သူငယ်ချင်းတွေနဲ့ အပြီဆွဲခဲ့တဲ့ ကော်ရည်ခေါက်ဆွဲ

နွယ်ပင်September 10, 20111min18114


သုံးဆောင်ကြပါရှင် …

ဟိုတစ်ပတ်က အိမ်ကို သူငယ်ချင်းတွေလာလည်မယ်ဆိုလို့ ဘာချက်စားရင်ကောင်းမလဲ စဉ်းစားတော့ မစားရတာကြာပြီ ဖြစ်တဲ့ ကော်ရည်ခေါက်ဆွဲလေးချက်စားဖြစ်တယ် ။ ချက်ရတာလဲ သိပ်ကရိကထ မများပဲ အိမ်မှာချက်စားတော့ စိတ်ကြိုက်လဲ စားလို့ရတာပေါ့ ။ နွယ်ပင်ချက်စားဖြစ်တဲ့ ကော်ရည်ခေါက်ဆွဲ နည်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ် ။

အရင်ဆုံး ကြက်သားကို ရေဆေး၊ ဆား၊ အချိုမှုန့်နဲ့ နယ်ပြီး အိုးတစ်လုံးထဲမှာထည့်၊ ဂျင်းကိုမညက် တညက် ထုထည့်၊ ကြက်သွန်ဖြူ
ဒါးပြားရိုက်ထည့်၊ ရေထည့်ပြီး ပွက်ပွက်ဆူနေအောင် တည်ပါတယ်။ ကြက်သား နူးရင် ကြက်သားတုံးကို ဆယ်၊ အအေးခံပြီး အသားလေးတွေ နွှင်ထားပါ။ ပြီးရင်တော့ ကြက်အရိုး တွေကို အိုးထဲ ပြန်ထည့်ပြီး ဆက်တည်ပါတယ်။ ကြက်ရိုးထဲက အချိုရည်တွေ ထွက်ပြီး ဟင်းရည် ချိုအောင် တည်ပါတယ်။ ပြီးမှ ကြက်အသား နွှင်ထားတာ ထည့် ပဲငံပြာရည် အကြည်ရည်နဲ့ အချိုမှုန့်ထည့်ပြီး အပေါ့အငံ ပြင်ပါတယ်။ အနေတော် ဆိုရင် ကြက်ဥနှစ်လုံးကို ပဲငံပြာရည် အကြည်ရည်လေး နည်းနည်းထည့်ပြီး နာနာခေါက်ပြီး ခရင်းလေးနဲ့ နည်းနည်းချင်းစီ ခပ်ပြီး အိုးထဲကို နှံ့အောင် ထည့်ရပါတယ်။ ကော်မှုန့်ကို ရေအေးနဲ့ ဖျော်ပြီး အိုးထဲ လောင်းထည့်ပါတယ်။ ကော်ရည်အပြစ်၊ အကျဲ အနေတော်ဆိုရင် ဟင်းရည်ရပါပြီ။

ကန်စွန်းရွက်နဲ့ ပဲပင်ပေါက်ကို ရေဆေး၊ ရေနွေးဖျောပြီ ဇကာနဲ့စစ်ထားပါတယ်။ ငါးပိထောင်း နဲ့ သံပုရာရည်ရောပြီး ပန်းကန်တစ်လုံး ထဲမှာ ဖျော်ထား ပါတယ်။ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းများများ ထောင်းထည့်ပါ။ စားခါနီးမှ ပန်းကန်ထဲကို ခေါက်ဆွဲဖတ် လိုသလောက်ထည့်၊ ဟင်းရည် လောင်းထည့်ပါတယ်။ ကန်စွန်း ရွက်၊ ပဲပင်ပေါက်နဲ့ ငါးပိထောင်း ဖျော်ထားတာလေးလည်း ထည့်ပါတယ်။ ငရုတ်ကောင်း မှုန့်လေး ဖြူးပါတယ်။ ဒါဆိုရင် အသီးအရွက်လေးတွေနဲ့ ချို၊ ချဉ်၊ စပ်တဲ့ ကော်ရည်ခေါက်ဆွဲ ပူပူလေး စားလို့ ရပါပြီ။

ငပိထောင်းကို ဓာတ်ပုံရိုက်မလို့ဟာ စားပြီးမှ သတိရတာနဲ့ မြင်မကောင်းအောင်နည်းနေလို့ မရိုက်ခဲ့ဖြစ်ဘူး ။ ရွာသူ / ရွာသားတွေစားရင် ငပိထောင်းလေးကို ကိုယ့်ဘာကိုယ် မြင်အောင်ကြည့်ပြီး မှ သုံးဆောင်ကြပါနော် .. 🙂

14 comments

  • မီးမီး သော်

    September 10, 2011 at 12:58 pm

    ဒီနေ ့တော့ မမဝေရဲ ့ ဘယာကြော် ၊မနွယ်ပင်ရဲ ့ကော်ရည်နဲ ့အားလုံးစာချင့်စရာတွေချည်းပါလားနော်

  • Neos

    September 10, 2011 at 1:55 pm

    နွယ်ပင်ချက်ထားတဲ့ ကော်ရည်ခေါက်ဆွဲ ဖတ်ရင်းနဲ ့သွားရည်တောင် ကျခြင်လာပြီ။

  • zaw min

    September 10, 2011 at 2:17 pm

    ဒီနေ့ပိုစ့်တွေမှာ စားစရာတွေနဲ့တိုးနေပါလား…အိမ်လိပ်စာလေးတွေတောင်းထားပြီး မြန်မာပြည်ပြန်ရောက်မှ တစ်အိမ်ဆီလိုက်ပြီး ဧည့်သည်လုပ်အုံးမှပဲ….

  • MaMa

    September 10, 2011 at 2:36 pm

    ရွာထဲမှာ စဖိုမှုးတစ်ယောက်တိုးလာပြီ။ ဖတ်ကြည့်လိုက်တာတော့ လွယ်လွယ်လေးပဲ။ လုပ်ကြည့်လိုက်ဦးမယ်။ ကိုယ်တိုင်လုပ်ကြည့်တော့မှ ဘာပုံထွက်လာမလဲတော့ မသိသေးဘူး။
    🙂

    • MaMa

      September 10, 2011 at 5:26 pm

      သူများတွေ မတွေ့ခင် ကိုယ့်ဖာသာ အရင် အမှားပြင်လိုက်မယ်။
      စဖိုမှုး အစား စားဖိုမှုးလို့ ပြောင်းဖတ်ပေးကြပါနော်။

  • ကြောင်ကြီး

    September 10, 2011 at 2:39 pm

    ဒီအစာက သိပ်ရှုပ်ပုံမရဘူး။ တနေ့တော့ လုပ်ကြည့်ပါအုံးမယ်။ ပြောမဲ့သာပြောတာ ဟင်းတွေ့တိုင်း လုပ်မယ်နဲ့ တခါမှ မလုပ်ဖြစ်သေးဘူး။ ဟိုးအရင် ဆူးတင်တဲ့ ဗူးနို့ဆီပြုတ်ပို့စ် ကထဲက အကြွေးပုံနေတာ အခုဆို တောင်လောက်မြင့်နေပြီ..

  • “ဘီလူးကြီး”ogre

    September 10, 2011 at 3:08 pm

    တော်တော်ရက်စက်ကြတယ် …….အခုမှအပြင်ကအလုပ်ရှုပ်ပြီးပြန်လာတာ
    ထမင်းတောင် ခုထိမစားရသေးဘူး….သူတို့ကတော့အစားအသောက်အကြောင်းတွေပြောနေတယ်…. း(

  • nayminn

    September 10, 2011 at 5:49 pm

    နွယ်ပင်ေ၇…နင်လုပ်တာနဲံ။

    ကျောင်းတုံးက ရှမ်းမလေးကို သတိရမိတယ်။( သူအရမ်းကြိုက်တာ)…..။

  • ဆူး

    September 10, 2011 at 8:58 pm

    တခါတုန်းက အက်ဖန် တခုမှာ ကော်ရည်ခေါက်ဆွဲ ချက်နည်း လာသွားလို့ လိုက်မှတ်ပြီး ချက်စားပါတယ်။
    ပြောသွားတာ အားရပါးရ.. ခေါက်ဆွဲ ၅ဝသား ကြက်ရိုး ၅ဝသား ကော်မှုန့် ၅ဝသား ဆိုပြီး ပြောသွားတယ်။
    သူပြောတဲ့ အတိုင်းအဆ အတိုင်း ကော်မှုန့် ၅ဝသား ကို ခေါက်ဆွဲ ၅ဝ သား ဆိုတော့ အနေတော် ခေါက်ဆွဲ ၁ဝသားလောက် နည်းနည်းလေး ချက်စားမယ် ဆိုပြီး ကော်မှုန့် ၁ဝသား ထည့်လိုက်တာ အိုးထဲမှာ ချွဲပစ်နေတာပဲ အိုးကြီး တစ်အိုးစာ ရေထိုးလိုက်မှ အနေတော်ရတယ်။ အမှန်က ခေါက်ဆွဲ ၅ဝသား ဆိုရင် ၁ဝသားလောက်ပဲ လိုတာလား ၅ကျပ်သားကိုပဲ ၅ဝသား ပြောမိတာလားတောင် တွေးမိတယ်။
    ဆရာစားချန်ပြီး အချိန်အဆ မှားပြောတာနဲ့ တူတာပဲ။
    အဲဒီ အသံလွင့် အစီအစဉ်ကို စိတ်နာတယ်။

  • windtalker

    September 10, 2011 at 9:27 pm

    ည9နာရီ20မိနစ် အချိန်မှာ
    မနွယ်ပင် ပို ့စ် ကို ဖတ်ဖြစ်ပါတယ်
    ဖတ်ပြီးပြီးချင်း ဗိုက်ဆာလာအတဲ့အထိကို
    ရေးထားတာပါလား
    ဟင့်

  • May

    September 12, 2011 at 3:56 pm

    i am really hungry now coz i like it very much

  • moonpoem

    September 12, 2011 at 4:06 pm

    ဥပုသ်နေ ့ကြီးကို ဗျာ ဒီ ပို စ့်ကြည့်မိတယ်။ ကန်တော့ပါ ဘုရား။

  • swezin99

    October 4, 2011 at 3:18 pm

    ဟားဟား ..
    ဥပုဒ်နေ့တောင်မရှောင်နိုင်တော့ဘူးပေါ့
    စားချင်ရင်စားလိုက်
    စားချင်တာမစားပဲနေရင်ပိုငရဲကြီးတယ်နော်..
    သိလား..
    ဟီးး..

  • aungnng87

    October 4, 2011 at 3:44 pm

    ကျေးဇူးဘဲနွယ်ပင်ရေကူးသွားပြီ။ အိမ်ကျမှချက်စားဦးမယ်။ စားချင်နေတာကြာလှပြီ။ဆူးလည်းကျေးဇူးတင်တယ်။ကော်မှုန့်ဘယ်လောက်ထည့်ရမယ်ဆိုတာပြောလို့။

Leave a Reply