်ခွင့်လေးပေးလိုက်ပါလား။
    သူများသွားရေယိုအောင်မလုပ်နဲ့လေ။

  • ရွှေအိမ်စည်

    September 10, 2011 at 11:20 pm

    ဖတ်လို ့တကယ်ကောင်းပါကြောင်းအတော်မသတ်နိုင်ရယ်မောသွားပါသည်…။
    ရွာပြင်နေသူဖြစ်သောကြောင့်..
    ရွာတွင်းပြသနာများသိပ်မသိပါကြောင်း..
    ရေးတတ်တယ်….ကျောက်စိမ်းကနေ…ရွာရောက်

  • ရွှေ မင်း သား

    September 12, 2011 at 10:55 pm

    လိုအပ်သလို အသုံးပြုလို့ ရတဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်နိုင်ဖို့ ဆိုရင်
    ဒီမှာလာပြီး သင်တန်းလေး လာတတ်ဖို့ လိုမယ်ထင်တယ်။

  • zaymdy

    September 28, 2011 at 11:07 am

    မသိ တတ်စရွာသားသစ်လေးများမို. ခွင်.လွတ်တော.မူကြပါကုန်…. ဒူဝေဝေ 😛

  • etone

    September 28, 2011 at 12:59 pm

    အခုမှ ဖတ်မိတော့တယ် … အတော်လည်း ရေးတတ်ပါပေ့မောင်ပေရယ် … Staire မှာ ဆရာကြီးပါပဲ … 😀

    • windtalker

      September 28, 2011 at 1:39 pm

      ဆရာကြီး မဖြစ်သေးပါဘူး ဗျာ
      ဂျူနီယာ မောင်ပေ မှ
      စီနီယာ အီးတုံး ၏
      ချီးမြှင့်မှု ကို မခံယူရဲသေးပါကြောင်း..
      အဘယ်ကြောင့်ဆိုသော်
      တစ်ကယ့်ဆရာကြီးများ အား
      ကြောက်ရွံ ့မိသောကြောင့်
      စီနီယာ အီးတုံး ၏ အားပေးမှု အတွက်
      အားအင်များစွာ ဖြစ်ရပါကြောင်း
      ကျူးဇေးပါနော်
      အညာဆေးရိုး

Leave a Reply