“အိမ်သာမှ ဧည့်လာတယ်”

Ma MaSeptember 14, 20111min34127

“အိမ်သာမှ ဧည့်လာတယ်” တဲ့ ဆိုရိုးစကားလေး ရှိတယ်။
ဒါကိုပဲ အစွဲပြုပြီး ခေါ်လေသလားတော့ မသိ။ အိမ်သာ တဲ့။
အဲ သူ့ကြောင့်လည်း ဒုက္ခကို လွယ်ထားစရာမလိုပဲ စွန့်ထုတ်နိုင်လို့ အိမ်သာ နေတာတော့ အမှန်ပဲလေ။
ဒါပေမယ့်လည်း ဧည့်များလို့ အိမ်မသာနိုင်ပဲ ဒုက္ခရောက်နေတာလေးကိုပြောပြချင်တယ်။
ရန်ကုန်မြို့မှာ ၈၈ နောက်ပိုင်း လူနေထိုင်တဲ့ မြို့သစ်တွေ၊ စီးပွားရေးလုပ်ငန်းအတွက် ပွဲရုံနှင့် ယာဉ်ရပ်နားစခန်းတွေ၊ စက်မှုဇုံတွေ အသစ်တည်ထောင်တယ်။
အဲဒီမှာ ရေဆိုးမြောင်းတွေ မပါတော့ဘူး။ ရေစီးမြောင်းတွေလောက်ပဲ ပါတယ်။ ရေဆိုးအတွက် မိလ္လာကျင်းတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် တူးပြီး သုံးကြရတယ်။
လူနေရပ်ကွက်တွေမှာ ဘယ်လိုရှိတယ် မသိပေမယ့် စီးပွားရေးလုပ်ငန်းတွေမှာကျတော့ လူကများ၊ စည်းကမ်းကမရှိ။
အဲဒီတော့ မကြာခဏ အိမ်သာ ပိတ်တာ၊ အိမ်သာကျင်း လျှံတာတွေ ဖြစ်ကရော။
ဒါပေမယ့်လည်း အန္တရာယ်ဆိုတာ လွယ်ထားလို့ မရတော့ကာ အိမ်သာပျက်လည်း သင့်တော်သလို သွားကြရတာပေ့ါ။
ဘယ်အချိန်က ပျက်နေလို့ ပျက်နေမှန်းမသိတဲ့ အိမ်သာက အနံ့ဆိုးတွေ မခံနိုင်အောင်ထွက်လာမှ ဘယ်လိုလုပ်ရမှန်းမသိ။ ခြေမကိုင်မိ လက်မကိုင်မိ။
ဘယ်လိုများလုပ်ရမလဲ မေးမြန်းလိုက်တော့ အိမ်သာထဲကို ဆေးရည်ထည့်ပြီး သန့်ရှင်းရေးလုပ်တဲ့လူရှိတယ်ဆိုလို့ ခေါ်ကြည့်တယ်။ ဆေးထည့်ပြီး အိမ်သာပိတ်တာကို ရှင်းပေးမယ်။ တစ်သိန်း နှစ်သောင်းတဲ့။ အာမခံတယ်တဲ့။
ကဲ ကောင်းရင်ပြီးရော လုပ်ပေးဆိုပြီး ဈေးဆစ်လိုက်တာ ရှစ်သောင်းနဲ့ ဈေးတည့်သွားတယ်။
ပလပ်စတိတ်ပုံးလေး တစ်ပုံးယူလာပြီး လူရှေ့မှာ အရှေ့ထွက်လိုက် အနောက်ဝင်လိုက်နဲ့ ဘာတွေ ဗျာများနေမှန်း မသိဘူး။
တချက်ကလေး လူလဲလစ်ရော အဲဒီပုံးထဲက အရည်လောင်းထည့်ပြီး ခဏနေတော့ အပေါ်က ရေဆေးချလိုက်တာ မျက်လှည့်ပြလိုက်သလို အိမ်သာလည်း ကောင်းသွားရော။
ကောင်းရင် ပြီးရော ဆိုပြီး စိတ်ချမ်းသာနေရုံရှိသေးတယ်။ မကြာပါဘူး အိမ်သာကျင်း လျှံနေပြီ ဖြစ်ပြန်ရော။
အဲဒါကတော့ မြို့တော်စည်ပင်မှာ မိလ္လာစုတ်ထုတ်ဖို့ ကားသွားငှားလို့ရတယ်ဆိုတော့ ငှားလိုက်တာပေ့ါ။
ရုံးပေါ်မရောက်ခင် ရုံးရှေ့မှာတင် အငှားလိုက်နေတဲ့ ကားတွေက တစ်စီးကို ၄၀၀၀ဝ ဆိုပဲ။ ရုံးပေါ်မှာ မေးကြည့်တော့ တစ်စီး ၁၈၀၀ဝ ဆိုတာနဲ့ နှစ်စီး ခေါ်လိုက်တယ်။
ရောက်လာပါပြီ မိလ္လာကား။ မိလ္လာကားက အရည်ပဲ စုပ်လို့ရမယ်။ အရည်စုပ်ရုံနဲ့ဆို ကြာရှည်မနေဘူး။ ပြန်ပိတ်မှာပဲ လို့ ပြောတယ်။ ကြာရှည်ခံအောင် အဖတ်တွေရှင်းရမယ်။ ရှင်းဖို့အတွက် သပ်သပ်ပေးရမယ်တဲ့။
ဘယ်လောက်ပေးရမလဲမေးတော့ တစ်သိန်းသုံးသောင်းတဲ့။ အဲဒါနဲ့ ဘယ်လောက်ပေးရမလဲလို့ နှစ်ခါပြန် ထပ်မေးကြည့်လိုက်တယ်။ ကိုယ်များ နားကြားမှားသလားပေ့ါ။ မမှားပါဘူး။ သေချာတယ်။ ဈေးဆစ်လို့လည်း မရဘူး။
အဲလောက်များရင်တော့ အကုန်မခံနိုင်ဘူး။ ရသလောက်သာ လုပ်ပေတော့ဆိုပြီး လုပ်လိုက်တယ်။
ခုလောလောဆယ်တော့ ကောင်းသွားတယ်။ နောက်ဘယ်တော့ ထပ်ပိတ်ဦးမလဲ၊ ထပ်ပိတ်ရင် ဘယ်လို လုပ်ရမလဲ စိုးရိမ်နေရတာပေါ့။ တတ်သိနားလည်သူများရှိရင်လည်း ပြောပြပေးကြပါဦး။

(အိမ်သာတွင်းရေဆွဲချရင်.. ကျုပ်တို..မြောက်ကျွန်းသားတွေဆီက.. အိမ်သာရေကနာရီလက်တံပြောင်းပြန်(counter clockwise) အတု်ိင်းလည်ဆင်းတယ်..။
အဲဒီတောင်ကျွန်းသားတွေဆီမှာ… ဘယ်ဖက်လည်သလည်း…အိမ်သာတွင်းထဲ..ငုံ ့ ကြည့်ပေးပါဦး..။
အဲ..အဲ..
ဝက်အမြီးကရော..
ဘယ်ရစ်လား..ညာရစ်လား..။)

*သဂျီးရဲ့ အထက်ပါ Sydney-down town 1 မှ ကွန်မန့်ကို ဖတ်ပြီး လက်ရှိဒုက္ခကို ခံစားရေးဖွဲ့ထားပါသည်။

27 comments

  • taungpawthar

    September 14, 2011 at 11:25 am

    ဆေးထည့်ပြီးဖြေရှင်းလို ့ရတယ်ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်တာလေ ဒြပ်ထုတည်မြဲမှုနိယာမအရ
    ထုတ်မပစ်ရင်တော့အဲ့ဒီထဲမှာပဲရှိနေမှာပေါ့ ကုန်သွားတဲ့ပိုက်ဆံ နှမြောစရာကြီး

  • ကြောင်ကြီး

    September 14, 2011 at 11:43 am

    ဆေးထည့်ရှင်းတာ ရှစ်သောင်းပေးရတယ်ဆိုတော့ တော်တော်ဆိုးတာပဲ။ ဘယ်လိုဆေးမိုလို့လည်းတော့ မသိဘူး။ ကျနော်တို့ဆီမှာလည်း အိမ်သာပိုက်ဆိုရင် တော်ရုံဆိုလေစုပ်တံနဲ့စုပ်ထုပ်၊ မရရင်ဆေးထည့် တပိုင်တနိုင်လုပ်တာပါပဲ။ ဆေးအကြောင်းသေချာမသိပေမဲ့ အဲသလောက်မပေးရတာတော့ သေချာပါတယ်။ ဆိုင်တွေမှာမေးကြည့်ပြီး ဆောင်ထားရင် အဲသလောက် မကုန်လို့ထင်ပါတယ်။ ဘာပစ္စည်းကိရိယာမှ လိုတာလည်းမဟုတ်။ အိမ်အဆင့်အတန်းကိုကြည့်ပြီး တောင်းတယ်လို့ထင်ပါတယ်။ (ဂုဏ်ယူလိုက်ပါ)
    အိမ်သာမဆို့ဖို့အတွက် သုံးသူတွေကလည်း စွန့်ပစ်ပစ္စည်းကို ဂရုစိုက်ဖို့လိုတယ်။ များသောအားဖြင့် စည်းကမ်းမရှိ အလွယ်တကူ အိမ်သာထဲစွန့်လို့ဖြစ်တယ်၊ ဥပမာ – လစဉ်သုံးပစ္စည်း၊ စက္ကူအညံ့စား။

  • မီးမီး သော်

    September 14, 2011 at 11:54 am

    အိမ်သာဒုက္ခကလဲ မသေးပါလားနော်။စနစ်ကျတဲ့ drainage မရှိတဲ့အတွက် ပိုဆိုးလာတော့မှာပေါ့။လူဦးရေကလဲတနေ ့တခြားတိုးလာတော့ စိတ်ပူစရာပါလား။

  • zawmyothu

    September 14, 2011 at 12:00 pm

    နောက်ဆို လူဦးရေထူထပ်တဲ. မြို.တွေမှာ အိမ်သာ သန်.ရှင်းရေးဆိုပြီး ပုဂ္ဂလိက ကုမ္ပဏီ
    တွေ အပြိုင် လာတော.မယ်ထင်တယ်
    ဝင်ငွေ ကောင်းနေလို………

  • kai

    September 14, 2011 at 2:28 pm

    မြန်မာပြည်… ရန်ကုန်… အဲဒီအိမ်သာတွင်းထဲက.. ရေတွေကလေ.. ဘယ်ရောက်သွားသလည်း ..သိချင်ကြသလား..။
    စေ့စေ့တွေ.. ရေးရေးပေါ်လိမ့်မယ်..။
    တကယ်တော့.. ရန်ကုန်က.. ရေဆိုးစံနစ်နဲ့.. ရေပေးဝေစံနစ်အကုန်.. အမြစ်ကလှန်ပြင်ရလိမ့်မယ်…။

    လက်ပူတိုက်နေရင်တော့.. ရတာပေါ့..။
    အကောင်းဆုံးကတော့ ..ကားနဲ့ အရည်ရောအဖတ်ရောစုတ်ထုတ်…တာလို့ထင်တယ်..။

    အဲ..
    ငါ့လက်ကလွတ်.. ဗြွတ်..ဆိုပြီး စဉ်းစားမယ်.. ဟတ်လား…။
    အဲဒီကား…အဲဒါတွေစုတ်ယူပြီး.. ဘယ်နားသွား.. ထုတ်စွန့်လိုက်သလည်း.. တွေးမိဖူးသလား…။

    • pan pan

      September 14, 2011 at 2:47 pm

      တွေးတော့တွေးမိဖူးပါတယ်သဂျီးရယ်
      မိလ္လာမှမဟုတ်ပါဘူး
      အမှိုက်တွေလည်း ဘယ်များပစ်မလဲလို့
      ကိုယ့်ဘာသာတွေးလိုက်တာတော့ လူသူဝေးရာမြေနေရာမှာ တွင်းနက်နက်ကြီးတွေတူးပြီး ပစ်လေသတည်းပေါ့ 😀

      • etone

        September 19, 2011 at 9:37 am

        (ကြာတော့ကြာပြီ) ဟိုးတခါတော့… အဲ့ဒီကားကြီးတွေ ဂျိုးဖြူကန်အနားကို လာသွန်နေတာ တွေ့တယ်ဆိုပြီး ဆိုက်တစ်ခုမှာ ဖတ်လိုက်ရသေးတယ် … ဓါတ်ပုံလည်းပါတယ် .. ဘယ်ဆိုက်လဲတော့ မမှတ်မိတော့ဘူး … 🙄

  • pan pan

    September 14, 2011 at 2:45 pm

    အိမ်သာဒုက္ခက တော်တော်ကြီးတာကလား
    နေ့စဉ်ကြုံတွေ့ရမှာလေ
    ချွေတာလို့လည်း ဖြစ်တဲ့ကိစ္စမဟုတ်
    အမှိုက်ကိစ္စလိုမျိုးပေ့ါ
    အမှိုက်ကားတွေမလာတော့ အမှိုက်လှည်းလေးတွေကို ပိုက်ဆံပေးပြီး အမှိုက်ပစ်နေရတယ်
    မိလ္လာအတွက်လည်း နောက်ပိုင်းပုဂ္ဂလိကများ ရှိလားမလားမသိ 🙄
    ——————————————–
    (အိမ်သာတွင်းရေဆွဲချရင်.. ကျုပ်တို..မြောက်ကျွန်းသားတွေဆီက.. အိမ်သာရေကနာရီလက်တံပြောင်းပြန်(counter clockwise) အတု်ိင်းလည်ဆင်းတယ်..။
    အဲဒီတောင်ကျွန်းသားတွေဆီမှာ… ဘယ်ဖက်လည်သလည်း…အိမ်သာတွင်းထဲ..ငုံ ့ ကြည့်ပေးပါဦး..။
    သဂျီးမေးလို့ ငုံ့ကြည့်မိပါရဲ့
    ရုံးမှာကြည့်တာတော့ နာရီပြောင်းပြန်ပဲ
    အိမ်ကအိမ်သာမှာတော့ မကြည့်ဖြစ်လိုက်ဘူး :mrgreen:

  • MaMa

    September 14, 2011 at 2:48 pm

    အဲဒီကားတွေက အဖတ်စုပ်ဖို့အတွက် ငွေသပ်သပ်ထပ်သာတောင်းတာ။ သူတို့ကျတော့ အဲဒါတွေကို စိုက်ပျိုးရေးလုပ်ငန်းသုံးဖို့ ပြန်ရောင်းစားတာ။ အရည်တော့ ဘယ်လို စွန့်ပစ်တယ် မသိပါ။

  • hmee

    September 14, 2011 at 4:20 pm

    တခါရန်ကုန်အိမ်မှာ ဖြစ်ဖူးတယ်။ မိလ္လာဌါနကို အကြောင်းကြားရင် ကြာတယ်ဆိုတာနဲ့ ဘေးအိမ်ကို လာစုပ်တုန်း ဈေးညှိပြီး လုပ်လိုက်တာ မမပြောသလို အဖတ်တွေမပါဘူးတဲ့ ဒါနဲ့ သူတို့ ခေါ်လာတဲ့ လူက ကျန်တာတွေ ရှင်းပေးတယ် ရေပုံးနဲ့ ခပ်ထုတ်တာ တယောက်က အောက်ထဲဆင်းပြီး ကျန်တယောက်က အပေါ်ကနေ ဆွဲယူတယ်။ ပြစ်တာတော့ ဘယ်သွား ပြစ်လဲ သိဘူး။ ဈေးတော့ တော်တော် ပေးလိုက်ရတာ မှတ်မိတယ်။

  • “ဘီလူးကြီး”ogre

    September 14, 2011 at 5:28 pm

    ကျွန်တော့်စက်ရုံရဲ့ မိလ္လာ စနစ်မှာတော့ အတော်ဒုက္ခရောက်ပါတယ်
    စက်ရုံအနောက်ဖက်ဖြစ်လို့ ကားဝင်မရပါဘူး
    မမ လိုပဲ နှစ်ခါခံရဘူးပါတယ် ကျွန်တော်ကတော့ (၁၀)ခန်းတွဲအိပ်သာမှ 40000 ထဲပေးရတာပါ
    ပြန်လျှံ လို့ ပြန်လုပ်ရပါတယ် တစ်လထဲနှစ်ခါဖြစ်သွားတယ်
    နောက်ဆုံး ရပ်ကွက်ထဲမှာ မိလ္လာ ဆယ်တဲ့လူတွေကိုဆက်သွယ်ပြီး လုပ်ပါတယ် ဆေးထည့်ပါတယ်
    အပြီးအစီးမှ 30000 ပဲပေးရပါတယ် အခုချိန်ထိ ပြသနာမရှိသေးဘူ တစ်နှစ်ကျော်ပါပြီ
    စီပင် ကိုအားမကိုယ်းပါနဲ့ ပိုက်ဆံဘယ်လိုတောင်းရမလဲပဲ အကွက်ရှာနေတာပါ
    ရပ်ကွက်ထဲက လူတွေ ပိုကျွမ်းကျင်ပါတယ် လူပါ အထဲဆင်း ရေငုတ်သလို ငုတ်ပြီး အကုန်ဆယ်ထုတ်တာပါ
    ပေးရတာနဲ့တန်ပါတယ်.။။။။

    • MaMa

      September 14, 2011 at 7:12 pm

      အဲဒီလို ဆယ်ပေးမယ့်လူကို ဆက်သွယ်လို့ရမယ့် ဖုံးနံပါတ်လေးများ ရနိုင်မလား။ (လှိုင်သာယာနဲ့လည်း မဝေးလို့)

      • “ဘီလူးကြီး”ogre

        September 14, 2011 at 7:35 pm

        အိမ်သာဆယ်တဲ့လူကဖုန်းမရှိတာတော့သေချာပါတယ်
        သိပ်ခက်ခဲနေရင်တော့ 0973120805 ကျွန်တော်ဖုန်းကိုလှမ်းမေးပါ
        ကျွန်တော်ပြန်ပြောပေးပါ့မယ် အဆင်သင်ရင်လူပါ ချိန်းပြီးလွှတ်ပေးပါမယ်

        • etone

          September 19, 2011 at 9:47 am

          MaMa ရေ … ပြသနာတကာ့ ပြသနာထဲမှာ အဲ့ဒီ အိမ်သာ ပိတ်တဲ့ ကိစ္စက အဆိုးဆုံးပါပဲ … ။
          ဆေးရည်လောင်းပြီး ရှင်းတာ … 98လောက်တုန်းက စာဆောင်တစ်ခုမှ ဖတ်ခဲ့ဖူးတယ် … ဆာလဗြူရစ် အက်စစ်လောင်းတယ်လို့ပြောတယ် … သူက အထဲမှာ ဒြပ်ပြုပြီး … အခိုးငွေ့အဖြစ်နဲ့လွင့်ပြယ်ကုန်တာလို့ပြောတယ် …သာမန် ကျင်းတကျင်းကို ငါးဂါလံဗုံး 2လုံးလောင်းထည့်ရတယ်တဲ့လေ .. ဟုတ်မဟုတ်တော့ မသိပါဘူး … ဖတ်ခဲ့ဖူးတာ… ။ ကြံကြံဖန်ဖန်တွေးမိသေးတယ်… အဲ့ဒီ ဆာလဗြူရစ်အက်ဆစ်ဘယ်နားက သွားရှာရမလဲလို့လေ … ။

          ဒီပို့စ်နဲ့တော့မဆိုင်ပေမဲ့ … သဘောကျမိတဲ့ အများပြည်သူသုံး အိမ်သာတွေအကြောင်း ပြောဦးမယ်… ။ အများသုံး အိမ်သာတွေ အတော်များများက စည်းကမ်းမဲ့ပြီး ရေတွေစိုနေတာ ၊ဗွက်ပေါက်နေတာ များတယ် … ရောက်ဖူးခဲ့တဲ့ တချို့ ဟိုတယ်တွေ ၊ ကော်ဖီရှော့ပ်တွေ ၊ ရှောပင်းစင်တာတွေမှာ အိမ်သာကို သန့်ရှင်းခြောက်သွေ့အောင် ….ဆေးစရာ ရေပိုက်တပ်မပေးထားပါဘူး …တစ်ရှူးတော့ အလုံလောက်ပေးထားပါတယ် … ဒီတော့ အပြင်ကို ဖိတ်စင်စရာရေလည်းမရှိတော့ဘူးလေ … ။
          အိမ်သာ အပြင်မှာ ဗေစင်တစ်ခုလုပ်ပေးထားတာနဲ့ ..အတော့်ကို အဆင်ပြေနေတယ် … ။ 😀

      • MaMa

        September 14, 2011 at 7:44 pm

        ကျေးဇူးအများကြီး တင်ပါတယ်။ နောက်မှ ကျမဆက်သွယ်လိုက်ပါမယ်။ အလုပ်ရှုပ်ပေးသလို ဖြစ်မှာစိုးလို့ အားလည်းနာပါတယ်။

        • windtalker

          September 14, 2011 at 8:37 pm

          အနော့် ဆီလဲ
          လွှတ်ပေးကြပါဦး
          တစ်လ တစ်ခါလောက်
          ဂျာဒူးဝါးလား ကို
          ၅၀၀ဝ ပေးပြီး
          ဆားဗစ်ခေါ်နေရလို ့ပါ
          မန်းတလေး က ပါနော်

  • manawphyulay

    September 14, 2011 at 5:37 pm

    ဧည့်က လာလွန်းလို့ ဧည့်လန်ဂမုန်းတောင် စိုက်ထားရတယ်… မမရယ်…

  • ဒါတောင်မမတို့ ကိုယ့်ဘာသာကိုယ် နေတဲ့လူမို့၊
    အများနေတဲ့တိုက်ခန်းတွေမှာဆိုရင် ဒီမိလ္လာပြဿနာကပိုဆိုးတယ်။
    အခုလိုရေလောင်းအိမ်သာမပေါ်ခင်က မန်းလေးမှာ သူဌေးအိမ်တွေက ပုံးစံနစ်သုံးတယ်
    မနက်လေးနာရီဆိုရင် မိလ္လာကျုံးတဲ့လုပ်သားတွေကပုံးကိုယ်စီနဲ့မိလ္လာလိုက်သိမ်းတာ။
    တစ်ခါတော့ မိလ္လာအပြည့်နဲ့ပုံးသယ်လာတဲ့စက်ဘီးနဲ့ ငါးသယ်လာတဲ့မြင်းလှည့်းကျုံ့းဒေါင့်မှာတိုက်မိကြတာ။
    ကဲမြင်ကွင်းလေးရေးမပြတော့ ဘူး ပေါ်အောင်စဉ်းစားပြီး ပြင်အောင်တွေးကြည့်တော့

    • MaMa

      September 14, 2011 at 7:07 pm

      ကိုပေါက်ရေ- မျက်စေ့ထဲ ကွက်ကွက်ကွင်းကွင်းကို မြင်သွားတာပဲ။ 🙁

  • pooch

    September 14, 2011 at 8:51 pm

    မမရေ အနော်တို့ အ်ိမ်မှာ တောင်ကြီးက ထုတ်တဲ့ ရွှေတောင်ကြီး အနံ့ သက်ပျောက်ဆေးရည်ကို သုံးတာ အနံ့ မကောင်းတာရော အိမ်သာတွင်းလျှံတဲ့ ပြသာနာပါ နည်းနည်းအေးသွားတယ်။ အဲ့ဒီ ဆေးရည်က အင်းလေးကန်မှာ ရှိတဲ့ အိမ်သာတွေကို ရည်ရွယ်ပြီးထုတ်လုပ်ထားတာပါ ။

    ဆေးတဗူးကို အိမ်က ထည့်တုန်းကတော့ ၃၀၀ဝ ကျပ်ပေးရပါတယ်။ မိသားစု ၅ ယောက် သုံးတဲ့ အိမ်သာဆိုရင် ဆေးတဗူးကို လုံလောက်ပါတယ်လို့ သူတို့ကပြောပေမဲ့ ကိုယ့်အိမ်ကတော့ အလုပ်သမားသုံးအိမ်သာရော အိမ်အပေါ်ရော အောက်ရော ၃ လုံး သုံးတာမို့ ၅ ဘူးထည့်တယ် ။ ပထမဆုံးတခါကို ဆေးထည့်ပြိး တပတ်လောက်ကို အက်ဆစ်ဓာတ်ပါတဲ့ အိမ်သာဆေးကို ဘာဆေးမှ

    သုံးပြီး ဆေးလို့ မရဘူး။ သူတို့ ဆေးဗူးထဲက ဆေးနဲ့ ရေနဲ့ပဲ ဆေးပေးရတယ်။တပတ်ပြည့်ရင်တော့ ကိုယ်ကြိုက်တာနဲ့ ဆေးလို့ ရတယ်။ ဒါပေမဲ့ ရာသက်ပန် အက်ဆစ်နဲ့တော့ဆေးလို့မရဘူး ။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ ဆေးဆိုတာက ပိုးကောင်လေးတွေ တမျိုးပဲ။လူတွေကို အကျိုးပြုတဲ့ ဘက်တီးရီးယားပေါ့။ မစင်ကို စားပေးတဲ့ အဖတ်မဖြစ်စေတဲ့ အကောင်လေးတွေပါ။ အဲ့ဒီ အကောင်လေးတွေ သေသွားမှာ ဆိုးလို့ပါ။ အနံ့သက်ကိုလည်း ပျောက်ကင်းစေပါတယ်။ အိမ်သာပြည့်တဲ့ ပြသာနာကိုလည်းရှင်းပေးပါတယ်။ အင်းလေးက အိမ်သာတွေမှာ အဓိကထားသုံးကြတာပါ။ အင်းလေး ကန်ရဲ့ အိမ်သာဆိုတာ သိတဲ့ အတိုင်းပဲလေ။ မစင်စွန့်ခံရတဲ့ ရေကို ပြန်လည်သန့်စင်ပြီး ပတ်ဝန်းကျင်ကို အကျိုးပြုစေတာပါ။

    အကျယ်ကို အသေးစိတ်သိချင်ရင်တော့ သူတို့ကို ဆက်သွယ်ပြီး မေးမြန်းလို့ရပါတယ်။ သူက တခါ ထည့်ပြီးရင် နောက် ထပ် လခြားပြီး ၃ ကြိမ်လောက်ထည့်ပြီးရင် လုံလောက်ပါပြီ။ အဲ့ဒီဆေးရည်ကို မြေင်းရေတွေထဲကို ဖြန်းပေးရင် ခြင်ပွားနှုန်းကိုလည်း လျော့စေပါတယ်။ အမတို့ အအိမ်မှာ ထည့်တုန်းကတော့ အိမ်ကိုလည်း ဆေးဖြန်းပေးပါတယ်။ သူ့အနံ့က သကာရည် အနံ့ရှိပြီး အရောင်ကလည်း ညိုညစ်ညစ်နဲ့ သကာလို ပုံစံမျိုးပါပဲ။ လူကို ထိမိ ပါးစပ်ထဲ ဝင်မိရင်လည်း ဘာ အန္တရာယ်မှ မပေးပါဘူး။

    မမကို လိပ်စာပေးချင်လို့ ဘူးခွံရော လက်ကမ်းစာစောင်ရော ရှာတာ မတွေ့တော့ပါဘူး။ တောင်ကြီးမြို့က ထုတ်တဲ့ ” ရွှေတောင်ကြီး ” အနံ့သက် ပျောက်ဆေးရည် ဆိုတာပဲ
    ပြောနိုင်ပါတော့တယ်။ မတော်တဆ ရှာလို့တွေ့ရင်တော့ ပြောပါမယ်။ အရင်တုန်းက ကိုယ့်အိမ်သာ က ခဏခဏပြည့်ပြီး အနံ့ဆိုး ထွက်တာ ခဏခဏ စုပ်ထုတ်ရပါတယ်။ နောက်ဆုံးတခါ စုပ်ထုတ်ပြီးကတည်း က အဲ့ဒီ ဆေးကိုထည့်လိုက်တာ အခု အနံ့ရော ကောင်းပြီး မပြည့်တော့ပါဘူး။

    ဒါပေမဲ့ တိုက်ခန်းဆိုရင်တော့ မပြောတတ်ဘူး။ ကိုယ့်အိမ်က တော့ တကျွင်းထဲပဲ ။ တို်က်ခန်းဆိုရင် တော့ သူတို့ စနစ်အရ ဘယ်လိုဆောက်ထားလဲဆိုတာတော့ ထည့်တွက်ရမယ်ထင်တယ်။ အသုံးတည့်မတည့်တော့မသိပါဘူး ။ ကိုယ်သိတာလေးကို ပြောပြတာပါ။ မမရဲ့ အခက်အခဲ အမြန်ဆုံးပြေလည် နို်င်ပါစေ။

    • MaMa

      September 14, 2011 at 8:57 pm

      ကျေးဇူးတင်တယ် pooch ရေ။ အဲဒီဆေးက အရင်တခါ MRTV-4 မှာ လာသွားတာထင်တယ်။ အမှတ်တမဲ့ ကြည့်လိုက်မိပြီး နာမည်တောင် မမှတ်မိလို့။ ရှာဝယ်ကြည့်လိုက်ပါဦးမယ်။

    • ပေါက်ဖော်

      September 14, 2011 at 9:20 pm

      အဆင်ပြေတယ်ဆို သုံးသင့်တယ်နော့်
      မှတ်ထားဦးမယ်.
      ကျနော့်အများဆုံးတွေ ့ဖူးတာတော့..စည်ပင်က လာလာစုပ်ထုတ်ပေးတာပဲ.
      ပိုက်ဆံတော့ မပြောတတ်ဘူး
      မြို ့လည်..စားသောက်ဆိုက်ဘေးတွေမှာနေ ့ခင်းကြောင်တောင်.စုပ်နေတာပဲ
      ဘေးကစားသောက်ဆိုင်တွေကလဲ အနံ ့တစ်ထောင်းထောင်းနဲ ့ ဆွဲနေကြတာပဲ.

      ရွှေတောင်ကြီး..ရွှေတောင်ကြီး..အနံ ့အဖတ်ပျောက်တဲ့ ဆေးဟေ… 😀

    • nozomi

      September 18, 2011 at 9:12 pm

      ရွှေတောင်ကြီး အကြောင်း တီဗီမှာ ကြော်ငြာတာ တွေ့ဘူးတယ် အခုလို သိတဲ့လူက ရှင်းပြတော့ ပိုကောင်းသွားတယ် ( ပစ္စည်းသာကောင်းရင် အခုလို အခမဲ့ကြော်ငြာရှင်တွေက
      ကြော်ငြာပေးကြမှာပါ)

      ရန်ကုန်မှာလဲ အဲဒီပုံစံမျိုး သုံးနေတာတွေ့ဘူးတယ် ( အဲဒီစနစ် သုံးကာစက
      တွေ့ဘူးလို့ မေးကြည့်တာ အခု ဒီပို့စ်လေးဖတ်မိမှ နောက်ဆုံး အခြေအနေ
      မေးကြည့်ရဦးမယ်) အညစ်အကြေးတွေ စုတဲ့ကန်ထဲမှာ ဘက်တီးရီးယားကိုမွေးထားတယ် သူတို့က အညစ်အကြေးကိုစားပြီး အသက်ရှင်နေတော့ အညစ်အကြေးကို သီးခြားစွန့်ပစ်စရာ မလိုဘူး အချိန်တော်တော်လေး ကြာမှ မြေဩဇာလုပ်လို့ရတဲ့ အညစ်အကြေးစားထားတဲ့ ဘက်တီးရီးယားအခြောက်တွေကို စွန့်ပစ်ရတယ်တဲ့

  • nature

    September 18, 2011 at 8:47 pm

    အိမ်သာကို လူတွေကရွံ့စရာညစ်ပတ်တဲ့နေရာလို့ နှားခေါင်းရှုံ့ကြပါတယ်။ အိမ် ရဲ့ သာ ယာရေး အတွက်အင်မတန် အရေးကြီးလို့ အိမ်သာရဲ့ အရေးကြီးတာကို ပျက်ချိန်မှ သိသာနိုင်ပါတယ်။ အိမ်ဆောက်ရင်အိမ်သာမပါပဲ ဆောက်လို့မရပါ။ အိမ်သာအရေအတွက် တွက်နည်းလေးတခုကြားဖူးပါတယ်။ လူဦးရေကို ၅ဝနဲ့စား + ၄ ဟာ ရှိရမယ့် စီးပွားရေးလုပ်ငန်းတွေမှာ ရှိရမဲ့ အိမ်သာ အရေအတွက်လို့ ကြားဖူးပါတယ်။
    လူ ၁၀ဝရှိရင်-
    ၁၀၀/၅ဝ + ၄=၆လုံး အနဲဆုံးရှိရမယ်လို့ဆိုပါတယ်။

  • ဆူး

    September 18, 2011 at 9:09 pm

    အရင်နေတဲ့ ၅ထပ်တိုက်ခန်းက မိလ္လာကိုတော့ အောက်ထပ်က အိမ်ရှင်က တနှစ်တခါ ဆားကြမ်း ၆အိတ် ရအိတ်လောက် အဖတ်ကန်ထဲ ထည့်တယ်။
    ဆားကြမ်းက အဖတ်တွေကို အရည်ပျော်စေတယ်လို့ ပြောတယ်။ အရည်ဖြစ်တော့ မြေကြီးထဲ စိမ့်ဝင်သွားတဲ့ အတွက် သူတို့ အိမ်ဆောက်ထားတာ တခါမှ စည်ပင်မခေါ်ရဘူး ကြွားတာပဲ..
    ဆားကြမ်း ထည့်ခါနီးတော့ အိမ်တိုင်း ပိုက်ဆံ ထည့်ဝင် ကျခံရတယ်။

  • ုhtoosan

    September 18, 2011 at 11:01 pm

    ရွှေတောင်ကြီးဆေးထည့်ယုံနဲ့ အဆင်ပြေတယ်ဆို တာတော့ စိတ်ဝင်စားစရာပါ. ကျွန်တော်သိသလောက်က အဲ့ဒီလို ဘက်တီးရီးယား နဲ့ဆို အောက်ဆီဂျင် ပေးဖို့လိုပါတယ်။ အင်းလေး၊တောင်ကြီး မှာ စုံစမ်းလိုက်ဦးမယ်။

Leave a Reply